Pages

Pages - Menu

Tuesday, December 17, 2013

မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွား

Photo: မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့"
Monday, December 16, 2013

ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။

"စဖြစ်တာကတော့ ငုံးမွေးမြူရေးခြံဘက်က စပြီးဖြစ်တာပါ လေတိုက်ခတ်မှုကြောင့် ကြက်ခြံ တွေဘက်ကို မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့ရပါတယ်။" လို့ မုံရွာကြက်မွေးမြူရေး ဇုန်မှ လုပ်ငန်းရှင်တစ်ဦးက သလ္လာဝတီတိုင်းမ် ကို ပြောပါတယ်။
" ကျွန်တော်တို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနက တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ကိုယ်တိုင် မီးလောင်မှုဖြစ်ပွားရာကို အခုဘဲသွားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ဘယ် လောက်ဆိုတာ အတည်ပြုပြောကြားပေးလို့ မရသေးပါဘူး။ မီးလောင်မှုကတော့ လောလောဆယ်မှာ များတယ်လို့ဘဲ ကနဦးသိထားရပါတယ်" ဟု တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မီးသတ်ကားများ မီးသတ်ရဲဘော်များ၊ ချောင်းဦး၊ခင်မွန်၊ဘုတလင် မြို့များမှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း၍ မီးငြိမ်းသတ်လျှက်ရှိကြောင်း သတင်းများရရှိထားပါသည်။

ThanLarWaddy Times

RangonNewsDaily:: December . 17 .2013
ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်
၊မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင်မီးလောင်မှုကြီးတစ်
ခုဖြစ်ပွားခဲ့ပြီးမီးလောင်မှုကြောင့် ကြက်ခြံ နှင့်ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်း
များရရှိပါသည်။ "စဖြစ်တာကတော့ ငုံးမွေးမြူရေးခြံဘက်က စပြီးဖြစ်တာပါ လေတိုက်ခတ်မှုကြောင့် ကြက်ခြံ တွေဘက်ကို မီး
ကူးစက်ပြီး လောင်ကျွမ်းသွားခဲ့ရပါတယ်။" လို့ မုံရွာကြက်မွေးမြူရေး ဇုန်မှ လုပ်ငန်းရှင်တစ်ဦးက သလ္လာဝတီ
တိုင်းမ် ကို ပြောပါတယ်။

" ကျွန်တော်တို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဌာနက တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ကိုယ်တိုင် မီးလောင်မှုဖြစ်ပွားရာကို အခုဘဲသွားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ဘယ် လောက်ဆိုတာ အတည်ပြု
aပြာကြားပေးလို့ မရသေးပါဘူး။ 
 
မီးလောင်မှုကတော့ လောလောဆယ်မှာများတယ်လို့ဘဲ ကနဦးသိထားရပါတယ်" ဟု တိုင်းဒေသကြီး အထွေ
aထွအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မုံ
ရွာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မီးသတ်ကားများ မီးသတ်ရဲဘော်များ၊ ချောင်းဦး၊ခင်မွန်၊ဘုတလင် မြို့များမှ မီးသတ်ကားများဖြင့် ၀ိုင်းဝန်း၍ မီးငြိမ်းသတ်လျှက်ရှိကြောင်း သတင်းများရရှိထားပါသည်။

ThanLarWaddy Times  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment