Pages

Pages - Menu

Friday, November 15, 2013

မြန်မာသံစုံတီးဝိုင်းရဲ့ ပထမဆုံး ပြည်ပခရီး

Photo: မြန်မာသံစုံတီးဝိုင်းရဲ့ ပထမဆုံး ပြည်ပခရီး 
Friday, November 15, 2013

မြန်မာသံစုံတီးဝိုင်းအဖွဲ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို လာမယ့်လမှာ တွေ့ရပါလိမ့်မယ်။ သူတို့သွားရောက် တင်ဆက်မယ့် နေရာကတော့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ အန်ကောဝပ်မှာ လာမယ့်လဆန်းပိုင်း တီးခတ်ကြပါမယ် တဲ့။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာမှာ သတင်းထောက် ကျော်ဖြိုးသာက ရေးသားထားတာပါ။
မူရင်းကို http://www.irrawaddy.org/burma/burmese-orchestra-play-rangoon-mandalay-angkor-wat.html မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘောဒီးယားခရီးစဉ် မတိုင်ခင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလည်း အစွမ်းပြကြမှာပါ။ ဒီလ ၂၁၊ ၂၃ ရက်နေ့တွေမှာ ဖြစ်ပါတယ်။
မန္တလေးတင်ဆက်မှုကို နန်းတွင်းထဲမှာ စီစဉ်ခဲ့ပေမယ့် အဆင်မပြေပါ၊ စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် တခြား တနေရာကို ရွေးလိုက်ပါတယ် လို့ ရန်ကုန်မြို့က ပြင်သစ်သံအမတ်က ပြောပါတယ်။

 ပြင်သစ်တို့ရဲ့ အကူအညီနဲ့ မြန်မာသံစုံတီးဝိုင်းအဖွဲ့ ပြည်ပထွက် တင်ဆက်မှာပါ။
သံစုံတီးဝိုင်းထဲမှာ မြန်မာဂီတသမားတွေချည်းပဲ မဟုတ်ပါဘူး၊ ပြင်သစ် ဂီတသမားတို့လည်း ပူးပေါင်း ပါဝင်ပါလိမ့်မယ်။
ဒါဟာ ပြင်သစ် နဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်တယ်လို့ ပြင်သစ်သံအမတ်က ဆိုပါတယ်။

 မြန်မာသံစုံတီးဝိုင်းအဖွဲ့ကို ၂ဝဝဝ ပြည့်နှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက တည်ထောင်ခဲ့တယ်၊ ပါဝင်သူဂီတသမားအများစုက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတွေပါ တဲ့။

အပြည့်အစုံကို  http://www.irrawaddy.org/burma/burmese-orchestra-play-rangoon-mandalay-angkor-wat.html မှာ ဖတ်နိုင်ပါတယ်။ 

ဧရာဝတီblog

RangonNewsDaily:: November . 15 .2013
မြန်မာသံစုံတီးဝိုင်းအဖွဲ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ကို လာမယ့်လမှာ တွေ့ရပါလိမ့်မယ်။ သူတို့သွားရောက် တင်ဆက်မယ့် နေရာကတော့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ အန်ကောဝပ်မှာ လာမယ့်လဆန်းပိုင်း တီးခတ်ကြပါမယ် တဲ့။

ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာမှာ သတင်းထောက် ကျော်ဖြိုးသာက ရေးသားထားတာပါ။
မူရင်းကို http://www.irrawaddy.org/burma/burmese-orchestra-play-rangoon-mandalay-angkor-wat.html မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘောဒီးယားခရီးစဉ် မတိုင်ခင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလည်း အစွမ်းပြကြမှာပါ။ ဒီလ ၂၁၊ ၂၃ ရက်နေ့တွေမှာ ဖြစ်ပါတယ်။
မန္တလေးတင်ဆက်မှုကို နန်းတွင်းထဲမှာ စီစဉ်ခဲ့ပေမယ့် အဆင်မပြေပါ၊ စက်ပိုင်းဆိုင်ရာ အခက်အခဲကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် တခြား တနေရာကို ရွေးလိုက်ပါတယ် လို့ ရန်ကုန်မြို့က ပြင်သစ်သံအမတ်က ပြောပါတယ်။

ပြင်သစ်တို့ရဲ့ အကူအညီနဲ့ မြန်မာသံစုံတီးဝိုင်းအဖွဲ့ ပြည်ပထွက် တင်ဆက်မှာပါ။
သံစုံတီးဝိုင်းထဲမှာ မြန်မာဂီတသမားတွေချည်းပဲ မဟုတ်ပါဘူး၊ ပြင်သစ် ဂီတသမားတို့လည်း ပူးပေါင်း ပါဝင်ပါလိမ့်မယ်။
ဒါဟာ ပြင်သစ် နဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်တယ်လို့ ပြင်သစ်သံအမတ်က ဆိုပါတယ်။

မြန်မာသံစုံတီးဝိုင်းအဖွဲ့ကို ၂ဝဝဝ ပြည့်နှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက တည်ထောင်ခဲ့တယ်၊ ပါဝင်သူဂီတသမားအများစုက ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတွေပါ တဲ့။

ဧရာဝတီblog , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment