Pages

Pages - Menu

Tuesday, December 17, 2013

ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး

Photo: ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး
Tuesday, December 17, 2013

အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

ဘော့သည် အားကစား သမိုင်းတွင် ၂ဝဝ၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲနှင့် ၂ဝ၁၂ ခုနှစ် လန်ဒန်မြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲ တို့တွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ပထမဆုံးအား ကစားသမား တစ်ဦး ဖြစ်လာခဲ့သည့် အပြင် ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ ၂ဝဝ၉ ခုနှစ် အတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ မီတာ ၂ဝဝ တာတို ပြေးပွဲတွင် ၁၉ ဒသမ ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ သူတစ်ဦးအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခံရသူ ဖြစ်သည်။

ယခုအခါ ဘော့သည် မီတာ ၁၂ဝ တာတိုပြေးပွဲတွင် တာတိုပြေးသမား မာရီအိုဖော်ခိုင်သီ၊ ကင်မာရီရို့ခ်ျ၊ ဒန်နီရယ်ဘေလီတို့နှင့် မယှဉ်ပြိုင်မီ ဒီဇင်ဘာ ၁၄ ရက်ကကိုက် ၈ဝ အကွာကွာအဝေး တစ်ခုကို ဘတ်စကားတစ်စီးနှင့် ယှဉ်၍ အပြေး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 17 .2013
အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

ဘော့သည် အားကစား သမိုင်းတွင် ၂ဝဝ၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲနှင့် ၂ဝ၁၂ ခုနှစ် လန်ဒန်မြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲ တို့တွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ပထမဆုံးအား ကစားသမား တစ်ဦး ဖြစ်လာခဲ့သည့် အပြင် ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ ၂ဝဝ၉ ခုနှစ် အတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ မီတာ ၂ဝဝ တာတို ပြေးပွဲတွင် ၁၉ ဒသမ ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ သူတစ်ဦးအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခံရသူ ဖြစ်သည်။

ယခုအခါ ဘော့သည် မီတာ ၁၂ဝ တာတိုပြေးပွဲတွင် တာတိုပြေးသမား မာရီအိုဖော်ခိုင်သီ၊ ကင်မာရီရို့ခ်ျ၊ ဒန်နီရယ်ဘေလီတို့နှင့် မယှဉ်ပြိုင်မီ ဒီဇင်ဘာ ၁၄ ရက်ကကိုက် ၈ဝ အကွာကွာအဝေး တစ်ခုကို ဘတ်စကားတစ်စီးနှင့် ယှဉ်၍ အပြေး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment