Pages

Pages - Menu

Friday, November 15, 2013

လက်ပန်တောင်းတောင် လယ်သမားများကို လုံထိန်းရဲများမှပစ်ခတ်မှုကြောင့် ဒဏ်ရရသူများရှိနေ

RangonNewsDaily:: November . 14 .2013
လက်ပန်တောင်းတောင် လယ်သမားများကို လုံထိန်းရဲများမှပစ်ခတ်မှုကြောင့် ဒဏ်ရရသူများရှိနေကြောင်းသတင်းရရှိပါသည်။ လက်ပန်တောင်း တောင် လယ်သမားများကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်လို့ မအေးစန်း လက်မောင်း ကျည်ထိ၊ ကိုမောင်စန်း ရင်ဘတ်ထိ မှန်သွားသည်၊ မီဒီယာသမားများ ဖမ်းဆီးပြီး မေးမြန်း စစ်ဆေးကာ တချို့ ပြန်လည် လွတ်ပေး ယခုအချိန်ထိ ပစ်ခတ်နေပြီး လူထုမှ လဲကျေးရွာ လုံခြုံရေးအတွက် ကာကွယ်နေကြသည်၊၊

စုစုပေါင်း(၅)ယောက်ခန့် ထိမှန်ထားပြီး စာရင်းအတိအကျ ကောက်ယူ နေဆဲဖြစ်သည်၊၊

၁၁ - ၁၄ - ၂၀၁၃ ည(၉း၅)မိနစ် လက်ပန်းတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှ လယ်သမား(၇)
ယောက် သေနတ်ထိမှန်ခဲ့ပြီး ပစ်ခတ်မှု(၂၇)ကြိမ်ဖြစ်ခဲ့ကြောင်းသိရသည်။

မအေးသန်း၊ကိုဖိုးစီ၊ကိုသက်မောင်၊ကိုဘိုနီ၊ကိုစိုးပြည့်အောင်၊ကိုထွန်းအေး၊ကိုအုန်းမှိုင်းတို့ သေနတ်ထိမှန်ပြီး မနောရှိတွင် လုံထိန်းရဲများ၏ လေးကွ ထိမှန်ခဲ့သည်။

ရဲအင်အား(၄၀၀)နီးပါး(ခန့်မှန်း) ရဲကား(၁၇)စီး၊ ဝမ်ဘောင် ကားအဖြုတစီးတို့ ပါဝင်ပြီး ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ကိုစိုးပြည့်အောင်မှာသတိလစ်နေသည်ကုသမှုလုံးဝမခံရယူရသေးပါ၊၊ ၁၁ - ၁၄ - ၂၀၁၃ ည(၉း၂၅)မိနစ် သေချာအောင် ထပ်မံ စုံစမ်း နေပါသည် ။

Mandalay, Myanmar ::-- kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment