Pages

Pages - Menu

Wednesday, January 29, 2014

" အလုပ်ခေါ်စာအတုဖြင့် ထိုင်းသို့သွားရောက်သည့် မြန်မာလုပ်သား ၂ဝဝခန့် မဲဆောက်၌ သောင်တင်နေ "

RangonNewsDaily:: January . 29 .2014
အလုပ်ခေါ်စာအတုဖြင့် ထိုင်းဘက် သို့သွားခဲ့သူ မြန်မာလုပ်သား နှစ်ရာ နီးပါးခန့် ဗီဇာမရသောကြောင့် ဒုက္ခ ရောက်နေ၍ ဖြေရှင်းပေးနေရကြောင်း အလုပ်သမား-အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ နစ်နာသောအလုပ် သမားများ အရေးပေါ် တိုင်ကြားမှုကို လက်ခံဆောင်ရွက်ပေးနေသည့် စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ပုလဲမိုးအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီမှတစ်ဆင့် ထိုင်းဘက်သို့ သွားရောက်ခဲ့သူ မြန်မာ လုပ်သားများမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ကတည်းက ဗီဇာမရ၍ မဲဆောက်တံတား အနီးပတ်ဝန်းကျင်တွင် သောင်တင်နေခဲ့ ပြီး လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်ညှိနှိုင်း၍ဆောင်ရွက်နေကြောင်း ၎င်းထံမှ သိရသည်။

''အလုပ်သမားအဖွဲ့ချုပ် တာဝန် ရှိသူတွေ သွားနေကြပြီ။ ပို့တဲ့ကုမ္ပဏီကို လည်း အဆင်ပြေအောင် ဆောင်ရွက် ခိုင်းထားတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းအဖွဲ့ချုပ်မှ အထွေ ထွေအတွင်းရေးမှူး ဦးကျော်က မြန်မာ ဘက်မှ ထိုင်းဘက်သို့ လုပ်သားများစေ လွှတ်ရာတွင် ယခုကဲ့သို့သော ဖြစ်ရပ်များ သည် မကြာခဏ ဖြစ်ပွားလေ့ရှိသော် လည်း ယခုတစ်ခေါက် ဖြစ်ပွား ခဲ့သော မြန်မာလုပ်သား အရေအတွက်သည် တစ် ကြိမ်တည်းနှင့်
အများဆုံးဖြစ်သည်ဟု မှတ်ချက်ပြုသည်။

''ဒါမျိုးဖြစ်ခဲ့လို့ အလုပ်သမား အဖွဲ့ ချုပ်ကနေ လိုင်စင်ပိတ်ပြီး အရေးယူတာ တွေတောင်ရှိတယ်'' ဟု ၎င်းက ထပ်မံဆိုသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီနှင့် သက်ဆိုင်ရာမှ ပိတ်မိနေသော အလုပ် သမားများကို နေရာရွှေ့ပြောင်းပေးနေသည်ဟု ဦးကျော်က ထပ်မံပြောသည်။

''ဟိုဘက်ကတော့ အခုထိ လက်မ ခံသေးဘူး။ ကျွန်တော်တို့အနေနဲ့
ကလေး တွေ ပိတ်မိနေတာကို မလိုလားဘူး။ ဒါ ကြောင့် အမြန်ဖြေရှင်းပေးနေတယ်'' ဟု ၎င်းက ဖြေရှင်းပေးနေမှုကို ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အဓိကသက်ဆိုင်သည့် ပုလဲမိုးအလုပ် အကိုင်ရှာ ဖွေရေးအေဂျင်စီသို့ Popular News မှ မေးမြန်းရာ အလုပ်မအား၍ မဖြေကြား ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment