Pages

Pages - Menu

Wednesday, January 29, 2014

မန္တလေးတက္ကသိုလ် အုတ်တံတိုင်းဖြိုကာ လမ်းချဲ့မည်

RangonNewsDaily:: January . 29 .2014
မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ဗောဓိရိပ်သာလမ်း၊ ၆၉ လမ်းနှင့် ကိုလံဘိုမြောင်း ဆုံသည့်နေရာတွင် လမ်းချဲ့ရန်အတွက် မန္တလေးတက္ကသိုလ် အုတ်တံတိုင်းကို နောက်ဆုတ်မည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား ဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားသည်။

"၆၉ လမ်းနဲ့ ဗောဓိပတ်လမ်းဆုံတဲ့ နေရာမှာ အလုပ်ဆင်း၊ အလုပ်ပြန်နဲ့ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေ ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လို့ ကိုလံဘိုမြောင်းက တံတားကိုလည်း ချဲ့မယ်။ တက္ကသိုလ် အုတ်တံတိုင်းကိုလည်း နောက်ကိုဆုတ်ပြီး အရှေ့ အနောက် ၁၅ ပေ လမ်းချဲ့မယ်။ စည်ပင်ကနေတော့ အုတ်တံတိုင်း ပြန်ဆောက်ပေးရမှာပေါ့" ဟု ၄င်းကဆိုသည်။

ယင်းသို့လမ်းချဲ့ရန် အတွက် မန္တလေး တက္ကသိုလ်၏ ခွင့်ပြုချက်လည်း ရရှိပြီး ဖြစ်သည့်အတွက် ယခုလကုန်တွင် လုပ်ငန်း စတင်မည်ဖြစ်ကြောင်း၊ ယာဉ်ကြောရှုပ်ထွေးမှု များပြီး မီးပွိုင့် ထားမရသည့် ၄၁ လမ်း x ၈၆ လမ်းနှင့် ရွှေတချောင်းမြောင်း ဆုံရာတွင်လည်း ရွှေတချောင်းမြောင်း တံတားကို အကျယ် ၁၁ ပေ ထပ်ချဲ့မည်ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။


"ကျောင်းဘက်ကို ချဲ့မယ် ဆိုရင်တော့ ကောင်းတာပေါ့။ မဟုတ်လည်း ကျောင်းက ချုံတွေနဲ့ ပြည့်နေတာ။ မနက် ရုံးသွားဖို့ အဆောင်ရှေ့ ထွက်လိုက်တာနဲ့ လမ်းထိပ်ရောက်နေပြီ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ။ 


လမ်းချဲ့ လိုက်ရင်တော့ သွားလာရ လွယ်သွားလောက်မှာပါ" ဟု ၆၉ လမ်းနှင့် ဗောဓိပတ်လမ်းဆုံရာ အနီးတွင် အဆောင်နေသည့် အသက် ၂၂ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment