Pages

Pages - Menu

Friday, November 15, 2013

ယာဉ်မရပ်ရနေရာများရှိ ရပ်နားယာဉ်ဖမ်းဆီးမှု သုံးရက်အတွင်း အစီးရေ ၄ဝကျော်ရှိ

Photo: ယာဉ်မရပ်ရနေရာများရှိ ရပ်နားယာဉ်ဖမ်းဆီးမှု သုံးရက်အတွင်း အစီးရေ ၄ဝကျော်ရှိ
Friday, November 15, 2013

ရန်ကုန် မြို့တွင်း ယာဉ်မရပ်နားရဟုသတ် မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားမှုများအား ထိန်းသိမ်း အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ယာဉ်အစီးရေ ၄ဝကျော် ခန့် အရေးယူထိန်းသိမ်းထား ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိ ရသည်။
ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့၏ ညွှန်ကြားချက်၊ ရန် ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၁၁ရက်မှစတင်ကာ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မရပ်နားရ နေရာတွင်ရပ်ပါက ကရိန်းဖြင့်ဆွဲ ခြင်း၊ ချလန်ဖြတ်အရေးယူခြင်း များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ''နိုဝင်ဘာ ၈ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်မြောက်လမ်း ၁၆လမ်းနဲ့ အရှေ့အနောက်လမ်း ၂၁လမ်းစုစု ပေါင်း ၃ရ လမ်းမှာရှိတဲ့ ယာဉ်မရပ် ရ သတ်မှတ်ထားတဲ့နေရာတွေ မှာ ယာဉ်ရပ်နားရင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေ အရ အရေးယူသွားမှာဖြစ်တယ်။ တကယ်လို့ ယာဉ်မရပ်နားရနေ ရာမှာ ယာဉ်ရပ်ထားတာစစ်ဆေး တွေ့ရှိခဲ့ရင် ပိုင်ရှင်မရှိရင် ကရိန်း နဲ့ဆွဲပြီး တိုင်းဒေသကြီးလွှတ်တော် နားမှာရှိတဲ့ ရှင်စောပုကားရပ်နား ဝင်းစခန်းထဲမှာ သွားထားပါတယ်။ ပိုင်ရှင်ကို တွေ့ရင်တော့ စည်ပင် က ချလန်ဖြတ်ပြီး ဆက်လက်အရေး ယူမှာဖြစ်တယ်''ဟုပြောသည်။

ယင်းကဆက်လက်၍ နို ဝင်ဘာ ၁၁ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကရိန်းဖြင့်ဆွဲသည့် ယာဉ်စုစုပေါင်း ၁၅စီး၊ ပိုင်ရှင်တွေ့ ၍ ချလန်ဖြတ်အရေးယူသည့်ယာဉ် ၂၉စီးအရေးယူထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသည့် ယာဉ် များမှာ ကိုယ်ပိုင်ယာဉ်များဖြစ် ကြောင်း သိရသည်။
ယင်းက ''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၉ အရ မြို့နယ်စည်ပင်သာယာ ရေးကော်မတီတာဝန်ရှိသူက တရားလိုလုပ် အမှုဖွင့်တရားစွဲမှာ ဖြစ်တယ်။ ပြစ်ဒဏ်က အများဆုံး ထောင်ဒဏ်တစ်နှစ် ဖြစ်တယ်။ နောက်အနည်းဆုံး ဒဏ်ငွေကျပ် ၅၀၀၀၀ ကနေ အများဆုံးတစ်သိန်း အထိပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ်ရော၊ ဒဏ်ကြေးနှစ် ရပ်စလုံးပါ အမှုဖွင့်အရေးယူလို့ ရနိုင်ပါတယ်''ဟုပြောသည်။

ယာဉ်မောင်း ဦးဇော်မျိုးထွန်း က ''ဒါက သူတို့ဥပဒေအရ ဖမ်း တာကို အပြစ်ပြောလို့မရဘူး။ ဒီလိုလုပ်တော့ တစ်မျိုးကောင်း တာက ယာဉ်ကျပ်နေရာမှာရပ်တဲ့ ယာဉ်တွေကိုဖမ်းတော့ လမ်းကြော ရှင်းသွားနိုင်တယ်။ ယာဉ်ကျပ်မှု အနည်းငယ်တော့ လျော့သွားမယ် ထင်တယ်။ ကိုယ်လဲ ကားအဆွဲ မခံရအောင် နည်းနည်းဂရုစိုက် တာစိုက် အရင်လို ရပ်ချင်တဲ့နေရာ မှာ မရပ်ဘဲ သတ်မှတ်ထားတဲ့ ကားပါကင်တွေမှာ ရပ်ပါတယ်။ ဒါပေမဲ့ မြို့ထဲကပါကင်တွေမှာက ဘာတွေမှန်းကိုမသိဘဲ ဈေးသည် တွေရော၊ ဆိုင်တွေက ချတဲ့ပစ္စည်း တွေပါ ရှုပ်ယှက်ခတ်နေတာရှိ တယ်''ဟုပြောသည်။

Yangon Media Group

RangonNewsDaily:: November . 15 .2013
ရန်ကုန် မြို့တွင်း ယာဉ်မရပ်နားရဟုသတ် မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားမှုများအား ထိန်းသိမ်း အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်အထိ ယာဉ်အစီးရေ ၄ဝကျော် ခန့် အရေးယူထိန်းသိမ်းထား ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ သိ ရသည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်၊ ရန် ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ကြီး
ကြပ်မှုဖြင့် နိုဝင်ဘာ ၁၁ရက်မှစတင်ကာ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မရပ်နားရ နေရာတွင်ရပ်ပါက ကရိန်းဖြင့်
ဆွဲ ခြင်း၊ ချလန်ဖြတ်အရေးယူခြင်း များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ''နိုဝင်ဘာ ၈ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်မြောက်လမ်း ၁၆လမ်းနဲ့ အရှေ့အနောက်လမ်း ၂၁
လမ်းစုစု ပေါင်း ၃ရ လမ်းမှာရှိတဲ့ ယာဉ်မရပ် ရ သတ်မှတ်ထားတဲ့နေရာတွေ မှာ ယာဉ်ရပ်နားရင် ရန်ကုန်မြို့
တော်စည်ပင်သာယာရေး ဥပဒေ အရ အရေးယူသွားမှာဖြစ်တယ်။ 
 
တကယ်လို့ ယာဉ်မရပ်နားရနေ ရာမှာ ယာဉ်ရပ်ထားတာစစ်ဆေး တွေ့ရှိခဲ့ရင် ပိုင်ရှင်မရှိရင် ကရိန်း နဲ့ဆွဲပြီး တိုင်းဒေသကြီးလွှတ်တော် နားမှာရှိတဲ့ ရှင်စောပုကားရပ်နား ဝင်းစခန်းထဲမှာ သွားထားပါတယ်။ ပိုင်ရှင်ကို
 တွေ့ရင်တော့ စည်ပင် က ချလန်ဖြတ်ပြီး ဆက်လက်အရေး ယူမှာဖြစ်တယ်''ဟုပြောသည်။

ယင်းကဆက်လက်၍ နို ဝင်ဘာ ၁၁ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကရိန်းဖြင့်ဆွဲသည့် ယာဉ်စုစုပေါင်း ၁၅စီး
၊ ပိုင်ရှင်တွေ့ ၍ ချလန်ဖြတ်အရေးယူသည့်ယာဉ် ၂၉စီးအရေးယူထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသည့် ယာဉ် များမှာ ကိုယ်ပိုင်ယာဉ်များဖြစ် ကြောင်း သိရသည်။

ယင်းက ''ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၉ အရ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ
တာဝန်ရှိသူက တရားလိုလုပ် အမှုဖွင့်တရားစွဲမှာ ဖြစ်တယ်။ ပြစ်ဒဏ်က အများဆုံး ထောင်ဒဏ်တစ်နှစ် ဖြစ်
တယ်။
 
 နောက်အနည်းဆုံး ဒဏ်ငွေကျပ် ၅၀၀၀၀ ကနေ အများဆုံးတစ်သိန်း အထိပေးဆောင်ရမှာဖြစ်ပြီး ထောင်
ဒဏ်ရော၊ ဒဏ်ကြေးနှစ် ရပ်စလုံးပါ အမှုဖွင့်အရေးယူလို့ ရနိုင်ပါတယ်''ဟုပြောသည်။

ယာဉ်မောင်း ဦးဇော်မျိုးထွန်း က ''ဒါက သူတို့ဥပဒေအရ ဖမ်း တာကို အပြစ်ပြောလို့မရဘူး။ ဒီလိုလုပ်တော့ တစ်မျိုးကောင်း တာက ယာဉ်ကျပ်နေရာမှာရပ်တဲ့ ယာဉ်တွေကိုဖမ်းတော့ လမ်းကြော ရှင်းသွားနိုင်တယ်။ ယာဉ်ကျပ်မှု အနည်းငယ်တော့ လျော့သွားမယ် ထင်တယ်။ 
 
ကိုယ်လဲကားအဆွဲမခံရအောင် နည်းနည်းဂရုစိုက် တာစိုက် အရင်လို ရပ်ချင်တဲ့နေရာ မှာ မရပ်ဘဲ သတ်မှတ်
ထားတဲ့ ကားပါကင်တွေမှာ ရပ်ပါတယ်။ ဒါပေမဲ့ မြို့ထဲကပါကင်တွေမှာက ဘာတွေမှန်းကိုမသိဘဲ ဈေးသည်
တွေရော၊ ဆိုင်တွေက ချတဲ့ပစ္စည်း တွေပါ ရှုပ်ယှက်ခတ်နေတာရှိ တယ်''ဟုပြောသည်။

Yangon Media Group  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment