Pages

Pages - Menu

Friday, September 27, 2013

တောင်တွင်းကြီးမြို့နယ်တွင် ပင်စင်စားများကို စက်တင်ဘာလ ပင်စင် လစာ ထုတ်မပေး

RangonNewsDaily:: September 27, 2013
မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်တွင် ငွေစက်ပျက်နေသော ကြောင့် စက်တင်ဘာလ ပင်စင် များကို မထုတ်ပေးနိုင်ကြောင်း၊ အောက်တိုဘာလ ပင်စင်ခများ ဖြင့် ပေါင်းထုတ်ရန်ဘဏ်တာဝန် ရှိသူများက ပင်စင်လာထုတ်သူ ၂၀၀ ကျော်ကို ပြောကြားခဲ့ ကြောင်း ပင်စင်ထုတ်ရန် လာ ရောက်သူ ဦးခင်မောင်ရင်နှင့် ဦးတံစဉ်သိန်းတို့၏ ပြောပြချက် အရသိရသည်။
““အဘတို့ဒီကနေ မြန်မာ့ စီးပွားရေးဘဏ်သို့ ပင်စင်လာ ထုတ်တာမရခဲ့ဘူး။ ဘဏ်တာဝန် ရှိသူက စက်ပျက်လို့ အောက်တို ဘာမှ ပေါင်းယူဖို့ ပြောလို့ ပြန် လာခဲ့တယ်။ ဒီကိုပင်စင်လာထုတ် တဲ့ သက်ကြီးရွယ်အိုတွေ ကနေရာ ဒေသအသီးသီးမှာနေတဲ့ ပုဂ်္ဂိုလ် တွေခရီးစရိတ်အကုန်ခံပြီး လာရ တာ။ လူ ၂၀၀ ကျော် ၃၀၀နီးပါး ရှိတယ်။ တစ်ဦးမကျန် ပြန်ခဲ့ရ တယ်။

ဒါမျိုးတွေက ဒီအချိန်မှာ မဖြစ်သင့်တော့ပါဘူး။ ပုဂ္ဂလိက ဘဏ်တွေမှာ စက်ပျက်ရင်အရန် စက်ရှိတယ်။ ငွေထုတ်လည်း မကြာဘူး။ ထုတ်သွင်း ၁၀ မိနစ် လောက်ပဲကြာတယ်။ အာဏာ ကုန် မိနစ် ၂၀ ပေါ့။ ဒီမှာက တစ် နေကုန်ပဲပြောပါတော့။ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေကို အတုယူဖို့ လိုပါတယ်။ အချိန်မီ ပြင်ဆင်ဖို့ လိုပါတယ်။
::
ဦးတို့သိတာက နိုင်ငံ့ ၀န်ထမ်းတွေရဲ့ လစာရယ်၊ပင်စင် လစာရယ်က သူသတ်မှတ်တဲ့ရက် တွေမှာ ထုတ်ကိုပေးရပါတယ်။ အခုလို အရပ်ထဲက ဈေးရောင်း ၀ယ်သူတွေလုပ်သလိုပေါင်းထုတ် ခိုင်းတာမျိုး မကြားဖူးပါဘူး။ သက်ကြီးရွယ်အို ပင်စင်စားတွေ အပေါ် နားလည်မှုရှိသင့်ပါတယ်။ ပင်စင်ထုတ်ရင် မြို့ပေါ်က လာ တာတောင်ခရီးစရိတ်၅၀၀/၇၀၀ ကုန်တယ်။

ရပ်ဝေးကျေးလက် တောရွာကလာတဲ့သူတွေကြတော့ ၂၀၀၀/၃၀၀၀လောက်ကုန်တယ်။ လာရတဲ့သူတွေကမိုးလေတွေထဲ မှာ လာရတယ်။ ရာခိုင်နှုန်းပြည့် က ကျန်းမာရေးချို့တဲ့သူတွေပါ။ တချို့က ဒီပင်စင်ထုတ်ပြီးမှ ဆေး ၀ယ်ရတယ်။ တချို့ကဈေးဝယ် ပြီး ပြန်ကြတာတွေရှိတယ်။

အခု လို ဖြစ်လိုက်တော့ ဘာမှမ၀ယ် နိုင်တဲ့အပြင် အပြန်လမ်းစရိတ် တောင် မရှိလို့ ပင်စင်စားခြင်း လမ်းစရိတ်ချေးရတာတွေ ရှိတယ်။တချို့က ဘေးကလမ်းစရိတ်ချေး ပြန်ရတာတွေရှိတယ်။
::
ဒါမျိုးတွေမဖြစ်အောင် ဆောင်ရွက်ဖို့နိုင်ငံ တော်တာဝန်ရှိသူတွေမှာတာဝန် ရှိတယ်”” ဟု ၂၄-၉-၂၀၁၃ ရက် နံနက်က အသက် ၉၀ ကျော် ဦးတံစဉ်သိန်းနှင့် အသက် ၇၆နှစ် ရှိ ဦးခင်မောင်ရင်တို့ နှစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

hot news::-- , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment