RangonNewsDaily:: September 27, 2013
ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည်
ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟုစွပ်စွဲကာ ကျောင်း
သား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။
“ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုးပေးထားတဲ့ အစီအစဉ်လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့ တိုင်သွားတယ်”ဟု အဆို
ပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက မဇ်္ဈိမကို ပြောသည်။
တိုင်ကြားခံရသူ ကျောင်းဆရာမှာ ၀န်ထမ်းလုပ်သက်၂၂ နှစ်ရှိပြီဖြစ်သည်။
::
ကျောင်းဆရာနှင့် ကျောင်းသားတို့ ကျောင်း အိမ်သာအတွင်းအတူ ရှိနေသည်ဟု စွပ်စွဲကာ ကျောင်းသားမိဘ
များ က တိုင်ကြားကြခြင်းဖြစ်သည်။ ““ဘောင်းဘီ ၀တ်ထားရင် ဘောင်းဘီမျှော့ကြိုးကို ဖြည်ပြီး ဆရာကြီးက အတင်းနှိုက်တဲ့ အကြောင်း ကလေးက ပြောတယ်။ ကလေးက မေးလို့ မရဘူး။ ငိုဘဲငိုနေတယ်” ဟု ကျောင်း
သား မိဘက ပြောသည်။
::
ကျောင်းသားမိဘများ၏တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်း
သို့ ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲခံရသူ ကျောင်းဆရာနှင့် ဆွေးနွေးရန်ရှိသည်ဟု ပြန်လည်ဖြေကြားသည်
။ စွပ်စွဲခံရသူ ကျောင်းဆရာကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြင်းဆိုထားသည်။
ရေခဲ (ပြည်)
Mizzima - News::-- , RangonNewsDaily
kolatt (Pabedan)

No comments:
Post a Comment