Pages

Pages - Menu

Thursday, August 8, 2013

ဂျပန်တွင် အမေရိကန်စစ်ရဟတ်ယာဉ် ပျက်ကျ

Photo: ဂျပန်တွင် အမေရိကန်စစ်ရဟတ်ယာဉ် ပျက်ကျ
Wednesday, August 07, 2013

အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ 

ဂျပန်တွင် အမေရိကန် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုနှင့် ပတ်သက်ပြီး စိတ်ထိခိုက်မိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ HH-60 အမျိုးအစား ရဟတ်ယာဉ်သည် တနင်္လာနေ့ ညနေပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် အဆိုပါ မတော်တဆ ဖြစ်စဉ်၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။

လေယာဉ် ပျက်ကျတယ် ဆိုတာက ဘယ်အခြေအနေမှာမဆို အကြီးအကျယ် အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ မတော်တဆမှုပဲလေ။ တကယ့်ကို သင့်တော် တိကျတဲ့ ကာကွယ်မှု စနစ်တွေ လိုအပ်နေပါပြီဟု အိုနိုဒီရာက ဆိုသည်။ ဂျပန်အခြေစိုက် အမေရိကန် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဟတ်ယာဉ်ပေါ်မှ ဝန်ထမ်း(၄)ဦးအနက် (၃)ဦးမှာ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ယင်းတို့အနက် (၁)ဦးသည် ဆေးရုံတင်ထားရသော်လည်း ကျန်(၂)ဦးမှာ ဒဏ်ရာရခဲ့ခြင်း ရှိမရှိကိုမူ ဝန်ကြီးက ပြောဆိုမသွားချေ။

ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ပျောက်ဆုံးနေသည့် အခြား(၁)ဦးကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။ ယခုရဟတ်ယာဉ်သည် ဂျီနိုဇာ ရွာအနီးတွင် လေ့ကျင့်မှု ပြုလုပ်နေရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွာအနီးရှိ အမေရိကန် မရိန်းတပ်ဖွဲ့ စစ်အခြေစိုက် စခန်းတွင် ရဟတ်ယာဉ် များတိုက်ခိုက်ရေးနှင့် မြေပြင်ဆင်းသက်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်လေ့ ရှိသည်။ လတ်တလောတွင် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့ နိုင်ငံအတွင်းရှိ အမေရိကန် စစ်တပ်များ အသုံးပြုနေသည့် HH-60 ရဟတ်ယာဉ်များကို လုံခြုံရေး စံနှုန်းအတွက် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်မပြီးမချင်း ပျံသန်းမှု မပြုလုပ်ပါရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 7, 2013

အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ ဂျပန်တွင် အမေရိကန် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုနှင့် ပတ်သက်ပြီး စိတ်ထိခိုက်မိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာက ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်၏ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသော ရဟတ်ယာဉ်သည် အိုကီနာဝါ ရေလက်ကြားတွင် ပျက်ကျခဲ့သည်။ HH-60 အမျိုးအစား ရဟတ်ယာဉ်သည် တနင်္လာနေ့ ညနေပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် အဆိုပါ မတော်တဆ ဖြစ်စဉ်၏ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်သည်။

လေယာဉ် ပျက်ကျတယ် ဆိုတာက ဘယ်အခြေအနေမှာမဆို အကြီးအကျယ် အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ မတော်တဆမှုပဲလေ။ တကယ့်ကို သင့်တော် တိကျတဲ့ ကာကွယ်မှု စနစ်တွေ လိုအပ်နေပါပြီဟု အိုနိုဒီရာက ဆိုသည်။ ဂျပန်အခြေစိုက် အမေရိကန် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဟတ်ယာဉ်ပေါ်မှ ဝန်ထမ်း(၄)ဦးအနက် (၃)ဦးမှာ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ယင်းတို့အနက် (၁)ဦးသည် ဆေးရုံတင်ထားရသော်လည်း ကျန်(၂)ဦးမှာ ဒဏ်ရာရခဲ့ခြင်း ရှိမရှိကိုမူ ဝန်ကြီးက ပြောဆိုမသွားချေ။

ကယ်ဆယ်ရေး တပ်ဖွဲ့များသည် ပျောက်ဆုံးနေသည့် အခြား(၁)ဦးကို လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်။ ယခုရဟတ်ယာဉ်သည် ဂျီနိုဇာ ရွာအနီးတွင် လေ့ကျင့်မှု ပြုလုပ်နေရင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွာအနီးရှိ အမေရိကန် မရိန်းတပ်ဖွဲ့ စစ်အခြေစိုက် စခန်းတွင် ရဟတ်ယာဉ် များတိုက်ခိုက်ရေးနှင့် မြေပြင်ဆင်းသက်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်လေ့ ရှိသည်။ 
 
လတ်တလောတွင် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့ နိုင်ငံအတွင်းရှိ အမေရိကန် စစ်တပ်များ အသုံးပြုနေသည့် HH-60 ရဟတ်ယာဉ်များကို လုံခြုံရေး စံနှုန်းအတွက် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်မပြီးမချင်း ပျံသန်းမှု မပြုလုပ်ပါရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 7.8.2013

No comments:

Post a Comment