Pages

Pages - Menu

Friday, November 15, 2013

မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်အပါအ၀င် ပါတီဥက္ကဋ္ဌရာထူးအပြောင်း အလဲလုပ်

RangonNewsDaily:: November . 15 .2013
မွန်ပြည်သစ်ပါတီ၏ ၂၀၁၃ ခုနှစ် အရေးပေါ်ပထမဆုံး ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည် နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ “အစည်းအဝေး ပထမနေ့မှာပဲ အဲဒီရာထူး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်” မွန်ပြည်သစ်ပါတီ တပ်မှ ဒုတိယဗိုလ်မှူးကြီး ဇာတာမာန်က မဇ္ဈိမကိုပြောသည်။

ရုပ်ရှင်နှင့်ဂီတသရုပ်ဆောင် ဒေါ်နွဲ့ နွဲ့ စန်း၏သား သရုပ်ဆောင် တြီကို ရဲ့ဈာပနအခန်းအနားယနေ့ပြုလုပ်

Photo: ဂီတအစည်းအရုံးဥက္ကဋ္ဌနှင့်သဘင်အစည်းအရုံးအတွင်းရေးမှူးတို့ ၏
သားဖြစ်သူသရုပ်ဆောင် တြီကို(၃၃နှစ်)
Friday, November 15, 2013 

ဂီတအစည်းအရုံးဥက္ကဋ္ဌဦးတင်ဦးလေးနှင့်သဘင်အစည်းအရုံးအတွင်းရေးမှူး
ဆိုဗီယက်ပြန်ဒေါ်နွဲ့ နွဲ့ စန်းတို့ ၏သားဖြစ်သူသရုပ်ဆောင် တြီကိုသည်...
၁၃.၁၁.၂၀၁၃ ရက်နေ့ နေ့ လည်(၁)နာရီ(၅၀)မိနစ်တွင်ဆုံးပါးသွားခဲ့ရာ
၁၅.၁၁.၂၀၁၃ရက်နေ့ နံနက်(၁၁)နေ့ တွင်ရေဝေးသုဿန်၌ ဈာပန အခမ်းအနားကျင်းပခဲ့သည်။

Photo credit-၀ဏ္ဏကျော်
Popular Journal

RangonNewsDaily:: November . 15 .2013
ဂီတအစည်းအရုံးဥက္ကဋ္ဌဦးတင်ဦးလေးနှင့်သဘင်အစည်းအရုံးအတွင်းရေးမှူး ဆိုဗီယက်ပြန်ဒေါ်နွဲ့ နွဲ့ စန်းတို့ 
၏သားဖြစ်သူသရုပ်ဆောင် တြီကို(၃၃နှစ်)ရဲ့ဈာပနအခန်းအနားယနေ့ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

အနှစ်(၂၀)လုံး မဆောက်ဘဲထားသည့် မော်လမြိုင်တက်္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အား တည်ဆောက်မည်

Photo: အနှစ်(၂၀)လုံး မဆောက်ဘဲထားသည့် မော်လမြိုင်တက်္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အား တည်ဆောက်မည်
Friday, November 15, 2013 

မော်လမြိုင် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအား ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ အဆောက်အအုံ မပြီးဘဲ ဆောက်လက်စအတိုင်း ထားထားသည့် ဘွဲ့နှင်းသဘင် ခန်းမအား ယခု အစိုးရ လက်ထက် ပြည်ထောင်စုဝန်ကြီးရုံး ရန်ပုံငွေဖြင့် အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအဆောက်အအုံမှာ အလျား (၂၇၀)ပေ၊ အနံ(၁၆၄)ပေ အမြင့်(၄၃)ပေ၊ (၉)လက်မရှိပြီး မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ အမည်ပေး၍ ပြန်လည် တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။ ၎င်း အဆောက်အအုံမှာ မြို့ပြလုပ်ငန်းအတွက် ငွေမှာ ကျပ်သိန်း (၂၁၉၁၈.၃၀)ဖြစ်ပြီး ရေသန့်လုပ် ငန်းအတွက် ကျပ်သိန်း (၁၃၆၈.၀၀)နှင့် လျှပ်စစ်လုပ်ငန်းအတွက် ကျပ် သိန်း(၂၂၁၃.၇၀)၊စုစုပေါင်းကျပ် သိန်း (၂၅၅၀၀.၀၀) သိန်း အကုန် ကျခံပြီး(၂၀၁၃-၂၀၁၄)ဘဏ္ဍာရေး နှစ် ၂၀၁၄မတ်လတွင် အပြီးတည် ဆောက်မည် ဖြစ်ကြောင်းသိရသည်။ ပြင်ပပန်း ခြံအလှမွမ်းမံမှုနှင့် ခန်းမ အတွင်း လေအေးစက်များ တပ်ဆင် မှုကို (၂၀၁၄-၂၀၁၅)တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၄)မှ ဦးခင်မောင် ဦးအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာကပြောကြားခဲ့သည်။

ဗိုလ်တိုး(ရာမည)

Myanmartandawsint Newspaper

RangonNewsDaily:: November . 15 .2013
မော်လမြိုင် တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအား ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ အဆောက်အအုံ မပြီးဘဲ ဆောက်လက်စအတိုင်းထားထားသည့်ဘွဲ့နှင်းသဘင်ခန်းမအားယခုအစိုးရလက်ထက် ပြည်ထောင်
စုဝန်ကြီးရုံး ရန်ပုံငွေဖြင့် အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေးဝန်ထမ်းများ ဆန္ဒပြမှုကြောင့် မက်ဒရစ်မြို့တွင် အမှိုက်များဖြင့် ပြည့်နှက် နိုင်ငံခြားခရီးသွားလုပ်ငန်းထိခိုက်

Photo: သန့်ရှင်းရေးဝန်ထမ်းများ ဆန္ဒပြမှုကြောင့် မက်ဒရစ်မြို့တွင် အမှိုက်များဖြင့် ပြည့်နှက် နိုင်ငံခြားခရီးသွားလုပ်ငန်းထိခိုက်
Friday, November 15, 2013

စပိန်နိုင်ငံ မက်ဒရစ်မြို့ တော်တွင် သန့်ရှင်းရေးဝန်ထမ်း များ၏ ဆန္ဒပြသပိတ်မှောက်မှု များကြောင့် မက်ဒရစ်မြို့တွင် အမှိုက်သရိုက်များဖြင့် ပြည့်နှက် လျက်ရှိသည်ဟု သိရသည်။မက်ဒရစ်ပြည်သူ့ပန်းခြံ များမှ သန့်ရှင်းရေးဝန်ထမ်းများ၊ ဥယျာဉ်မှူးများသည် နိုဝင်ဘာ ၅ရက်မှစတင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ သန့်ရှင်းရေးဝန် ထမ်းများ၏ လစာငွေရာခိုင်နှုန်း ၄ဝကို လျှော့ချမယ့် အစီအစဉ် နှင့် စုပေါင်းသန့်ရှင်းရေးဝန်ထမ်း ၇၀၀ဝမှ ၁၁၃၅ဦးကို အလုပ်မှ ရပ်နားစေမည့်အစီအစဉ်များကို သပိတ်မှောက်ကြခြင်းဖြစ်သည်။

မက်ဒရစ်သန့်ရှင်းရေးဝန် ထမ်းများ၏ ဒုတိယသီတင်းပတ် သန့်ရှင်းရေးလုပ်ငန်းများကို လုပ် ကိုင်ခြင်းမရှိဘဲ ဆန္ဒပြမှုများ ကြောင့် မြို့ခံပြည်သူ၃ဒသမ၂ သန်းခန့်သည် အမှိုက်စက္ကူစများ၊ ပုလင်းကွဲဘူးခွံများ ပြည့်နှက်လျက် ရှိသောလမ်းမများထက်တွင် သွား လာလှုပ်ရှားနေကြသည်ကို ကမ္ဘာ တစ်ဝန်းရှိ သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်ဟု သိရသည်။

အဆိုပါသန့်ရှင်းရေးဝန် ထမ်းများ ဆက်လက်ဆန္ဒပြပါက မက်ဒရစ်မြို့၏ နိုင်ငံခြားခရီးသွား လုပ်ငန်းကို ဆိုးရွားစွာထိခိုက်စေ နိုင်သည်ဟု သိရပြီး စပိန်နိုင်ငံ သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင် တိုးတက်မှုရှိလာသော်လည်း မက်ဒရစ်မြို့၏ လက်ရှိကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ အကျဘက် ရောက်နေသည်။

Yangon Media Group

RangonNewsDaily:: November . 15 .2013
စပိန်နိုင်ငံ မက်ဒရစ်မြို့ တော်တွင် သန့်ရှင်းရေးဝန်ထမ်း များ၏ ဆန္ဒပြသပိတ်မှောက်မှု များကြောင့် မက်ဒရစ်မြို့တွင် အမှိုက်သရိုက်များဖြင့် ပြည့်နှက် လျက်ရှိသည်ဟု သိရသည်။

ရခိုင်၊ မိတ္ထီလာတွင် အကူအညီ ပေးလိုကြောင်း OIC ကမ်းလှမ်း

Photo: ရခိုင်၊ မိတ္ထီလာတွင် အကူအညီ ပေးလိုကြောင်း OIC ကမ်းလှမ်း
Friday, November 15, 2013

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ် တို့တွင် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်လာသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးတို့နှင့် လာရောက် တွေ့ဆုံစဉ် ထိုသို့ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာတို့တွင် ပဋိပက္ခ များကြောင့် ပျက်စီး ဆုံးရှုံးမှုများကို အကူအညီပေးရန် ကမ်းလှမ်းသည့်အတွက် ဝမ်းမြောက်သော်လည်း ယင်းအကူအညီ များကို လက်ခံရန် ပြည်သူလူထု၏ သဘောဆန္ဒ ရယူရန် လိုအပ်မည် ဖြစ်ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
“အစိုးရက ပြည်သူ တင်မြှောက်တဲ့ အစိုးရ၊ ပြည်သူလက်ခံမှ ရမှာပါလို့ ပြောခဲ့ပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သူလည်း ဖြစ်သူ ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစိုးရအနေနှင့် လူ့အဖွဲ့အစည်း နှစ်ခုကို မျှမျှတတ ဆောင်ရွက်ခဲ့သည်ဟု ဦးနန္ဒကျော်စွာက OIC အဖွဲ့ကို ရှင်းပြခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ဘင်္ဂါလီ အလောင်းများ ပုံနေသည် ဆိုသည့်ကိစ္စမှာ တရုတ်နိုင်ငံမှ သင်္ဘောနစ်သော လူသေအလောင်းများကို အင်တာနက် စာမျက်နှာများတွင် ဖော်ပြခဲ့ သဖြင့် နိုင်ငံတကာမှ မြန်မာအပေါ် အထင်အမြင် လွဲမှားမှုများ ရှိနေသည်ကို ရှင်းပြခဲ့ရကြောင်း ၎င်းကပြောဆိုသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ် Professor Ekmeleddin Ihsanoglu ဦးဆောင်သည့် ယင်းအဖွဲ့တွင် OIC အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တူရကီ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

OIC အဖွဲ့အစည်းသည် အထက်ပါ ပုဂ္ဂိုလ်များ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ မောင်တော မဲဆန္ဒနယ်မှ ဦးအောင်ဇော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဌေးဝင်းတို့နှင့် နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော် ဧည့်ခန်းမဆောင် I (1) တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: November . 15 .2013
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ် တို့တွင် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

လှိုင်သာယာတည်းခိုခန်းတစ်ခုတွင် ဖောက်ခွဲရေး ပစ္စည်းများ နှင့် လူတစ်ဦး ဖမ်းမိ

RangonNewsDaily:: November . 15 .2013 ရန်ကုန် တိုင်းဒေသသကြီး လှိုင်သာယာ မြို့နယ်အတွင်း ပဒန်ကျေးရွာ Sky တည်းခိုခန်း၌ တည်းခိုနေ ထိုင်သူ
တစ်ဦးကို လက်လုပ်ဖောက် ခွဲရေးပစ္စည်းများနှင့်အတူ နိုဝင် ဘာ ၁၃ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း လှိုင်သာ
ယာ မြို့ နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖမ်းဆီးရမိသူသည်ရခိုင် ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ကျောက်ရစ်
ကေရပ်ကွက်တွင် နေထိုင်သူ အသက် ၃၄နှစ်အရွယ်

ယာဉ်မရပ်ရနေရာများရှိ ရပ်နားယာဉ်ဖမ်းဆီးမှု သုံးရက်အတွင်း အစီးရေ ၄ဝကျော်ရှိ

Photo: ယာဉ်မရပ်ရနေရာများရှိ ရပ်နားယာဉ်ဖမ်းဆီးမှု သုံးရက်အတွင်း အစီးရေ ၄ဝကျော်ရှိ
Friday, November 15, 2013

ရန်ကုန် မြို့တွင်း ယာဉ်မရပ်နားရဟုသတ် မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားမှုများအား ထိန်းသိမ်း အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ယာဉ်အစီးရေ ၄ဝကျော် ခန့် အရေးယူထိန်းသိမ်းထား ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိ ရသည်။
ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့၏ ညွှန်ကြားချက်၊ ရန် ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၁၁ရက်မှစတင်ကာ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မရပ်နားရ နေရာတွင်ရပ်ပါက ကရိန်းဖြင့်ဆွဲ ခြင်း၊ ချလန်ဖြတ်အရေးယူခြင်း များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ''နိုဝင်ဘာ ၈ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်မြောက်လမ်း ၁၆လမ်းနဲ့ အရှေ့အနောက်လမ်း ၂၁လမ်းစုစု ပေါင်း ၃ရ လမ်းမှာရှိတဲ့ ယာဉ်မရပ် ရ သတ်မှတ်ထားတဲ့နေရာတွေ မှာ ယာဉ်ရပ်နားရင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေ အရ အရေးယူသွားမှာဖြစ်တယ်။ တကယ်လို့ ယာဉ်မရပ်နားရနေ ရာမှာ ယာဉ်ရပ်ထားတာစစ်ဆေး တွေ့ရှိခဲ့ရင် ပိုင်ရှင်မရှိရင် ကရိန်း နဲ့ဆွဲပြီး တိုင်းဒေသကြီးလွှတ်တော် နားမှာရှိတဲ့ ရှင်စောပုကားရပ်နား ဝင်းစခန်းထဲမှာ သွားထားပါတယ်။ ပိုင်ရှင်ကို တွေ့ရင်တော့ စည်ပင် က ချလန်ဖြတ်ပြီး ဆက်လက်အရေး ယူမှာဖြစ်တယ်''ဟုပြောသည်။

ယင်းကဆက်လက်၍ နို ဝင်ဘာ ၁၁ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကရိန်းဖြင့်ဆွဲသည့် ယာဉ်စုစုပေါင်း ၁၅စီး၊ ပိုင်ရှင်တွေ့ ၍ ချလန်ဖြတ်အရေးယူသည့်ယာဉ် ၂၉စီးအရေးယူထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသည့် ယာဉ် များမှာ ကိုယ်ပိုင်ယာဉ်များဖြစ် ကြောင်း သိရသည်။
ယင်းက ''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၉ အရ မြို့နယ်စည်ပင်သာယာ ရေးကော်မတီတာဝန်ရှိသူက တရားလိုလုပ် အမှုဖွင့်တရားစွဲမှာ ဖြစ်တယ်။ ပြစ်ဒဏ်က အများဆုံး ထောင်ဒဏ်တစ်နှစ် ဖြစ်တယ်။ နောက်အနည်းဆုံး ဒဏ်ငွေကျပ် ၅၀၀၀၀ ကနေ အများဆုံးတစ်သိန်း အထိပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ်ရော၊ ဒဏ်ကြေးနှစ် ရပ်စလုံးပါ အမှုဖွင့်အရေးယူလို့ ရနိုင်ပါတယ်''ဟုပြောသည်။

ယာဉ်မောင်း ဦးဇော်မျိုးထွန်း က ''ဒါက သူတို့ဥပဒေအရ ဖမ်း တာကို အပြစ်ပြောလို့မရဘူး။ ဒီလိုလုပ်တော့ တစ်မျိုးကောင်း တာက ယာဉ်ကျပ်နေရာမှာရပ်တဲ့ ယာဉ်တွေကိုဖမ်းတော့ လမ်းကြော ရှင်းသွားနိုင်တယ်။ ယာဉ်ကျပ်မှု အနည်းငယ်တော့ လျော့သွားမယ် ထင်တယ်။ ကိုယ်လဲ ကားအဆွဲ မခံရအောင် နည်းနည်းဂရုစိုက် တာစိုက် အရင်လို ရပ်ချင်တဲ့နေရာ မှာ မရပ်ဘဲ သတ်မှတ်ထားတဲ့ ကားပါကင်တွေမှာ ရပ်ပါတယ်။ ဒါပေမဲ့ မြို့ထဲကပါကင်တွေမှာက ဘာတွေမှန်းကိုမသိဘဲ ဈေးသည် တွေရော၊ ဆိုင်တွေက ချတဲ့ပစ္စည်း တွေပါ ရှုပ်ယှက်ခတ်နေတာရှိ တယ်''ဟုပြောသည်။

Yangon Media Group

RangonNewsDaily:: November . 15 .2013
ရန်ကုန် မြို့တွင်း ယာဉ်မရပ်နားရဟုသတ် မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားမှုများအား ထိန်းသိမ်း အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ယာဉ်အစီးရေ ၄ဝကျော် ခန့် အရေးယူထိန်းသိမ်းထား ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိ ရသည်။

အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်

Photo: အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်
Friday, November 15, 2013

အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။

အာဆင်နယ် အသင်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ပြောဆိုရန် သောမတ်စ် ဗာမေလန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါးသည် ခံစစ်ဗဟိုချက်ကို လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာတို့နှင့် ပူးပေါင်း တည်ဆောက်ထားပြီးနောက် ဗာမေလန်သည် ဒုတိယဦးစားပေး နောက်ခံလူ ဘဝသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ ဗာမေလန် အနေဖြင့် အဆိုပါ အခြေအနေကြောင့် အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကစားသမား ကိုယ်တိုင်က တိတိကျကျ ဖြေရှင်းချက် မပေးသေးချေ။

လတ်တလောတွင် ၎င်းဒဏ်ရာရနေကြောင်း သတင်းများကိုမူ ဗာမေလန်က ငြင်းဆန်ခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ်နှင့် လေ့ကျင့်ရေး အစီအစဉ်ကို စောစီးစွာ ရုတ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များက ဒဏ်ရာကြောင့် ဟုတ်မဟုတ် မေးမြန်းရာ "ကျွန်တော် အဆင်ပြေပါတယ်။ ဘာဒဏ်ရာမှ မရှိဘူး။ တနင်္ဂနွေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်"ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ အနာဂတ်နှင့် ပတ်သက်၍ အာဆင်နယ်တွင် မြှုပ်နှံရန် စိတ်ကူးရှိမရှိကိုမူ ဗာမေလန်က ရှောင်လွှဲပြောဆိုသွားသည်။

"ဒီအခြေအနေကို ကျွန်တော် ဘာမှ မပြောလိုသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ထုတ်ပြောရင် အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လေ။ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်ပြဿနာ မဟုတ်ဘူး။ အသင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေမှာပါပဲ"ဟုလည်း ဗာမေလန်က ပြောကြားသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: November . 15 .2013
အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်
ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။

မြန်မာသံစုံတီးဝိုင်းရဲ့ ပထမဆုံး ပြည်ပခရီး

Photo: မြန်မာသံစုံတီးဝိုင်းရဲ့ ပထမဆုံး ပြည်ပခရီး 
Friday, November 15, 2013

မြန်မာသံစုံတီးဝိုင်းအဖွဲ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို လာမယ့်လမှာ တွေ့ရပါလိမ့်မယ်။ သူတို့သွားရောက် တင်ဆက်မယ့် နေရာကတော့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ အန်ကောဝပ်မှာ လာမယ့်လဆန်းပိုင်း တီးခတ်ကြပါမယ် တဲ့။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာမှာ သတင်းထောက် ကျော်ဖြိုးသာက ရေးသားထားတာပါ။
မူရင်းကို http://www.irrawaddy.org/burma/burmese-orchestra-play-rangoon-mandalay-angkor-wat.html မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘောဒီးယားခရီးစဉ် မတိုင်ခင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလည်း အစွမ်းပြကြမှာပါ။ ဒီလ ၂၁၊ ၂၃ ရက်နေ့တွေမှာ ဖြစ်ပါတယ်။
မန္တလေးတင်ဆက်မှုကို နန်းတွင်းထဲမှာ စီစဉ်ခဲ့ပေမယ့် အဆင်မပြေပါ၊ စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် တခြား တနေရာကို ရွေးလိုက်ပါတယ် လို့ ရန်ကုန်မြို့က ပြင်သစ်သံအမတ်က ပြောပါတယ်။

 ပြင်သစ်တို့ရဲ့ အကူအညီနဲ့ မြန်မာသံစုံတီးဝိုင်းအဖွဲ့ ပြည်ပထွက် တင်ဆက်မှာပါ။
သံစုံတီးဝိုင်းထဲမှာ မြန်မာဂီတသမားတွေချည်းပဲ မဟုတ်ပါဘူး၊ ပြင်သစ် ဂီတသမားတို့လည်း ပူးပေါင်း ပါဝင်ပါလိမ့်မယ်။
ဒါဟာ ပြင်သစ် နဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်တယ်လို့ ပြင်သစ်သံအမတ်က ဆိုပါတယ်။

 မြန်မာသံစုံတီးဝိုင်းအဖွဲ့ကို ၂ဝဝဝ ပြည့်နှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက တည်ထောင်ခဲ့တယ်၊ ပါဝင်သူဂီတသမားအများစုက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတွေပါ တဲ့။

အပြည့်အစုံကို  http://www.irrawaddy.org/burma/burmese-orchestra-play-rangoon-mandalay-angkor-wat.html မှာ ဖတ်နိုင်ပါတယ်။ 

ဧရာဝတီblog

RangonNewsDaily:: November . 15 .2013
မြန်မာသံစုံတီးဝိုင်းအဖွဲ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို လာမယ့်လမှာ တွေ့ရပါလိမ့်မယ်။ သူတို့သွားရောက် တင်ဆက်မယ့် နေရာကတော့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြု


RangonNewsDaily:: November . 15 .2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လူသား ချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြု ပါဝင်နိုင်ရန် အတွက် လည်းကောင်း၊

အသက်မသေဘဲ ကျန်ရစ်သူတွေ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ

Photo: အသက်မသေဘဲ ကျန်ရစ်သူတွေ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ
Friday, November 15, 2013

ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းမှာ ဟိုင်ယန် မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး တပတ်နီးပါး အကြာမှာ ထောင်သောင်းချီတဲ့ အသက်မသေဘဲ ကျန်ရစ်သူတွေဟာ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ ဖြစ်ပါတယ်။

မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရတဲ့ တက္ကလိုဘန် မြို့မှာ ဆိပ်ကမ်းနဲ့ လေဆိပ်ကို သွားတဲ့ လမ်းတွေပေါ်မှာ လူတွေ တန်းစီနေပြီး ရိက္ခာ ၊ နေစရာနဲ့ သောက်ရေ လည်းမရှိ ၊ လုံခြုံရေး အခြေအနေကလည်း ဆိုးရွားလာနေတာကြောင့် အဲဒီအရပ်ကနေ စွန့်ခွာသွားကြဖို့ မျှော်လင့်နေကြပါတယ်။

နိုင်ငံတကာက အကူအညီတွေ အကြီးအကျယ် ရောက်ရှိလာနေပေမယ့် ကယ်ဆယ်ရေး အေဂျင်စီတွေက သူတို့ အနေနဲ့ မုန်တိုင်းသင့် ဒေသတွေကို သွားရောက် ဝေငှ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

လက်ရှိမှာ လူမှု ကယ်ဆယ်ရေး အကူအညီတွေ အရှိန်အဟုန်မြှင့် ဖြန့်ဝေပေးနိုင်ဖို့ အမေရိကန် စစ်သဘောကြီးမှာ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုနေရပါတယ်။

ဖိလစ်ပိုင် ပြည်သူတွေ ၊ နေရင်း နိုင်ငံမှာ ကျန်ခဲ့တဲ့ ဆွေမျိုး မိသားစု သူငယ်ချင်းတွေ အတွက် စိုးရိမ်ပူပန်နေကြတဲ့ အမေရိကန် တလွှားက ဖိလစ်ပီးနိုး အမေရိကန် တွေ အတွက် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

BBC

RangonNewsDaily:: November . 15 .2013
ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းမှာ ဟိုင်ယန် မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး တပတ်နီးပါး အကြာမှာ ထောင်သောင်းချီတဲ့ အသက်မသေဘဲ ကျန်ရစ်သူတွေဟာ ကယ်ဆယ်ရေး အကူညီ မဲ့နေဆဲ ဖြစ်ပါတယ်

လက်ဗွေစကားဝှက်များက သမားရိုးကျစကားဝှက်များကို မှေးမှိန်သွားစေနိုင်

RangonNewsDaily:: November . 15 .2013
ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများ အပါအ၀င် အခြားသော အီလက်ထရွန်းနစ် ထုတ်ကုန်အများအပြား တွင် သုံးစွဲရလျက်ရှိသော သမားရိုးကျစကားဝှက် (password) များသည် မကြာမီအချိန်တွင်ပင် ကမ္ဘာ လောကမှ

ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟုသတင်းရရှိပါသည်။၎င်းသမားရိုးကျစ
ကားဝှက်များ၏နေရာကို သုံးစွဲသူ၏လက်ဗွေကို မှတ်သားထားရှိမည့် စကားဝှက်များက အစားထိုး ၀င်ရောက်
လာမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်လျက်ရှိပါသည်။

ဟိုင်ယန် လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ

RangonNewsDaily:: November . 15 .2013
ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်

လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေး နှိုးဆော်လိုက်တာပဲ လို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြား လိုက်ပါတယ်။ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။

လက်ပံတောင်းတောင် အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက်

လက်ပတောင်းတောင်း အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက် 


kolatt(PBDN): November . 14 .2013
ည ၁၁း၁၅ 

လက်ပတောင်းတောင်းကြေးနီစီမံကိန်း မိုးကြိုးပြင်(တောင်)ကျေးရွာ အနီး မြေယာလျော်ကြေးထုတ်ယူခြင်းမရှိသည့်ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများရာမှ
ရဲတပ်ဖွဲ့ဝင်များမှ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကိုမောင်စိုး(၀မ်းပိုက်ဒဏ်ရာ) နှင့် မအေးစန်း(လက်မောင်းဒဏ်ရာ)တို့ နှစ်ဦး ဒဏ်ရာရရှီခဲ့ပါတယ်၊ကိုမောင်စိုး ၏ သေနတ်ဒဏ်ရာသည် အသက်စိုးရိမ်ရသည်အနေအထားတွင်ရှိနေပါသည်၊

ဖြစ်စဉ်မှာ ညနေ 3:30 PM ခန့်တွင် မိုးကြိုးပြင်(တောင်)ကျေးရွာ တောင်သူများသည် မိမိတို့လုပ်ငန်းခွင်သို့သွားရာလမ်းတွင် သွပ်ဆူးကြိုးများခတ်ထားသောကြောင့် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့ဝင်များအား တောင်းဆိုရာမှ တဖက်နှင့်တဖက် အချေနေတင်းမာပြီး ရုံးရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များမှ (ည 8:15 နာရီ အချိန်မှာ) သေနတ်(၁၂)ချက် ပစ်ခဲ့ပါတယ်၊ရဲတပ်ဖွဲဝင်များသည် ချောက်လန့်ရုံ ပစ်ခတ်ခြင်းမဟုတ်ပဲ လူအုပ်ထဲသို့ ပစ်ခတ်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အခြားသူများ ဒဏ်ရာရရှိမှုကိုတော့ မသိရှိရသေးပါဘူး၊

ဒေသခံတောင်သူများအား အကြမ်းဖက်နှိမ်ခြင်းပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နယ်/လုံ ၀န်ကြီး ဘယ်လို ဖြေရှင်းပေးမလဲ၊ 

လက်ရှိအချိန်မှာ ကိုမောင်စိုး သည် အသက်ဒဏ်ရာ စိုးရိမ်နေရပြီး ကျေးရွာ အတွင်းမှာကုသနေသည့်အတွတ် ဒေသခံများနှင့် ညှိနှိုင်းပြီး ပြည်သူ့ဆေရုံသို့ သွားရောက်ကုသဖို့ လိုအပ်နေပါတယ်၊ ဒေသခံများအနေဖြင့် ဆေးရုံသွားရောက်ကုသပါက ဖမ်းဆီးခံရမည်စိုးရိမ်သောကြာင့်သွားရောက်ကုသခြင်းမရှိဖြစ်နေပါတယ်၊

သက်ဆိုင်ရာ လူမှုရေး/နိုင်ငံရေးအဖွဲ့အစည်းများ မှအသက်တစ်ချောင်းမဆုံးရှုံးစေရေးအတွတ် ညှိနိုင်းဆောင်ရွတ်ပေးရန် လိုအပ်နေပါတယ်လို့ အကြံပြုအပ်ပါတယ်။

ကိုတိုး ချင်းတွင်း ::--

RangonNewsDaily:: November . 14 .2013
ည ၁၁း၁၅

လက်ပတောင်းတောင်းကြေးနီစီမံကိန်း မိုးကြိုးပြင်(တောင်)ကျေးရွာ အနီး မြေယာလျော်ကြေးထုတ်ယူခြင်းမရှိသည့်ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများရာမှ
ရဲတပ်ဖွဲ့ဝင်များမှ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကိုမောင်စိုး(၀မ်းပိုက်ဒဏ်ရာ) နှင့်

လက်ပန်တောင်းတောင် လယ်သမားများကို လုံထိန်းရဲများမှပစ်ခတ်မှုကြောင့် ဒဏ်ရရသူများရှိနေ

RangonNewsDaily:: November . 14 .2013
လက်ပန်တောင်းတောင် လယ်သမားများကို လုံထိန်းရဲများမှပစ်ခတ်မှုကြောင့် ဒဏ်ရရသူများရှိနေကြောင်းသတင်းရရှိပါသည်။ လက်ပန်တောင်း တောင် လယ်သမားများကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်လို့ မအေးစန်း လက်မောင်း ကျည်ထိ၊ ကိုမောင်စန်း ရင်ဘတ်ထိ မှန်သွားသည်၊ မီဒီယာသမားများ ဖမ်းဆီးပြီး မေးမြန်း စစ်ဆေးကာ တချို့ ပြန်လည် လွတ်ပေး ယခုအချိန်ထိ ပစ်ခတ်နေပြီး လူထုမှ လဲကျေးရွာ လုံခြုံရေးအတွက် ကာကွယ်နေကြသည်၊၊

လက်ပန်တောင်း တွင် လယ်သမားများ ကို အစိုးရလုံးထိန်းတပ်ဖွဲ့ဝင်များမှပစ်ခတ်မှုဖြစ်

RangonNewsDaily:: November . 14 .2013
၁၁ - ၁၄ - ၂၀၁၃ လက်ပန်တောင်း လယ်သမားတွေကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်ပြီး စုစုပေါင်း
(၅)ယောက်ခန့် ထိမှန်ထားပြီး စာရင်းအတိအကျ ကောက်ယူ နေဆဲ ဖြစ်သည် ၊၊ လက်ပန်းတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှ လယ်သမား(၇)ယောက် သေနတ်ထိမှန်ခံခဲ့ရပြီး
ပစ်ခတ်မှု(၂၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ  တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း  ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့  ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
RangonNewsDaily:: November . 14 .2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ