Pages

Pages - Menu

Tuesday, September 2, 2014

ဘက်စုံမြင်ကွင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည့် အမြန်ဘတ်စ်ကားလိုင်းစနစ် သုံးလအတွင်း စတင်ပြေး ဆွဲမည်ဟု သိရ

RangonNewsDaily:: September . 2 .2014
ဘက်စုံမြင်ကွင်းကုမ္ပဏီကို စမ်းသပ်ပြေးဆွဲခွင့်ပြုလိုက်သည့် အမြန်ဘတ်စ် ကားလိုင်းစနစ်အား ဝေဇယန္တာလမ်းပေါ်တွင် သုံးလအတွင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ယင်းစနစ်ကို ဘတ်စ်ကားလုံးဝပြေးဆွဲခြင်းမရှိသည့် ဝေဇယန္တာလမ်းပေါ်တွင် ပြေးဆွဲရန် လက်ရှိမေတ္တာလှိုင်း ယာဉ်လိုင်းများပြေးဆွဲနေသော ဘက်စုံမြင်ကွင်း ကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“ဝေဇယန္တာလမ်းမကြီးမှာ အမြန်ဘတ်စ်ကားလိုင်းစနစ် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုပြီးဖြစ်ပါတယ်။ မကြာတော့မယ့် အချိန်သုံးလအတွင်း ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
::
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အနေဖြင့် လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရခြင်းကြောင့် ယင်းအချိန်များကို လျှော့ချနိုင်ရန်အတွက် အမြန်ဘတ်စ်ကားလိုင်းစနစ်ကို ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အမြန်ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်ခဲ့စဉ်ကတည်းက ဘက်စုံမြင်ကွင်းကုမ္ပဏီက ပြေးဆွဲခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါစနစ်အတွက် ရင်းနှီးမြှပ်နှံမှုများစွာ ပြုလုပ်မည်ဖြစ်၍ ယင်းကုမ္ပဏီကို စမ်းသပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြေးဆွဲမှုအောင်မြင်ပါက အခြားကုမ္ပဏီများကို ထပ်မံပြေးဆွဲခွင့်ပြုသွားမည်ဟု ဆိုသည်။
::
အမြန်ဘတ်စ်ကားလိုင်းစနစ်တွင် ဘတ်စ်ကားအသစ်များနှင့် အဲကွန်းစနစ်များပါ ၀င်မည့် အားသာချက်များရှိသော်လည်း ယင်းစနစ်ပြေးဆွဲရန်အတွက် ဝေဇ ယန္တာလမ်းတွင် အသွားအပြန် သီးသန့်လမ်းကြောင်း ပေးရမည်ဖြစ်ခြင်းကြောင့် လက်ရှိလမ်းအနေအထားများအရ မဖြစ်နိုင်သေးကြောင်းနှင့် မအောင်မြင်နိုင်ကြောင်း ရန်ကုန်မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက သုံးသပ်သည်။ ထို့ကြောင့် ယင်းစနစ်ပြေးဆွဲလိုက်မှ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားနိုင်သည့် အခြေအနေဟု ယာဉ်မောင်းများနှင့် ခရီးသွားများက သုံးသပ်နေကြသည်။
::
ယခုကဲ့သို့ ရန်ကုန်မြို့နေ ပြည်သူများနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သော အမြန်ဘတ်စ်ကားလိုင်းပြေးဆွဲရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်တွင် ဆွေးနွေးအတည်ပြုချက် ရယူခြင်းမရှိဘဲ ပွင့်လင်းမြင် သာမှုမရှိဘဲ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

Eleven ::--
 KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment