Pages

Pages - Menu

Tuesday, December 17, 2013

ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ

Photo: ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ
Tuesday, December 17, 2013

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာ

ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။ ရုရှားသည် အမေရိကန် ဦးဆောင်သော အငြင်းပွားဖွယ် လေကြောင်းကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် အစ်ကန်ဒါဒုံးကျည်များကို ဖြန့်ကျက်ထားလိုက်ခြင်းဟုဆိုသည်။ အကွာအဝေး မိုင်ပေါင်း ၃၁၀ အထိ ရောက်ရှိနိုင်သော နည်းပညာမြှင့်တင်ထားသည့် အဆိုပါဒုံးကျည်မှာ မြေပြင်မှ ရေဒါဖြင့် ထောက်လှမ်းခြင်းနှင့် NATO ၏ ဒုံးကျည်ကြားဖြတ် ဟန့်တားစနစ်တို့ကို ရှောင်ကွင်းနိုင်သည်။

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာသည်။ ရုရှား အနေဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်စေမည့် ဆောင်ရွက်မှုများကို ဆက်လက် မပြုလုပ်ရန် အမေရိကန်အစိုးရ ပြောခွင့်ရအမျိုးသမီး မာရီ ဟတ်ဖ်က ပြောကြားလိုက်သည်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရုရှား၏ ဒုံးကျည်ဖြန့်ကျက်မှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားသည်။ ထို့အတူ လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှား၏ ယခုဆောင်ရွက်မှုမှာ ဘောလ်တစ်ဒေသတွင်း နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဟု သုံးသပ်ခဲ့သည်။

ရုရှားသည် ၎င်း၏ အစ်ကန်ဒါဒုံးကျည် ၁၀ စင်းခန့်ကို ပိုလန်နှင့် လစ်သူယေးနီးယား နှစ်နိုင်ငံကြား ဒေသတွင် ဖြန့်ကျက်ထားခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ ရုရှားစစ်ဘက် ထိပ်တန်းအရာရှိကမူ ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အတည်ပြုခဲ့သော်လည်း ထိုသို့ ဆောင်ရွက်ခြင်းမှာ နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း မဟုတ်ကြောင်း၊ အနောက်အုပ်စုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။ ရုရှားအစိုးရသည် ဥရောပအရှေ့ပိုင်း ဒေသတွင် ဖြန့်ကျက်ထားသော NATO ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ချထားမည်ဟု ၂၀၁၁ ခုနှစ်အတွင်းက သတိပေးခဲ့ဖူးသည်။

Planet Myanmar Network

RangonNewsDaily:: December . 17 .2013
ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်
တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။ ရုရှားသည် အမေရိကန် ဦးဆောင်သော အငြင်းပွားဖွယ် လေကြောင်းကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်
အနေဖြင့် အစ်ကန်ဒါဒုံးကျည်များကို ဖြန့်ကျက်ထားလိုက်ခြင်းဟုဆိုသည်။ 
 
အကွာအဝေးမိုင်ပေါင်း၃၁၀အထိ ရောက်ရှိနိုင်သောနည်းပညာမြှင့်တင်ထားသည့်အဆိုပါဒုံးကျည်မှာ မြေပြင်
မှ ရေဒါဖြင့် ထောက်လှမ်းခြင်းနှင့် NATO ၏ ဒုံးကျည်ကြားဖြတ် ဟန့်တားစနစ်တို့ကို ရှောင်ကွင်းနိုင်သည်။

မော်စကိုအစိုးရကတနင်္လာနေ့တွင်အတည်ပြု ကြေညာခဲ့သောဒုံးကျည်များ ဖြန့်ကျက်ချထားမှုသတင်းထုတ်ပြန်
ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာသည်။ 
 
ရုရှား အနေဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်စေမည့် ဆောင်ရွက်မှုများကို ဆက်လက် မပြုလုပ်ရန် အမေရိ
ကန်အစိုးရ ပြောခွင့်ရအမျိုးသမီး မာရီ ဟတ်ဖ်က ပြောကြားလိုက်သည်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက
လည်း ရုရှား၏ ဒုံးကျည်ဖြန့်ကျက်မှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားသည်။ 
 
ထို့အတူ လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှား၏ ယခုဆောင်ရွက်မှုမှာ ဘောလ်တစ်ဒေသတွင်း
 နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဟု သုံးသပ်ခဲ့သည်။

ရုရှားသည် ၎င်း၏ အစ်ကန်ဒါဒုံးကျည် ၁၀ စင်းခန့်ကိုပိုလန်နှင့် လစ်သူယေးနီးယား နှစ်နိုင်ငံကြား ဒေသတွင်
 ဖြန့်ကျက်ထားခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ 
 
ရုရှားစစ်ဘက်ထိပ်တန်းအရာရှိကမူဒုံးကျည်များ ဖြန့်ကျက်ချထားမှုကိုအတည်ပြုခဲ့သော်လည်းထိုသို့  ဆောင်
ရွက်ခြင်းမှာ နိုင်ငံတကာသဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်းမဟုတ်ကြောင်း၊ အနောက်အုပ်စုကိုလည်း
ဆန့်ကျင်ခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။ 
 
ရုရှားအစိုးရသည်ဥရောပအရှေ့ပိုင်း ဒေသတွင် ဖြန့်ကျက်ထားသောNATO ၏ ဒုံးကျည်ကာကွယ်ရေးစနစ်
ကို တုံ့ပြန်သည့်အနေဖြင့် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ချထားမည်ဟု ၂၀၁၁ ခုနှစ်အတွင်းက သတိပေးခဲ့ဖူးသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment