Pages

Pages - Menu

Thursday, August 8, 2013

တာဝန်မှ အနားယူခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ

(အမှတ်၊ ၅၂ /၂၀၁၃)

Pakistan နိုင်ငံတွင် အီဒ်လမြင်ပြီ

RangonNewsDaily:: Aug 8, 2013

ပါက္ကစတန်နိုင်ငံရောက် မြန်မာမွတ်စလင်များနှင် အစ္စလာမ်ဘာသာဝင်များ ပါက္ကစတန်နိုင်ငံတွင် အီးဒ်လမြင်ကြောင်း သတင်းအတည်ပြုပါပြီ။

အီးဒ်နေ့ဖတ်ရမည့် သက်ဗီရ်နှင့် အဓိပါယ်

RangonNewsDaily:: Aug 8, 2013

“Allaahu akbar, Allaahu akbar, Allahu akbar laa ilaaha ill-Allaah, wa Allaahu akbar, Allaah akbar, wa Lillaah il-hamd

ဦးနေမျိုးဝေ ၏အစ္စလာမ်အပေါ်ပုတ်ခတ်စော်ကားချက်များ အခြေခံဥပဒေပုဒ်မများဖြင့် ညိစွန်းနေပြီး ကမ္ဘာ့အလည် မြန်မာတို့မျက်နှာငယ်စေမည့်အပြုအမှုပာု ဥပဒေပညာရှင် ဦးအုန်းမောင်ဝေဖန်

Photo: ဦးနေမျိုးဝေ ၏အစ္စလာမ်အပေါ်ပုတ်ခတ်စော်ကားချက်များ အခြေခံဥပဒေပုဒ်မများဖြင့် ညိစွန်းနေပြီး ကမ္ဘာ့အလည် မြန်မာတို့မျက်နှာငယ်စေမည့်အပြုအမှုပာု ဥပဒေပညာရှင် ဦးအုန်းမောင်ဝေဖန်

Kolatt(PBDN) :: Aug 8, 2013

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပြစ်မှုဆိုင်ရာဥပဒေ တို့နဲ့ညိစွန်းနေတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က Mizzima Youth Network ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

ဦးနေမျိုးဝေ ဦးဆောင်တဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ ၂၀၊ ၅၊ ၂၀၁၃ ရက်စွဲနဲ့ဖြန့်ချိခဲ့တဲ့ ကုရ်အာန်ကျမ်း ပြသနာဖြေရှင်းခြင်း စာတမ်းပာာ အစ္စလာမ်ဘာသာအပေါ် မပာုတ်မမှန် စွပ်စွဲပုတ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် အဆိုပါ အမုန်းတရားကိုဖြစ်စေမယ် ၀ါဒဖြန့်ချိမှုတွေပာာ အထက်ပါဥပဒေတွေနဲ့ညိစွန်းနေတာဖြစ်တယ်လို့လည်း အထက်ပါဥပဒေပညာရှင်ရဲ့ပြောကြားချက်အရ သိရပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေ ရဲ့မွတ်စလင်မ်ဆန့်ကျင်ရေးလုပ်ဆောင်ချက်တွေပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၆ ပြဌန်းချက်ကို ဖောက်ဖျက်ကျုးလွန်ထားပြီး ယင်းဥပဒေပုဒ်မ -၆ (ခ) (ဂ) (ဃ) (င) နှင့် ယင်းနည်းဥပဒေပုဒ်မ-၁၅ (ခ) (ဂ) (ဃ) (င) တို့နှင့်ညိစွန်းနေကြောင်း၊ဒါ့အပြင်

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၂၀ (က) (ဂ)၊ပုဒ်မ ၃၄၊ ပုဒ်မ-၃၅၄၊ ပုဒ်မ ၃၆၄၊ ပုဒ်မ- ၃၈၄၊ပုဒ်မ ၃၈၇ တို့နှင့်ဆန့်ကျင်ညိစွန်း နေကြောင်း၊ထိုမျှမက

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၅၃ (က)၊ ၂၉၅ (က)၊ ၂၉၈၊ ၅၀၅(ခ)တို့နဲ့လည်းညိစွန်းနေကြောင်း PCN မှနာယက တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်တွေနဲ့ ဝေဖြန်ထောက်ပြလိုက်တာဖြစ်ပါတယ်။ဒါ့အပြင်ဦးနေမျိုးဝေ ရဲ့လုပ်ဆောင်ချက်တွေပာာ ဥပဒေပုဒ်မတွေနဲ့ညိစွန်းနေတဲ့အပြင် မြန်မာ့နိင်ငံရေး မှာ ပဋိပက္ခတွေ၊ အဓိကရုန်းတွေဖြစ်အောင် လှုံ့ဆော်ပြီး တိုင်းပြည်ပျက်ရင် ဖျာဝင်ခင်းဖို့၊မိမိနာမည်ကြီးဖို့ကိုလုပ်ဆောင်နေခြင်းလည်းဖြစ်တယ်လို့ အထက်ပါဥပဒေပညာရှင်က ပြောပါတယ်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌရဲ့လုပ်ဆောင်ချက်တွေပာာ ဘာသာနှစ်ခုအကြားပဋိပက္ခဖြစ်နိင်ရုံမျှမက ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်သိက္ခာပါ ကျဆင်းစေနိင်တယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဝေဖန်ပါတယ်။

"ကျမ်းမြတ်ကုရ်အာန်မှပါဒတော်အချို့ကို တစ်ပိုဒ်ချင်းခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဝေဖန်ဆော်ကားချက်များသည် မြန်မာနိင်ငံသားဗုဒ္ဓဘာသာဝင်များနှင့် မြန်မာနိင်ငံသား အစ္စလာမ်ဘာသာဝင်များအကြားပဋိပက္ခဖြစ်ပွားရုံဖြင့် ပြီးမည့်ကိစ္စမပာုတ်ဘဲ ကမ္ဘာ့သာသနာကြီးနှစ်ခုအကြား ကမ္ဘာနှင့်အ၀ှမ်း မလိုလားအပ်သည့် ပြသနာဂယက်များ ရိုက်ခတ်ပေါ်ပေါက်လာမည်ကို မစဉ်းစားမဆင်ခြင်ပဲ အမျှော်အမြင်နည်းပါးစွာဖြင့် ဘာသာရေးလုပ်ကြံမှုကြီးဖြစ်ပါသည်။ကမ္ဘာ့အလယ်တွင် မြန်မာကို မျက်နှာငယ်အောင်လုပ်ခြင်းဖြစ်ပါသည်"ပာုတရားလွတ်တော်ရှေ့နေကြီး ဦးအုန်းမောင်က အခမ်းအနားတွင် ဌင်းဖတ်ကြားသည့် အထက်ပါကိစ္စရပ်များနှင့်စပ်လျှဉ်းသည့် တရားဥပဒေရှု့ထောင့်သုံးသပ်ချက်စာတမ်းတွင်ဖေါ်ပြထားသည်။

ဦးနေမျိုးဝေ ရဲ့အစ္စလာမ်သာသနာအပေါ် မပာုတ်မမှန်စွပ်စွဲရေးသားချက်တွေကို အစ္စလာမ့် ပညာရှင်တစ်ဦးဖြစ်တဲ့ အယ်ပာာဂ်ျ ခလီဖွာ ဆရာဦးအေးလွင် က"ဦးနေမျိုးဝေ၏ ကုရ်အာန်ကျမ်း ပြသနာဖြေရှင်းခြင်း စာတမ်းပါ လုပ်ကြံစွပ်စွဲချက် များအား ရှင်းလင်းချေပခြင်း" ဆိုတဲ့စာအုပ်ငယ်ရေးသားပြီးရှင်းလင်းထားကြောင်းကို လည်းအထက်ပါ ပွဲမှာ အသိပေးကြေညာခဲ့ပါတယ်။

"သူနဲ့လည်းစကားစစ်ထိုးဖို့အစီအစဉ်မရှိပါဘူးကျမ်း(ကျမ်းတော်မြတ်ကုရ်အာန်)ကို ပုံပျက်ပန်းပျက်လုပ်ထားတဲ့အတွက် အဲဒါမပာုတ်ပါဘူးဆိုတာ ရိုးသားဖြူစင်တဲ့ သူများကိုသိစေဖို့အတွက်ပဲဖြစ်ပါတယ်"လို့လည်း ဆရာဦးအေးလွင်က ကုရ်အာန်ရဲ့စစ်မှန်တဲ့ မှုရင်း အဓိပ္ပါယ်တွေအကြောင်းရှင်းလင်းတင်ပြချိန်မှာပြောကြားသွားပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ပာာ ကမ္ဘာ့ဘာသာကြီးအသီးသီးအနက် မှုရင်းဘာသာစကားနဲ့ ဆက်လက်တည်ရှိနေတဲ့ တစ်ခုတည်းသောကျမ်းစာလည်းဖြစ်ပါတယ်။

ဦးနေမျိုးဝေပာာ ယမန်နှစ်တုန်းကလည်း မြန်မာမွတ်စလင်မ်ကွန်ရက် နာယက ဒေါက်တာမြင့်သိန်းကို မပာုတ်မမှန်သတင်းနဲ့ ၀ါဒဖြန့်ချိခဲ့ဖူးသူလည်းဖြစ်ပါတယ်။Mizzima Youth Network က ကောလပာလများမှ အမှန်တရားဆီသို့ဆိုတဲ့ဆောင်ပုဒ်နဲ့ ယခုလ ၇ ရက်နေ့ကYMCA ခမ်းမမှာကျင်းပခဲ့တဲ့ အခမ်းအနားကိုတက်ရောက်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့မွတ်စလင်မ်မပာုတ်သူတွေပာာ စုပေါင်းဝါဖြေပွဲနဲ့ ညစာစားပွဲကိုလည်း စုစည်းညီညွတ်စွာဆက်လက်ဆင်နွဲခဲ့ကြပါတယ်။

ကိုပေါက်(မြန်မာမွတ်စလင်မ်မီဒီယာ CJ)

RangonNewsDaily:: Aug 8, 2013

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပာာ နိင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပြစ်မှုဆိုင်ရာဥပဒေ တို့နဲ့ညိစွန်းနေတယ်လို့ တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်က Mizzima Youth Network ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

မြေငလျင်သတင်း

RangonNewsDaily:: Aug 8, 2013

(မြန်မာစံတော်ချိန် ၀၇း၃၀နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၀)မိနစ်၊ (၂၆)စက္ကန့်အချိန်တွင်

India Eid together Myanmar

Photo: India Eid together Myanmar 

Kolatt(PBDN) :: Aug 8, 2013

အီဒ်းလမြင်ခြင်းကို မြန်မာနိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံတွင်လည်း တပြိုင်နက်တည်းမြင်တွေ့
ခဲ့ကြောင်းသတင်းရရှိပါသည်။

Moon seen in some areas of Hyderabad, Bangalore,Kolkatta, Patna

Eid will be on friday In India...By Hilal Committee

Î Âm Mûslîm

RangonNewsDaily:: Aug 8, 2013

အီဒ်းလမြင်ခြင်းကို မြန်မာနိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံတွင်လည်း တပြိုင်နက်တည်းမြင်တွေ့
ခဲ့ကြောင်းသတင်းရရှိပါသည်။

ဆန်းဦးစ လ မြင်တွေကြောင်းအတည်ပြုခြင်း

ဆန်းဦးစ လ မြင်တွေကြောင်းအတည်ပြုခြင်း

Kolatt(PBDN) :: Aug 8, 2013

ဆန်းဦးစ လ မြင်တွေ့သဖြင့် မနက်ဖြန် ၉-၈-၂၀၁၃ သောကြာနေ့သည် ရှောင်ဝလ်လဆန်း(၁)ရက် (အီဒွလ်ဖိသိရ်နေ့)ဖြစ်ကြောင်း အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။

လမြင်သည့်မြို့- ကော့သောင်းမြို့

RangonNewsDaily:: Aug 8, 2013

ဆန်းဦးစ လ မြင်တွေ့သဖြင့် မနက်ဖြန် ၉-၈-၂၀၁၃ သောကြာနေ့သည် ရှောင်ဝလ်လဆန်း(၁)ရက် (အီဒွလ်ဖိသိရ်နေ့)ဖြစ်ကြောင်း အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း

Photo: ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း 
Thursday, August 8, 2013

ထိုင်းနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ့် ဥပဒေကြမ်းကို  ဗုဒ္ဓဟူးနေ့က စတင်ပြီး လွှတ်တော်အမတ်တွေ ဆွေးနွေး ငြင်းခုန်နေကြပါပြီ။

အစိုးရက ကမကထပြုတဲ့ ဒီဥပဒေအရ ဆိုရင် ၂၀၀၆ စက်တင်ဘာ ၁၉ နောက်ပိုင်း မငြိမ်မသက်မှုတွေနဲ့ ဆက်စပ် ပတ်သက်ပြီး  ပြစ်ဒဏ်ပေးခံရသူတွေကို လုံးဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပါတယ်၊ 
အဲဒီ စက်တင်ဘာ ၁၉ ဆိုတာကလည်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ပြည်ပရောက်နေတုန်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ကာလပါပဲ။

ဒီဥပဒေကြမ်းမှာ  မစ္စတာ သက်ဆင်အကြောင်း ပါဝင်ခြင်း မရှိပေမယ့်လည်း အတိုက်အခံနိုင်ငံရေးသမားတွေကတော့ ဒါကို အသည်းအသန် ကန့်ကွက်နေကြပါတယ်။
အတိတ်ကာလလူထုအုံကြွမှုတွေ နှိမ်နင်းခံရမှုမှာ တာဝန်ရှိသူတွေကို ဘေးမဲ့ပေးရာရောက်လိမ့်မယ်လို့ သူတို့က ထောက်ပြနေကြတာပါ။

မူရင်း သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာ http://www.irrawaddy.org/archives/41568 မှာ ဖတ်နိုင်ပါတယ်။

မစ္စတာ သက်ဆင်ရဲ့ နှမ ရင်လပ်ရှင်နာဝပ်က လက်ရှိဝန်ကြီးချုပ်ဖြစ်နေပါပြီ။ အစိုးရအဖွဲ့ဝင်တွေကလည်း မစ္စတာ သက်ဆင်ရဲ့ သစ္စာခံတွေပါပဲ။

အတိုက်အခံတွေ စိုးရိမ်စရာဖြစ်နေတာကတော့ ဒီဥပဒေ အတည်ပြုမိရင်  ရင်လပ်ရှင်နာဝပ်က ဒီဥပဒေရဲ့ အားနည်းချက်ကို အသုံးချပြီး သူ့အစ်ကို ပြည်တော်ပြန်ရေး လုပ်သွားလိမ့်မယ် ဆိုတဲ့အချက်ပါ။

မနေ့က လွှတ်တော်မှာ ငြင်းခုံဆွေးနွေးမှု အစမပြုခင် အတိုက်အခံပါတီဝင် နှစ်ထောင်ခန့်က လွှတ်တော်အဆောက်အအုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီ
ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံရှေ့ ဆန္ဒပြမှုမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲများနဲ့ ထိုင်းအလံမျက်နှာဖုံးတပ် ဆန္ဒပြသူတဦး (ဓာတ်ပုံ -  Reuters / Athit Perawongmetha)
ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့ လွှတ်တော်အဆောက်အအုံရှေ့ ဆန္ဒပြမှုမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲများနဲ့ ထိုင်းအလံမျက်နှာဖုံးတပ် ဆန္ဒပြသူတဦး (ဓာတ်ပုံ - Reuters / Athit Perawongmetha)
RangonNewsDaily:: Aug 8, 2013

ထိုင်းနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်မယ့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့က စတင်ပြီး လွှတ်တော်အမတ်တွေ ဆွေးနွေး ငြင်းခုန်နေကြပါပြီ။

ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်းများ ပြင်ပတွင် သုံးဆခန့်ဈေးမြင့်

RangonNewsDaily:: Aug 8, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် တရားရုံးနှင့် ပတ်သက်သော စာရွက်စာတမ်းများအတွက် ဝယ်ယူအသုံးပြုရသော ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်း၊ စာချုပ်ခေါင်းများသည် သတ်မှတ်ဈေးနှုန်းထက် သုံးဆခန့် ပေးဝယ်ယူနေရကြောင်း တရားရုံးနှင့် ချိတ်ဆက် ဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ

Photo: လေပေါ်တွင်ပျံသန်းနိုင်သော ငါးများ
Thursday, August 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော
ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့်
ကွဲပြားစွာ တွေ့ရသည်။

လေပေါ်တွင်ပျံသန်းနိုင်သော ငါးမျိုးများ မှာ မျိုးစိတ်ပေါင်း (၆၄)ရှိ ကြပြီး အုပ်စုအနေဖြင့် (၇) မှ (၉) စုထိရှိနေကြသည်။

အဆိုပါငါးများသည် အလွန်အားကောင်းသော အမြီးများပိုင်ဆိုင်
ထားကြပြီး ၄င်းဖြင့် ရေထဲမှ အရှိန်ယူကာ လေထုထဲသို့ ပျံတက်ခြင်းပြုလုပ်
ကြခြင်းဖြစ်သည်။

လေထုထဲသို့ရောက်ရှိချိန်တွင် ကိုယ်တွင်ရှိသော ရေယက်တောင်
များကို ဖြန့်ပြီး ရေပြင်ထက် ရှိလေထုတွင် လေဟုန်စီး ၍ပျံသန်း တက်ကြသည်။

ယနေ့ခေတ်တွင် တွေ့ရှိရသော ထိုငါးမျိုးစိတ်များ သည် လွန်ခဲ့သောနှစ်သန်းပေါင်း (၆၅) ခုမှ စတင်တည်ရှိခဲ့ ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာ နေသော ပညာရှင်များမှ အတည်ပြုခဲ့ကြ ကြောင်းသိရသည်။

ှအိန္ဒိယ ၊ အက်တလန်းတစ် နှင့် ပစီဖိတ် သမုဒ္ဒရာ တို့တွင် အဆိုပါ
ငါးပျံများ ထဲမှ (၅၂) မျိုးကို တွေ့ရှိနိုင်ကြောင်း သိရသည်။

ref: BBC
Hau Sian Siam ( MM Social Sky )

RangonNewsDaily:: Aug 8, 2013

ကမ္ဘာပေါ်တွင် ငါးမျိုးစိတ် များစွာသည် မတူခြားနားသော ပုံစံမျိုးစုံဖြင့် လှပစွာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ဖွယ် ၊ ချစ်စဖွယ်ဖြင့် ကွဲပြားစွာ တွေ့ရသည်။

လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်

Photo: လယ်သိမ်းဆည်းခံရမှုအတွက် ၆၆၅ မိုင်ကွာ လိုင်ဇာသို့ လမ်းလျှောက်မည်
Thursday, August 8, 2013

တောင်ငူခရိုင်အတွင်းရှိ အသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ သံဃာတော်တစ်ပါး အပါအဝင် လယ်အကျိုးဆောင်တစ်ဦးနှင့် တောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦးတို့က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူမြို့နှင့် မိုင်ပေါင်း ၆၆၅ မိုင်ကျော် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း လယ်သမား အကျိုးဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

ပထဝီမြေပုံအရ တောင်မြောက် ရှည်လျားစွာ တည်ရှိသည့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် တောင်သူလယ်သမားများကို ရည်စူး၍ တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း တောင်သူ လယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့တို့တွင် ၁၉၉၂ ခုနှစ်မှစ၍ အမှတ် ၇၀၁၃ သံချပ်ကာတပ်ရင်း၊ အမှတ် ၉၀၃ အမြောက်တပ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများက သိမ်းယူကာ သီးစားခ ရယူပြီး နီးစပ်သူများကို လုပ်ကိုင်ခွင့် ချထားပေးခဲ့သည့် လယ်ယာမြေဧက ၃၅၀ ခန့်ကို မူလတောင်သူများက ပြန်လည် ရရှိလိုခြင်းကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိသူများ သိရှိစေရန် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်ဧက ၁၃ ဧကခန့် သိမ်းဆည်းခံခဲ့ရသူ တောင်သူဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်မှုကို တောင်ငူမြို့ ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အကြာ အရောက်သွားမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ချီတက်မည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်များထံသို့ သြဂုတ်လ ၅ ရက်နေ့တွင် အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း အဆိုပါလမ်းလျှောက် ချီတက်မည့် အဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လိုင်ဇာသို့ လမ်းလျှောက်မည့် တောင်သူလယ်သမား ၁၄ ဦး၊ သံဃာတော်တစ်ပါးနှင့် အကျိုးဆောင်တစ်ဦးကို သြဂုတ်လ ၁၃ ရက်နေ့တွင် တရားဝင် ချီတက်လမ်းလျှောက် ခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော် တပ်ရင်းတပ်ဖွဲ့များက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ရသော လယ်မြေများကို ပြန်လည် ပေးအပ်မည်ဟု ပြောကြားထားသော်လည်း တောင်သူများ ပြန်ရရှိသည်မှာ ပုဒ်မ ၄၇၇ သာ ဖြစ်ကြောင်း အမှတ် ၇၀၁၃ သံချပ်ကာ တပ်ရင်းမှ နယ်မြေကျော်နင်းမှုဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် အမှုဖွင့်ခံထားရသူ လယ်ယာမြေ အကျိုးဆောင် ဦးခင်ဇော်က ပြောကြားသည်။

“ဦးပဉ္စင်းက တောမှာနေတော့ တောင်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကိုယ်တိုင်သိမြင်နေရတာကြောင့် သူတို့ ဖြစ်အင်တွေကို မကြည်ရက်လို့ တောင်သူတွေနဲ့အတူ ကိုယ်တိုင် လိုက်ပါလမ်းလျှောက်မှာပါ” ဟု တောင်ငူမြို့နယ် ဝဲဒေါင့်ကျေးရွာ ဘုရားကုန်းတိုက်ကျောင်းမှ အရှင်တိလောက က မိန့်ကြားသည်။

၁၉၉၂ ခုနှစ်တွင် သံချပ်ကာတပ်ရင်း အမှတ် ၇၀၁၃ က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် လယ်မြေဧက ၆၀၀ နီးပါးကို သိမ်းယူခဲ့ပြီး ပိုလျှံလယ်မြေဧက ၃၀၀ ခန့်ကို ပြန်လည် ရရှိနိုင်ရန်အတွက် ဇွန်လ ၁၉ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ ၁၀ ဦးနှင့် တောင်သူလယ်သမား အကျိုးဆောင်တစ်ဦးကို တပ်ရင်း တာဝန်ရှိသူများက ပုဒ်မ ၄၇၇ ဖြင့် တရားစွဲဆိုထားရကြောင်း လယ်မြေဧက ၁၃ ဧက သိမ်းဆည်းခံခဲ့ရပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ တောင်သူဦးပွေးက ပြောကြားသည်။

“ပါတီအနေနဲ့ ဘာတွေကူညီပေးနိုင်မလဲဆိုတာ လေ့လာပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမှာပါ” ဟု တောင်ငူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်သမား၊ လယ်သမားရေးရာ ကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ခုမှ ရန်ကုန်နှင့် မုံရွာမြို့များမှတစ်ဆင့် ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။

ယခုချီတက် လမ်းလျှောက်မှု ပြီးစီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု တို့မှ လယ်အသိမ်းခံရသည့် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအထိ ချီတက်လမ်းလျှောက်ရန် ရည်မှန်းထားကြောင်း တောင်သူလယ်သမား အကျိုးတော်ဆောင် ဦးခင်ဇော်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: Aug 8, 2013

တောင်ငူခရိုင်အတွင်းရှိ အသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် ပတ်သက်၍ သံဃာတော်တစ်ပါး အပါအဝင် လယ်အကျိုးဆောင်တစ်ဦးနှင့် တောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦးတို့က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူမြို့နှင့် မိုင်ပေါင်း ၆၆၅ မိုင်ကျော် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း လယ်သမား အကျိုးဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း

Photo: ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း
Thursday, August 8, 2013

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။

မိုးပျံကားလမ်း၊ တံတားများနဲ့ ရှုပ်ထွေးနေပေမယ့် ယာဉ်လမ်းကြောပိတ်ဆို့မှု မရှိပါဘူး။ သူ့လမ်းကြောနဲ့သူ သတ်မှတ်ထားတဲ့ ယာဉ်မောင်းမိုင်နှုန်းကို ပုံသေ သတ်မှတ်ထားပါတယ်။ အဲ့ထက်ပိုမောင်းမယ် သို့မဟုတ် လျော့မောင်း မယ်ဆိုရင် လမ်းဒေသတွင်း CCTV ကင်မရာနဲ့ ဂြိုလ်တု ကင်မရာက Track လုပ်ပြီး ယာဉ်စည်းကမ်းထိန်းသိန်းရေး Admin Server ကိုလှမ်း အကြောင်းကြားပါတယ်။


တစ်ရက်တစ်ရက် ကားအစီးရေသွားလာမှုနှုန်း သိန်းချီရှိတဲ့ ယင်း နေရာကို ကမ္ဘာ့ အရှုပ်ထွေးဆုံး ကားလမ်းများ တည်ရှိရာ နေရာများမှ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: autoblog
ရိုးရာလေး Automobile

RangonNewsDaily:: Aug 8, 2013

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။

ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ

Photo: ကင်ညာ နိုင်ရိုဘီ နိုင်ငံတကာ လေဆိပ် မီး အကြီးအကျယ် လောင်၍ ပိတ်ခဲ့ရ
Thursday, August 8, 2013

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

ထိုသို့ ပိတ်ထားလိုက်သော လေဆိပ်သည် အရှေ့အာဖရိက ဒေသ၏ အလုပ် အများဆုံး လေယာဉ် အကူးအပြောင်း လုပ်ရာ လေဆိပ်လည်း ဖြစ်ကာ အရေးပေါ် ဆင်းသက်ရေး တစ်ခုအတွက်သာ ဆင်းသက်ခွင့် ပြုထားပေ သည်။

ဥရောပမှ လာမည့် လေယာဉ်များ အပါအဝင် အခြား ကမ္ဘာအနှံ့ လေယာဉ် များ ဆိုက်ကပ်မည့် နံနက် ၅ နာရီခန့် အချိန်လောက်တွင် ဆိုက်ရောက် ဌာနသို့ မီးစတင် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေဆိပ်ကို မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ကို မကြေညာသေးပေ။

ထို့ကြောင့် ဆိုက်ရောက်လာသည့် လေယာဉ်များကို အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ မြို့တော် မွန်ဘာဆာသို့ လမ်းကြောင်း ပြောင်း၍ ဆိုက်ကပ်စေလျက် ရှိသည်။

အချို့ လေယာဉ်များကို ယူဂန္ဒာ၊ ရဝမ်ဒါ လေဆိပ်များသို့လည်း ပြောင်းလဲ ဆင်းစေခဲ့ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ မီးသည် လေယာဉ်များ ဆီဖြည့်သည့် ဆီပန့်မှ တစ်ဆင့် လောင်ကျွမ်း သည်ဟု သတင်းများက ဖော်ပြကြပြီး လွန်ခဲ့သော နှစ်ရက်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးခိုးများကို ကင်ညာမြို့တော်နှင့် အတန်ငယ် ဝေးသော နေရာမှ ပင် မြင်နိုင်ကြောင်း၊ လေဆိပ်၏ အပြင်ဘက်တွင် ခရီးသည်များ အထုပ်အပိုး များဖြင့် သောင်တင်လျက် ရှိကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရောက် ရှိနေသည့် သတင်းထောက်များက ပြောကြားကြသည်။

လေဆိပ်သို့ လာသည့် လမ်းများ ယာဉ်ကြောလည်း ပိတ်ကုန်သဖြင့် အရေးပေါ် ကယ်ဆယ် ကုသရေး ယာဉ်များလည်း ပိတ်မိနေလျက် ရှိသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် အကြမ်းဖက် တိုက်ခိုက်မှု ဟုတ်မဟုတ် ဆိုသည်ကို ပြောရန် စောသေးကြောင်း၊ မီးကို ငြှိမ်းသတ်ရန် အတွက်သာ ဦးစားပေးလျက် ရှိကြောင်း ကင်ညာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ အကြီးအကဲ ဘိုနီဖေ့စ်မွမ်နီကီက AP ကို ပြောကြားသည်။

ကင်ညာသည် အာဖရိကရှိ အနောက်အုပ်စု၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံ လည်း ဖြစ်သည်။

လူသေဆုံး ထိခိုက်မှု ဖြစ်သည့် သတင်းများ မကြားရသေးပေ။

The Voice Weekly

RangonNewsDaily:: Aug 8, 2013

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ လေဆိပ်တွင် ပမာဏ ကြီးမားသော မီးလောင်ကျွမ်းမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမီးသည် လေယာဉ် အဝင်အထွက် အများဆုံး ဂျိုမိုကန်ယက်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ပြည်ပဆိုက်ရောက် ဘက်ခြမ်းအထိ ကူးစက်လာသဖြင့် လေဆိပ်ကို အာဏာပိုင်များက ပိတ်ထားလိုက်ရန် အမိန့် ထုတ်ထားလိုက်သည်ဟု New York Times သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။

အမျိုးသမီး နှစ်ယောက်ကို Scan ပြုလုပ်၍ ကြည့်ရှု့ ခြင်း

Photo: အမျိုးသမီး နှစ်ယောက်ကို Scan ပြုလုပ်၍ ကြည့်ရှု့ ခြင်း
Thursday, August 8, 2013

အောက်မှာပြထားတဲ့ ပုံက အသက်အရွယ်တူ၊ အရပ်အမြင့် တူတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ခန္စာကိုယ်ကို scan ဖတ်၍ နိုင်ယှဉ်ထားခြင်း
ဖြစ်ပါတယ်။
ဘယ်ဘက်က အမျိုးသမီးရဲ့ အလေးချိန်က 113kg(250lbs) ရှိပြီး ၊ ညာဘက်က အမျိုးသမီး က 54 kg( 120 lbs) ရှိပါတယ်။ အမျိုးသမီးနှစ်ယောက် ရဲ့ ခန္စာကိုယ်ရဲ့ အဆီတွေ စုပုံနေခြင်းကို
နိုင်ယှဉ်ထားတာ ဖြစ်ပါတယ်။

ဝဖြိုးတဲ့ အမျိုးသမီးမှာ ကြီးမားတဲ့ နှလုံးနဲ့  သူမရဲ့ အဆုတ်တွေကလည်း စိုးရိမ်စရာ ကောင်းပါတယ်။

အ၀လွန်ခြင်းက ရောဂါတစ်မျိုးလို့  American Medical Association က အတိအလင်း ကြေညာထားပါတယ်။ ဒါကြောင့် လည်း ဆရာဝန် တစ်ချို့ နဲ့  ကုမဏီ တစ်ချို့ က အ၀လွန်ခြင်းကို တာဆီးဖို့ နဲ့  ကုသဖို့ အတွက်ကို ကြိုးပမ်းလာကြပါပြီ။

ဒါပေမယ့်လည်း AMA ရဲ့ ကြေညာထားချက်ကို ကန့် ကွက်မှုတွေ ရှိပါတယ်။ မြို့ ပြတွေမှာ အ၀ လွန်ခြင်းက တစ်နေ့ တစ်ခြား တိုးတက်လာပြီး၊ အ၀လွန်သူတွေ အတွက် ကုသမှုတွေကိုလည်း စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

အ၀လွန်နေတဲ့ သူတွေဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့် အရိုးအဆစ်
ရောဂါတွေကိုလည်း ရရှိနိုင်ပါတယ်။

Kaung Zay Yan
(Discoveries Myanmar)

RangonNewsDaily:: Aug 8, 2013

အောက်မှာပြထားတဲ့ ပုံက အသက်အရွယ်တူ၊ အရပ်အမြင့် တူတဲ့ အမျိုးသမီး နှစ်ယောက်ရဲ့ ခန္စာကိုယ်ကို scan ဖတ်၍ နိုင်ယှဉ်ထားခြင်း ဖြစ်ပါတယ်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသမားအတွက် လက်မှတ်ရေးထိုး

Photo: ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင်
နိုင်ငံရေးအကျဉ်းသမားအတွက် လက်မှတ်ရေးထိုး
Thursday, August 8, 2013


Popular Myanmar News Journal

RangonNewsDaily:: Aug 8, 2013
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသမားအတွက်
ရှစ်လေးလုံး 
ငွေရတုအခမ်းအနားတွင် တတ်ရောက်လာသူများလတ်မှတ်ရေးထိုးပေးခဲ့ကြောင်းသတင်းရရှိသည်။

Breaking News: Weather Update:: MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာ ဘွယ်ရှိ

Breaking News: Weather Update::

MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာ
ဘွယ်ရှိ

Kolatt(PBDN) :: Aug 8, 2013

မုန်တိုင်း MANGKHUT(10W) သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဆင့်မှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့
လျော့ကျသွားပြီဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်(Heading 280˚) ဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ရွေ့လျားလျှက်ရှိပါသည်။

သြဂုတ်လ ၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် လာအိုနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် မြန်မာ-လာအို နယ်စပ် မိုင်းယောင်းမြို့ အရှေ့ဘက် ၇၅ မိုင်ခန့်သို့ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်ရွေ့လျားလာမည် ဖြစ်သဖြင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံ ၇ နာရီအချိန် ထုတ်ပြန်ချက်အား အောက်တွင် ကောက်နှုတ်တင်ပြထားပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံအပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်၊ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

10W MANGKHUT
08 Aug 2013 0000Z
Location: 20.1 104.2
Winds: 25 knots
Central Pressure: 1004 hPa

MMweather

RangonNewsDaily:: Aug 8, 2013

မုန်တိုင်း MANGKHUT(10W) သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဆင့်မှ လေ
ဖိအားနည်းရပ်ဝန်းအဆင့်သို့လျော့ကျသွားပြီဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်(Heading 280˚) ဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ရွေ့လျားလျှက်ရှိပါသည်

ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်


RangonNewsDaily:: Aug 8, 2013
မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်
းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

Breaking News Weather Update:: အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြှီ

RangonNewsDaily:: Aug 7, 2013

အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့

" အနုပညာနယ်ပယ်အသီးသီးမှ ရှစ်လေးလုံးအရေးတော်ပုံ ကာလမှတ်မှတ်ရရ ဖွင့်ဟသံ"

Photo: " အနုပညာနယ်ပယ်အသီးသီးမှ ရှစ်လေးလုံးအရေးတော်ပုံ ကာလမှတ်မှတ်ရရ ဖွင့်ဟသံ"
Wednesday, August 07, 2013

မာမာအေး

" အဲဒီအချိန်တုန်းက အိမ်ထဲမှာပဲ နေတယ်။ အိမ်မှာနေရင်းနဲ့တောင် ရင် တထိတ်ထိတ်ဖြစ်ရတယ်။ ပစ်ကြခတ်ကြတဲ့အသံတွေကြားတော့ စိတ်မ ချမ်းသာဘူးပေါ့နော်။ အိမ်မှာက အန်တီရဲ့ အမေနဲ့ နှစ်ယောက်ပဲရှိ တယ်။ ဒီရပ်ကွက်ကို ဗုံးကြဲမယ်၊ ဘာလုပ်မယ်ဆိုပြီး အသံတွေ ကြားရ တော့ ကလေးတွေကိုလည်း တခြားကို ပို့ထားတယ်။ အစိုးရကလည်း လက်နက်ဆိုတာ ဘာလက်နက်မှမထားရဘူး ဆိုတော့ လောက်လေးခွ တောင် မရှိဘူး။

မြို့ထဲကနေ သတင်းတစ်ခုကြားရင် ဟုတ်မှန်းလည်း မသိ မဟုတ်မှန်းလည်း မသိ။စိတ်တွေ ဆင်းရဲပြီးတော့ ဘာမှ မဖြစ်ကြပါနဲ့ လို့တောင် ဆုမတောင်းနိုင်ခဲ့ဘူး။အန်တီက မြန်မာ့အသံကနေ ထွက် ခဲ့တာ ၇၇ခုနှစ်ကတည်းကပါ။ တချို့က ရောနေတယ်။ အန်တီအေး ကို ၈၈ကျမှ ထွက်တယ်လို့ ထင်နေကြတယ်။ ၈၈မှာတုန်းက ကျန်းမာရေးမကောင်းဘူး။ ခဏခဏမူးလဲတာတွေဖြစ်ဖြစ် သွား တော့ မလုပ်တော့ဘူး။ နိုင်ငံတော်ကို ကူညီချင်တယ်ဆိုရင်လည်း အပြင်ကပဲ လုပ်တော့မယ်ဆိုပြီး ထွက်ခဲ့တာပါ။ ၈၈ကတော့ တကယ်ကို ဒီမိုကရေစီရသင့်ပြီမို့လို့ ပြည်သူတွေက တောင်း ဆိုကြတာလေ။ ဒီမိုကရေစီရဖို့ အခွင့်အရေးတွေပေါ်လာတဲ့ အချိန်မှာ ဒီထက်ပိုရအောင်လို့ ဝိုင်းဝန်းပြီး ဖော်ထုတ်သင့်ပါတယ်လို့ ပြောချင်ပါတယ်"

မောင်စိန်ဝင်း(ပုတီးကုန်း)

" ၈၈တုန်းက ဆရာကစက်ရုံမှာ အင်ဂျင်နီယာဖြစ်နေပြီလေ။ အဲဒီ စက်ရုံကအလုပ်သမားတွေနဲ့အ တူတူပဲ လှုပ်ရှားကြတာပေါ့။ စင်ပေါ်မှာရွတ်တဲ့ကဗျာအရှည်ကြီးပေါ့။ အဲဒီအထဲကမှ အကျုံးဝင်နိုင်တဲ့ ကဗျာလေးကို ရွတ်ပြမယ်။ အဲဒီ အပုဒ်လေးက " အသက်များစွာ စတေး၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ရဲ့သွေးများနဲ့ နီမောင်းမောင်း အရောင်ဖြာ ဟောဟိုမှာ ဒီမိုကရေစီရောင်နီပျို့တက် အရုဏ်တက်ပြီ လက်တစ်ကမ်းမှာ အလင်းဖြာတဲ့ အရုဏ်ကို ရိုကျိုးမြတ်နိုးစွာ ထိန်းသိမ်း၊ ငြိမ်းချမ်း စွာစောင့်ရှောက်၊ ဤကမ္ဘာမှာ ပြည်သူလောက် ကြီးမြတ်သော အရာရှိသည်မရှိ ပြည်သူ၏ဆန္ဒလောက် စူးရှသောကဗျာသည်မရှိ၊ ပြည်သူ၏ လှုပ်ရှားမှုမြင် ကွင်းလောက်ကောင်းမွန်သော ပန်းချီသည်မရှိ၊ ပြည်သူသည် ပြည်သူ့အတွက် လက်နဲ့မရေး အသက်နဲ့ရေး၏ ဆေးနဲ့မခြယ်သွေး နဲ့ခြယ်၏၊

ဘယ်သူကြည့်ကြည့် ညွှတ်တုံ့မိစရာ ဇာတိမာန်ထက်၊ ကြက်သီး ထစရာဟောဒီမှာ မဟာသူရဲကောင်းများ ပန်းချီကား" ဆိုတဲ့ ကဗျာပေါ့။ ကျွန်တော် ကိုယ်တိုင်ရေးပြီးတော့ အဲဒီတုန်းက စင်ပေါ်မှာရွတ်တယ်။ ရွတ်ပြီး ကတည်းက အိမ်ကိုထောက်လှမ်း ရေးတွေလာတော့ မီးရှို့တဲ့အထဲကို ပါသွားရော။ အံ့သြဖို့ကောင်းတာက အဲဒီကဗျာကိုကာ တွန်းဆရာဦးဖေသိန်းရဲ့သမီးမပွင့်ဆီကပြန်ရတယ်။"

အရိုင်း

" ၈၈ အရေးအခင်းတုန်းကဆို အနုပညာသမားလည်းဖြစ်နေပြီ။ ဒီအလုပ်တွေလုပ်ရင် တစ်နေ့မှာ အဖမ်းခံရမယ်။ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရဲ့လားလို့မေးပြီးမှ လုပ်တာ။ ဆေးရုံကြီးမှာ သံစည်ပိုင်းပြတ်ပေါ် ကနေ စပီကာမပါဘဲ တရားတွေ တက်ဟောခဲ့တာ မှတ်မှတ်ရရပါပဲ။ ကျောင်းထဲမှာ အဝိုင်း ခံရတဲ့အချိန်က မင်းကိုနိုင်၊ မောင်မောင်ကျော်၊ ကိုကိုကြီးတို့ တကယ့်ကျောင်းသားခေါင်းဆောင်တွေ တရားတက်ဟောတဲ့ အချိန်။

ဦးရိုင်းတို့က အဓိပတိလမ်းမပေါ်မှာထိုင်ပြီး လက်ခုပ်တီး၊ သူတို့တွေ ဝါဒဖြန့်စာတမ်းတွေရေးနိုင်ဖို့အတွက် စာအုပ်တွေ လှူကြတာပေါ့။ နောက်ရက်တွေကျတော့ ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ အဲဒီမှာ သူငယ် ချင်းတွေ အကုန်ပြန်စုပြီး ဦးဇာဂနာ၊ ဦးမိုးဝင်းတို့၊ ကိုညီဝင်းစိန်၊ ဦးဇင်ဝိုင်းတို့နဲ့စုပြီး တရားဟောကြတာ၊စုပြီး လက်မှတ် တွေထိုးကြတာ။ အလုပ်သမားအဖွဲ့အစည်း၊ အနုပညာအဖွဲ့ အစည်း၊ ကျောင်းသားအဖွဲ့ အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်ပေါင်းစည်းမိကြတာ။ ဒါက ဘယ်သူကမှ ဘယ်အမိန့်နဲ့မှ ဖျောက် ဖျက်လို့မရတဲ့ သမိုင်းရဲ့ မှတ်တိုင်အစစ်ပဲလေ။ "

ဗေလုဝ

" ၈၈တုန်းက အစအဆုံးကို ပါဝင်ခဲ့တာပါပဲ။ တစ်တိုင်းတစ်ပြည် လုံးပါပဲ။ ကျွန်တော်က ၈ရပ်ကွက်မှာ သပိတ်ခေါင်းဆောင်လုပ်ခဲ့တယ်။ အားလုံး တာဝန်ကျေခဲ့ကြတာပါ။ ၈၈ကတော့ အထင်ကရနေ့ပါပဲ။

ပြည်သူ တွေအားလုံးအသက်သွေး ချွေးတွေပေးခဲ့ရတာ ဖြစ်တဲ့အတွက် ဒီကလေးတွေအတွက် အင်မတန်အောက်မေ့ဖွယ်ရာနေ့ ကလေးပါ။ဖြစ်စေချင်တာကတော့ အသက်ပေးသွားတဲ့လူတွေ အတွက် အလှူ အတန်းတွေလုပ်ပြီး ဆုတောင်းပေးစေချင်ပါတယ်။ တိုင်း ပြည်ကြီး ကတော့ ဆက်သွားနေဦးမှာပါပဲ။ ဒီလိုမျိုး အသက်သွေးချွေးတွေ ပေးဆပ်ရတာမျိုး မတွေ့ချင်မမြင်ချင်တော့ပါဘူး"

ဂျေညီညီ

" ကျွန်တော့် ကျေးဇူးရှင်ပြည်သူ တွေကို အစော်ကားခံနေ ရတယ်ဆိုတဲ့ ခံစားချက်အသိနဲ့ ဒီထဲမှာ ထဲထဲဝင်ဝင် ပါဖြစ်သွားတာပါ။ အဲဒီတုန်းက ပြည်သူ့ဆေးရုံကြီးက တော့ စုရပ်ပဲပေါ့။ ပထမဆုံးတော့ ကိုအံ့ကျော်တို့တွေ၊ ကိုဇာဂနာတို့တွေ လှုပ်ရှားနေကြပြီ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂီတသမားတွေလည်း ပါဝင်လှုပ်ရှား ကြရာမှာ ကျွန်တော်က တော်တော်လေးထဲထဲဝင်ဝင်လုပ် လိုက်မိတယ်ပေါ့ဗျာ။

ဆေးရုံကြီးထဲမှာပဲ ဟောပြောနေရာကနေ လမ်း တွေပေါ်ထွက်ပြီး လူထုကို စည်းရုံး ကြတယ်။ ၈၈ အတွက် ကို တာဆူကြတဲ့အချိန်မှာ အဲဒါကြီးကို ဆိုင်းဘုတ်ဖြုတ်ချပြီး မြန်မာနိုင်ငံဂီတပညာရှင်များသမဂ္ဂဆိုတာ ယာယီဖွဲ့တယ်။ အနုပညာ သမားဖြစ်နေတဲ့အတွက် လူထုကို စည်းရုံးတဲ့နေရာမှာ ပိုထိ ရောက်မယ် ဆိုတဲ့ အဲဒီအားနဲ့ ဒီအရေးအခင်းကြီး ကို ပါဝင်ဆင် နွှဲခဲ့တာပါ။ ကျွန်တော်လည်း အများကြီးဟောပြောခဲ့တယ်။ အဲဒီ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရပြောရရင် လူငယ်တွေ လေ့လာကြ ပါ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ ဘယ်လို အပ်စပ်မလဲ လေ့လာပါ။ အဲဒီအချိန်တုန်းက ကျွန် တော်တို့တွေ ဘာမှမသိခဲ့ရဘဲ လုပ်ခဲ့ရတာ။ အခုကတော့ ပွင့်လင်းမြင်သာ မှုလည်း ရှိနေပြီဆိုတော့လေ့လာပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ကောင်း အောင်ကြိုးစားပါ။ ပြီးရင် ကိုယ့်ဘေး က လူတွေအတွက် လည်းကောင်းအောင် ကြိုးစားလုပ် ပေးပါ"

နိုင်မြန်မာ(တေးရေး)

" ၈၈ကို ရိုးရိုးလေးပဲ သုံးသပ်တယ်။ ကိုယ့်တိုင်းပြည်ကောင်းအောင် တစာ စာနဲ့ ကျွန်တော်တို့ ပြောလာခဲ့ကြတာ။ ကိုယ့်တိုင်းပြည်ကို တကယ်မချစ်ဘဲနဲ့ ဒီလိုပြောနိုင်ဖို့ မလွယ်ဘူး။ ၈၈တုန်း က ကျွန်တော့်အသက်က ၂၈၊ ၂၉ ပေါ့။ လူငယ်ထက် လူရွယ်ပိုင်းပေါ့။ ခေတ်အဆက်ဆက်မှာ တိုင်းပြည်တစ် ခုကို တိုးတက်ဖို့အတွက် အရင်ဆုံးစပြီး တံခါးခေါက်ကြတာ ဒီအရွယ်တွေပါ။ ၈၈မှာ ကျွန်တော်က သီချင်းလောကထဲကို အသက် ၂၃နှစ်မှာ ဝင်တယ်။ ၂၃ နှစ်လောက်ကစပြီး ဝင်လာပြီး တော့ အသက် ၂၈နှစ်လောက်မှာ ဒီလူထုအရေးတော်ပုံဖြစ်တယ်။

အမှန်ကတော့ ရှင်းရှင်းပြောရရင် ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ဆိုတဲ့ စိတ်မျိုးနဲ့ နေလာခဲ့ကြတာမဟုတ်ဘူး။ ကိုယ့်မျက်စိရှေ့မှာ၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေနေတာ။ ကိုယ့်ပြည်သူလူထုတွေ ဘယ်လိုဒုက္ခတွေ၊ဘယ်လိုကျပ်တည်း ကျဉ်းမြောင်းမှုတွေကို ဘယ်လိုကျော်လွှားနေကြတယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ နှစ်ရှည် လများ ဝေးကွာနေရင်မသိနိုင်ဘူး။ ဒါပေမဲ့ ဒီမှာအမြဲနေတဲ့ သူကတော့ အကုန်သိတယ်။ အဲဒီသိတဲ့အပေါ်မှာ ရုန်ြး<ွကမှုတွေ စိတ်ထဲမှာ ဖြစ်တယ်။ ဒေါသထွက်စရာတွေတွေ့ရင် ဒေါသထွက်တယ်။ မတရားလုပ်တာမြင်ရင် မကျေနပ်ဘူး။ ဒါကြောင့်မို့လို့ ၈၈ အရေးအခင်းကြီးဖြစ်တယ်။ ကျွန်တော်တို့က ပါဝင်ကပြရတဲ့ခေတ် ရဲ့ ဇာတ်ကောင်တွေပါပဲ။"

မိုးမင်း

" ကျွန်တော်က (၈၈)ကာလမှာ ၂၁နှစ်အရွယ်ပေါ့။ ကျွန်တော်တို့ တွေက အနုပညာသမားတွေလည်း ဖြစ်တော့ ဟောပြောပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ တယ်။ အနုပညာရှင်တွေကို လိုက်လံ စည်းရုံးခြင်းပေါ့။ မိမိတို့ အနုပညာ သမားတွေက တစ်တပ်တစ်အားပါဝင်တယ်ဆိုရင် ပြည်သူတွေ ကလည်း ပါဝင်ပြီးတော့ လှုပ်ရှားချင်လာမှာလေ။ အဲဒီကာလမှာ ကျွန်တော့်အနေနဲ့က အနုပညာသမားထက် စာရင်ကျောင်းသားတစ် ယောက်ရဲ့ စိတ်ပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပြီးတာ က မကြာသေးဘူးလေ။ကျောင်းသားတွေကို ဆုံးမမှုက ကြမ်းတမ်း လွန်းတယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ပြည်သူတွေရဲ့ ဒုက္ခ၊ အခက်အခဲတွေကို မြင်တွေ့နေရတဲ့အတွက်ကြောင့် လူငယ်တစ် ယောက်အနေနဲ့ မခံစားနိုင်ခဲ့ဘူး။

အဲ့ဒီစိတ်ရင်းနဲ့ ဝင်ရောက်လှုပ်ရှား ခဲ့တယ်။ မိမိရဲ့အသက်ကို စွန့်ပြီးတော့ တိုင်းပြည်အတွက်၊ လူမျိုးကောင်းကျိုးအတွက် လုပ်ဆောင်နိုင်သော စိတ်ဓာတ်မျိုး တွေကျတော့ မဖြစ်မနေကို မွေးထုတ်ထားသင့်တယ်။ ရှစ်လေးလုံး က အမှတ်တရလည်းဖြစ်တယ်။ သူ့ရဲ့ ခုနှစ်နဲ့ နေ့ရက်အချိန်ကာလ က အလွန်ကို တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီနေ့လေးကို ကျွန်တော်တို့ နိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ထားသင့်တဲ့ နေ့ရက်တစ်ခုလို့တော့ ကျွန်တော်မျှော်လင့်ပါတယ်"

လူမင်း

" ၈၈ဆိုတာ အစ်ကိုတို့ မြန်မာ နိုင်ငံရဲ့ သမိုင်းမှာ ဘယ်လိုမှ ချန် ထားလို့မရတဲ့ စာမျက်နှာတစ်ခုပါ။ ကျောင်းသားတွေနဲ့လည်း ဆိုင်တာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ လူ ထုလူတန်းစားတစ်ရပ်ပါဝင်ဆင်နွှဲ ခဲ့တဲ့ ၈၈အရေးတော်ပုံ၊ အဲဒါကြောင့် မို့လို့ အခုအစ်ကိုတို့ ရနေတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေစားသုံးခွင့် ရနေတယ်ဆိုတာ အဲဒီတုန်းက စပြီး ပြုစုပျိုးထောင်ခဲ့လို့ပေါ့။ အလကား ရလာတာမဟုတ်ဘူး။ အဲဒါကြောင့် အားလုံးနဲ့ဆိုင်တယ်။ တစ်တိုင်းတစ် ပြည်လုံးနဲ့လည်း ဆိုင်တယ်။အဲဒီလို မျိုးခံယူချက်ကြောင့် ပညာရှင်တွေနဲ့လည်း ဆိုင်တယ်။

ကိုယ့်စိတ်ထဲမှာ လည်း အဲဒီလိုမျိုး ခံယူထားတယ်။ အမှန်အတိုင်းပြောရရင် ၈၈တုန်းက အစ်ကိုက ၁၈နှစ်သားပဲရှိသေးတယ်။ အခုချိန်မှာ ကိုယ်ပြောသလောက် ကိုယ်တွေးခေါ်သလောက် အဲဒီ အချိန်တုန်းက အစ်ကို Óဏ်မမီခဲ့ ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့သမိုင်းကိုတော့ ဒီတိုင်းပြည်မှာနေတဲ့ သူတိုင်း သိထားသင့်ပါတယ်"

ဒါရိုက်တာကြည်ဖြူသျှင်

" ဆန္ဒပြတဲ့ ကာလတုန်းကဆိုရင် အစ်မရဲ့အဖေနဲ့ဦးလေးတွေက မြို့ တော်ခန်းမရှေ့သွားကြတယ်။ ဆန္ဒ ပြတဲ့သူတွေကို သွားအားပေးတယ်။ အဲဒီတုန်းက ကျွန်မအရွယ်က ၆တန်း လောက်ပဲရှိသေးတယ်။ ကျွန်မနဲ့ ကစားဖော်တွေ ၉တန်းလောက် ရှိနေပြီ။ သူတို့တွေက ပါဝင်ပြီး ဆန္ဒပြကြတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြ တဲ့အထဲမှာ ကျွန်မတို့ သူငယ်ချင်းတွေပါတော့ သွားတွေ့ပြီး အားပေးစကားပြောတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြတာကလည်း ရက်တွေက မနည်းတော့ဘူး။ လူပေါင်း များစွာက ဆန္ဒပြခဲ့ကြတယ်။

ဟောပြောပွဲတွေ လုပ်ကြတယ်။၈ရက်နေ့ ညမှာတော့ ပြေးသံတွေ၊ သေနတ်သံတွေ ဆူညံနေအောင် ကြားခဲ့ရတယ်။ သိပ်ကိုကြေကွဲစရာကောင်းတဲ့ အခြေအနေ ဆိုးကြီးကို ဖြစ်သွားတယ်။ ကမ္ဘာတည်သရွေ့ ရှစ်လေးလုံး ဆိုတာကြီးက ဘယ်တော့မှ မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီ ရက်ရောက်တိုင်း ၈၈ရဲ့ညကို အိပ်မက်ဆိုးကြီးတစ်ခုလိုပဲ ကျွန်မ အမြဲတမ်းမှတ်မိနေတယ်။

ပေါ်ပြူလာအဖွဲ့

Popular Journal

RangonNewsDaily:: Aug 8, 2013
မာမာအေး
" အဲဒီအချိန်တုန်းက အိမ်ထဲမှာပဲ နေတယ်။ အိမ်မှာနေရင်းနဲ့တောင် ရင် တထိတ်ထိတ်ဖြစ်ရတယ်။ ပစ်ကြခတ်ကြတဲ့အသံတွေကြားတော့ စိတ်မ ချမ်းသာဘူးပေါ့နော်။ အိမ်မှာက အန်တီရဲ့ အမေနဲ့ နှစ်ယောက်ပဲရှိ တယ်။

ခွေးကိုက်မှာကြောက်တတ်သူတွေအတွက် မကိုက်တတ်တဲ့ခွေး

Photo: ခွေးကိုက်မှာကြောက်တတ်သူတွေအတွက် မကိုက်တတ်တဲ့ခွေး
Wednesday, August 07, 2013

မကိုက်တတ်တဲ့ ခွေးဆိုလို့ သတ်သတ်လွတ်စားတဲ့ ခွေးလို့တလွဲမတွေးပါနဲ့။
ဒီခွေးက ဘာဆိုဘာမှစားလို့မရတဲ့ခွေးပါ။အကြောင်းကတော့ ဘက်ထရီအား
သွင်းပြီး ခွေးတစ်ကောင်ကဲ့သို့အမှုအယာ စွမ်းဆောင်ရည်မျိုးကိုပေးမယ့်
ခွေးစက်ရုပ်လေးပါ။

အဓိကဦးတည်ချက်က ကလေးတွေအတွက်ဖန်တီးပေးထားတဲ့ စက်ရုပ်လေးပါ။ခွေးပေါက်လေးတစ်ကောင်လို ဆော့ကစားနေမှာဖြစ်ပြီး
မိမိခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပေးမှာပါ။

ထည့်သွင်းပေးထားတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်၊ပြင်သစ်၊စပိန် သုံးမျိုး
ထည့်သွင်းပေးထားပါတယ်။မိမိခိုင်းစေလိုတဲ့ စကားတွေကို ပရိုဂရမ်ထည့်
သွင်းပေးရမှာဖြစ်ပြီး ပရိုဂရမ်နှင့်သက်ဆိုင်တဲ့ စကားတွေကိုသာ လက်ခံတုံ့
ပြန်ပေးသွားမှာပါ။

အဲဒီအတွက် 1 USB Charging Cable, 1 Instruction Guide, 1 Reference Guide စတာတွေကိုအပိုထည့်သွင်းပေးထားပါတယ်။ နာမည်ကျော်အွန်လိုင်းစတိုးမှာပါရောင်းချပေးနေပြီး ဖြန့်ချိဈေးနှုန်း ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal

RangonNewsDaily:: Aug 8, 2013

မကိုက်တတ်တဲ့ ခွေးဆိုလို့ သတ်သတ်လွတ်စားတဲ့ ခွေးလို့တလွဲမတွေးပါနဲ့။
ဒီခွေးက ဘာဆိုဘာမှစားလို့မရတဲ့ခွေးပါ။အကြောင်းကတော့ ဘက်ထရီအား
သွင်းပြီး ခွေးတစ်ကောင်ကဲ့သို့အမှုအယာ စွမ်းဆောင်ရည်မျိုးကိုပေးမယ့်
ခွေးစက်ရုပ်လေးပါ။

I ချစ်သူတွေအတွက် သီးသန့်ထွက်လာတဲ့ ကီးဘုတ်

Photo: I ချစ်သူတွေအတွက် သီးသန့်ထွက်လာတဲ့ ကီးဘုတ်
Wednesday, August 07, 2013

အရောင်းအသွေးကောဒီဇိုင်းပါ I ချစ်သူတွေအတွက် လိုချင်ဖွယ်ဖြစ်လာ ဦးမှာပါ။

iPad 2,iPad(3rd/4th generation)တွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့
ကီးဘုတ်လေးပါ။Magnetic clip အမျိုးအစားဖြစ်ပြီး ကွန်ပျူတာလက်တော့ပ်
လိုအသုံးပြုချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

အရွယ်စားအရ 9.8 x 7.6 x 0.9 inches နဲ့ အလေးချိန်ကတော့1.2 pounds
သာရှိတဲ့အတွက် သယ်ယူရလွယ်ကူစေမှာပါ။ဖြန့်ချိဈေးနှုန်း အမေရိကန်
ဒေါ်လာ ၉၉ ဒေါ်လာဝန်းကျင်ရှိမှာဖြစ်ပေမယ့် နာမည်ကျော်အွန်လိုင်းစတိုး အမေဇုန်မှာတော့ ၉၆ ဒေါ်လာနှင့် အသုံးပြုပြီးသား တစ်ပတ်ရစ် ဈေးနှုန်း ကိုတော့ ဒေါ်လာ ၅၅ ဝန်းကျင်နဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal

RangonNewsDaily:: Aug 8, 2013

အရောင်းအသွေးကောဒီဇိုင်းပါ I ချစ်သူတွေအတွက် လိုချင်ဖွယ်ဖြစ်လာ ဦးမှာပါ။

အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ

Photo: အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ
Wednesday, August 07, 2013

ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန် ဒေါ်လာ ရောင်းဝယ်မှု တစ်မျိုးတည်း ကိုသာ လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ Inter-Bank Market စနစ်မှာတော့ ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကားမှု လိုင်စင်ရ ဘဏ် ၁၈ ဘဏ်မှ ပါဝင် ဆောင်ရွက်တာ ဖြစ်ပြီး အဆိုပါစနစ် ဆောင်ရွက်ဖို့ အတွက် သက်ဆိုင်ရာ ဘဏ်အသီးသီးမှ Declear Sale  ရောင်းဝယ်မှု ၀န်ထမ်းတွေ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်တဲ့ IMF နဲ့ JICA စတဲ့ အဖွဲ့အစည်းတွေမှ သင်တန်းများ ပို့ချပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။
 
Inter Bank Marketစနစ် ဆောင်ရွက်မှုဟာ နိုင်ငံခြားငွေ ကို ရောင်းဝယ်မှု ပြုလုပ်တဲ့ ဘဏ်အချင်းချင်း နိုင်ငံတကာ ဆောင်ရွက်မှု အတိုင်း ရောင်းဝယ်မှုတွေကို တယ်လီဖုန်းများနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုစနစ်မှာဘဏ်အချင်းချင်း နေ့စဉ် ရောင်းဝယ်မှု ဒေါ်လာပေါက်ဈေး နှုန်းထား တွေကိုတော့ ဗဟိုဘဏ်သို့ နေ့စဉ် အချိန်ပိုင်း အလိုက် တင်ပြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ ဘဏ်အချင်းချင်းသာ နိုင်ငံခြား ငွေရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်တဲ့ နိုင်ငံခြားငွေကြေး လေလံ ဈေးကွက်မှ ပေါက်ဈေး သတ်မှတ်ချက်တွေ ထက်ပိုပြီးလည်း  ဈေးနှုန်းကို အတိုးအလျော့ ရောင်းဝယ်မှုများ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။
 
ယခု စနစ်မှာ ဘဏ်အချင်းချင်း ငွေပေးချေမှုတွေ ကိုတော့ Sport Trading လက်ငင်း ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငွေပေးချေခြင်း စနစ်ဖြစ်တဲ့ နှစ်ရက် အတွင်း ငွေပေးချေတဲ့ပုံစံ (T+2) စနစ်နဲ့ ရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ယခုလက်ရှိ အမေရိကန် ဒေါ်လာ ကိုသာ စတင် ဆောင်ရွက် နေပေမယ့် နောက်ပိုင်းမှာ အခြားနိုင်ငံခြား ငွေတွေကိုပါ ရောင်းဝယ်မှု ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

RangonNewsDaily:: Aug 8, 2013

ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန် ဒေါ်လာ ရောင်းဝယ်မှု တစ်မျိုးတည်း ကိုသာ လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။

Mizzima Youth Network ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေပွဲ ညစာစားပွဲကျင်းပ

RangonNewsDaily:: Aug 7, 2013

ရန်ကုန် ။ ။ Mizzima Youth Network မှ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး စုပေါင်း ၀ါဖြေ ညစာစားပွဲကို ဇူလိုင်လ (၇)ရက်၊ ညနေ(၅)နာရီမှ (၇)နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၁/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်

ဖယ်လိုင်နီကို ပေါင်၂၃ သန်းဖြင့် မန်ယူ ကမ်းလှမ်း

Photo: ဖယ်လိုင်နီကို ပေါင်၂၃ သန်းဖြင့် မန်ယူ ကမ်းလှမ်း
Wednesday, August 07, 2013

ဖာဘရီဂတ်စ်ကို ခေါ်ယူရန် မရေမရာ ဖြစ်နေသည့် အတွက် မန်ယူ နည်းပြ မိုရက်စ်က အသင်းဟောင်း အဲဗာတန်မှ ဖယ်လိုင်နီကို ပေါင် ၂၃ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

အပြောင်းအရွှေ့ကာလတွင် ငြိမ်သက်နေခဲ့သော မန်ယူ အနေနှင့် အဓိက ခေါ်ယူမှု အဖြစ် ဖယ်လိုင်နီကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး အဲဗာတန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးနေသည်ဟု ဆိုသည်။ မိုရက်စ်က ဖယ်လိုင်နီ အတွက် တစ်ပတ် လုပ်ခ လစာ ပေါင် တစ်သိန်းပေးမည်ဟု သိရပြီး ဖယ်လိုင်နီကလည်း ချန်ပီယံလိဂ် ပွဲမျိုးကို ကစားလိုသူ ဖြစ်သဖြင့် အပြောင်းအရွှေ့မှာ ဖြစ်နိုင်ခြေရှိသည်ဟုအချို့သတင်းများက ဖော်ပြခဲ့ကြ သည်။ 

မိုရက်စ်မှာ အာဆင်နယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကို အဓိကထားကာ ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဘာစီလိုနာ ဘက်မှ မီးစိမ်းမပြသဖြင့် ဖယ်လိုင်နီ ဘက်သို့ ဦးလှည့်လာခြင်း ဖြစ်ပြီး ဖယ်လိုင်နီ၏ အသင်းဖော် လေတန်ဘိန်းကိုလည်း ခေါ်ယူလိုလျက် ရှိနေသည်။

Yatanarpon

RangonNewsDaily:: Aug 7, 2013

ဖာဘရီဂတ်စ်ကို ခေါ်ယူရန် မရေမရာ ဖြစ်နေသည့် အတွက် မန်ယူ နည်းပြ မိုရက်စ်က အသင်းဟောင်း အဲဗာတန်မှ ဖယ်လိုင်နီကို ပေါင် ၂၃ သန်းဖြင့် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ဆီးထိန်းထားခြင်းက ကျန်းမာရေးကို ထိခိုက်စေပြီးကိုယ်ဝန်ပျက်ကျ သည်အထိ ဖြစ်စေနိုင်

Photo: ဆီးထိန်းထားခြင်းက ကျန်းမာရေးကို ထိခိုက်စေပြီးကိုယ်ဝန်ပျက်ကျ သည်အထိ ဖြစ်စေနိုင်
Wednesday, August 07, 2013

အိန္ဒိယ KEM ဆေးရုံကြီးရှိ ကာကွယ်ရေးနှင့် လူမှုဆေးပညာ ဌာနမှ အများပြည်သူသုံး သန့်စင် ခန်းများ တည်ဆောက်ရေးနှင့် ပတ်သက် သည့်လေ့လာမှုများ ပြုလုပ်ပြီးသည့် နောက် ဆီးမသွားရန် ထိန်းထား ခြင်းက ကျန်းမာရေးပြဿနာများ တွေ့စေနိုင်ပြီး ကိုယ်ဝန်ရှိသော အမျိုးသမီးများ၌ ကိုယ်ဝန်ပျက်ကျ သည်အထိ ဖြစ်နိုင်ကြောင်း သိရ သည်။

ဘာလို့ဆီးထိန်းထားခြင်းက အန္တရာယ်ရှိတာလဲ။ 

ကျွန်တော်တို့ ကျောက်ကပ်ရဲ့လုပ်ငန်းက သွေးတွေ ကို ထပ်ခါထပ်ခါစစ်ချပြီး သွေးထဲ က အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေကို ဆီးအနေနဲ့ ဆီးအိတ် ထဲကို စစ်ချပေးပါတယ်။ အဲဒီအဆိပ် အတောက် ဖြစ်စေနိုင်တဲ့အရာ တွေက ဆီးအိတ်ထဲမှာ အချိန် ကြာမြင့်စွာ စုမိလာတဲ့အခါ ဘက်တီး ရီးယားတွေပေါက် ဖွားပြီး ဆီးလမ်း ကြောင်းပိုးဝင်တဲ့ပြဿနာကို ဖြစ်စေ နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ဘာတွေဖြစ်နိုင်လဲ။ ဆီးလမ်းကြောင်း ပိုးဝင်စက သာမန် ဘက်တီးရီးယား ပိုးကူးစက်ခံရတာတွေနဲ့ မတူပါဘူး။ ဥပမာ မွေးကျွတ်နာကဲ့သို့ပြဿနာ မျိုးမှာ ဆရာဝန်က အနာကိုခွဲ ပြည် တွေကို ထုတ်ပစ်ပြီး ပဋိဇီဝဆေးပေး နိုင်ပေမယ့် ဆီးလမ်း ကြောင်းပိုးဝင်ရာ မှာတော့ ဆီးကို အဆက်မပြတ် ကျောက်ကပ်က စစ်ထုတ်ပေးနေတဲ့ အတွက် ဘက်တီးရီးယား အရင်း အမြစ်ကို ဖယ်ထုတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ကုသရာမှာ အချိန်ကြာမြင့် ပြီး ကုန်ကျစရိတ်လည်း ပိုမြင့်စေ ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး များတွေမှာ ဆီးလမ်းကြောင်းပိုးဝင်မှု ဖြစ်ပွားပါက ကိုယ်ဝန်ပျက်ကျသည် အထိ ဖြစ်ပွားနိုင်သည်။ 

ထို့ပြင် ကိုယ်ဝန်ဆောင်များက သာမန် အမျိုးသမီးများထက် ဆီးလမ်းကြောင်း ပိုးဝင်မှု ပြဿနာဖြစ်ပွားနိုင်လေသည်။ မကြာခဏဆီးလမ်းကြောင်းပိုးဝင်ခြင်းက သွေးအားနည်းရောဂါလည်း ဖြစ်စေ နိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ပါက မကြာခဏဆီးသွားလိုခြင်း၊ ခါးနှင့် ဝမ်းဗိုက်အောက်ပိုင်းနာခြင်း၊ ဖျားခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်မှုကို ရှောင်ရှားရန်အတွက် တစ်ရက်ကို ရေ ၃လီတာ ခန့်သောက်ရန်၊ ဆီးသွား လိုပါက အချိန်ကြာမြင့်စွာ ထိန်းမထား နိုင်ရန် တကိုယ်ရေသန့်ရှင်းရေး ဂရု စိုက်ရန် ဆီးသွားပြီးတိုင်း သန့်ရှင်း ရေး ထိရောက်စွာလုပ်ရန် ဆီးလမ်း ကြောင်း ပိုးဝင်ပါက ထိရောက်စွာ ခံယူရန် လိုအပ်ပေသည်။

ဖိုးသောကြာ
Medindia
ဆေးပညာဆိုင်ရာဆောင်းပါးများ

RangonNewsDaily:: Aug 7, 2013

အိန္ဒိယ KEM ဆေးရုံကြီးရှိ ကာကွယ်ရေးနှင့် လူမှုဆေးပညာ ဌာနမှ အများပြည်သူသုံး သန့်စင် ခန်းများ တည်ဆောက်ရေးနှင့် ပတ်သက် သည့်လေ့လာမှုများ ပြုလုပ်ပြီးသည့် နောက် ဆီးမသွားရန် ထိန်းထား ခြင်းက ကျန်းမာရေးပြဿနာများ တွေ့စေနိုင်ပြီး ကိုယ်ဝန်ရှိသော အမျိုးသမီးများ၌ ကိုယ်ဝန်ပျက်ကျ သည်အထိ ဖြစ်နိုင်ကြောင်း သိရ သည်။

ဂျပန်တွင် အမေရိကန်စစ်ရဟတ်ယာဉ် ပျက်ကျ

Photo: ဂျပန်တွင် အမေရိကန်စစ်ရဟတ်ယာဉ် ပျက်ကျ
Wednesday, August 07, 2013

အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ 

ဂျပန်တွင် အမေရိကန် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုနှင့် ပတ်သက်ပြီး စိတ်ထိခိုက်မိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ HH-60 အမျိုးအစား ရဟတ်ယာဉ်သည် တနင်္လာနေ့ ညနေပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် အဆိုပါ မတော်တဆ ဖြစ်စဉ်၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။

လေယာဉ် ပျက်ကျတယ် ဆိုတာက ဘယ်အခြေအနေမှာမဆို အကြီးအကျယ် အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ မတော်တဆမှုပဲလေ။ တကယ့်ကို သင့်တော် တိကျတဲ့ ကာကွယ်မှု စနစ်တွေ လိုအပ်နေပါပြီဟု အိုနိုဒီရာက ဆိုသည်။ ဂျပန်အခြေစိုက် အမေရိကန် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဟတ်ယာဉ်ပေါ်မှ ဝန်ထမ်း(၄)ဦးအနက် (၃)ဦးမှာ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ယင်းတို့အနက် (၁)ဦးသည် ဆေးရုံတင်ထားရသော်လည်း ကျန်(၂)ဦးမှာ ဒဏ်ရာရခဲ့ခြင်း ရှိမရှိကိုမူ ဝန်ကြီးက ပြောဆိုမသွားချေ။

ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ပျောက်ဆုံးနေသည့် အခြား(၁)ဦးကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။ ယခုရဟတ်ယာဉ်သည် ဂျီနိုဇာ ရွာအနီးတွင် လေ့ကျင့်မှု ပြုလုပ်နေရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွာအနီးရှိ အမေရိကန် မရိန်းတပ်ဖွဲ့ စစ်အခြေစိုက် စခန်းတွင် ရဟတ်ယာဉ် များတိုက်ခိုက်ရေးနှင့် မြေပြင်ဆင်းသက်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်လေ့ ရှိသည်။ လတ်တလောတွင် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့ နိုင်ငံအတွင်းရှိ အမေရိကန် စစ်တပ်များ အသုံးပြုနေသည့် HH-60 ရဟတ်ယာဉ်များကို လုံခြုံရေး စံနှုန်းအတွက် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်မပြီးမချင်း ပျံသန်းမှု မပြုလုပ်ပါရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 7, 2013

အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။

ထန်တလန်တွင် ကျည်ဆန်နှင့် ယမ်းမှုန့်သယ်ဆောင်သူနှစ်ဦး ဖမ်းမိ

RangonNewsDaily:: Aug 7, 2013

ချင်းပြည်နယ် ထန်တလန်မြို့တွင် သြဂုတ်လ ၃ ရက်နေ့ ညနေခြောက် နာရီခွဲ ခန့်က ကျည်ဆန်နှင့် ယမ်းမှုန့် သယ်ဆောင်လာသူ ချင်းအမျိုး သား နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ စခန်းမှူး ရဲအုပ်အောင်မင်း က The Voice သို့ ပြောကြားသည်။

သုံးနှစ်ဆက်ချန်ပီယံ ရန်ကုန်အသင်း၏ စီမံမှုအဖွဲ့အား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချီးကျူး

RangonNewsDaily:: Aug 7, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သုံးနှစ်ဆက်တိုက် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ရန်ကုန်အသင်းရှိ ကစားသမားများနှင့် စီမံမှုအဖွဲ့အား သြဂုတ် ၅ ရက်က ဆီဒိုးနားဟို တယ်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်အသင်း၏ အောင်ပွဲခံ အခမ်းအနား၌ ချီးကျူးပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘာ ထုတ်ဖော်ပြသ

Photo: ဂျပန်နိုင်ငံ၏ အကြီးဆုံးစစ်သင်္ဘာ ထုတ်ဖော်ပြသ
Wednesday, August 07, 2013

အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအ စားဖြစ်ပြီး မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ ကြား ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာဝန် ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်

ဂျပန်နိုင်ငံသည် အင်္ဂါနေ့က ဒုတိယကမ္ဘာစစ် ကာလနောက်ပိုင်း ၎င်းတို့၏ အကြီးမားဆုံး စစ်သင်္ဘောကြီးကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအစားဖြစ်ပြီး မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ကြား ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာဝန် ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်တင် သင်္ဘောအဖြစ်လည်း အသုံးပြုနိုင်သော အီဇူမိုသည် ကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ် ဆင်းသက်ရန် ကွင်း(၁၄)ခုကိုပါ ထည့်သွင်း တည်ဆောက်ထားသည်။

ယင်းဖျက်သင်္ဘောသည် ရေငုပ်သင်္ဘောများ ဖျက်ဆီးတိုက်ခိုက်ရေး တာဝန်နှင့် ထောက်လှမ်းရေး တာဝန်များကို ထမ်းဆောင်နိုင်မည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (၂၀၀၉)ခုနှစ်က စတင် တည်ဆောက်လာသော သင်္ဘောကြီးကို စစ်ဘက်သုံး ရည်ရွယ်ချက်အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သော နေရာများတွင်ပါ ကယ်ဆယ်ရေး တာဝန် ထမ်းဆောင်နိုင်ရန်ပါ အသုံးပြုသွားမည် ဖြစ်သည်။ 

လတ်တလောတွင် တရုတ်နှင့် ဂျပန်တို့သည် သယံဇာတ ရင်းမြစ်များ တည်ရှိနေနိုင်သည်ဟု ယူဆရသော ကျွန်းစုငယ်တစ်ခု ပိုင်ဆိုင်မှုအတွက် အပြင်းအထန် အငြင်းပွားနေကြသည်။

ဂျပန်က ထိန်းချုပ်ထားသည့် အဆိုပါ ကျွန်းစုများကို ဂျပန်ဘက်တွင် ရှင်ကာကူဟုခေါ်ပြီး တရုတ်က ဒိုင်အိုယူဟု အမည်ပေးထားသည်။ ထို့အပြင် ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံများကြား အရှေ့တရုတ်ပင်လယ်တွင်းရှိ ကျွန်းငယ်အချို့ ပိုင်ဆိုင်မှုတွင်လည်း ညှိနှိုင်းမရသော အနေအထားမျိုး ရှိနေသည်။ မကြာသေးမီက တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမ ဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်သည့် လီအိုနင်ကို စတင်ပွဲထုတ် ကာ ရေတပ်အင်အားကို ပြသခဲ့ပြီး ယခုအခါ ဂျပန်ကလည်း ခေတ်မီ ဖျက်သင်္ဘောကြီး အီဇူမိုကို စတင်၍ တာဝန် ထမ်းဆောင်လာစေခြင်း ဖြစ် သည်။

ဂျပန်သည် တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှု ကျယ်ပြန့်လာသည့်နောက် (၂၀၁၀)ပြည့်နှစ်မှစကာ စစ်ရေး မူဝါဒများ ပြောင်းလဲလာသ လို ခေတ် မီစစ်ဘက် နည်းပညာများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်။ အီဇူမိုသည် လတ်တလောတွင် ဖျက်သင်္ဘော တစ်စင်းအနေဖြင့်သာ တည်ဆောက်ထားသော်လည်း ယင်း၏ ပြားချပ်သော ကုန်းပတ် အခြေအနေကြောင့် အနာဂတ်တွင် ပြေးလမ်းလိုအပ်ချက် နည်းပါး
သည့် တိုက်လေယာဉ်များကို တင်ဆောင်နိုင်သော လေယာဉ်တင် သင်္ဘောသဖွယ် ပြောင်းလဲလာဖွယ် ရှိနေသည်။ ဒုတိယ ကမ္ဘာစစ်အ တွင်းက ဂျပန်သည် ပစိဖိတ်ရပ်ဝန်း၏ အကောင်းဆုံး ရေတပ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော်လည်း (၁၉၄၅)ခုနှစ်က စစ်ရှုံးပြီး မဟာမိတ်တို့ထံ အညံ့ခံခဲ့ပြီးနောက် ဂျပန်အနေဖြင့် လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခွင့်ကို တားဆီးခံထားရသည်။

Planet Myanmar Network

Kolatt(PBDN) :: Aug 7, 2013

အီဇူမိုဟု အမည်ပေးထားသည့် သင်္ဘောကြီးသည် ဖျက်သင်္ဘော အမျိုးအ စားဖြစ်ပြီး မီတာ(၂၅၀) အရှည်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ တို့ ကြား ရေပိုင်နက် အငြင်းပွားမှု ပြဿနာများ မြင့်တက်နေချိန်တွင် အီဇူမိုသည် အမိနိုင်ငံအတွက် စတင်တာဝန် ထမ်းဆောင်ရန် ပွဲထွက်လာခဲ့ခြင်း ဖြစ်သည်