Pages

Pages - Menu

Friday, November 15, 2013

လှိုင်သာယာတည်းခိုခန်းတစ်ခုတွင် ဖောက်ခွဲရေး ပစ္စည်းများ နှင့် လူတစ်ဦး ဖမ်းမိ

RangonNewsDaily:: November . 15 .2013 ရန်ကုန် တိုင်းဒေသသကြီး လှိုင်သာယာ မြို့နယ်အတွင်း ပဒန်ကျေးရွာ Sky တည်းခိုခန်း၌ တည်းခိုနေ ထိုင်သူ
တစ်ဦးကို လက်လုပ်ဖောက် ခွဲရေးပစ္စည်းများနှင့်အတူ နိုဝင် ဘာ ၁၃ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း လှိုင်သာ
ယာ မြို့ နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖမ်းဆီးရမိသူသည်ရခိုင် ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ကျောက်ရစ်
ကေရပ်ကွက်တွင် နေထိုင်သူ အသက် ၃၄နှစ်အရွယ်
ရှိဦးတင်မောင်ဆိုသူဖြစ်ပြီး၎င်းတည်းခိုနေထိုင်သည့်အခန်းအား ရဲတပ်ဖွဲ့ မှဝင် ရောက်ဖမ်းဆီးစဉ် တွင် ၎င်း
နှင့်အတူတည်းခိုနေထိုင်သူတစ်ဦးမှာထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ဆိုသည်။

''ကျွန်တော်တို့ လှိုင်သာယာ ရဲစခန်းကတောင် မသိလိုက်ဘူး။ ဖမ်းလိုက်ပြီဆိုမှ သိရတာ။ တိုင်း ရဲတပ်ဖွဲ့မှူး

ကိုယ်တိုင် လာဖမ်း သွားတာ။ သူနဲ့အတူနေတဲ့တစ် ယောက်တော့ လွတ်သွားတယ် ကြားတယ်''ဟု လှိုင်သာ
ယာမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောသည်။လက်လုပ်ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းဆီး
ရမိသူသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ တွင် နေ ထိုင် သူဖြစ်ခြင်းကြောင့် ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့
ဆက် သွယ်ကာ ယင်းတို့နောက်ကြောင်း ကို စစ်ဆေး ခိုင်းထား သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံအတွင်းက မြို့ကြီးများမှာဗုံးပေါက်ကွဲမှု များဖြစ်ပွားခဲ့ခြင်း

ကာင့် ယင်း ပြစ်မှုကိုကျူးလွန်သည့်တရားခံ နှင့် ကျူးလွန်ရာတွင် အားပေးကူ ညီသူခြောက်ဦးခန့်ကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံး တွင် ဖမ်းဆီး ထားကြောင်းသိရပြီး ယင်းဖြစ်ရပ် များနှင့်ပတ်သက်ပြီး တရားရုံးသို့ တရားစွဲ
ဆိုတင်ပို့နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။

စိုင်းကိုကို
Yangon Media Group , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment