မန္တလေး၌ ဆီးဂိမ်းပွဲအတွက် ရဲတပ်ဖွဲ့ သီးသန့်ထားရှိမည်
RangonNewsDaily:: September 27, 2013
(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို
မကြာမီကျင်းပတော့မည်ဖြစ်ရာ မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့်
အားကစားပြိုင်ပွဲများ၏ လုံခြုံရေးအတွက် သီးသန့်လုံခြုံရေးအဖွဲ့အစည်းတစ်ရပ်အား ဖွဲ့စည်းထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ `အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရင်
လုံခြုံရေးပိုင်းဆိုင်ရာကို လုပ်ဆောင်ဖို့အတွက် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး ထဲမှာ ဆီးဂိမ်းရဲတပ်ဖွဲ့အဖြစ် သီးသန့်ဖွဲ့စည်းသွားမှာ
ဖြစ်ပါတယ်၊
သက်ဆိုင်ရာနယ်မြေတွေမှာ တာဝန်ရှိကျနေတဲ့ ရဲတွေနဲ့ မတူပဲ
သီးသန့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်´ဟု အဆိုပါ
ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် သီးသန့်လုံခြုံရေးပိုင်းဆိုင်ရာများကို လုပ်ဆောင်သွားနိုင်ရန်၊ မန္တလေးမြို့အတွင်း လုံခြုံရေး အဖွဲ့ဝင်များဖြင့် တာဝန်ယူမှုကွဲပြားသွားစေရန်နှင့်
သီးသန့်ဖွဲ့စည်းထား၍ လုံခြုံရေးကိုနေရာအလိုက် ပိုမိုလုပ်ဆောင်နိုင်ပြီး
လိုအပ်သည့် အကူအညီများကို ချက်ချင်းပေးနိုင်ရန်အတွက် ယခုကဲ့သို့
ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
`ဆီးဂိမ်းပြိုင်ပွဲတွေ ကျင်းပတဲ့အခါမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေအနေနဲ့လည်း
ဌာနက ပေးထားတဲ့ အိုင်တီကတ်အပြင် သီးသန့် ပြိုင်ပွဲအတွက်
ကဒ်တွေကိုပြုလုပ်ပြီး သေချာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အဲဒီအတွက်
ပြင်ဆင်ဖို့ နေပြည်တော်ကို သွား ရောက်ပြီ ဖြစ်ပါတယ်´ဟု
အဆိုပါရုံးမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်မှုများအပြင် မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း
လိုအပ်သည့် ပြင်ဆင်မှု များအား ပြုလုပ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း၊
သီးသန့်အဖွဲ့တစ်ခု အနေဖြင့်တော့ ဖွဲ့စည်းသွားရန်မှာ မလွယ်ကူ ကြောင်း၊
ဆီးဂိမ်းကျင်းပရာနေရာရှိလမ်းများကို သီးသန့်တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားရန် အစီအစဉ် မရှိဟု သိရသည်။
`ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဆီးဂိမ်းပြိုင်ပွဲအတွက် သီးသန့်ဖွဲ့စည်း
သွားဖို့မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ယာဉ်ထိန်းရဲ ဆိုတာက တစ်နေရာတည်းမှာ
ရပ်နေပေမယ့် မျက်စိနဲ့မြင်နေရတဲ့နေရာအထိ တာဝန်ယူဆောင်ရွက်ရတဲ့အပြင်
ယာဉ်ထိန်းရဲ အင်အားကလည်း နည်းတဲ့အတွက် ပုံမှန်အတိုင်းပဲ လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်´ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လမ်းများကိုရှုပ်ထွေးမှုမဖြစ်စေရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်
တစ်လမ်းမောင်း သီးသန့်စနစ်ကိုကျင့်သုံးမည် မဟုတ်ကြောင်း၊
အချက်ပြမီးပွိုင့်များကိုသာ တိုးချဲ့တပ်ဆင်ကာ ယာဉ်ကြောရှင်း လင်းခြင်းကို
ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ၂၆ရက်နေ့မှ ရေတွက်လျှင် ဆီးဂိမ်းပြိုင်ပွဲကျင်းပရန်မှာ ၇၅ရက်သာလိုတော့ သည်။
မင်းခန့်-မန္တလေး(မြစ်မခ), RangonNewsDaily
kolatt (Pabedan)
No comments:
Post a Comment