Pages

Pages - Menu

Thursday, January 30, 2014

အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို

Photo: အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို
Thursday, January 30, 2014
    
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။

အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ရော၊ မန်နေဂျာ ဝင်းဂါးကိုယ်တိုင်ကပါ အာဆင်နယ်တွင် နောက်ရာသီ ဆက်ရှိနေမည်ဟု ပြောဆိုပြီး စာချုပ်သက်တမ်း တိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြသည်။ ဝင်းဂါးသည် အာဆင်နယ်တွင် (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၎င်း၏ စာချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ပေါ်တူဂီသား မန်နေဂျာက ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါး အာဆင်နယ်အသင်း ဖလားလက်မဲ့ ဖြတ်သန်းခဲ့သော်လည်း ဝင်းဂါးအပေါ် ယုံကြည်မှု မပျက်ယွင်းသည့်အတွက် အာဆင်နယ်ကို ချီးကျူးစကား ပြောဆိုခဲ့သည်။

"အာဆင်နယ်လို ထိပ်တန်းကလပ် တစ်ခုဟာ သူတို့မန်နေဂျာအပေါ် ယုံကြည်အားကိုးမှု ဆက်ပြီးတော့ ပြသနေတာ မြင်ရတော့ ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ သူတို့ ဆုဖလားတစ်ခုခု ရနိုင်မရနိုင် မသိသေးဘဲနဲ့ မန်နေဂျာကို စာချုပ်သစ်တစ်ခု အပ်နှင်းဖို့ စီစဉ်ခဲ့တယ်။ ဒါဟာ အသင်းရဲ့ တည်ငြိမ်မှုအတွက် ကောင်းကျိုးရှိစေပါတယ်။ ဘောလုံးမှာ ဒါဟာ ဥပမာကောင်း ဖြစ်သင့်တယ်လေ။ တခြားအသင်းတွေကလည်း ဒီလိုကျင့်သုံးမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်နေမှာပါ။ ဝင်းဂါးဟာ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံး မန်နေဂျာ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ သူ့အနေနဲ့ ဆုဖလား တစ်လုံးမှ မရလို့တော့ ကျွန်တော့်အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်မှာ သူဆက်ရှိနေတာကို ကျွန်တော် ပျော်ပါတယ်"ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar

RangonNewsDaily:: January . 30 .2014
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။ အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ရော၊ မန်နေဂျာ ဝင်းဂါးကိုယ်တိုင်ကပါ အာဆင်နယ်တွင် နောက်ရာသီ ဆက်ရှိနေမည်ဟု ပြောဆိုပြီး စာချုပ်သက်တမ်း တိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြသည်။ ဝင်းဂါးသည် အာဆင်နယ်တွင် (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ 
 
၎င်း၏ စာချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ပေါ်တူဂီသား မန်နေဂျာက ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါး အာဆင်နယ်အသင်း ဖလားလက်မဲ့ ဖြတ်သန်းခဲ့သော်လည်း ဝင်းဂါးအပေါ် ယုံကြည်မှု မပျက်ယွင်းသည့်အတွက် အာဆင်နယ်ကို ချီးကျူးစကား ပြောဆိုခဲ့သည်။

"အာဆင်နယ်လို ထိပ်တန်းကလပ် တစ်ခုဟာ သူတို့မန်နေဂျာအပေါ် ယုံကြည်အားကိုးမှု ဆက်ပြီးတော့ ပြသနေတာ မြင်ရတော့ ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ သူတို့ ဆုဖလားတစ်ခုခု ရနိုင်မရနိုင် မသိသေးဘဲနဲ့ မန်နေဂျာကို စာချုပ်သစ်တစ်ခု အပ်နှင်းဖို့ စီစဉ်ခဲ့တယ်။ 
 
ဒါဟာ အသင်းရဲ့ တည်ငြိမ်မှုအတွက် ကောင်းကျိုးရှိစေပါတယ်။ ဘောလုံးမှာ ဒါဟာ ဥပမာကောင်း ဖြစ်သင့်တယ်လေ။ တခြားအသင်းတွေကလည်း ဒီလိုကျင့်သုံးမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်နေမှာပါ။ 
 
ဝင်းဂါးဟာ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံး မန်နေဂျာ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ သူ့အနေနဲ့ ဆုဖလား တစ်လုံးမှ မရလို့တော့ ကျွန်တော့်အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်မှာ သူဆက်ရှိနေတာကို ကျွန်တော် ပျော်ပါတယ်"ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment