Pages

Pages - Menu

Wednesday, January 29, 2014

ပြည်ပသို့ အိမ်အကူ သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရများသာမက စာတမ်းပြုစုသူနှင့် အင်ဂျင်နီယာများလည်းပါ

RangonNewsDaily:: January . 29 .2014
ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊ စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ ပါတယ်။ အင်ဂျင်နီ ယာတွေဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင်ဘူး။ သူတို့မိသားစုတွေကို သူ မထောက်ပံ့နိုင်ဘူး။

ဒါကြောင့် ဟိုမှာ တစ်လ လေးသိန်းလောက် ရတော့ သုံး၊ လေးနှစ် သွားပြီး အနစ်နာခံ ရှာမယ်။ ပြီးတော့မှ ပြန်လာမယ်ဆိုတဲ့ သူမျိုးတွေပေါ့”ဟု ထက် မာန် အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းထူးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မြန်မာအိမ်အကူများကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ ခေါ်ယူလိုမှု မြင့်တက်နေပြီး ဇန်န၀ါ ရီ ၂ ရက်နှင့် ၃ ရက်များကလည်း ဟောင်ကောင်မှ အိမ်အကူလုပ်သားခေါ်ယူလိုသည့် အဖွဲ့များ၊ မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်နှင့် အေဂျင်စီများ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

GOLD MINE ပြည်ပအလုပ်အကိုင်အေဂျင်စီမှ သင်တန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဖုန်းမြင့်က “အနိမ့်ဆုံး ပညာအရည်အချင်းအဆင့်ကို ရှစ်တန်းက စတယ်။ တချို့ဆို စာတမ်းတင်ဖို့ လုပ်ထားတဲ့ကလေးတွေပါ ပါတယ်။ အမှန်တကယ်တော့ သူတို့ကို မသွားစေချင်ပါဘူး။ ဒါပေမဲ့ သူတို့ကိုပြန်မေးကြည့်တဲ့အခါမှာ သူ တို့ ဒီမှာ နှစ်နှစ်ဆိုတဲ့အချိန်က မကြာဘူးဆိုတဲ့အတွက် အဲဒီအတွင်း သူတို့ ငွေရှာချင်တယ်။ ပြီးတော့မှ ပြန်လာပြီး သူတို့ပညာရေးအတွက် ဆက်လုပ်မယ်လို့ ပြောကြပါတယ်”ဟု ဆိုသည်။

ဟောင်ကောင်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အိမ်အကူများသည် တစ်လလျှင် အမေရိကန်ဒေါ် လာ ၅၀၀ ရရှိကြောင်းနှင့် စင်ကာပူတွင်မူ မြန်မာအိမ်အကူလုပ်သား လစာငွေ စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား( ကျပ် ၂၈၀,၀၀၀ မှ ၃၀၀,၀၀၀) ရလေ့ရှိပြီး ဖိလစ်ပိုင်လုပ်သားများအနေဖြင့် အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ထုတ်ဖော်ပြောကြား ထားသည်။

ဟောင်ကောင်မှ မြန်မာအိမ်အကူလုပ်သားတစ်ဦးအတွက် ဟောင်ကောင်နှင့်မြန်မာအေဂျင်စီများက တစ် ဖက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ခွဲဝေရယူရန်ရှိသော်လည်း ယခင်က အေဂျင်စီအသင်းချုပ်၏ တောင်းဆိုညှိနှိုင်းမှုအရ ပြည်တွင်းအခြေစိုက် မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီအား အမေရိကန်ဒေါ် လာ ၁,၁၆၀ ပေးမည်ဖြစ်သည်။

ဟောင်ကောင်နိုင်ငံအနေဖြင့် အိမ်အကူလိုအပ်ချက် သုံးသိန်းခန့်ရှိလာမည်ဖြစ်သည်ဟု ဇန်န၀ါရီလ ပထ မပတ်အတွင်းက နှစ်ဖက် ညှိနှိုင်းမှုများအရ ဟောင်ကောင် အေဂျင်စီတစ်ခုက ထုတ်ဖော် ပြောဆိုထား သည်။

ထို့ပြင် စင်ကာပူနိုင်ငံမှလည်း မြန်မာအိမ်အကူလုပ်သားများ ပိုမိုခေါ်ယူရန်လိုပြီး စင်ကာပူတွင် ရောက်ရှိ နေသော မြန်မာအိမ်အကူလုပ်သားများမှာ ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိနိုင်ကြောင်း စင်ကာပူရှိ အိမ်အကူ လုပ်သားအင်အား၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားရေးရာ လှုပ်ရှားသည့် လူမှုအဖွဲ့အ စည်းများအချို့နှင့် Home Hunanitarian Organization for Migration Economics မှ ဒေါက်တာသိန်း သန်းဝင်းက ပြောသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment