Pages

Pages - Menu

Saturday, October 25, 2014

အပျော်တမ်း ဂီတဖျော်ဖြေပွဲများ မဟာဗန္ဓုလပန်းခြံတွင် ပြန်လည်ကျင်းပမည်

RangonNewsDaily:: October . 24 .2014
ရန်ကုန်မြို့လယ်ကောင် မဟာဗန္ဓုလပန်းခြံတွင် အပျော်တမ်း ဂီတဖျော်ဖြေမှုများကို အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အပျော်တမ်း သီဆိုဖျော်ဖြေမှုတွေက ပန်းခြံမှာ အပန်းဖြေသူတွေ အတွက်တော့ စိတ်အပန်းဖြေစရာ တစ်ခု တိုးလာနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ဖျော်ဖြေရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ် ပွင့်လင်းရာသီတွင် စတင်ပြုလုပ်ခဲ့ပြီး လာမည့် ပွင့်လင်းရာသီတိုင်းတွင်လည်း ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း၊ ဂီတဖျော်ဖြေပွဲများကို စနေနေ့ ညနေ ၆ နာရီမှ ၉ နာရီအထိ ပုံမှန်ကျင်းပမည် ဖြစ်ပြီး ဖျော်ဖြေလိုသူများ အနေနှင့် နေ့ရက်၊ တီးဝိုင်းနှင့် သီဆိုသူ အမည်များ၊ အသုံးပြုမည့် ပစ္စည်းများကို ဖော်ပြကာ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနသို့ လျှောက်ထားနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

“ပန်းခြံကို ခဏခဏ ရောက်ပေမယ့် ဂီတပွဲတွေတော့ မကြည့်ဖူးဘူး။ အချိန်က နည်းနည်းနောက်ကျတော့ အဝေးက လာတဲ့သူတွေဆိုရင် ကြည့်ဖို့ အဆင်မပြေနိုင်ဘူး” ဟု မဟာဗန္ဓုလပန်းခြံသို့ လာရောက်လည်ပတ်သော မရမ်းကုန်းမြို့နယ် ၈ မိုင်အနီးတွင် နေထိုင်သည့် ကိုသီဟနိုင်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်တွင် အခမဲ့ ပန်းခြံပေါင်း ၅၀ ကျော် ရှိကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက ထုတ်ပြန်ထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment