RangonNewsDaily:: December . 17 .2013
၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ၈ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှ
၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ၈ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှ
ဆုံးမင်းသမီးရွေးချယ်ပွဲ”ဟူသည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီးစာနယ်ဇင်းအယ်ဒီတာများ၊ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ
ဒါရိုက်တာများ၊သရုပ်ဆောင်အနုပညာရှင်များ၏ ဆန္ဒသဘောထားများအပြင် ပေါ် ပြူလာဂျာနယ်
စာဖတ်ပရိ
ဆန္ဒသဘောထားပေးပို့လွှာ (၁၂ဝ၆)စောင်ရေရရှိခဲ့ရာ အလှ
ဆုံးမင်းသမီးများရွေးချယ်ခံရသည့် စာရင်းများ
မှာ- (၁) ခင်သန်းနု (၂၈ဒသမ
၃ရာခိုင်နှုန်း)၊(၂) နန္ဒာ လှိုင် (၁၃ ဒသမ ၂ ရာခိုင်နှုန်း)၊ (၃) ထက်ထက်မိုးဦး
(၁၃ ဒသမ ဝ ရာခိုင်နှုန်း)၊ (၄) စိုးမြတ်သူဇာ (၁၂ ဒသမ ၄ ရာခိုင်နှုန်း)၊ (၅)
ဝါဝါဝင်းရွှေ (၁၁ ဒသမ ၁ ရာ
ခိုင်နှုန်း)၊ (၆) ခိုင်သင်းကြည် (၇ ဒသမ ၆
ရာခိုင်နှုန်း)၊ (၇) ချိုပြုံး (၄ ဒသမ ဝ ရာခိုင်နှုန်း)၊ (၈) ခင်ယုမေ (၃ ဒသမ ၈
ရာခိုင်နှုန်း)၊ (၉) မေရီ မြင့် (၂ဒသမ ၅ရာခိုင်နှုန်း)၊ (၁ဝ) ကြည်လဲ့လဲ့ဦး
(၂ ဒသမ ၃ ရာခိုင် နှုန်း
)၊(၁၁)အိâန္ဒာကျော်ဇင် (၁ ဒသမ ၈ ရာခိုင်နှုန်း)
တို့ဖြစ်သည်။
” ၂ဝ ရာစု မြန်မာ့အလှဆုံး မင်းသမီးရွေးချယ်ပွဲ” တွင် အနုပညာသည် အိုသည်မရှိ (သို့ မဟုတ်) ထာဝစဉ်နု
” ၂ဝ ရာစု မြန်မာ့အလှဆုံး မင်းသမီးရွေးချယ်ပွဲ” တွင် အနုပညာသည် အိုသည်မရှိ (သို့ မဟုတ်) ထာဝစဉ်နု
ပျို နေတဲ့သူအကယ်ဒမီ
သုံးထပ်ကွမ်းအနုပညာ ရှင် ခင်သန်းနုက ဆန္ဒသဘော ထားအများဆုံးဖြစ်ခဲ့သည်
။၁၉၆၁
ခုနှစ်တွင် အနုပညာရှင် ခင်သန်းနု အတွက် အအောင်မြင်ဆုံး ကာလဖြစ်ပြီး
ပျဉ်းမနား မယ်၊မန္တလေး
တိုင်း မယ်၊ ဥတ္တရမယ်၊ ပြည် ထောင်စုမယ် ဘွဲ့ တွေကို
ရရှိခဲ့သည်။
အသက် အရွယ်အားဖြင့် ၁၅ နှစ် ၄ လသာရှိသေးပြီး အရပ် ၅ ပေ ၃ လက်မ၊ ကိုယ်အတိုင်းအထွာ ၃၄ လက်မ၊ ၂၂ ဒသမ ၅ လက်မ၊ ၃၅ လက်မရှိသည်။ အဆိုပါကာလ များတွင် အလှမယ် ခင်သန်းနုကို ကူညီပံ့ပိုး အကြံပေးခဲ့သူက ပျဉ်း မနားမြို့ အားကစားနည်း ပြဆရာ ဦးမောင်မောင်ဖြစ်သည်။
မယ်ဘွဲ့ ရရှိသူများကို ပရိသတ်က
စိတ်ဝင် စားတဲ့ အချိန်ဖြစ်သလို ရုပ်ရှင် ကုမ္ပဏီများကလည်း မင်းသမီး တင်
မြှောက်ရန်ကြိုဆိုအားပေးနေသည့် အချိန်ကာလလည်းဖြစ်သည်။
ရုပ် ရှင်
မင်းသမီးဖြစ်ချင်သူဆိုတော့ အလှမယ်လောကမှ ရုပ်ရှင်လောက
ထဲသို့ရောက်ရှိသွားခဲ့သည်။ ထိုစဉ် အချိန်ကာလက ရုပ်ရှင်လောက တွင်
မျက်နှာသစ်တွေကို လိုလား နေသည့် အချိန်ဖြစ်၍ ဝင်ရတာ မခက်ပေ
မယ့် ပရိသတ်လက်ခံ
သည့် မင်းသမီးတစ်ယောက်ဖြစ်ဖို့ ခက်ခဲနေချိန်ဖြစ်သည်။
ခင်သန်းနု သည်
အချိန်တော်တော် ကြိုးစားပြီး နောက်ပြည်သူချစ်သော အနုပညာ
ရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဘဝတွင် ပထမဦးဆုံးခေါင်း ဆောင်မင်းသမီး အဖြစ်
အောင်မြင်ခဲ့သည်။ ရုပ်ရှင် ဇာတ်ကားမှာ ဒါရိုက်တာ မင်းရှင်
နောင်ရိုက်ကူးသည့် ” ချစ်သောသူတစ် ယောက်” ရုပ်ရှင်ဇာတ်ကားတွင်
စွယ်စုံရအနုပညာရှင်ဝင်း
ဦးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရသည်။
၁၉၆၁ခု နှစ်မှယနေ့အချိန် အထိရုပ်ရှင်ဇာတ် ကားပေါင်း ၂ဝဝ နီးပါးရိုက်ကူးခဲ့ ပြီးပါဝင်သရုပ် ဆောင်ခဲ့သည့် ဇာတ်ကားများ၏ နောက်ခံသီချင်းများကို အေဝမ်းတင်တင်လှမှ အဆိုများခဲ့သည်။
” လေ့ကျင့်ရင်းကုန်ထုတ်၊ကုန်ထုတ်ရင်းလေ့ကျင့်” ဆိုသည့်အတိုင်းသရုပ်ဆောင်အတတ်ပညာကို
သင်ကြား
ခဲ့သူ ခင်သန်းနုသည် အလှမယ်ဘဝမှ မင်းသမီးဘဝ အထိအောင်
မြင်မှုပန်းတိုင်ရအောင် လျှောက်လှမ်းနိုင်
ခဲ့သည်။
သမိုင်းအမွေကောင်းသယ်ပိုးခဲ့ကြသော မှတ်တမ်းတင်စရာ အားကစားမယ် ကြယ်ပွင့်များ
စာအုပ်တွင်ပါရှိ
သည့် အင်တာဗျူး၌ ခင်သန်းနုက ” မိဘနှစ်ပါးက မမနုကို
စိတ်ဝင်တစားစောင့်ရှောက်အားပေးခဲ့တဲ့ ကျေးဇူး
တွေ၊မမနုကိုစိတ်ဝင်တစားလက်ခံခဲ့ တဲ့ ပရိသတ်တွေ၊စေတနာ အပြည့် နဲ့လိုအပ်တာတွေကို အားမနာတမ်း
အကြံပေးခဲ့တဲ့သူတွေနဲ့စာနယ်ဇင်း ဝေဖန်ရေးဆရာတွေကမမနုရဲ့ဘဝကို Lead
လုပ်ခဲ့တာ အတွက်လည်း
ကျေးဇူးတင်လို့မဆုံးပါဘူး။
ကိုယ့် ကိုချီးကျူးရင်မမနုကငြိမ်မနေတတ်ဘူး။ဝေဖန်စရာတစ်ခုခုကိုပဲကြား ချင်စိတ်တွေနဲ့ ဝေဖန်
တာတွေကို
သေသေ ချာချာဂရုစိုက်ပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြုပြင်သွား
ခဲ့တာကြောင့် ဝေဖန်သူတွေက မမ နု
ရဲ့ ဇာတ်လမ်းကိုတွန်းတင်ပေးတဲ့ဆရာတွေလို့ အမြဲတွေးခဲ့လို့ လည်း အခုလိုအောင် မြင်မှုသရဖူ ကို
ရေရှည်
ထိန်းထားနိုင်တဲ့ လျှို့ ဝှက်ချက်တစ်ခုလို့ပဲ ပြောပါရစေကွာ” ဟု
ဖြေကြားပေးထားသည်။
” အနုပညာသည် အိုသည်မရှိ” စကားအတိုင်းငယ်ရွယ်နုပျိုစဉ်အချိန် ကာလများတွင် မင်းသမီးတစ်ယောက် အဖြစ်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သလို အသက် အရွယ်ရလာသည့်အချိန်တွင် ကိုယ် တတ်
စွမ်းသည့်အနုပညာ၊အတွေ့အကြုံများကိုမျိုးဆက်သစ်အနုပညာရှင်များအားလက်ဆင့်ကမ်းရင်းသုံး ထပ်ကွမ်း
အ
ကယ်ဒမီခင်သန်းနု တစ် ယောက်ဘဝကိုအေးချမ်းတည် ငြိမ်စွာ
ဖြတ်သန်းရှင်သန်လျက်ရှိသည် မှာမလွဲဧ
ကန်အမှန်ပင်ဖြစ်သည်။
ကြယ်စင်သစ်
Popular Journal , kolatt(PBDN)
RangonNewsDaily
ကြယ်စင်သစ်
Popular Journal , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment