Pages

Pages - Menu

Wednesday, January 29, 2014

တယ်လီနောက ၂၀၁၄ ရန်ကုန် ဘားကမ့်တွင် Official Partner အဖြစ် ပါဝင်မည်

RangonNewsDaily:: January . 29 .2014
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အဖြစ် ရွေးချယ်ခံထားရသော တယ်လီနောက ဘားကမ့်ရန်ကုန် ၂၀၁၄ တွင် Official Partner အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာက သတင်း ထုတ်ပြန်ထားသည်။ တယ်လီနောအနေဖြင့် ဘားကမ့်ရန်ကုန်တွင် ပြည်တွင်း၌ လူကြိုက်များသော မိုဘိုင်း App နှင့် Digital Content များ အပါအ၀င် မြန်မာနိုင်ငံမှ တိုးတက်လျက်ရှိသော Web Developer အဖွဲ့အစည်းများ၏ တီထွင်ဆန်းသစ်မှုများနှင့် ပါရမီရှိသူများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနည်းပညာ များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က “ဘားကမ့်ရန်ကုန်ရဲ့Official Sponsor တစ်ဦးဖြစ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ 

ဘားကမ့်ဟာ နိုင်ငံတကာနည်းပညာနဲ့ Developer တွေအတွက် သြဇာကြီးတဲ့တွေ့ဆုံပွဲကြီးတစ်ခုဖြစ်သလို မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ တိုးတက်အောင် ဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ၊ တီထွင်ဖန်တီးသူတွေကိုလည်း အောင်မြင်စွာ စုစည်းပေးနိုင်မှာပါ”ဟု ဆိုသည်။

ဘားကမ့်ရန်ကုန်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ မြန်မာအင်ဖိုတက်တွင် ကျင်းပသွား မည်ဖြစ်ပြီး ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိမည့် ပြည်ပအော်ပရေတာ တယ်လီနောနှင့် အူရီဒူးအပြင် ပြည်တွင်းနည်းပညာကုမ္ပဏီအများစုကလည်း ပါဝင်ပံ့ပိုးကူညီထားသည်။ 


ရန်ကုန်ဘားကမ့်ကို တက် ရောက်ရန်အတွက် အွန်လိုင်းတွင်Register ပြုလုပ်သူမှာ ဇန်န၀ါရီ ၂၇ ရက်အထိ ၄၀၀၀ ကျော်ရှိနေ ပြီဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment