RangonNewsDaily:: January . 29 .2014
ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊
စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ
ပါတယ်။ အင်ဂျင်နီ ယာတွေဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊
၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင်ဘူး။ သူတို့မိသားစုတွေကို သူ
မထောက်ပံ့နိုင်ဘူး။