Pages

Pages - Menu

Thursday, August 8, 2013

ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်းများ ပြင်ပတွင် သုံးဆခန့်ဈေးမြင့်

RangonNewsDaily:: Aug 8, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် တရားရုံးနှင့် ပတ်သက်သော စာရွက်စာတမ်းများအတွက် ဝယ်ယူအသုံးပြုရသော ရုံးခွန်တံဆိပ်ခေါင်း၊ ကပ်ခေါင်း၊ စာချုပ်ခေါင်းများသည် သတ်မှတ်ဈေးနှုန်းထက် သုံးဆခန့် ပေးဝယ်ယူနေရကြောင်း တရားရုံးနှင့် ချိတ်ဆက် ဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

ပြင်ပဆိုင်များတွင် ရောင်းချနေသော ကပ်ခေါင်းများသည် အနည်းဆုံး သုံးဆခန့် ဈေးမြင့်နေပြီး ၂၅၀ ကျပ်တန် လက်ထပ်စာချုပ် \ကဲ့သို့သော ရုံးခွန်တော် စာချုပ်ခေါင်းဈေးမှာ ကျပ် ၁၅၀၀ ရှိနေကြောင်း၊ တရားရုံးတွင် တာဝန်ခံမိတ္တူ (Certified Copy) ကူးယူလျှင် စာမျက်နှာလိုက် ကပ်ခေါင်းကပ်ရသည့်အတွက် အမှုသည်များ၏ ကုန်ကျစရိတ်မှာ ပိုမိုများပြားနေကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောကြားသည်။

တရားရုံးနှင့် အခွန်ရုံးတွင် တံဆိပ်ခေါင်းများ သွားရောက်ဝယ်ယူရာတွင် လိုအပ်သလောက် မရမည်ကို စိုးရိမ်နေသည့်အတွက် ပြင်ပတရားရုံးနှင့် နီးစပ်သော မိတ္တူဆိုင်များ၊ ကွန်ပျူတာ စာစီစာရိုက်ဆိုင်များတွင် ဈေးနှုန်း ကြီးမြင့်သော်လည်း လိုသလောက် ရရှိသောကြောင့် ဝယ်ယူနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အခွန်ဦးစီးမှူးရုံးက သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသော တံဆိပ်ခေါင်း၊ စာချုပ်ခေါင်းများကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ပြင်ပသို့ ထုတ်ရောင်းချခြင်းမရှိဟု လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးလှမြင့်က ပြောကြားသည်။

“ပြင်ပမှာ ဈေးကြီးနေတယ်ဆိုတာကို မသိပါဘူး။ ဒီမှာတော့ ကြိုက်တဲ့အချိန် သတ်မှတ်ထားတဲ့ဈေးနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ရောင်းပေးတယ်” ဟု ၎င်းကဆက်လက်ဆိုသည်။

တရားရုံးရှေ့ရှိဆိုင်တွင် ကျပ် ၂၀၀ တန် တံဆိပ်ခေါင်းတစ်ခုလျှင် ငွေကျပ် ၆၀၀ ပေးရပြီး ယင်းဈေးဖြင့်ပင် လိုသလောက် မရကြောင်းနှင့် ဈေးကြီးသော်လည်း ဝယ်ယူအသုံးပြုနေရသည်ဟု ပြည်မြို့နယ် တရားရုံးတွင် တရား ရင်ဆိုင်နေရသူ မနန်းမူက ဆိုသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 8.8.2013

No comments:

Post a Comment