Pages
▼
Pages - Menu
▼
Wednesday, January 29, 2014
မောင်တောမြို့နယ်၊ ဒုချီးရာတန်းအကြမ်းဖက်မှုကိစ္စ ရိုဟင်ဂျာလူငယ်ကွန်ယက် သတင်းထုတ်ပြန်
RangonNewsDaily:: January . 29 .2014
မြန်မာနိုင်ငံအနောက်ခြမ်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့အတွင်းရှိ ဒုချီးရာတန်းရွာတွင် အစိုးရနှင့် ရခိုင်လူမျိုးများမှ ပူးပေါင်း၍ လူသားမဆန်သည့် အကြမ်းဖက်မှုများ ပြုလုပ်နေသော်လည်း သတင်းမှန်များကို ထိန်ချန်ကွယ်ဝှက်ထားကာ ဆက်လက်၍ အကြမ်းဖက်မှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ပြည်ပသို့ အိမ်အကူ သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရများသာမက စာတမ်းပြုစုသူနှင့် အင်ဂျင်နီယာများလည်းပါ
RangonNewsDaily:: January . 29 .2014
ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊ စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ ပါတယ်။ အင်ဂျင်နီ ယာတွေဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင်ဘူး။ သူတို့မိသားစုတွေကို သူ မထောက်ပံ့နိုင်ဘူး။

ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း
RangonNewsDaily:: January . 29 .2014
တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

တယ်လီနောက ၂၀၁၄ ရန်ကုန် ဘားကမ့်တွင် Official Partner အဖြစ် ပါဝင်မည်
RangonNewsDaily:: January . 29 .2014
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အဖြ စ်
ရွေးချယ်ခံထားရသော တယ်လီနောက ဘားကမ့်ရန်ကုန် ၂၀၁၄ တွင် Official Partner
အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာက သတင်း ထုတ်ပြန်ထားသည်။
တယ်လီနောအနေဖြင့် ဘားကမ့်ရန်ကုန်တွင် ပြည်တွင်း၌ လူကြိုက်များသော
မိုဘိုင်း App နှင့် Digital Content များ အပါအ၀င် မြန်မာနိုင်ငံမှ တိုးတက်လျက်ရှိသော
Web Developer အဖွဲ့အစည်းများ၏ တီထွင်ဆန်းသစ်မှုများနှင့်
ပါရမီရှိသူများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနည်းပညာ
များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အဖြ
မန္တလေးတိုင်းအတွင်း ဆိုင်ကယ်စီးဦးထုပ် ကျပ်သိန်း ၈၀၀ ဖိုး အခမဲ့ဖြန့်ဝေသွားမည်
RangonNewsDaily:: January . 29 .2014
မန္တလေးတိုင်းအတွင်း ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်အတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ ဆိုင်ကယ်စီးဦးထုပ်အလုံးရေ ၁၀,၀၀၀ ကို အခမဲ့ပေးသွားမည်ဟု မန္တလေးတိုင်း အမှတ်-၁၁၊ ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး မန္တလေးမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။

ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်
RangonNewsDaily:: January . 29 .2014
ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

မန္တလေးတက္ကသိုလ် အုတ်တံတိုင်းဖြိုကာ လမ်းချဲ့မည်
RangonNewsDaily:: January . 29 .2014
မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ဗောဓိရိပ်သာလမ်း၊ ၆၉ လမ်းနှင့် ကိုလံဘိုမြောင်း ဆုံသည့်နေရာတွင် လမ်းချဲ့ရန်အတွက် မန္တလေးတက္ကသိုလ် အုတ်တံတိုင်းကို နောက်ဆုတ်မည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား ဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

" အလုပ်ခေါ်စာအတုဖြင့် ထိုင်းသို့သွားရောက်သည့် မြန်မာလုပ်သား ၂ဝဝခန့် မဲဆောက်၌ သောင်တင်နေ "
RangonNewsDaily:: January . 29 .2014
အလုပ်ခေါ်စာအတုဖြင့် ထိုင်းဘက် သို့သွားခဲ့သူ မြန်မာလုပ်သား နှစ်ရာ နီးပါးခန့် ဗီဇာမရသောကြောင့် ဒုက္ခ ရောက်နေ၍ ဖြေရှင်းပေးနေရကြောင်း အလုပ်သမား-အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ နစ်နာသောအလုပ် သမားများ အရေးပေါ် တိုင်ကြားမှုကို လက်ခံဆောင်ရွက်ပေးနေသည့် စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။