Pages
▼
Pages - Menu
▼
Friday, September 27, 2013
မန်ချက်စတာ ယူနိုက်တက်အသင်းမှ ချီချာရီတိုဟာ (၁၈)ကိုက်ထဲမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးဖြစ်ကြောင်း နည်းပြ ဒေးဗစ်မိုယက်စ်ပြောကြား
RangonNewsDaily:: September 27, 2013
(ဒေးဗစ်မိုယက်စ်) မန်ယူနိုက်တက် နည်းပြ ဒေးဗစ်မိုယက်စ်က ချီချာရီတိုသည် (၁၈)ကိုက်အတွင်းတွင် ပြိုင်ဘက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးမျိုး ဖြစ်ကြောင်း ချီးကျူးလိုက်သည်။ မန်ယူနိုက်တက် အသင်းသည် ကပ်ပီတယ်ဝမ်း ဖလားတွင် ချီချာရီတို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် လီဗာပူးလ် အသင်းအား နောက်ကောက်ချနိုင်ခဲ့သည်။

Anubis ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံခြင်း
RangonNewsDaily:: September 27, 2013
နိုင်ငံတကာနဲ့ အဆင့်အတန်းမီအောင် ရိုက်နေတဲ့Anubis ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တာလေးတွေတင်ပြပေးလိုက်ပါတယ်။ ဒီကားထဲမှာ ရွှေမှုန်က အန်ကယ်လေးရဲ့ တစ်ဦးတည်းသော သမီးနေရာ ကနေ သရုပ်ဆောင် ထားတယ်။ သေချာစိတ်နှစ်ပြီး အ၀တ်အစားက အစ၊ အစစအရာရာ ပြင်ဆင်ထားပါတယ်။

မန္တလေး၌ ဆီးဂိမ်းပွဲအတွက် ရဲတပ်ဖွဲ့ သီးသန့်ထားရှိမည်
RangonNewsDaily:: September 27, 2013
(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို
မကြာမီကျင်းပတော့မည်ဖြစ်ရာ မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့်
အားကစားပြိုင်ပွဲများ၏ လုံခြုံရေးအတွက် သီးသန့်လုံခြုံရေးအဖွဲ့အစည်းတစ် ရပ်အား ဖွဲ့စည်းထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အခြေခံဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်လို့ ဒေါ်စုပြော
RangonNewsDaily:: September 27, 2013
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ရင် မြန်မာနိုင်ငံဟာ
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့်
၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
သံဖြူဇရပ်မှ ကျိုက္ခမီ သွားသောလမ်းတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ
RangonNewsDaily:: September 27, 2013
စက်တင်ဘာ ၁၉ ကြာတပတေးနေ့ ညနေ ၅:၃၀ အချိန်တွင် သံဖြူဇရပ်မှ ကျိုက္ခမီ သွားသောလမ်း မိုင်တိုင် ၁/၄၀နှင့်၂/၄၀ကြား တောင်ဖလုကျေးရွာ အဝင်လမ်းဝ၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယဉ်
နှစ်စီးလုံးမှစီးနှင်းလာသောလူများဒဏ်ရာပြင်းထန်း၍သံဖြူဇရပ်မြို့ ပြည်သူ့ ဆေးရုံးသို့ပို့ဆောင်ခဲ့ရကြောင်း
သတင်းရရှိသည်။

ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ
RangonNewsDaily:: September 27, 2013
ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည်
ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟုစွပ်စွဲကာ ကျောင်း
သား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။

ရန်ကုန်မြို့၇ှိ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စာရင်း ကောက်ယူတော့မည်
RangonNewsDaily:: September 27, 2013
ရန်ကုန်မြို့ မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း စာရင်း အမှန် ကို ရဖို့ ယခု ဘဏ္ဍာနှစ် ကုန်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အင်အား သုံးပြီး သန်းခေါင် စာရင်း ကောက်ယူ တဲ့ ပုံစံ အတိုင်း စာရင်း ကောက်ယူ မယ် လို့ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က သိရပါတယ်။ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင် က “ရန်ကုန် က အခန်း တော်တော် များများ က ငှားစား ထားတယ်။

ပျော်ပျော်ကြီးရောင်းပြီး ပျော်ပျော်ကြီးဝယ်နေကြတဲ့ သိန်း(၁၀၀)နှင့် (၁၂၀)တန် ကြားကားများ
RangonNewsDaily:: September 27, 2013
ယခုအချိန်တွင် “သ”အက္ခရာ၊ ကားစလစ်ဈေးနှင့် “ပ၊ လ” အက္ခရာ စလစ်ဈေးများ
အတန်းလိုက်ခွဲခြား ထားခြင်းမရှိတော့ပဲ ကားစလစ်ဆိုပါ က
အမည်ပေါက်(၁၁၈)သိန်းဝန်းကျင် ထိ မြင့်တက်လာကြောင်း မင်းရဲကျော်
စွာကားဝင်းအတွင်းမှ ၀ါရင့်ကားဝယ် ရောင်း အကျိုးတော်ဆောင်ကြီးတစ် ဦးမှ Auto
World ဂျာနယ်သို့ ပြော ပြသည်။
“မင်းကင်းမြို့ရှိစာသင်ဝိုင်းတစ်ခုမှကလေးငယ်များအားမစင်ပုံးများစွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို”
RangonNewsDaily:: September 27, 2013
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့စာသင်ဝိုင်းတစ်ခု မှ အထက်တန်း အဆင့် ကျောင်းသားလေးများအား ကျောင်းသူကျောင်းသား ဆရာဆရာမများ၏အပေါ့အပါးထည့်ထားသောပုံးများအားအလှည့်ကျစနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင်နေထိုင်သူ တစ်ဦးမှ ပြောသည်။
တောင်တွင်းကြီးမြို့နယ်တွင် ပင်စင်စားများကို စက်တင်ဘာလ ပင်စင် လစာ ထုတ်မပေး
RangonNewsDaily:: September 27, 2013
မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်တွင် ငွေစက်ပျက်နေသော ကြောင့် စက်တင်ဘာလ ပင်စင် များကို မထုတ်ပေးနိုင်ကြောင်း၊ အောက်တိုဘာလ ပင်စင်ခများ ဖြင့် ပေါင်းထုတ်ရန်ဘဏ်တာဝန် ရှိသူများက ပင်စင်လာထုတ်သူ ၂၀၀ ကျော်ကို ပြောကြားခဲ့ ကြောင်း ပင်စင်ထုတ်ရန် လာ ရောက်သူ ဦးခင်မောင်ရင်နှင့် ဦးတံစဉ်သိန်းတို့၏ ပြောပြချက် အရသိရသည်။

ကားရထားနှင့် ပါဂျဲရိုးတိုက်မိ
RangonNewsDaily:: September 27, 2013
စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူးသည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံအား ယိုးဒယားဟု ခေါ်ဝေါ်ခြင်း မသင့်လျော်
RangonNewsDaily:: September 27, 2013
ယင်းကဲ့သို့ ပြောဆိုချိန်သည် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထိုင်းနိုင်ငံ ခေါင်းဆောင်ပို
င်းနှင့် စီးပွားရေး ညှိနှိုင်းမှုများ၊ နွေးထွေးသော နိုင်ငံရေး ဆက်ဆံမှုများ ထူထောင်နေချိန် နှင့်လည်း တိုက်ဆိုင်
နေကြောင်းပြည်ထောင်စုအဆင့် ၀န်ကြီးတစ်ယောက်အနေနှင့် ၀န်ကြီးဦးအောင်မင်းက အိမ်နီးချင်း ထိုင်းနိုင်
ငံအား လူအများရှေ့တွင် ယိုးဒယားနိုင်ငံဟု အသုံးပြု ခေါ်တွင်ခြင်းမှာ မသင့်တော်ကြောင်း နိုင်ငံရေး လေ့လာ အကဲဖြတ်များက သုံးသပ်မှုများ ရှိနေသည်။

အလင်းဝင် ကေအိုင်အေ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန်ရန်သူ သတင်းပေးသူဟု စွပ်စွဲကာ အမှုဖွင့်
RangonNewsDaily:: September 27, 2013
ကေအိုင်အေမှ အလင်းဝင်ရောက်ခဲ့သူ ဒု-ဗိုလ်တစ်ဦးအား မမှန်မကန် ရန်သူ
သတင်းပေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားစွဲတင်ရန် ဒလရဲစခန်းတွင်
စက်တင်ဘာ ၂၄ ရက်က အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဦးသန်းရွှေနှင့်ကျောက်ဆည်မှ ငယ်သူငယ်ချင်း ၃ယောက်
RangonNewsDaily:: September 27, 2013
၂၀၀၅ ခုနှစ်လောက်ကဖြစ်မည်
ဦးသန်းရွှေက သူ့ မွေးရပ်ဇာတိဖြစ်သော ကျောက်ဆည်မြို့သို့ ခေတ္တပြန်ရာ ငယ်သူငယ်ချင်း ၃ယောက် က လာနှုတ်ဆက်သည် ၊အဝတ်နွမ်းများ ဝတ်လာသော ထို သူငယ်ချင်း ၃ ယောက်ကို ကြည့်ပြီး ဦးသန်းရွှေ မသက်မသာဖြစ်နေပုံရသည် ၊
ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့်သတင်း လွဲမှားကြောင်း ရှင်းလင်း
RangonNewsDaily:: September 27, 2013
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်
အိုဟေး ကင်တာနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်းများသည် နားလည်မှု
လွဲမှားခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏
ဆောင်ရွက်မှု လုပ်ရိုးလုပ်စဉ်အရ
နောက်တကြိမ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ် ရှိသေးကြောင်း ကုလ
သမဂ္ဂ၏
မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူ တဦးက ပြန်လည်ရှင်းလင်း ပြောကြားသည်။
RangonNewsDaily:: September 27, 2013
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်းများသည် နားလည်မှု လွဲမှားခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏

အောက်တိုဘာ ၁ ရက်မှ စတင်၍ မီတာလျှောက်ထားခနှင့် ထိန်းသိမ်းခ လျှော့ချမည်
RangonNewsDaily:: September 27, 2013
ရန်ကုန်- လစဉ် ကျပ်တစ်ထောင် ပေးဆောင်နေရသော မီတာထိန်းသိမ်းစောင့်ရှောက်ခနှင့် မီတာအသစ် လျှောက်ထားရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များကို လာမည့်အောက်တိုဘာ ၁ ရက်မှ စတင်၍ လျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

မြန်မာကျော် ပညာရှင်ကြီးများ၏ 'IT' စကားလုံးများ ရှင်းလင်းချက်
RangonNewsDaily:: September 27, 2013
မေး: ဖုန်း Root ဖောက်ခြင်း ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ?
ဖြေ : ဖုန်း Root ဖောက်ခြင်း ဆိုသည်မှာ
ဖုန်းထဲကို မြန်မာစာ Font ထည့်ခြင်းကို ခေါ်၏
--
မေး: Google ဆိုသည်မှာ အဘယ်နည်း?
ဖြေ : Google ဆိုသည်မှာ အင် တာ နက် လိုင်း ကျသွားခြင်းဟုတ်မဟုတ် သေချာအောင် စစ်ဆေးကြည့်နိုင်သောနေရာဖြစ်သည်

အရပ် ၈ ပေနီးပါးရှိသည့် ကိုဝင်းဇော်ဦး အနုပညာလောကသို့ ဝင်နိုင်ရန် စီစဉ်ပေးမည်ဟုဆို
ခွဲစိတ် ကုသမှု အောင်မြင်သွားပြီဖြစ်သည့် ကမ္ဘာ့ ဒုတိယ အရပ်အရှည်ဆုံး လူသား ကိုဝင်းဇော်ဦး (ဓာတ်ပုံ – Soe Zeya Tun / REUTERS) |
RangonNewsDaily:: September 27, 2013
ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သော ခန္ဓာကိုယ် အဆမတန် ထွားကြိုင်းသည့် ရောဂါဝေဒနာ ခံစားနေရသူ ကိုဝင်းဇော်ဦး၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဖြစ် ရုပ်ရှင် အနုပညာလောကသို့ ဝင်ရောက်သွားနိုင်ရန် ကြိုးစား ပေးသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောသည်။

အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်/ကျဉ်းများလွှတ်ရန် ဂျင်မီကာတာနှင့်အဖွဲ့ တိုက်တွန်း
RangonNewsDaily:: September 27, 2013
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာပါဝင်သော ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့(The Elders)က အစ္စလာမ် ဘာသာဝင် များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်ငံရေးအကျဉ်းသားများ အကုန်အစင် လွှတ်ပေးရန် မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းလိုက်သည်။

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေး ရန် မြန်မာနိုင်ငံလာမည်
RangonNewsDaily:: September 27, 2013
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သောOIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံ
သို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။