Pages

Pages - Menu

Tuesday, September 2, 2014

အသည်းအဆီဖုံးခြင်းအတွက် မြန်မာ့ဆေးစွမ်းကောင်းများ


RangonNewsDaily:: September . 2 .2014
၁။ အသည်းအူ လဲလူ ဟုခေါ်ညွှန်းလေ့ရှိပြီး လဲလူပင်က အသည်းရောင်၊အဆီဖုံး၊အသည်းကြီး၊ အသည်းခြောက်၊ အသည်းကင်ဆာ စသည့် ရောဂါအမျိုးမျိုးအတွက်သာ မကပဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာဖြစ်တဲ့ ရောဂါတွေပါပျောက်ကင်း သက်သာနိုင်ပါတယ်။
လဲလူပင်အရွက်သာမက အမြစ် အပါအဝင် တစ်ပင်လုံး(ပဉ္စ ငါးပါးစလုံး)ဆေးဖက်ဝင်ပါတယ်။လဲလူရွက် လက်တစ်ဆုပ်စာကို ရေစင်စင်ဆေးပြီးနောက် နှစ်သက်သလို ဟင်းချိုချက်သောက်၊ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စားပါ။ထိုအရွက် လက်တစ်ဆုပ်စာ ပမာဏကို သုံးခွက် တစ်ခွက်တင် ကျိုသောက်ပါ။

(လဲလူပင်များကို ရေစကြိုနယ်တွင် လဲလူဖို၊ လဲလူမ ဟူ၍ အဖိုပင် နှင့် အမပင်တို့ တွေ့ရှိနိုင်ပါသည်။ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၏ ငါးဆူတောင်ဘက်တွင်လည်းကောင်း၊အင်းစိန်မြို့နယ် တညင်းကုန်းဘူတာဈေး၏ ကုန်စိမ်းရောင်းသော ဟင်းရွက်သည်များထံတွင်လည်းကောင်း ဝယ်ယူရှိနိုင်ပါသည်။)


၂။တောင်ဆီးဖြူပင်လက်တစ်ဆုပ်စာကို ရေနှင့် သုံးခွက် တစ်ခွက်တင်ကျို၍ သောက်ပါ။ပြီးလျှင်ချောကလက်စားပါ။ 


ထို့နောက် ကျွဲကောသီးစားပါ။ (တစ်လတိတိ ထိုသို့ အစဉ်လိုက် စားပေးရပါမည်။)ယခုလို တောင်ဆီးဖြူပင်ကိုသုံးခွက် တစ်ခွင်တင် ကျိုသောက်ပြီး ချောကလက် စားခြင်းဖြင့်အသည်းမှာ ချောကလက်တို့ကပ်နေပါလိမ့်မည်။

ထှိုနောက် ကျွဲကောသီးးလိုက်သောအခါအသည်းမှာ ကပ်နေသောချောကလက်အပြင် အဆီတို့ကိုပါ တိုက်စားသွားခြင်းဖြင့် အသည်းတွင်ဖုံးလွှမ်းနေသောအဆီများ ကွယ်ပျောက်သွားပါလိမ့်မည်။


၃။ လိမ္မော်သီး စားပါ။လိမ္မော်သီးက အသည်းအဆီဖုံးရောဂါအတွက်သာမက အသည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ်ကျောက်တည်ရောဂါများအတွက်ပါ လွန်စွာ သင့်လျှော်ပါတယ်။


သြဂုတ်လ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ပေါက်ပေါက်၏ ကျန်းမာရေး ဆောင်းပါးမှ ကူးယူဖေါ် ပြပါသည်။


KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment