RangonNewsDaily:: Aug 7, 2013
အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို
စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း
နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့
(၁) ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း
ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ဒေသအချို့တို့မှာ
ရေဖုံးလွှ့မ်းခံရနိုင်မှုအန္တရာယ်
မြင့်မားနေဆဲ ဖြစ်ပါတယ်။ (ရ-၈-၂၀၁၃)ရက် ည(၉)နာရီ အချိန်
ဂြိုဟ်တုမှတိုင်းတာချက်အရ ရေဖုံးလွှမ်း ခံရမှုမြင့်မား နေတဲ့ နေရာများရဲ့
မြိုနယ်အမည်နဲ့ယင်းမြို့တို့မှ အကွာအဝေးတွေ ကတော့ ပဲခူးမှ(60 km အတွင်း)၊
မအူပင်မှ (40,60,70 km အတွင်း)၊ ဟုမ္မလင်းမှ (55km အတွင်း) နဲ့
ကျောက်ဖြူမှ(35km အတွင်း )၊ မင်္ဂလာဒုံမှ(20,30,40,55 km အတွင်း)၊
ပုသိမ်မှ(20km အတွင်း) နဲ့ သထုံမှ(55km အတွင်း) အကွာနေရာ များဖြစ်ပါတယ်။
(၂) မြောက်ပစိဖိတ်သမုဒ္ဒယာအတွင်း(၁၀)ကြိမ်မြောက်ဖြစ်ပေါ်ခဲ့တဲ့
အပူပိုင်းမုန်တိုင်း Mangkhut ဟာ (၈-၈-၂၀၁၃)၇က် နံနက်(၃း၃၀)နာရီ
အချိန်တိုင်းတာချက် အရ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို စတင်ဖြတ်ကျော်လျက်ရှိနေပါတယ်။
ကမ်းကို တ်ြကျော်ပြီးတဲ့နောက် မုန်တိုငးအကြွင်းအကျန်တိမ်တိုက်များဟာ လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်)ကို ဒီကနေ့ (၈-၈-၂၀၁၃)၇က် ညသန်းကောင်ယံအချိန်ခန့်မှာ စတင်ဖြတ်သန်း မယ်လို့ခန့်မှန်းရပါတယ်။
မိုးတိမ်တိုက်ကြီးဟာ ပြီးခဲ့တဲ့ရက်များက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းဖွန်း Jebi
အတိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျှား လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ဒီတစ်ခါလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့ လွဲရကိန်းရှိနေပြန်ပါတယ်။
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေပါ။
မုန်တိုင်းတစ်လုံး ရှိနေပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့
လွဲကိန်းရှိနေတယ်လို့ ဆရာ ကပြောထားပါတယ်။ ဆရာ ဒေါက်တာထွန်းလွင် ကို
ကျေးဇူးတင်ပါတယ်။
ဒေါက်တာထွန်းလွင်
8-8-2013
06:26 am
(၂) မြောက်ပစိဖိတ်သမုဒ္ဒယာအတွင်း(၁၀)
ကမ်းကို တ်ြကျော်ပြီးတဲ့နောက် မုန်တိုငးအကြွင်းအကျန်တိမ်တိုက
မိုးတိမ်တိုက်ကြီးဟာ ပြီးခဲ့တဲ့ရက်များက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းဖွန်း Jebi အတိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမ
ဒီတစ်ခါလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့ လွဲရကိန်းရှိနေပြန်ပါတယ်။
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေပါ။ မုန်တိုင်းတစ်လုံး ရှိနေပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့ လွဲကိန်းရှိနေတယ်လို့ ဆရာ ကပြောထားပါတယ်။ ဆရာ ဒေါက်တာထွန်းလွင် ကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာထွန်းလွင်
8-8-2013
06:26 am
No comments:
Post a Comment