Pages

Pages - Menu

Friday, September 27, 2013

ရန်ကုန်မြို့၇ှိ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စာရင်း ကောက်ယူတော့မည်

RangonNewsDaily:: September 27, 2013
ရန်ကုန်မြို့ မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း စာရင်း အမှန် ကို ရဖို့ ယခု ဘဏ္ဍာနှစ် ကုန်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အင်အား သုံးပြီး သန်းခေါင် စာရင်း ကောက်ယူ တဲ့ ပုံစံ အတိုင်း စာရင်း ကောက်ယူ မယ် လို့ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က သိရပါတယ်။ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင် က “ရန်ကုန် က အခန်း တော်တော် များများ က ငှားစား ထားတယ်။
ဝင်ငွေ ရှိတယ်။ ဝင်ငွေ ခွန် မဆောင် ကြဘူး။ ဒါကို ဘယ် အခန်း ကတော့ ငှားစား ထားတယ်။ တစ်လ မှာ ဝင်ငွေ ဘယ်လောက် ရှိတယ်၊ ဒါတွေ ကို တစ်အိမ်ဝင် တစ်အိမ် ထွက် စာရင်း ကောက် သွားမယ်” လို့ ပြော ပါတယ်။

အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့မှာ ရန်ကုန်မြို့ ရဲ့ လုပ်ငန်းရှင် စာရင်း ရှိ ပေမယ့် နောက်တိုး လုပ်ငန်း တွေ နဲ့ အိမ်တွင်း လုပ်ကိုင် နေတဲ့ လုပ်ငန်း တွေ စာရင်း ကို ကောက်ခံ မှာ ဖြစ်တယ် လို့ သိရပါတယ်။

ရရှိ လာတဲ့ လုပ်ငန်း အချက် အလက် တွေ ကို အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး အဖွဲ့ က စာရင်း သွင်းပြီး အခွန် စည်းကြပ် မယ် လို့ သိရပါတယ်။
::
အခွန် ကောက်ခံ မှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က လုပ်ငန်း စာရင်းတွေ ကို ကောက်ယူတဲ့ အချိန်မှာ ကျောင်း ပိတ်ရက် ကြုံတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေ ကို ခေါ်ယူ နိုင်ဖို့ သက်ဆိုင်ရာ ကျောင်း ပါမောက္ခ ချုပ် တွေနဲ့ ညှိနှိုင်း နေတယ် လို့ သိရ ပါတယ်။

စီးပွားရေး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေ ကို အဓိက ခေါ်ယူ မယ် လို့ သိရပါတယ်။ မြို့နယ် တစ်ခု နဲ့ တစ်ခု ကို အကျယ်အဝန်း အနည်း အများ ပေါ် မူတည်ပြီး ကျောင်းသား ကျောင်းသူ အင်အား သုံးစွဲ မှာ ဖြစ်တယ်။
::
အခွန် ပိုမို စည်းကြပ် နိုင်ဖို့ အာရှ ဖွံ့ဖြိုးရေး ဘဏ် ( ADB Bank ) က အခွန် ကောက်ခံမှု စိစစ်ရေး ဘုတ် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့ သိရှိရ ပါတယ်။

မော်ဒန် ဂျာနယ် ::-- , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment