Pages

Pages - Menu

Tuesday, December 17, 2013

ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး

Photo: ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး
Tuesday, December 17, 2013

အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

ဘော့သည် အားကစား သမိုင်းတွင် ၂ဝဝ၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲနှင့် ၂ဝ၁၂ ခုနှစ် လန်ဒန်မြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲ တို့တွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ပထမဆုံးအား ကစားသမား တစ်ဦး ဖြစ်လာခဲ့သည့် အပြင် ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ ၂ဝဝ၉ ခုနှစ် အတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ မီတာ ၂ဝဝ တာတို ပြေးပွဲတွင် ၁၉ ဒသမ ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ သူတစ်ဦးအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခံရသူ ဖြစ်သည်။

ယခုအခါ ဘော့သည် မီတာ ၁၂ဝ တာတိုပြေးပွဲတွင် တာတိုပြေးသမား မာရီအိုဖော်ခိုင်သီ၊ ကင်မာရီရို့ခ်ျ၊ ဒန်နီရယ်ဘေလီတို့နှင့် မယှဉ်ပြိုင်မီ ဒီဇင်ဘာ ၁၄ ရက်ကကိုက် ၈ဝ အကွာကွာအဝေး တစ်ခုကို ဘတ်စကားတစ်စီးနှင့် ယှဉ်၍ အပြေး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 17 .2013
အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပအလှပြင်ခန်းတစ်ခုမီးလောင်၊ အမျိုးသမီးတစ်ဦးသေဆုံး

Photo: တောင်ဥက္ကလာပအလှပြင်ခန်းတစ်ခုမီးလောင်၊ အမျိုးသမီးတစ်ဦးသေဆုံး
Tuesday, December 17, 2013

တောင်ဥက္ကလာပမြို့နယ်(၁၂) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ၁၅၃၊ ၁၄/၁၅လမ်း ဆုံမှတ်တိုင် အနီးရှိ THREE SEASON အလှ ပြင်ခန်း၌ ယနေ့မွန်းလွဲပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

ယနေ့မွန်းတည့် ၁၂နာရီဝန်း ကျင်တွင် အလှပြင်ခန်းဖွင့်ထား သည့် သုံးထပ်ခွဲတိုက်တွင် အပေါ် ဆုံးထပ်ခွဲရှိ မီးဖိုခန်းအတွင်း ထမင်းချက်ထားသည့် ထမင်း ပေါင်းအိုးမှ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ခဲ့ကြောင်း၊ ရေချိုးခန်းနှင့် အိမ်သာတွဲလျက်အခန်းအတွင်း ပိတ်မိနေသော အသက် (၁၈)နှစ် အရွယ်အမျိုးသမီးတစ်ဦး မီးခိုးမွှန် ၍သေဆုံးခဲ့ကြောင်း မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ ဝင် ဦးအောင်လှကပြောသည်။

''ဘေးတိုက်က အမျိုးသမီး တစ်ဦးအော်သံကြားလို့ ကြည့်လိုက် တော့ မီးခိုးနည်းနည်းမြင်လိုက်ရ တယ်။မီးလောင်နေတဲ့တိုက်အောက် ခန်းက လူတစ်ယောက်မှ မသိကြ ဘူး။ သွားပြောမှ သိတာ။ မီးခိုး မွှန်ပြီး သေတာဖြစ်လိမ့်မယ်''ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့်တိုက်၏ ဘေးကပ်လျက်တွင် ဆောက်လက် စတိုက်မှ အလုပ်သမားကိုရဲဝင်း လတ်ကပြောသည်။ 

မီးလောင်ရာ နေရာသို့တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့၍ မီးလောင်ကျွမ်း ခဲ့သော ပစ္စည်းများပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းကျပ် ၂၃သိန်းဖြစ် ပြီး သုဝဏ္ဏဘောလုံးကွင်းတွင် ဆီး ဂိမ်းပြိုင်ပွဲများအတွက် တာဝန်ယူ ထားသော မီးသတ်ကားများအပါ အဝင် မီးသတ်ယာဉ် ၂၈စီး၊ ကြက် ခြေနီယာဉ်လေးစီး၊အထောက်အကူ ပြု ယာဉ်ခြောက်စီးနှင့် အုပ်ချုပ်မှု (၃)လာရောက်၍ မီးငြှိမ်းသတ်ရာ တွင်ပါဝင်ဆောင်ရွက်ခဲ့ပြီးသက်ဆိုင် သော တိုက်ပိုင်ရှင်မှာထွက်ပြေးပုန်း ရှောင်လျက်ရှိကြောင်း သိရသည်။

မိုးမြင့်
The Union Daily

RangonNewsDaily:: December . 17 .2013
တောင်ဥက္ကလာပမြို့နယ်(၁၂) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ၁၅၃၊ ၁၄/၁၅လမ်း ဆုံမှတ်တိုင် အနီးရှိ THREE SEASON အလှ ပြင်ခန်း၌ ယနေ့မွန်းလွဲပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

RangonNewsDaily:: December . 17 .2013
တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယ

မန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်
အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက်ကပ်လျက်
အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့်နေ

ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း

Photo: ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း
Tuesday, December 17, 2013

အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

ရုပ်ရှင်ဇာတ်ကားများ မပြတ်တမ်း ရိုက်ကူးနေရသည့် အမ်မာစတုန်းတစ်ယောက် လတ်တလောတွင် ဟာဝိုင်ယီဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ Amazing Spiderman မင်းသမီးသည် ဟာဝိုင်ယီ ကမ်းခြေတစ်ခုတွင် တနင်္လာနေ့က ချမ်းချမ်းစီးစီးဖြင့် ရုပ်ရှင်ရိုက်နေခဲ့သည်။ အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။ အမ်မာသည် ဘီကနီ ဝတ်ထားသော်လည်း အပေါ်မှထပ်၍ တီရှပ်အဖြူနှင့် ဘောင်းဘီတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ ရိုက်ကွင်းပေါ်တွင် သူမနှင့်အတူ အင်္ကျီစိမ်းပြာရောင်နှင့် အခြားမိန်းကလေး တစ်ဦးလည်း ရှိနေခဲ့သည်။

အမ်မာသည် ရေထဲမှ ပြန်တက်လာပြီးနောက် လှော်တက်တစ်ချောင်းနှင့် ရေစိုခံ ကင်မရာ တစ်လုံးကို သယ်ယူသွားခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ကင်မရွန်ခရိုဝီက တာဝန်ယူထားပြီး အမ်မာနှင့်အတူ ဘရက်ဒ်လေကူးပါ၊ ရေချယ်လ် မက်အဒမ်စ်၊ ဘီလီမာရေးတို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ ဇာတ်ကားအမည်ကိုမူ အတိအကျ မသတ်မှတ်ရသေးဟုလည်း သိရသည်။ အမ်မာသည် Amazing Spiderman ရုပ်ရှင်ဖြင့် ကမ္ဘာသိ ကျော်ကြားလာပြီး အဆိုပါ ဇာတ်ကားမှ သရုပ်ဆောင်မင်းသား အန်ဒရူး ဂါဖီးလ်နှင့်လည်း ချစ်သူများ ဖြစ်လာခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 17 .2013
အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ

Photo: မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ
Tuesday, December 17, 2013

နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

မြားပစ်အားကစားမယ်မအောင် ငှိမ်းသည် အမျိုးသမီးတစ်ဦးချင်း Compound ပြိုင်ပွဲတွင် ရမှတ် ၁၃၈မှတ်ဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ပြိုင်ဘက်ကို ၈ မှတ်အသာရကာ ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ရွှေ တံဆိပ်ဆုရှင်မအောင်ငှိမ်းကိုမြန်မာ နိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုး ကိုကိုတင့်ဆန်းကကျပ်သိန်း ၂ဝဝ ဆုချီးမြင့်သွားမည်ဟုသိရသည်။

ရွှေတံဆိပ်ဆုရမြန်မာ၊ငွေတံဆိပ် ဆုရ အင်ဒိုနီးရှားနှင့် ကြေးတံဆိပ် ဆုရ မလေးရှားကစားသမားများ ကိုအားကစားဝန်ကြီးဌာနျပြည်ထောင် စုဝန်ကြီးဦးတင့်ဆန်းနှင့်ဦးဖြိုးကိုကို တင့်ဆန်းတို့က ဆုချီးမြှင့်ခဲ့သည်။
မအောင်ငှိမ်းက''ရွှေတံဆိပ်ဆု ကတော့ နောက်ထပ်ပြိုင်စရာ ရှိပါ သေးတယ်။အဲဒါတွေကိုလဲရဖို့မျှော် လင့်ထားပါတယ်။ ကျွန်မအတွက် နိုင်ငံတကာ ရွှေတံဆိပ်က ဒါနဲ့ဆို (၂၇)ခုမြောက်ပါ။
ဆီးဂိမ်းရွှေတံဆိပ်အနေနဲ့ကတော့ (၅)ကြိမ်မြောက်ပါ။ ရွှေတံဆိပ်ကို ရယူနိုင်မယ်လို့တော့ ယုံကြည်ထား ပေမယ့် သေချာတာ ဘာတစ်ခုမှ မရှိဘူးလေ။ အခု ရွှေတံဆိပ်တစ်ခု ပိုင်ပိုင်နိုင်နိုင်ရလိုက်တဲ့အတွက်အရမ်း ဝမ်းသာပါတယ်။ ခုပြိုင်ပွဲမှာ ကွာ တားဖိုင်နယ်မှာ ပြိုင်ခဲ့ရတဲ့စင်ကာပူ ကတစ်ယောက်နဲ့ တော်တော်ခက် ခက်ခဲခဲပြိုင်ယူခဲ့ရပါတယ်''ဟု ပြောသည်။

မအောင်ငှိမ်းသည် နိုင်ငံတကာ ရွှေတံဆိပ်ဆု ၂၆ဆု ရယူထားပြီး ယခုဆုမှာ ၂၇ ဆု မြောက်ဖြစ်သည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့အနေ ဖြင့် ယနေ့ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ဆုသာရရှိခဲ့ပြီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အောင်ငှိမ်းတို့အတွဲက ရယူပေးလိုက်ခြင်းဖြစ်သည်။

The Union Daily

RangonNewsDaily:: December . 17 .2013
နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

Photo: ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ
Tuesday, December 17, 2013

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက်  မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။     ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။

ဖြေ ။     ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။

မေး။     ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။

ဖြေ ။     ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့  ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။

အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။

ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။

ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။

ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။

မေး။     ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။

ဖြေ။     ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။

ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင်  U -၁၉၊ U- 22  လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊  ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။

မေး။     ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့  ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။     ။

AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)

ဧရာဝတီ
AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)
RangonNewsDaily:: December . 17 .2013
ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ
ဝင်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်
ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ်ရရှိအောင်အပြင်းအထန် ပြင်
ဆင် ကြိုးစားခဲ့သည်။

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

kolatt(PBDN): December . 17 .2013

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား (၁-၀)ဖြင့် အနိုင်ရရှိ
ခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်
ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာ
တွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တ
ထိန်းသိမ်းထားရှိခဲ့ပါသည်။
::
အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်
စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့်
၁၇.၁၂.၂၀၁၃ရက်နေ့( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ 
::
၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊
အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ
ဖြစ်ကြောင်း၊ 
::
အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီးဒေါသအလျောက် နောက်နောင်တွင်ယခု
ကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန်
ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာမြန်မာနိုင်ငံဘောလုံအဖွဲ့
ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်
အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

့Yangon Police ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 17 .2013
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန်အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား(၁-၀)ဖြင့် အနိုင်ရရှိ ခဲ့ရာပရိတ်
သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြု
လုပ်ခြင်း၊

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

Photo: ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်
Tuesday, December 17, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 17 .2013
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု
 ဖြစ်ပွားပြီးနောက်သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါးတို့ကိုဖမ်းဆီးနိုင်ရေး
 အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်

ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ

Photo: ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ
Tuesday, December 17, 2013

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာ

ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။ ရုရှားသည် အမေရိကန် ဦးဆောင်သော အငြင်းပွားဖွယ် လေကြောင်းကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် အစ်ကန်ဒါဒုံးကျည်များကို ဖြန့်ကျက်ထားလိုက်ခြင်းဟုဆိုသည်။ အကွာအဝေး မိုင်ပေါင်း ၃၁၀ အထိ ရောက်ရှိနိုင်သော နည်းပညာမြှင့်တင်ထားသည့် အဆိုပါဒုံးကျည်မှာ မြေပြင်မှ ရေဒါဖြင့် ထောက်လှမ်းခြင်းနှင့် NATO ၏ ဒုံးကျည်ကြားဖြတ် ဟန့်တားစနစ်တို့ကို ရှောင်ကွင်းနိုင်သည်။

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာသည်။ ရုရှား အနေဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်စေမည့် ဆောင်ရွက်မှုများကို ဆက်လက် မပြုလုပ်ရန် အမေရိကန်အစိုးရ ပြောခွင့်ရအမျိုးသမီး မာရီ ဟတ်ဖ်က ပြောကြားလိုက်သည်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရုရှား၏ ဒုံးကျည်ဖြန့်ကျက်မှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားသည်။ ထို့အတူ လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှား၏ ယခုဆောင်ရွက်မှုမှာ ဘောလ်တစ်ဒေသတွင်း နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဟု သုံးသပ်ခဲ့သည်။

ရုရှားသည် ၎င်း၏ အစ်ကန်ဒါဒုံးကျည် ၁၀ စင်းခန့်ကို ပိုလန်နှင့် လစ်သူယေးနီးယား နှစ်နိုင်ငံကြား ဒေသတွင် ဖြန့်ကျက်ထားခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ ရုရှားစစ်ဘက် ထိပ်တန်းအရာရှိကမူ ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အတည်ပြုခဲ့သော်လည်း ထိုသို့ ဆောင်ရွက်ခြင်းမှာ နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း မဟုတ်ကြောင်း၊ အနောက်အုပ်စုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။ ရုရှားအစိုးရသည် ဥရောပအရှေ့ပိုင်း ဒေသတွင် ဖြန့်ကျက်ထားသော NATO ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ချထားမည်ဟု ၂၀၁၁ ခုနှစ်အတွင်းက သတိပေးခဲ့ဖူးသည်။

Planet Myanmar Network

RangonNewsDaily:: December . 17 .2013
ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်
တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။

ထိုင်းအတိုက်အခံတို့ ရွေးကောက်ပွဲဝင်သင့် မဝင်သင့် သဘောထားကွဲလွဲ

Photo: ထိုင်းအတိုက်အခံတို့ ရွေးကောက်ပွဲဝင်သင့် မဝင်သင့် သဘောထားကွဲလွဲ
Tuesday, December 17, 2013

ထိုင်းအစိုးရက ပါလီမန်ကို ဖျက်သိမ်းပေးကာ လမ်းမပေါ် ဆန္ဒပြပွဲများ ရပ်တန့်ရေး ဖော်ဆောင်ခဲ့ပြီးနောက် အတိုက်အခံများက ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ သွားသင့် မသွားသင့် အချင်းချင်း သဘောထား ကွဲလွဲလျက်ရှိ ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဆန္ဒပြ အတိုက်အခံများ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးက ဆန္ဒပြ အင်အားစုများက တောင်းဆိုထားသည့် ပြုပြင် ပြောင်းလဲရေး များကို ဦးစွာ အကောင်အထည် ဖော်ပြီးမှသာ ရွေးကောက်ပွဲ ပြုလုပ်သင့်ကြောင်း ပြောကြားထားသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ်ယင်းလပ်နှင့် သူမ၏အစ်ကို သက်ဆင်ရှင်နာဝပ်တို့ကို မလိုလားသော ဆန္ဒပြပွဲများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီး သီတင်းပတ် အကြာ ဝန်ကြီးချုပ်ယင်းလပ်က ရွေးကောက်ပွဲ ကျင်းပပေးမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

သက်ဆင် အင်အားစုကို မြို့ပြနှင့် တောနေ အခြေခံလူတန်းစားများက ထောက်ခံကြပြီး ဆယ်စုနှစ် တစ်ခုကြာ ရွေးကောက်ပွဲ အောင်နိုင်မှုများ ရရှိခဲ့သည်။

ဘန်ကောက်အခြေစိုက် ထိပ်တန်း လူတန်းစားများက သက်ဆင်အင်အားစုကို အလိုမရှိကြဘဲ ရွေးကောက်ပွဲ လမ်းကြောင်းကို ငြင်းဆန်ကာ ပြည်သူ့ကောင်စီဖွဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါရန် တောင်းဆိုမှုများ ရှိသည်။

ဆန္ဒပြသူများသည် အဓိက အတိုက်အခံ ပါတီ ဒီမိုကရက်တစ် ပါတီကို ထောက်ခံကြသူများ ဖြစ်သည်။
ဒီမိုကရက် အမတ်များအားလုံး ယခုလ အစောပိုင်းအတွင်းက ပါလီမန်မှ နုတ်ထွက်ခဲ့ကြကာ ဆန္ဒပြပွဲ များကို ပူးပေါင်းခဲ့ကြပြီး ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗီဂျာဂျီဗာလည်း ပါဝင်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ အနေနှင့် ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြု မပြု ကြေညာ ရတော့မည် ဖြစ်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါက နိုင်ငံရေးစနစ်၏ တရားဝင် ရပ်တည်မှုကို ထိခိုက်စေနိုင်မည် ဖြစ်သည်။

သို့သော် ဒီမိုကရက်တစ် ခေါင်းဆောင် များအကြားတွင် ရွေးကောက်ပွဲအရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေကြပြီး ဒုဝန်ကြီးချုပ်ဟောင်း ဆူသပ်သောင်ဆူဗန် နှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ကွန်းချာတီ ကာဗာနီတို့ အမြင် မတူကြကြောင်း သတင်းများက ဖော်ပြထားသည်။

ပြုပြင်ပြောင်းလဲရေး များကို အရင် ဖော်ဆောင်ပေးရမည်ဟု ပြောဆိုထားချက် များကို သဘောတူ ပါကြောင်း၊ အမြင် ကွဲပြားမှုများ မဆိုစလောက်သာ ရှိပါကြောင်း မစ္စတာကွန်းက ပြောကြားထားသည်။

The Voice Weekly

RangonNewsDaily:: December . 17 .2013
ထိုင်းအစိုးရက ပါလီမန်ကို ဖျက်သိမ်းပေးကာ လမ်းမပေါ် ဆန္ဒပြပွဲများ ရပ်တန့်ရေး ဖော်ဆောင်ခဲ့ပြီးနောက် အတိုက်အခံများက ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ သွားသင့် မသွားသင့် အချင်းချင်း သဘောထား ကွဲလွဲလျက်ရှိ ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

27 SeaGame မြန်မာစံတော်ချိန် ည ၈နာရီအချိန်ထိ Update News

RangonNewsDaily:: December . 17 .2013
ဆီးဂိမ်းရဲ့ နိုင်ငံအလိုက်ဆုရရှိမှုဇယားမှာ မြန်မာစံတော်ချိန် ည ၈နာရီအချိန်ထိ ရလဒ်အရ မြန်
မာအသင်းဟာ စတုတ္ထနေရာကို ထပ်ဆင်းသွားရပြန်ပါပြီ။ ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီအချိန်ထိ ထိုင်းအသင်းက ဇယားထိပ်မှာရှိနေပြီ့း  ရွှေ ၆၄၊ ငွေ ၅၅၊ ကြေး ၅၄ ရထားပြီး ဗီယက်နမ်က ရွှေ ၄၇ ၊ ငွေ ၄၁ ၊ ကြေး ၅၂ ခုနဲ့ ဒုတိယ နေရာမှာရှိနေပါတယ်။

ယခင်ဖြစ်ခဲ့သည့် အကြောင်းအရာများကို ဆိုတေး မသိသေးကြောင်း မိခင်ဖြစ်သူပြောကြား

RangonNewsDaily:: December . 17 .2013
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ကားမတော်တဆဖြစ်ခဲ့သည့် အဆိုတော် ဆိုတေး၏ ကျန်းမာရေး အခြေ အနေသည် များစွာတိုးတက် ကောင်းမွန်လာခြင်းကြောင့် ယခုအခါတွင် သွားလာလှုပ်ရှား နိုင်ပြီဖြစ် ကြောင်း ဆိုတေး၏မိခင်ဖြစ်သူက မဇ္ဈိမသို့ ပြောသည်။“အန်တီတို့တွေ သူ့ကို တော်တော်လေးကို ဂရုစိုက်ပြီး ပိုးမွေးသလို မွေးနေရပါတယ်။ ဒူးက ဒဏ်ရာလဲ တော်တော်လေးကို သက်သာသွားပါပြီ။ နောက်ပြီး ဗိုက်က ဒဏ်ရာကြောင့် အစာတော့ သေချာမစားနိုင် ပေမယ့် အရင်ကထက်စာရင် စားနိုင်ပါပြီ။

မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့

Photo: မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့
Tuesday, December 17, 2013

မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစား ၀န်ကြီးဌာန လူထု/ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“အားကစားဝန်ကြီးကတော့ အနည်းဆုံး ရွှေ ၁၀၀ ရအောင် ကြိုးစားဖို့ ပြောထားပေမယ့် လက်ရှိအနေအထားအရ ရွှေ ၆၀ လောက်ရအောင်တော့ ကြိုးစားနေကြတယ်။ ခုချိန်ကျမှ ကစားသမားတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရတော့ဘူး။ ၂၆ ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေ ၁၆ ခုပဲ ရခဲ့တာဆိုတော့ အခြအနေ အများကြီးတိုးတက်လာပါတယ် ”ဟု ဦးဌေးအောင်က ဆိုသည်။

နိုင်ငံအလိုက် ရွှေရရှိမှုတွင် မြန်မာကို စတုတ္ထ(သို့မဟုတ်) ပဉ္စမ နေရာလောက်သာ ရရှိရန် ခန့်မှန်းထားပြီး နိုင်ငံ၏ အားကစားသမားများ အဆင့်သင့်မဖြစ်မီ ဆီးဂိမ်းကြီးကို အိမ်ရှင်အဖြစ် ကျင်းပလိုက်ရသည်ဟု ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။

“ကျနော်တို့နိုင်ငံက အဆင့်သင့်မဖြစ်သေးဘဲနဲ့ ပြိုင်ပွဲကြီး ကျင်းပလိုက်ရတာကိုး။ အားကစားသမားတွေ အဆင်သင့် မဖြစ်သေးတာကို ပြောတာ။ ပြေးခုန်ပစ် ၊ ရေကူး ၊ အလေးမတို့မှာ အစကတည်းက မြန်မာက အားနည်းခဲ့တာ ။ ရိုးရာအားကစားတွေ အတင်းထည့်ပြီး ရွှေယူတာလည်း အဓိပ္ပါယ်မရှိဘူး။ ခုချိန်မှ ကယ်လို့မရတော့ဘူး။ နောက်ကစားပွဲတွေကျရင် ပိုဆိုးလာဖို့ ရှိတယ် ။ လှေလှော်မှာလည်း အနောက်တိုင်းလှေက ရဖို့မလွယ်ဘူး။ ရိုးရာလှေလောက်နဲ့လည်း လိုက်မမီပါဘူး ”ဟု ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်း)ပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြီး ၆ ရက်မြောက်နေ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် မြန်မာအသင်းမှာ ရွှေ ၊ ငွေ ၊ ကြေး တံဆိပ် စုစုပေါင်း ၁၂၂ ခုဖြင့် ပြိုင်ပွဲရလဒ် တန်းစီဇယားတွင် တတိယနေရာသို့  ရောက်ရှိသွားကာ မြန်မာပြည်သူများ မျှော်လင့်ခဲ့သော  အမျိုးသားဘောလုံးအသင်းမှာလည်း ရွှေတံဆိပ်နှင့် လွဲခဲ့ရပြီ ဖြစ်သည်။ အမျိုးသမီးဘောလုံးအသင်းသည်လည်း မျှော်လင့်ထားသလို  ရွှေရရန် မလွယ်ကူပေ။

အင်ဒိုနီးရှားကို ရှုံးပြီး ဆီးဂိမ်းရွှေအိမ်မက်ကို စွန့်လွှတ်လိုက်ရသော မြန်မာ အမျိုးသားအသင်းမှာ အင်ဒိုနီးရှားကို သရေကစားနိုင်ရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ရမည်ဖြစ်သော်လည်း မြန်မာနည်းပြချုပ် ပတ်ဆောင်ဟွာ၏ နည်းစနစ်ပိုင်း အားနည်းမှု၊ ကစားသမားများ၏ စိတ်လှုပ်ရှားပြီး ကစားကွက် မတည်ငြိမ်မှုများကြောင့် မြန်မာပရိတ်သတ် ၃၀၀၀၀ ကျော်ရှေ့တွင် အင်ဒိုနီးရှာအသင်းကို ပယ်နတီဂိုးဖြင့် အရှုံးပေးခဲ့ရသည်။ ပွဲအပြီး တာဝန်မဲ့ ပြောဆိုခြင်းကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပတ်ဆောင်ဟွာကို တာဝန်မှ ချက်ခြင်းရပ်စဲလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက် ည ၆ နာရီတွင် ရရှိသော စာရင်းများအရ တတိယနေရာသို့ ရောက်ရှိသွားသော မြန်မာအသင်းမှာ ရွှေ ၃၉ ခု ၊ ငွေ ၃၈ ခု ၊ ကြေး ၄၁ ခု စုစုပေါင်း ၁၁၈ ခုဖြစ်ပြီး စတုတ္ထနေရာတွင် အင်ဒိုနီးရှားက ရွှေ ၃၈ ခု ၊ ငွေ ၅၁ ခု ၊ ကြေး ၁၃၉ ခုဖြင့် ကပ်လိုက်လျက်ရှိကြောင်း တွေ့ရသည်။

ပြိုင်ပွဲရလဒ်များအရ နံပါတ်တစ်နေရာသို့ ရောက်ရှိလာသော အသင်းမှာ ထိုင်းအသင်းဖြစ်ပြီး ရွှေ ၅၉ ခု၊ ငွေ ၄၅ ခု ၊ ကြေး ၄၉ ခု စုစုပေါင်း ၁၅၃ ခုဖြင့် ဦးဆောင်လျက်ရှိကာ ဗီယက်နမ်အသင်းက ရွှေ ၄၃ ခု ၊ ငွေ ၃၆  ခု ၊ ကြေး ၄၃ ခု ဖြင့် ဒုတိယနေရာမှ ဦးဆောင်လျက် ရှိသည်။

“ထိုင်းအသင်းအနေနဲ့ကတော့ နံပါတ်တစ်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ ရွှေရရင် အများဆုံး ၁၁၀ လောက်ထိတော့ မှန်းထားတယ်။ ဗီယက်နမ်နဲ့ အင်ဒိုနီရှားတို့က အကောင်းဆုံးဖြစ်လိမ့်မယ် ထင်တယ်”ဟု ထိုင်းနိုင်ငံ အားကစားအဖွဲ့ချုပ်ကို ဦးဆောင်လာသူ Mr Thana Thaitrasnt က ဧရာဝတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခြားအားကစားနည်းများတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်များသာ ရရှိခဲ့သည်။

ဧရာဝတီ

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: December . 17 .2013
မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစားဝန်ကြီးဌာနလူထု/ပညာပေး
ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

အင်းလေးရှိဟူပင်ဟိုတယ်၌ မီးပုံးပျံပြုတ်ကျမှုကြောင့်မီးလောင်မှုဖြစ်ပွား

RangonNewsDaily:: December . 17 .2013
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို.ရှိအင်းလေးကန်ခေါင်တိုင်ကျေးရွာတွင်ဖွင့်လှစ်ထားသောဟူပင်ဟိုတယ်၌ ဒီဇင်ဘာ(၁၆)ရက်နေ.ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ.ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုမှာ၎င်းနေ.ည
၉နာရီ၂၄မိနစ်အချိန်တွင်ဖြစ်ပွားခဲ.ခြင်းဖြစ်ပြီးဟိုတယ်ဝင်းအတွင်းရှိဝါးမိုး၊ထရံကာတည်းခိုဆောင်ပေါ်သို.မီးပုံ
ပျံပြုတ်ကျရာမှမီးစတင်လောင်ခဲ.ခြင်းဖြစ်သည်ဟုမီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံနှင့် ပြည်သူများအား လိမ်လည် လှည့်ဖြားနေသည့် အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန စွန့်လွှတ်ချိန် တန်ပြီဟုဆို

RangonNewsDaily:: December . 17 .2013
ပညာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့် ပြည်သူများအား လိမ်လည်လှည့် ဖြားနေသည့် အကျင့်ဟောင်း များ

ကို စွန့်လွှတ်ချိန်တန်ပြီဖြစ် ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ပြောကြားလိုက် သည်။ယင်းကဲ့
သို့ပြောကြားခြင်းမှာလက်ရှိတက္ကသိုလ်များ ရှိအ ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်
ထား ရှိတော့မည်ဖြစ်သည့်အတွက်တချို့အဆောင်များတွင်ဆရာများအား ပြောင်းရွှေ့ခိုင်းနေရာ ဆရာ ဆရာ
မများ မှာနေရေး၊ ထိုင်ရေး အခက် အခဲ များဖြစ်ပေါ် နေကြောင်း သိရသည်။

အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ

Photo: အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ
Tuesday, December 17, 2013

၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှဆုံးမင်းသမီးရွေးချယ်ပွဲ” ဟူ သည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီး စာနယ်ဇင်းအယ်ဒီတာများ၊ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာဒါရိုက်တာများ၊ သရုပ်ဆောင်အနုပညာရှင်များ၏ ဆန္ဒသဘောထားများအပြင် ပေါ် ပြူလာဂျာနယ် စာဖတ်ပရိသတ် ထံမှ ဆန္ဒသဘောထားများကို တစ်လကျော် အချိန်ယူကောက်ခံခဲ့ သည်။ ဆန္ဒသဘောထားပေးပို့လွှာ (၁၂ဝ၆)စောင်ရေရရှိခဲ့ရာ အလှ ဆုံးမင်းသမီးများရွေးချယ်ခံရသည့် စာရင်းများမှာ- (၁) ခင်သန်းနု (၂၈ဒသမ ၃ရာခိုင်နှုန်း)၊(၂) နန္ဒာ လှိုင် (၁၃ ဒသမ ၂ ရာခိုင်နှုန်း)၊ (၃) ထက်ထက်မိုးဦး (၁၃ ဒသမ ဝ ရာခိုင်နှုန်း)၊ (၄) စိုးမြတ်သူဇာ (၁၂ ဒသမ ၄ ရာခိုင်နှုန်း)၊ (၅) ဝါဝါဝင်းရွှေ (၁၁ ဒသမ ၁ ရာခိုင်နှုန်း)၊ (၆) ခိုင်သင်းကြည် (၇ ဒသမ ၆ ရာခိုင်နှုန်း)၊ (၇) ချိုပြုံး (၄ ဒသမ ဝ ရာခိုင်နှုန်း)၊ (၈) ခင်ယုမေ (၃ ဒသမ ၈ ရာခိုင်နှုန်း)၊ (၉) မေရီ မြင့် (၂ဒသမ ၅ရာခိုင်နှုန်း)၊ (၁ဝ) ကြည်လဲ့လဲ့ဦး (၂ ဒသမ ၃ ရာခိုင် နှုန်း)၊(၁၁)အိâန္ဒာကျော်ဇင် (၁ ဒသမ ၈ ရာခိုင်နှုန်း) တို့ဖြစ်သည်။

” ၂ဝ ရာစု မြန်မာ့အလှဆုံး မင်းသမီးရွေးချယ်ပွဲ” တွင် အနုပညာသည် အိုသည်မရှိ (သို့ မဟုတ်) ထာဝစဉ်နုပျို နေတဲ့သူအကယ်ဒမီ သုံးထပ်ကွမ်းအနုပညာ ရှင် ခင်သန်းနုက ဆန္ဒသဘော ထားအများဆုံးဖြစ်ခဲ့သည်။၁၉၆၁ ခုနှစ်တွင် အနုပညာရှင် ခင်သန်းနု အတွက် အအောင်မြင်ဆုံး ကာလဖြစ်ပြီး ပျဉ်းမနား မယ်၊မန္တလေးတိုင်း မယ်၊ ဥတ္တရမယ်၊ ပြည် ထောင်စုမယ် ဘွဲ့ တွေကို ရရှိခဲ့သည်။
အသက် အရွယ်အားဖြင့် ၁၅ နှစ် ၄ လသာရှိသေးပြီး အရပ် ၅ ပေ ၃ လက်မ၊ ကိုယ်အတိုင်းအထွာ ၃၄ လက်မ၊ ၂၂ ဒသမ ၅ လက်မ၊ ၃၅ လက်မရှိသည်။ အဆိုပါကာလ များတွင် အလှမယ် ခင်သန်းနုကို ကူညီပံ့ပိုး အကြံပေးခဲ့သူက ပျဉ်း မနားမြို့ အားကစားနည်း ပြဆရာ ဦးမောင်မောင်ဖြစ်သည်။ မယ်ဘွဲ့ ရရှိသူများကို ပရိသတ်က စိတ်ဝင် စားတဲ့ အချိန်ဖြစ်သလို ရုပ်ရှင် ကုမ္ပဏီများကလည်း မင်းသမီး တင် မြှောက်ရန်ကြိုဆိုအားပေးနေသည့် အချိန်ကာလလည်းဖြစ်သည်။ ရုပ် ရှင် မင်းသမီးဖြစ်ချင်သူဆိုတော့ အလှမယ်လောကမှ ရုပ်ရှင်လောက ထဲသို့ရောက်ရှိသွားခဲ့သည်။ ထိုစဉ် အချိန်ကာလက ရုပ်ရှင်လောက တွင် မျက်နှာသစ်တွေကို လိုလား နေသည့် အချိန်ဖြစ်၍ ဝင်ရတာ မခက်ပေမယ့် ပရိသတ်လက်ခံ သည့် မင်းသမီးတစ်ယောက်ဖြစ်ဖို့ ခက်ခဲနေချိန်ဖြစ်သည်။ ခင်သန်းနု သည် အချိန်တော်တော် ကြိုးစားပြီး နောက်ပြည်သူချစ်သော အနုပညာ ရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဘဝတွင် ပထမဦးဆုံးခေါင်း ဆောင်မင်းသမီး အဖြစ် အောင်မြင်ခဲ့သည်။ ရုပ်ရှင် ဇာတ်ကားမှာ ဒါရိုက်တာ မင်းရှင် နောင်ရိုက်ကူးသည့် ” ချစ်သောသူတစ် ယောက်” ရုပ်ရှင်ဇာတ်ကားတွင် စွယ်စုံရအနုပညာရှင်ဝင်းဦးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရသည်။
၁၉၆၁ခု နှစ်မှယနေ့အချိန် အထိရုပ်ရှင်ဇာတ် ကားပေါင်း ၂ဝဝ နီးပါးရိုက်ကူးခဲ့ ပြီးပါဝင်သရုပ် ဆောင်ခဲ့သည့် ဇာတ်ကားများ၏ နောက်ခံသီချင်းများကို အေဝမ်းတင်တင်လှမှ အဆိုများခဲ့သည်။ ” လေ့ကျင့်ရင်း ကုန်ထုတ်၊ကုန်ထုတ်ရင်းလေ့ကျင့်” ဆိုသည့်အတိုင်းသရုပ်ဆောင်အတတ်ပညာကို သင်ကြားခဲ့သူ ခင်သန်းနုသည် အလှမယ်ဘဝမှ မင်းသမီးဘဝ အထိအောင် မြင်မှုပန်းတိုင်ရအောင် လျှောက်လှမ်းနိုင်ခဲ့သည်။ သမိုင်းအမွေကောင်းသယ်ပိုးခဲ့ကြသော မှတ်တမ်းတင်စရာ အားကစားမယ် ကြယ်ပွင့်များ စာအုပ်တွင်ပါရှိသည့် အင်တာဗျူး၌ ခင်သန်းနုက ” မိဘနှစ်ပါးက မမနုကို စိတ်ဝင်တစားစောင့်ရှောက်အားပေးခဲ့တဲ့ ကျေးဇူးတွေ၊မမနုကို စိတ်ဝင်တစား လက်ခံခဲ့ တဲ့ ပရိသတ်တွေ၊စေတနာ အပြည့် နဲ့လိုအပ်တာတွေကို အားမနာတမ်း အကြံပေးခဲ့တဲ့သူတွေနဲ့ စာနယ်ဇင်း ဝေဖန်ရေးဆရာတွေက မမနုရဲ့ဘဝ ကို Lead လုပ်ခဲ့တာ အတွက်လည်း ကျေးဇူးတင်လို့မဆုံးပါဘူး။ ကိုယ့် ကိုချီးကျူးရင် မမနုကငြိမ်မနေတတ် ဘူး။ဝေဖန်စရာ တစ်ခုခုကိုပဲကြား ချင်စိတ်တွေနဲ့ ဝေဖန် တာတွေကို သေသေ ချာချာဂရုစိုက်ပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြုပြင်သွား ခဲ့တာကြောင့် ဝေဖန်သူတွေက မမ နုရဲ့ ဇာတ်လမ်းကို တွန်းတင်ပေး တဲ့ ဆရာတွေလို့ အမြဲတွေးခဲ့လို့ လည်း အခုလိုအောင် မြင်မှုသရဖူ ကို ရေရှည်ထိန်းထားနိုင်တဲ့ လျှို့ ဝှက်ချက်တစ်ခုလို့ပဲ ပြောပါရစေကွာ”  ဟု ဖြေကြားပေးထားသည်။
” အနုပညာသည် အိုသည်မရှိ”  စကားအတိုင်းငယ်ရွယ်နုပျိုစဉ်အချိန် ကာလများတွင် မင်းသမီးတစ်ယောက် အဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သလို အသက် အရွယ်ရလာသည့်အချိန်တွင် ကိုယ် တတ်စွမ်းသည့်အနုပညာ၊အတွေ့ အကြုံများကိုမျိုးဆက်သစ်အနုပညာ ရှင်များအားလက်ဆင့်ကမ်းရင်း သုံး ထပ်ကွမ်းအ ကယ်ဒမီခင်သန်းနု တစ် ယောက်ဘဝကိုအေးချမ်းတည် ငြိမ်စွာ ဖြတ်သန်းရှင်သန်လျက်ရှိသည် မှာမလွဲဧကန်အမှန်ပင်ဖြစ်သည်။

ကြယ်စင်သစ်
Popular Journal

RangonNewsDaily:: December . 17 .2013
၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ၈ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှ
ဆုံးမင်းသမီးရွေးချယ်ပွဲ”ဟူသည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီးစာနယ်ဇင်းအယ်ဒီတာများ၊ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ
ဒါရိုက်တာများ၊သရုပ်ဆောင်အနုပညာရှင်များ၏ ဆန္ဒသဘောထားများအပြင် ပေါ် ပြူလာဂျာနယ် စာဖတ်ပရိ
သတ် ထံမှ ဆန္ဒသဘောထားများကို တစ်လကျော် အချိန်ယူကောက်ခံခဲ့ သည်။ 

နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ

Photo: နေပြည်တော် ဆီးဂိမ်းတွင် အား/ကာ ညွှန်မှူး ကားမှန်ရိုက်ခွဲ
Monday, December 16, 2013

ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ် အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။

“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်လောက်ရှိပြီ။ ဘယ်သူကားလဲဆိုတာ သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင် ကားမှန်ရိုက်ခွဲလိုက်တာ” ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ကပြောသည်။

ကားပိုင်ရှင်မှာ ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်ကို ၄င်းကားရပ်နားထားရာ Social Zone အတွင်း ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့ လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့ ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော် ကားကို တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေး မယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅) ၇ဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်”ဟု ကိုဗညားက ဆိုသည်။

“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့ လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့ ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့ မျက်မြင် သက်သေတွေရှိတယ်”ဟုလည်း ကိုဗညား ပြောသည်။

နောက်ရက်များတွင် Social Zone အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။

The Mirror Daily

RangonNewsDaily:: December . 17 .2013
ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထားသော လိုက်ထရပ် အဖြူရောင်ကားတစီးကို အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။

မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွား

Photo: မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့"
Monday, December 16, 2013

ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။

"စဖြစ်တာကတော့ ငုံးမွေးမြူရေးခြံဘက်က စပြီးဖြစ်တာပါ လေတိုက်ခတ်မှုကြောင့် ကြက်ခြံ တွေဘက်ကို မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့ရပါတယ်။" လို့ မုံရွာကြက်မွေးမြူရေး ဇုန်မှ လုပ်ငန်းရှင်တစ်ဦးက သလ္လာဝတီတိုင်းမ် ကို ပြောပါတယ်။
" ကျွန်တော်တို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနက တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ကိုယ်တိုင် မီးလောင်မှုဖြစ်ပွားရာကို အခုဘဲသွားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ဘယ် လောက်ဆိုတာ အတည်ပြုပြောကြားပေးလို့ မရသေးပါဘူး။ မီးလောင်မှုကတော့ လောလောဆယ်မှာ များတယ်လို့ဘဲ ကနဦးသိထားရပါတယ်" ဟု တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မီးသတ်ကားများ မီးသတ်ရဲဘော်များ၊ ချောင်းဦး၊ခင်မွန်၊ဘုတလင် မြို့များမှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း၍ မီးငြိမ်းသတ်လျှက်ရှိကြောင်း သတင်းများရရှိထားပါသည်။

ThanLarWaddy Times

RangonNewsDaily:: December . 17 .2013
ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်
၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင်မီးလောင်မှုကြီးတစ်
ခုဖြစ်ပွားခဲ့ပြီးမီးလောင်မှုကြောင့် ကြက်ခြံ နှင့်ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်း
များရရှိပါသည်။

ကညွတ်ကွင်း၌ ၁၂ ဘီးကားက ဘုရားဖူးယာဉ်နှင့် သစ်ပင်ကိုဝင်တိုက် နေပြည်တော်ဘုရားဖူးလာသူ နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ

Photo: |ကညွတ်ကွင်း၌ ၁၂ ဘီးကားက ဘုရားဖူးယာဉ်နှင့် သစ်ပင်ကိုဝင်တိုက်
နေပြည်တော်ဘုရားဖူးလာသူ နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ|
Monday, December 16, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ
၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကညွတ်ကွင်းမြို့ ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်
၁၀၃/၀ နှင့် ၁၀၃/၁ အကြားတောင်ကုန်းတဲရွာအနီးတွင် ယာဉ်မောင်း
ပြည့်ဖြိုးကိုကို(၃၁)နှစ် စာတိုက်ရပ်ကွက် ကျောက်တံခါးမြို့နေသူ
တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 8F/7939 တိုယိုတာတောင်းအေ့(စ်)အမျိုးအစား အဖြူရောင်ယာဉ်သည်နေပြည်
တော်သို့ဘုရားဖူးရန် ဘုရားဖူးခရီးသည်များ တင်ဆောင်မောင်းနှင်လာ
စဉ် အခင်းဖြစ်ပွားသောနေရာအရောက် မြောက်ဘက် မုံရွာမြို့မှ ခရမ်းချဉ်သီးများ တင်ဆောင်လာသည့် ယာဉ်မောင်းကိုဇော်(ခ)ဇော်လင်း
ဦး (၃၇)နှစ် စစ်ကုန်းရပ်ကွက် ဟင်္သာတမြို့နေသူ မောင်းနှင်လာသည့်
ယာဉ်အမှတ် ၅င/ ၆၉၇၃ နစ်ဆန်းအမျိုးအစားအဖြူရောင် ၁၂ ဘီး ကားအားတွေ့သဖြင့်အရှိန်လျှော့၍ လမ်းဘေးသို့ချပေးစဉ် ၁၂ဘီးကားမှ ဘုရားဖူးယာဉ် ၀ဲဘက် ဘေးသို့ဝင်တိုက်ကာ အရှိန်လွန်၍ လမ်းဘေးရှိ
သစ်ပင်အားထပ်မံတိုက်ပြီး တိမ်းမှောက်ခဲ့သည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့်ဘုရားဖူးယာဉ် တိုယိုတာ တောင်းအေ့(စ်)
ပေါ်တွင် လိုက်ပါလာသော ဘုရားဖူးများထဲမှ ဒေါ်စိန်ကြည် အသက်(၅၀) ကျန်းမာရေးဆရာမ(ငြိမ်း) မြတ်လေးလမ်းကျောက်တံခါးမြို့နေသူသည်
ယာပါးနှင့် လက်ဖမိုးတို့တွင် ပေါက်ပြဲဒဏ်ရာနှင့်နောက်ကျော ညိုမည်းဒဏ်ရာများရရှိပြီးအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွား
ကာ အခြားဒဏ်ရာ ရရှိသူများအားကညွတ်ကွင်းမြို့ တိုက်နယ်ဆေးရုံသို့
တင်ပို့ရာ မောင်ဇေယျာလတ်(၂၇)နှစ်တပင်ရွှေထီးလမ်း ကျောက်တံခါးမြို့
နေသူမှာလည်း ဆေးရုံသို့ရောက်ရှိပြီး ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးသွားခဲ့သည်။

ထို့နောက် ဒဏ်ရာရရှိသူများဖြစ်သော ကိုဟိန်း၊ ဦးစိုး၊ မသန္တာလွင်၊ ဦးချစ်မြ
တို့မှာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မသွင်သွယ်သွယ်မိုး၊ မမွန်၊ဒေါ်အင်ကြူ၊ ကိုဇော်(ခ)ဇော်လင်းဦးတို့မှာ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှုခံယူလျက် ရှိသည်။

ယာဉ်တိုက်မှုအား တာဝန်မှူးရဲအုပ်အောင်မင်းထိုက်က အရေးယူပေး
ပါရန်တိုင်တန်းသဖြင့် (ပ)၁၆/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၄(က)/ ၃၃၇/၃၃၈ အရ
ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူကိုဇော်(ခ)ဇော်လင်းဦးအား အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ဒီမိုမင်း၊ ကညွတ်ကွင်
The Mirror Daily


RangonNewsDaily:: December . 17 .2013
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ် ကညွတ်ကွင်းမြို့တွင် ဒီဇင်ဘာ
၁၅ ရက် နံနက် ၄ နာရီခွဲက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် လက်မှတ်များ ရောင်းချမည့် အစီအစဉ်

Photo: အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် လက်မှတ်များ ရောင်းချမည့် အစီအစဉ်
Monday, December 16, 2013

ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ(၄း၀၀)နာရီနှင့် ည(၇း၃၀)နာရီ တို့တွင် မန္တလာသီရိ ကွင်း၌ ယှဉ်ပြိုင် ကစားမည့် အရှေ့တောင်အာရှ အားကစား ပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ပွဲစာ လက်မှတ်များကို မနက်ဖြန် ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် (၈း၀၀)နာရီမှ စတင်ကာ ဗထူး အားကစားကွင်းနှင့် ရွှေမန်းတောင် အားကစားကွင်း (ဂေါက်ကွင်း)တို့တွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ တစ်နေ့တည်း အတွက် လက်မှတ်စောင်ရေ (၁၅၀၀၀) ရောင်းချမည် ဖြစ်ရာ ဗထူးကွင်းတွင် စောင်ရေ ၁၀၀၀၀ နှင့် ရွှေမန်းတောင်ကွင်းတွင် စောင်ရေ ၅၀၀၀ ရောင်းချသွား မည်ဖြစ်ပါသည်။ အလားတူ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီတွင်လည်း ဆီမီးဖိုင်နယ် လက်မှတ်များ ဆက်လက် ရောင်းချပေး သွားမည်ဖြစ်ပြီး အရေအတွက်ကို ဆက်လက် ထုတ်ပြန်ပေးသွားပါမည်။

လက်မှတ် တစ်စောင်လျင် ဆီမီးဖိုင်နယ် ၂ ပွဲကြည့်ရှု နိုင်မည် ဖြစ်ပြီး လက်မှတ်ခ နှုန်းထားမှာ ယခင် သက်မှတ်ထားသည့်အတိုင်း ရိုးရိုးတန်း ၁၀၀၀ ကျပ်နှင့် အထူးတန်း ၃၀၀၀ ကျပ်ပင် ဖြစ်ပြီး ဈေးနှုန်း ပြောင်းလဲခြင်း မပြုထားပါ။ လက်မှတ်များ ရောင်းချရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ဗထူးကွင်းတွင် စနစ်တကျ ရောင်းချပေး သကဲ့သို့ လူတစ်ယောက် လက်မှတ် တစ်စောင်နှုန်းဖြင့် ဆက်လက် ရောင်းချပေး သွားမည်ဖြစ်ရာ ပရိသတ် များအနေဖြင့်လည်း စည်းကမ်းရှိစွာဖြင့် တန်းစီစနစ် အတိုင်း ၀ယ်ယူအားပေး ကြပါရန် အထူး မေတ္တာ ရပ်ခံပါသည်။

Myanmar Football Federation

RangonNewsDaily:: December . 17 .2013
ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ(၄း၀၀)နာရီနှင့် ည(၇း၃၀)နာရီ တို့တွင် မန္တလာသီရိ ကွင်း၌ ယှဉ်ပြိုင် ကစားမည့် အရှေ့တောင်အာရှ အားကစား ပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ပွဲစာ လက်မှတ်များကို မနက်ဖြန် ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် (၈း၀၀)နာရီမှ စတင်ကာ ဗထူး အားကစားကွင်းနှင့် ရွှေမန်းတောင် အားကစားကွင်း (ဂေါက်ကွင်း)တို့တွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

တရုတ် နိုင်ငံသား ၂၃ ဦး သမ္မတ အမိန်ဖြင့် ပြည်နှင်ခံရ

Photo: တရုတ် နိုင်ငံသား ၂၃ ဦး သမ္မတ အမိန်ဖြင့် ပြည်နှင်ခံရ
Monday, December 16, 2013

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေ လုပ်ကွက်များတွင် ခိုးဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို သမ္မတ အမိန့်ဖြင့် မန္တလေး လေဆိပ်မှတဆင့် ပြည်နှင်ပို့ဆောင် ပေးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

“ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင် ပို့ဆောင်တယ် ဆိုတာ သမ္မတရဲ့ အမိန့်နဲ့ပဲ လုပ်ဆောင်လို့ ရတာပါ။ ကျနော်တို့က ဖြစ်ရပ်တွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီ တင်ရတယ်။ အဲဒီကမှ သမ္မတရုံး အဆင့်ဆင့်ပေါ့။ အခုလို ပြည်နှင်ဒဏ် ပေးခွင့်ရှိတာ သမ္မတ လက်မှတ်ပါမှ လုပ်ခွင့်ရှိတာပါ” ဟု မန္တလေးတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

မိုးထိမိုးမိ ဒေသရှိ ရွှေလုပ်ကွက်များကို ရရှိထားသော အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးစိုးထွန်းရှိန်သည် သမ္မတနှင့် နီးစပ် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦး ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများထံက သိရသည်။

မိုးထိမိုးမိ ဒေသရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတွင် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံသား ၂၃ ဦးကို ဒေသတွင်း လုပ်ကွက်သို့ ခေါ်ယူ လုပ်ကိုင်နေခြင်းကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်နှင်ပို့ဆောင် လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ကုမ္ပဏီ လုပ်ကွက် အတွင်း ယမ်းဖောက်ခွဲ ရွှေတူးစဉ် အောက်ဆီဂျင် ပြတ်လပ်ပြီး တရုတ် နိုင်ငံသား ၃ ဦး ဆေးရုံတင် ကုသမှု ခံယူရာမှ တရုတ် နိုင်ငံသားများ ခိုးဝင် လုပ်ကိုင်နေသည်ကို သိရှိရခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

မိုးထိမိုးမိ လုပ်ကွက် Adit (1) အတွင်း ယမ်းဖောက်ခွဲပြီး ရွှေတူးဖော်စဉ် တရုတ်နိုင်ငံသား Mr.Zhang Ongquiang၊ Mr.Liao Guotai နှင့် Mr.Zhang Denghua တို့ အောက်ဆီဂျင် ပြတ်လပ်ပြီး သတိလွတ် သွားသည့် အတွက် မိုင်းမြို့ ဆေးခန်းသို့ ပို့ဆောင်ရာ လမ်းခရီးတွင် Mr. Zhang Denghua သေဆုံး သွားကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ကုမ္ပဏီသို့ ၀င်ရောက် စစ်ဆေးရာတွင် အဆိုပါ တရုတ် နိုင်ငံသား ၃ ဦးအပြင် တခြား တရုတ် နိုင်ငံသား ၂၀ ဦးတို့ကို ထပ်မံ တွေ့ရှိရကြောင်း သိရသည်။

တရုတ် နိုင်ငံသားများအား တရားမ၀င် လက်ခံသူ  လုပ်ကွက် မိုင်းတာဝန်ခံ ဦးမင်းမင်းဦးကို ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ အပိုဒ် ၁၄ အား ဖောက်ဖျက် ကျူးလွန်မှုဖြင့် ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅ (၁) အရ ရမည်းသင်းမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့ခဲ့သည်။

ပြစ်မှု ထင်ရှားသဖြင့် ဦးမင်းမင်းဦးအား ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ပြီး မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၁ နှစ် ကျခံစေကြောင်း အမိန့် ချမှတ်ခဲ့ရာ ဦးမင်းမင်ဦးက ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့က ၁၉၄၇ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၄(၂)/ ၂၀၁၃ အရ ရမည်းသင်းမြို့နယ် တရားရုံးက တရား စွဲဆိုခဲ့ရာ ပြစ်မှု ထင်ရှားသဖြင့် ငွေကျပ်နှစ်သိန်း ပေးဆောင် စေခဲ့ပြီး ဖြစ်သည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်များတွင် ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ရွှေလုပ်ကွက် ပိုင်ဆိုင်မှုနှင့် လုပ်ကိုင်မှု အငြင်းပွားမှု များမှာ ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပေ။

ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသ ရွှေသတ္တု တူးဖော်ခြင်း လုပ်ငန်းကို အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ အုပ်စုက တရားဝင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခု အတွင်း အလုပ်သမား ၂ သိန်းကျော်ကို ၅ နှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများအား အချိုးကျ ခွဲယူရန် ကတိရှိခဲ့သော်လည်း ၇ လအကြာ ၂၀၁၁ ဧပြီလတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်ပင်ခဲ့သည်။

အသေးစား ရွှေထုတ်လုပ်ခွင့် ပြန်လည် ရရှိရန် ရွှေလုပ်သားများသည် ၂၀၁၁ ခု မေလ ၁ ရက်နေ့က ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ပထမအကြိမ် ချီတက် ဆန္ဒပြခဲ့ရာ လမ်းခုလတ်တွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက စေ့စပ်ညှိနှိုင်းခဲ့ပြီး ရွှေမြင်တင် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုတွင် ဝေလင်းထိုက်၊ အာရှအမြုတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအစ်ကို၊မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K.၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် ကုမ္ပဏီများ ပါဝင်သည်။

ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်
ဧရာဝတီ
ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်
RangonNewsDaily:: December . 17 .2013
မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေ လုပ်ကွက်များတွင် ခိုးဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို သမ္မတ အမိန့်ဖြင့် မန္တလေး လေဆိပ်မှတဆင့် ပြည်နှင်ပို့ဆောင် ပေးလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

(အင်ဒိုနီးရှား vs မြန်မာ)ပွဲအပြီးခံစားချက်

Photo: ပွဲအပြီးခံစားချက် (အင်ဒိုနီးရှား vs မြန်မာ)
=====================

စိတ်မကောင်းဘူးဗျာ ကျွန်တော်တို့အကောင်းဆုံးကစားနိုင်တဲ့အချိန်က နောက်ကျနေခဲ့ရတယ်.။ 
ပထမပိုင်းတွေမှာ တိုက်စစ်အားကောင်းတဲ့ အင်ဒိုနီးရှားအသင်းကို လူစုံမထုတ်ဘူး ပထမတစ်ပိုင်းလုံး အပျက်များနေခဲ့ရတယ်..။
ပွဲကိုထိန်းကျောင်းတဲ့ ကွင်းလယ်ဒိုင်က ပွဲစဉ်အတွင်းမှာ မမျှတမှုတွေဖန်တီးခဲ့တယ်။
အရှေ့ တောင်အာရှမှာ အဲ့လိုဒိုင်တွေရှိနေကြလို့လည်း မတိုးတက်နိုင်ခဲ့တာ 
နှစ်ပေါင်း (၂၀)ကျော် (၃၀) ရှိခဲ့ပြီ။ 
ကွင်းအတွင်းကို ၀င်လာတဲ့ ပရိတ်သတ်တွေကို မြင်တွေ့ခဲ့ရတယ် 
သူတို့အရမ်းပေါက်ကွဲခဲ့ကြမှာဘဲ ဒါပေမဲ့ ငါတို့ထိန်းရမယ် 
စိုးမြတ်မင်းပြောတဲ့စကားလိုဘဲ ငါတို့က အိမ်ရှင်တွေဘဲလေ နွေးထွေးစွာ ကြိုဆိုရမယ် ဆက်ဆံမှုကိုပြုရမယ်.။
ကျွန်တော်တို့တောင် ခုချိန်ထိ ဖြေမဆည်နိုင်ဖြစ်နေရတာ
ကွင်းထဲမှာ ကိုယ်တိုင်သွားကြည့်တဲ့ ပရိတ်သတ်တွေကို 
စာနာမိတယ်။ 
ကွင်းလယ်ဒိုင် ယူပြလာတဲ့ ခဲ နှစ်လုံးရဲ့ 
ဆိုးကျိုးကို ဘောလုံးအဖွဲ့ချုပ်လည်းခံရဖွယ်ရှိလောက်တယ်..။
အကောင်းဆုံးကို လက်ခံတက်အောင်ဘဲ ကြိုးစားရတော့မယ်..။ 
စပါးနည်းပြ ဘို့အားအပြီး နောက်တစ်ယောက်ကို နည်းပြအဖြစ်မှ မမြင်တွေ့ရလောက်နိုင်တော့ဘူးထင်တယ်။ 
နောက်ပွဲတွေ ဘောလုံးပွဲဆောင်းပါးကို ကောင်းကောင်းရေးမယ်ဆိုတဲ့ အားခဲထားတဲ့
စိတ်ကူးလေးက ပရိတ်သတ်တွေရဲ့  မျက်ရည်တွေနဲ့အတူ
ပျက်စီးချေမွသွားခဲ့ရပါတယ်။ 
အမိမြေမှာ အောင်ပွဲခံအနမ်းတစ်ခုကို မကြည့်ချင်ဘဲ 
မမြင်ချင်ဘဲမြင်ခဲ့ရတယ်။ ပွဲအပြီးအင်တာဗျူးမှာ 
မြန်မာတိုက်စစ်ဆင်မှုတွေကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တယ်တဲ့ အင်ဒိုနီးးရှားနည်းပြက ပြောခဲ့လေရဲ့ ။
မြန်မာပြည်သူ ပြည်သားတွေရဲ့  အငိုမျက်လုံးတွေကို 
အမျိုးသမီးတွေကနေ ပြန်လည်ဖေးမနိုင်ကြပါစေ..။
ဒီနေ့ပွဲမှာ ပရိတ်သတ်ကို အရမ်းအပြစ်မတင်ချင်ဘူး၊ 
ထိုင်းကို ယနေ့ပွဲမှာ ယခုလိုရလဒ်ထွက်အောင် စွမ်းဆောင်ပေးခဲ့တယ်၊ ပြီးတော့ မြန်မာကို ပိုမိုမျှော်လင့်တယ်။
သူတို့ဘာပြဿနာမှ မဖြစ်ဘဲ အိမ်ကို ပြန်ရောက်ကြပါစေဗျာ.။
ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပြီလေ ပြန်ပြင်ချင် ပြန်ကန်ချင်လို့မရတော့ဘူး နောက်ထပ် (၂)နှစ်စောင့်ရတော့မယ်။
အားလုံးကပြီးခဲ့ပြီ၊ ဒီလိုမျိုးရလဒ်ကို တွေးတောင်မထင်ထားပေမဲ့
လက်တွေ့ခံစားရတော့လည်း ခါးသက်သက်ကြီးပါလားဗျာ
ဒီတညတော့ အကောင်းဆုံးဖြေဖျောက်ရတော့မယ်ထင်တယ်။
ကဖေးပရိတ်သတ်များလည်း ကိုယ်စိတ် နှစ်ဖြာကျန်းမာကြပါစေ..။ 


@မိုးတိမ်
Football Café

RangonNewsDaily:: December . 17 .2013
စိတ်မကောင်းဘူးဗျာ ကျွန်တော်တို့အကောင်းဆုံးကစားနိုင်တဲ့အချိန်က နောက်ကျနေခဲ့ရတယ်.။ ပထမပိုင်း
တွေမှာ တိုက်စစ်အားကောင်းတဲ့ အင်ဒိုနီးရှားအသင်းကို လူစုံမထုတ်ဘူး ပထမတစ်ပိုင်းလုံး အပျက်များနေခဲ့
ရတယ်..။

ဒေါသထွက်နေသော လူအုပ်ကြီးက ဘောလုံးပွဲအပြီး မြန်မာနိင်ငံ အလံကိုမီးရှို့


RangonNewsDaily:: December . 17 .2013
ဒေါသထွက်နေတဲ့ မြန်မာဘောလုံးပရိတ်သတ်တွေက အင်ဒိုနီးရှားကို ရှုံးနိမ့်အပြီးမှာ မြန်မာနိင်ငံတော်အလံ
ကို မီးရှို့ကြတဲ့ရုပ်သံမှတ်တမ်းဟာ ဖဘ စာမျက်နှာတွေမှာ ပျံ့နုံ့နေပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူတစ်ဦးအားလူမှားရိုက်နှက်

Khin Mg Latt's photo.

RangonNewsDaily:: December . 17 .2013
သုဝဏ ဘောလုံးကွင်း အရှေ့ မှာ ဒေါသထွက်နေတဲ့ ပရိတ်သတ်နဲ့  ရဲနဲ့  အဓိကရုဏ်း အသွင် ဖြစ် ပွား မြန်
မာ့ရဲ လက်စွမ်း ဘာမဆိုင်ညာမဆိုင် ရပ်ကွက်ထဲကလ္ဖက်ရည်ထွက်သောက်တဲ့ ညီလေးကို ရဲတွေလူမှားဝိုင်း
ရိုက်တာ ခေါင်းကွဲသွားကြောင်းသတင်းရရှိပါသည်။

အင်ဒို-မြန်မာပွဲအပြီး သုဝဏ္ဏကွင်းအနီး အခြေနေဆိုးရွာနေ


Photo: အင်ဒို-မြန်မာပွဲအပြီး သုဝဏ္ဏကွင်းအနီး အခြေအနေ.

မြန်မာတွေဝမ်းနည်းစိတ်ကိုထိန်းကြပါ...........

RangonNewsDaily:: December . 17 .2013
အင်ဒို-မြန်မာပွဲအပြီးသုဝဏ္ဏကွင်းအနီးအခြေအနေဆိုးရွားနေကြောင်းသတင်းရရှိသည်။
အစိုးရကျောထောက်
နောက်ခံ ပေးထား သည့် မှောင်ခို လက်မှတ် ရောင်းသူ များ မှ တစ်ဆင့် ဈေးကြီး ပေး ၀ယ် ရသည့် ဘောလုံး
ပွဲလက်မှတ် ကြောင့် မြန်မာအသင်းရှုံးနိမ့်သည့် အခါပရိတ်သတ် များ က ဒေါသ အိုးပေါက် ကွဲ ပြီး လက်မှတ်
မှောင်ခို ရောင်း ချမှု တွင်ပတ်သက်မှုရှိသည်ထင်သည့် ရဲ တပ် ဖွဲ့  ကို ပြန်လည် တိုက် ခိုက်သည် ဟု သတင်း
ရရှိသည်။

မြန်မာ တစ်မျိုးသား လုံး ၏ နှလုံးသား အား နှုတ်ယူမှု အတွက် တောင်းပန် စရာ စကား ရှိလျင် တောင်းပန် ချင်

မြန်မာ တစ်မျိုးသား လုံး ၏ နှလုံးသား အား နှုတ်ယူမှု အတွက် တောင်းပန် စရာ စကား ရှိလျင် တောင်းပန် ချင်

kolatt(PBDN): December . 17 .2013

ဆီးဂိမ်း ပြိုင်ပွဲ အုပ်စု အဆင့်မှ နှုတ်ဆက် ခဲ့ရပြီး နောက် မြန်မာ နည်းပြ ပတ်ဆောင်ဟွာ က ဆီးဂိမ်း ပြိုင်ပွဲ ၏ စည်းမျဉ်း နှင့် စည်းကမ်းများ ကို သိရှိခြင်း မရှိ ခဲ့ကြောင်း၊ 

သရေ သို့မဟုတ် ရှုံးနိမ့် ခဲ့လျင်ပင် နေပြည်တော် သို့ အရောက် သွားနိုင် မည်ဟု ထင်ခဲ့ကြောင်း၊ 

မိမိ၏ အမှားများ အတွက် တောင်းပန် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကစား သမားများ ၌ အမှား မရှိပဲ မိမိ တစ်ဦး တည်း ၌သာ ပြဿနာ ရှိကြောင်း ထုတ်ဖော် ပြောကြား သွား ခဲ့သည်။

ထို့ အပြင် ၄င်း အနေဖြင့် အမှား များစွာ ပြုလုပ် ခဲ့သည် အပေါ် မြန်မာ တစ်မျိုးသား လုံး အား တောင်းပန်ကြောင်း လည်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ တွင် ဖွင့်ဟ သွားခဲ့ သည်။ နည်းပြ ပတ်ဆောင်ဟွာ က '' မြန်မာ တစ်မျိုးသားလုံး အတွက် တောင်းပန် ပါတယ်။ 

ကတိ အတိုင်း အိမ်ပြန် ပါမယ် ဆိုတာတွေ ထက် ပိုကောင်း တဲ့ စကား ရှိရင် ကျွန်တော် တောင်းပန် ခဲ့ချင် ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီထက် ပို လုပ်ဆောင် ပေးဖို့ ရည်မှန်း ခဲ့တာပါ။ စည်းမျဉ်း တွေကို သာ ကြိုသိ ခဲ့ရင် ဒီလို လုပ်မှာ မဟုတ်ပါဘူး။ 

ကစား သမားတွေ မှာ အပြစ် မရှိပါဘူး။ အရာ အားလုံး က ကျွန်တော့် ပေါ်မှာပဲ ပြဿနာ ရှိခဲ့တာပါ'' ဟု ထုတ်ဖော် ပြောကြား သွားခဲ့ သည်။

EURO SPORTS Journal ::--

RangonNewsDaily:: December . 17 .2013
ဆီးဂိမ်း ပြိုင်ပွဲ အုပ်စု အဆင့်မှ နှုတ်ဆက် ခဲ့ရပြီး နောက် မြန်မာ နည်းပြ ပတ်ဆောင်ဟွာ က ဆီးဂိမ်း ပြိုင်ပွဲ ၏ စည်းမျဉ်း နှင့် စည်းကမ်းများ ကို သိရှိခြင်း မရှိ ခဲ့ကြောင်း၊