Pages

Pages - Menu

Sunday, April 28, 2013

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်

ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာ ဘုန်းကြီးကျောင်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)ကို နယ်ခြားစောင့်တပ်(BGF) မှ ယနေ့မနက် ၉နာရီတွင် တကြိမ်၊ ညနေ ၄နာရီကျော်တွင် တကြိမ် သွားရောက်ပစ်ခတ်၍ တိုက်ခိုက်ဖြစ်ပွားခဲ့သည်ဟု မြိုင်ကြီးငူ သတင်းရပ်ကွက်အရ သိရသည်။

ဒလ-ပန်းဆိုးတန်း သင်္ဘောတွင် အခမဲ့ထိုင်ခုံများ တပ်ဆင်တော့မည်

ဒလ-ပန်းဆိုးတန်း သင်္ဘောတွင် အခမဲ့ထိုင်ခုံများ တပ်ဆင်တော့မည်
Sunday, April 28, 2013

ဒလ-ပန်းဆိုးတန်း သင်္ဘောများတွင် သင်္ဘောနှုန်းထားများကို ယနေ့မှ စ၍ တိုးမြင့်လိုက်သောကြောင့် ဝန်ထမ်းသက်သာအတွက် ထိုင်ခုံခကောက်ခံမှုများကို ကောက်ခံမှုမရှိတော့ပဲ အခမဲ့ထိုင်ခုံများ တပ်ဆင် ပေးသွားဖြစ်ကြောင်း သိရသည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်မှတ်ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တပ်ဆင်ရန်လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှုလက ၅၀ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလက်မှတ်တွေ နှစ်ဆဈေးတက်သွားတော့ ခရီးသည်တွေ အဆင်ပြေအောင် ခုံတွေအခမဲ့ တပ်ဆင် ပေးနေတယ်။ အခုတော့ အားလုံးမပြီးသေးဘူး။ သင်္ဘောကျင်းတွေကနေ ပြီးတာနဲ့ တပ်ဆင်ပေးမှာပါ”ဟု (ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယောက ပြောကြားသည်။

ခုံငှားသူများအနေနှင့် အပေါ်ထပ်တွင် မငှားရသော်လည်း အောက်ထပ်တွင် အငှားလုပ်ကိုင်လိုကြောင်းနှင့် ၎င်းအလုပ်အကိုင် မရှိတော့သည့်အတွက် မိမိတို့ မိသားစုအတွက် အခက်အခဲ ရှိလာကြောင်း ခုံအငှား (၅)နှစ်ခန့် လုပ်ကိုင်လာခဲ့သူ ကိုနိုင်မိုးက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အလုပ်သည် တစ်နေ့တွင် ခြောက်သောင်းမှ တစ်သိန်းကြားတွင်ရှိသောကြောင့်လည်း တစ်လလျင် ငါးသောင်းကျပ် လစဉ်ကြေး ပေးသွင်းခဲ့ရ၍ တစ်နေ့လျင် နှစ်သောင်းခွဲကျပ် ကိုလည်း နေစဉ်ကြေးအဖြစ် ပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ့ခေတ်

Sunday, April 28, 2013

ဒလ-ပန်းဆိုးတန်း သင်္ဘောများတွင် သင်္ဘောနှုန်းထားများကိုယနေ့မှစ၍ တိုးမြင့်လိုက်သောကြောင့်ဝန်ထမ်း
သက်သာအတွက် ထိုင်ခုံခကောက်ခံမှုများကို ကောက်ခံမှုမရှိတော့ပဲ အခမဲ့ထိုင်ခုံများ တပ်ဆင် ပေးသွားဖြစ်
ကြောင်း သိရသည်။

ဘင်္ဂလီ ဘယ်သူလဲ

ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး- မြန်မာ နိုင်ငံမှာ ခေါင်းအမာဆုံး ဆန့်ကျင် စွပ်စွဲ နေသူဟာ သမ္မတ ဦးသိန်း စိန် ကိုယ်တိုင် ဖြစ်နေ ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ရိုဟင်ဂျာ များကို ဘင်္ဂလီ လို့ စွပ်စွဲ ခေါ်ဆိုတဲ့ အပြင်-၊ သူ ခေါ် ဆိုတဲ့ ဘင်ဂလီ ဆိုတဲ့ အသံ ထွက်ဟာ-၊ မြန်မာများ ခေါ်ဆို သလို ဘန်ဂါလီ ဆိုတဲ့ အသံ ထွက် မဟုတ်ဘဲ-၊ ရိုဟင်ဂျာ များကို မတော် မတရား စွပ်စွဲ နေတဲ့ အနောက်သား ရခိုင် အယူသီး များ ရဲ့ လေသံ အတိုင်း ဘင်္ဂလီ ရယ်လို့ ပီသစွာ - မထစ် မငေါ့ ပြောဆို နိုင်ပါတယ်။ ဒါဟာ နိုင်ငံတော်မှာ အကြီး အကဲ လုပ်နေတဲ့ ဦးသိန်းစိန် ကိုယ်တိုင်ဟာ ဘာလူမျိုး နွယ်က ဆင်းသက် လာသလဲ ဆိုတာ-၊ စဉ်းစား စရာ အချက် ဖြစ်နေ ပါတယ်။

ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

ဧပြီ ၂၈၊ ၂၀၁၃

ဘားအံ ။ ။ ဘားအံမြို့ပေါ်တွင် ဆွမ်းခံထွက်လာသော ဘုန်းကြီးများမှ မွတ်စလင်မ် အမျိုးသမီးကြီးတစ်ဦးအား
သပိတ်ဖြင့်ရိုက်နှက်မှုတစ်ခုရာဘာခြံ၁-လမ်းထိပ်တွင်ယနေ့မနက်၈-နာရီ ၁၅-မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။

" မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ''

ဧပြီ ၂၇ ၂၀၁၃

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များကကျူးလွန်

ခဲ့တဲ့ ပြစ်မှူ့တွေအထဲမှာ လူသတ်မီးရှို့မှူ့တွေအပါဝင် ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ကို ဖျက်ဆီး ခဲ့မှူ့တွေလဲပါ ခဲ့ပါတယ်။ဗလီဝတ်ကျောင်းတော်တွေ အရေအတွက် ဘယ်လောက်များများ ပျက်ဆီး ခဲ့တယ်ဆိုတာကိုလဲ နိုင်ငံတော်အစိုးရက တော်တော် များများ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်

ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော  မြန်မာပြည်လာမည်

ရန်ကုန်- ဆေးဝန်ထမ်း ၃၀၀ ကျော်ပါသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သင်္ဘောသည်မြန်မာနိုင်ငံသို့ ဇွန်လအတွင်း လာ
ရောက်မည်ဖြစ်ကြောင်း တရုတ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

“အဓိကကတော့ ဒီသင်္ဘောက ဒဏ်ရာရ ရေတပ်သားတွေကို ကုသမှုပေးတာဖြစ်ပါတယ်။ ဒီလာမယ့် ရည်ရွယ်ချက်အတိအကျကို မပြော 
နိုင်ပေမယ့် အရပ်သားတွေ အတွက်လည်းဖြစ်ပါလိမ့်မယ်။ အရပ်ရော တပ်ရောအတွက်ဖြစ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

မြန်မာ့တပ်မတော်အား ခေတ် မီတိုးတက်သည့် စစ်တပ်တစ်ခုဖြစ် ရန်တစ်ဆင့်ပြီး တစ်ဆင့်တိုးမြှင့် ကူညီမည်ဟု အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုး 
ဇက်ယွန်းက ကြာသပတေးနေ့တွင် ပြောကြားပြီးနောက်ပိုင်း တိုက်ဆိုင်စွာ တရုတ်သံရုံးကထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာနဲ့လွတ်လပ်ရေးအတွက် တပ်မတော်ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။ မြန်မာနိုင်ငံနဲ့အခြားနိုင်ငံတစ်ခုကြား စစ်တပ်အချင်းချင်းဆက်ဆံမှုကိုမှတ်ချက်မပေးလိုပါဘူး”ဟု သံရုံးပြောရေးဆိုခွင့်ရှိသူကပြောသည်။

သို့သော် အိမ်နီးချင်းနိုင်ငံနှစ်ခု အကြားစစ်တပ်ချင်းရင်းနှီးသော ဆက်ဆံရေးထိန်းသိမ်းထားရန်လို အပ်သည်ဟု ၄င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကောင်းမွန် သည့် အခြေအနေတွင်ရှိပြီး နှစ်စဉ်နှစ်တိုင်းတွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများတွေ့ဆုံမှုများရှိနေသည်။

 ယင်းစစ်င်္ဘောဇွန်လအတွင်း လာရောက်ရန်မှာ ၉၀ ရာခိုင်နှုန်း သေချာနေပြီဖြစ်ပြီး  “Peace Ark” သင်္ဘောမြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာနိုင်ငံသားများအား အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်မည်ဖြစ်၍ နှစ်နိုင်ငံ ပြည်သူများကြားဆက်ဆံရေးအတွက်တိုးတက်ကောင်းမွန်လာမည်ဟု ယင်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ စစ်သင်္ဘောတွင် အမြောက်၊ဒုံးကျည်ကဲ့သို့ စစ်လက်နက်ပစ္စည်းများ မပါဘဲ   ကမ္ဘာတစ်ဝန်းဘေးဒုက္ခ ဖြစ်ပေါ်သည့် နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် အဓိက ရည်ရွယ်ထားခြင်းဖြစ်ကာ လူနာတင်ခုတင် ၃၀၀၊ အရေးကြီး လူနာကုသခန်း ၂၀၊ ခွဲစိတ်ခန်း၊ ရှစ်ခန်းနှင့် ဆေးကုသမှုဝန်ထမ်း ပေါင်း ၄၀၀ ခန့်လိုက်ပါလျက်ရှိပြီး အာဖရိက၊ လက်တင်အမေရိကန်နှင့် တောင်အာရှ ဒေသများရှိ  နိုင်ငံပေါင်း ရှစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဓာတ်ပုံ- အေပီ

န်ကုန်- ဆေးဝန်ထမ်း ၃၀၀ ကျော်ပါသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သင်္ဘောသည်
မြန်မာနိုင်ငံသို့ ဇွန်လအတွင်း လာရောက်မည်ဖြစ်ကြောင်း တရုတ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

M.VMelacca Highway ကားတင်သင်္ဘော နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘော ရန်ကုန်မြစ်အတွင်း ယနေ့ညနေပိုင်းကတိုက်မိ ဆီတင်သင်္ဘောနစ်မြုပ်

ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင်သင်္ဘောနှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။
M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။


မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်းစီစဉ်သူတစ်ဦး ကပြောသည်။
Credit:YR

ZinYawNews

Re-Post By ACM 28-4-2013
အေးချမ်းမွန် Credit & Copy From > Zin Yaw<Thank

ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင်သင်္ဘောနှင့် မြန်မာ့ရေ
နံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လူ၈ဦးကို အမှုဖွင့်အရေးယူထားပြီး လက်ခံထားသူတွေ ကို ပါ အရေးယူမယ်လို့ကြေငြာချက်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အောက်ပါပုဂ္ဂိုလ် ၈ဦးကို အမှုဖွင့်အရေးယူထားပြီး လက်ခံထားသူတွေကို ပါ အရေးယူမှာ ဖြစ်တယ်လို့ ယနေ့ ဧပြီ ၂၈  ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
၁။ ကိုအောင်စိုး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)     အမှု ၁၄ မှု
၂။ ကိုဟန်ဝင်းအောင်(နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး)   အမှု ၅ မှု
၃။ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)    အမှု ၉ မှု
၎။ ကိုသောင်းထိုက် (ရန်ကုန် ၀ိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက် )   အမှု ၁၈ မှု
၅။ ကိုသားကြီး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)     အမှု ၆ မှု
၆။ ကိုလတ် (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)     အမှု ၈ မှု
၇။ ကိုသော်ဇင် (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)    အမှု ၅ မှု
၈။ ကိုသူ (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)   အမှု ၁ မှု တို့ဖြစ်ပါတယ်။

အမှုဖွင့်ထားသူစာရင်းကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက ရွာ ၂၆ ရွာမှာ ကြေညာချက် ထုတ်ပြန်ထာပြီး သတင်းပေးမှုပျက်ကွက်ရင် လက်ခံထားရင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၇၆ အရ အရေးယူမယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အောက်ပါပုဂ္ဂိုလ် ၈ဦးကို အမှုဖွင့်အရေးယူထားပြီး လက်ခံထားသူတွေ
ကို ပါ အရေးယူမှာ ဖြစ်တယ်လို့ ယနေ့ ဧပြီ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

မှုရင်းဈေးထက် အဆ၅၀လောက် ပိုတဲ့ဈေးနှုန်းနဲ့ ရောင်းချနေကြတဲ့ ၁၅၀၀ တန်ဖုန်းကတ်

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်
ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန် ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး ရောက်လာသည်။

ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပါ၊ ဖုန်းကတ် ကံထူးရှင်ရွေးချယ်ပွဲကြီး ဖြစ်လေ၏ (ဓာတ်ပုံ – ဂျွန်ချစ်ငြိမ်း/တောင်ကြီး)
မဲပေါက်သူတချို့ထံမှ လာသည်ဟု ယူဆရသည့် ကတ်တချို့က ဖုန်းအရောင်းဆိုင်တွင် တကတ် ကျပ် ၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်နေသည်။

“ကျွန်မတို့ကို ဖုန်းကတ်မဲပေါက်သူတွေကလာရောင်းပေးတယ်…သူတို့ခေါ်ဈေးက ကျပ် ၈၀,၀၀၀ အထိရှိတယ်…၊ ကျွန်မတို့လည်း ဆိုင်မှာပြန်ရောင်းရအောင်လို့ ကျပ် ၆၅,၀၀၀ နှင့်ကောက်လိုက်တယ်၊ ပြီးတော့ ဆိုင်မှာ ကျပ် ၇၀,၀၀၀ နှင့်ပြန်လည်ရောင်း ချပေးပါတယ်” ဟု ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းအ၀ယ်လုပ်သူတဦးက ပြောဆိုသည်။

ဖုန်းကတ် ဈေးကစားရန်ရည်ရွယ်ချက်မရှိကြောင်း၊ လိုအပ်သူက ၇၀,၀၀၀ ပေးပြီး လာဝယ်လျှင် မိမိတို့ရောင်းပေးလိုက်ကြောင်း၊ နောက်ပိုင်းလများတွင် ဈေးကျလာနိုင်ကြောင်း ဖုန်းအရောင်းဆိုင်တို့က ပြောဆိုသည်။
မဲနှိုက်သည့်နေ့က ရောက်လာသူတချို့မှာ တန်ဘိုးကြီးမားသည့် မော်တော်ယာဉ်များဖြင့် ရောက်လာကြသည်ကို တွေ့ရကြောင်း၊
တတ်နိုင်သူတို့က ၀င်ငွေနည်းပါးသူတို့နှင့် ယှဉ်ပြီး မဲနှိုက်ခြင်းမှာ သူ၏အခွင့်အရေးဖြစ်သော်လည်း ထိုလုပ်ရပ်ကို အံ့အားသင့်မိကြောင်း ယူဆသူလည်း ရှိနေသည်။
ဖုန်းကတ် အဆ လေးငါးဆယ်ခန့် ဈေးတက်ပြီး ပြင်ပတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်းကို သတင်းဂျာနယ်များ၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ဖော်ပြထားကြသည်။
Credit to Khitmoe Daily Newspaper

အဆ ငါးဆယ် ဝန်းကျင် ဈေးတက်နေတဲ့ တန်ဘိုးနည်းဖုန်းကတ်ယခု ခေတ်စားနေသည့် ကျပ် ၁,၅၀၀ တန်
ဖုန်းကတ်သည် တောင်ကြီးမြို့ ဖုန်းဈေးကွက်အတွင်းသို့ ထုတ်ဈေးထက် အဆ ငါးဆယ်ခန့် ဈေးတက်ပြီး
ရောက်လာသည်။

မန္တလေးဘူတာ၌ အကျင့်ပျက်ဝန်ထမ်းတချို့ ရှိနေ

မန္တလေး၊ ဧပြီ ၂၈။

မန္တလေးမြို့ ဘူတာကြီးတွင် အောက်စင်္ကြန်လမ်း လက်မှတ်သိမ်းဆည်းရေးတာဝန်ခံ တစ်ဦးဖြစ်သူသည် မန္တလေးမှ မြစ်ကြီးနားသို့ သွားရောက်သည့် ခရီးသည်များ အပါအဝင် ဝန်ထမ်းငယ်အချို့နှင့် ဘူတာကြီးတွင် လုပ်ကိုင်စားသောက်နေ သူ ဈေးသည်အချို့အား မတရား ကိုယ်ထိလက်ရောက် နိုင့်ထက်စီးနင်းပြုလုပ်လျက်ရှိနေ၍ တာဝန်ရှိသူများက ယင်းဝန်ထမ်းအား စိစစ်ပေးစေလိုကြောင်း အဆိုပါဘူတာကြီးမှ ဈေးသည်အချို့နှင့် ဝန်ထမ်းအချို့၏ ပြောကြားချက်အရ သိရသည်။

နေပြည်တော်တ၀ိုက်တွင် ယနေ့နေ့လည့် (၁၂း၃၀)အချိန်မှစတင်ပြီး ၉၆၉ လှုပ်ရှားမှုများစတင်နေ

နေပြည်တော်ဒေသတ၀ိုက်တွင် 969 အကြမ်းဖက်ဂိုဏ်း၏ အကြမ်းဖက်ရန် လှုံ့ဆော်မှုများ စတင်နေပြီဖြစ်
ကြောင်း သတင်းရရှိပါတယ်။ `အခုပဲ ရာဇဌာနီလမ်းမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ဘုန်းကြီးတွေရော၊အရပ်
သားတွေရော လိုက်ဝေတယ်။ စတေကာတွေ အခွေတွေပေးတယ်။ကုလားဆိုင်ဆို ရှောင်ရမယ်။ ကြားလား။ ဗုဒ္ဓဘာသာမှန်ရင် ဒါကပ်ထားလို့ပြောသွားတယ်´ နေ့(၁၂း၃၀)အချိန်က ပျဉ်းမနားမြို့၊ ရာဇဌာနလမ်းရှိကုန်
မာဆိုင်တစ်ခုမှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မလေးရှားအကောက်ခွန်ဌာနညွှန်ကြားေ ရးမှုးချုပ် သေနတ်ပစ်ခံရ၍ သေဆုံး

မလေးရှားအကောက်ခွန်ဌာနညွှန်ကြားရေးမှုးချုပ် သေနတ်ပစ်ခံရ၍ သေဆုံး
Posted by ဥယျာဉ်မှူး on April 27, 2013 at 11:30
Send Message   View Blog
မင်္ဂလာပါ 
 
ယနေ့မလေးရှားနိုင်ငံ သတင်းစာများအားလုံးရဲ့ ခေါင်းကြီးသတင်းတစ်ပုဒ်ကို မလေးရှားရောက် မြန်မာများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ . ။
မနေ့မနက် ၈ နာရီကျော်အချိန် အကောက်ခွန်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Shaharuddin Ibrahim တစ်ယောက် ပူထရာဂျာရာ ဝန်ကြီးများရုံးသို့ ရုံးတက်ရန်အသွား လမ်းတွင် မော်တော်ဆိုင်ကယ်စီး သေနတ်သမားများက မီးပွိုင့်ထောင့်တွင် သေနတ်ဖြင့် စောင့်ပစ်ခြင်းခံခဲ့ရပါတယ် ။
 
အိမ်မှနံနက် 7နာရီကျော်ထွက်တတ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ Nissan SUV ကားမှာ  Lebuh Wawasan Lebuh Sentos ခုံးကျော်တံတားသို့ မီးပွိုင့်မှ အထွက် လူ၂ယောက်စီးနင်းလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးချဉ်းကပ်လာပြီး အလိုလျှောက်သေနတ်ဖြင့် 3 ကြိမ်တိတိ ပစ်ခတ်သွားကာ ထိုအထဲမှ တစ်ချက်မှာတော့ ညွှန်ကြားရေးမှုးချုပ်ရဲ့ လည်ပင်းကိုဖော်ထွက်သွားနိုင်ခဲ့တယ်လို့ Thestar သတင်းဌာနက ကြော်ငြာသွားခဲ့ပါတယ် ။
 
ညွှန်ကြားရေးမှုးချုပ်ရဲ့ ဒရိုင်ဘာမှဆေးရုံသို့ အမြန်မောင်းနှင်သွားနိုင်ခဲ့ပေမယ့် နံနက် 9 နာရီကျော်မှာတော့ မလေးရှားနိုင်ငံ အကောက်ခွန်ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ်  Datuk Shaharuddin Ibrahim (ဘယ်ပုံ) တစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်.။
 
သို့ကြောင့် အထက်ပါဖြစ်ရပ်အတွက် မလေးရှားနိုင်ငံ CID မှဒုတိယထောက်လှမ်းရေးမှူးချုပ်  Datuk Ku Chin Wah က တရားခံကို အလွတ်ပေးမှာမဟုတ်ကြောင်းနဲ့ နည်းမျိုးစုံနဲ့ရအောင်ဖော်ထုတ်သွားမယ်လို့ကြော်ငြာသွားပြီး မလေးရှားနိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းများအနေနဲ့သွေးအေးလူသတ်သမားကို ချမ်းသာမပေးဘူးလို့ ဆက်လက် ကြော်ငြာသွားခဲ့ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ကတော့ အထက်ပါ ပစ်မှု့အတွက် သူ့ထံ ရာဇဝတ်ကောင်ကို အမြန်ဖမ်းပေးခဲ့ပါခင်ဗျာလို့ ရဲဌာနများသို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု့အတွက် ပတ်သက်သူအားလုံးကို ထိုက်သင့်တဲ့ပစ်ဒဏ်ပေးဖို့ အားလုံးဆောင်ရွက်ကြပါလို့ ညွှန်ကြားထားကြောင်း ကြော်ငြာသွားခဲ့ပါတယ် ။
 
နိုင်ငံဝန်ထမ်းများကြားတွင် အနှစ် 30 ကျော် ဦးသန့်ရှင်းလို့ အမည်ရခဲ့တဲ့အသတ်ခံရသူ Datuk Shaharuddin Ibrahim ရဲ့မှု့ခင်းအတွက် အထောက်အထားများရှာရန် နှင့်အတူ အမှု့ဖော်ထုတ်ရန် ပစ်မှု့ဖြစ်ရာ နေရာအား ပိတ်ဆို့ထားပြီး အထောက်အထားများရှာဖွေနေသလို သတင်းပေးများအနေနဲ့ 03-21159999. သို့ ဆက်သွယ်သတင်းပေးနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများမှာရေးသားထားခဲ့ပါကြောင်း မလေးရှားရောက် မြန်မာများသိရှိရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။

April 27, 2013 at 11:30
ယနေ့မလေးရှားနိုင်ငံသတင်းစာများအားလုံးရဲ့ခေါင်းကြီးသတင်းတစ်ပုဒ်ကို မလေးရှားရောက် မြန်မာများ
သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ . ။ မနေ့မနက် ၈ နာရီကျော်အချိန် အကောက်
ခွန်ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်DatukShaharuddinIbrahim တစ်ယောက် ပူထရာဂျာရာ ဝန်ကြီးများရုံးသို့ ရုံးတက်ရန်အသွားလမ်းတွင်မော်တော်ဆိုင်ကယ်စီးသေနတ်သမားများက မီးပွိုင့်ထောင့်တွင် သေနတ်ဖြင့်
စောင့်ပစ်ခြင်းခံခဲ့ရပါတယ် ။

ကားများ၏ ဘုရင် မြင်းကောင်ရေ ၁၆၀၀ အားရှိမည့် Bugatti Super Veyron လာပြီ

ကားများ၏ ဘုရင် မြင်းကောင်ရေ ၁၆၀၀ အားရှိမည့် Bugatti Super Veyron လာပြီ

Volkswagen ကုမ္ပဏီရဲ့ အထူးအဆင့်မြင့် ဇိမ်ခံကားဌာနဟာ ကမ္ဘာ့ အမြန်ဆုံး၊ အဆင့်အမြင့်ဆုံးနဲ့ ဈေးနှုန်းအမြင့်ဆုံး ကားတွေကို တာဝန်ယူ ထုတ်လုပ်ပါတယ်။ Audi ၊ Porsche နဲ့ Bugatti ကားတွေဟာ Volkswagen Group က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်နေတာဖြစ်ပါတယ်။

ယခုအခါမှာလည်း ဒီ အထူးအဆင့်မြင့် ဇိမ်ခံကားဌာနဟာ နောက်ထပ် ကမ္ဘာ့စံချိန် ၂ ခုအား ချိုးနိုင်ရန်အတွက် ကျိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ ကမ္ဘာ့စံချိန် ၂ ခုကတော့ မြင်းကောင်ရေ အများဆုံး စံချိန်နဲ့ အမြန်နှုန်း စံချိန်တို့ပဲ ဖြစ်ပါတယ်။

ဒီစံချိန်တွေကို ချိုးဖျက်ဖို့ ကြိုးပမ်းနေတာကတော့ Bugatti Super Veyron ပဲ ဖြစ်ပါတယ်။ Bugatti အနေနဲ့ Super Veyron ကို လာမည့် စက်တင်ဘာလမှာ ကျင်းပမယ့် Frankfurt ကားပြပွဲမှာ ပထမဆုံးအကြိမ်အဖြစ် စားသုံးသူများနဲ့ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

“Super Veyron” ဆိုတဲ့အတိုင်း ဒီကားကို ဖွဲ့စည်းတည်ဆောက်ထားပုံနဲ့ ပါဝင်တဲ့ စက်ပစ္စည်းတွေ အားလုံးဟာ စူပါတွေပဲ ဖြစ်ပါတယ်။ ကာဗွန်ဖိုင်ဘာကို ယခင်ကထက် အများအပြား ပိုမိုထည့်သွင်း တည်ဆောက်ထားတဲ့ ကိုယ်ထည်၊ ယခင်ထက် များပြားတဲ့ မြင်းကောင်ရေအားနဲ့ စံချိန်တင် အမြန်နှုန်းတို့ကို ရရှိနိုင်မယ်လို့ သိရှိရပါတယ်။

ကိုယ်ထည်ဒီဇိုင်းမှာ ကာဗွန်ဖိုင်ဘာကို ဖောဖောသီသီ အသုံးပြုထားလို့ အလေးချိန်ပိုင်းမှာ ယခုရှိရင်းစွဲ Bugatti Veyron Super Sport ထက် ပေါင် ၅၅၀ ခန့် ပေါ့နေပါတယ်။ ဒါ့အပြင် aerodynamics ပိုဖြစ်တဲ့ ပုံစံကျအောင်လည်း ကိုယ်ထည်ရဲ့ ပုံစံကို ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားပါတယ်။

ကဲ အစောပိုင်းက ကမ္ဘာ့စံချိန်သစ် တင်မယ့် မြင်းကောင်ရေအားက ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ ၁၆၀၀ ပါ။ မှန်ပါတယ်။ ဒီ Bugatti Super Veyron ဟာ မြင်းကောင်ရေ ၁၆၀၀ အားရှိတဲ့ အင်ဂျင်ကြီး တပ်ဆင်ပေးထားပါတယ်။ ဒီမြင်းကောင်ရေအားဟာ Formula 1 ပြိုင်ကားတွေရဲ့ အင်ဂျင်တွေထက်တောင် ပိုပြီးအားကောင်းပါတယ်။

ဆိုတော့ကာ ဒီလောက်တောင် စွမ်းအားကြီးတဲ့ မြင်းကောင်ရေ ၁၆၀၀ အင်ဂျင်က Super Veyron ကို ဘယ်လောက်မြန်မြန် သွားစေနိုင်မှာလဲ။ အံအားသင့်သွား ရပါလိမ့်မယ်။ နောက်ထပ် ကမ္ဘာ့စံချိန် တစ်ခုပါပဲ။ ၀-၆၀ မိုင်နှုန်းကို ၁.၈ စက္ကန့်နဲ့ ရောက်ရှိနိုင်စွမ်းရှိပြီး အမြန်နှုန်း တစ်နာရီ ၂၈၆ မိုင်အထိ မောင်းနှင်နိုင်မယ်လို့ သိရှိရပါတယ်။

ဈေးနှုန်းကကော ဆိုရင်တော့ ကြမ်းခင်းဈေး အနည်းဆုံး ဒေါ်လာ ၂.၅ သန်းကနေ စမယ်လို့ ခန့်မှန်းရပါတယ်။

Volkswagen ကုမ္ပဏီရဲ့ အထူးအဆင့်မြင့် ဇိမ်ခံကားဌာနဟာ ကမ္ဘာ့ အမြန်ဆုံး၊ အဆင့်အမြင့်ဆုံးနဲ့ ဈေးနှုန်းအမြင့်ဆုံး ကားတွေကို တာဝန်ယူ ထုတ်လုပ်ပါတယ်။ Audi ၊ Porsche နဲ့ Bugatti ကားတွေဟာ Volkswagen Group က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်နေတာဖြစ်ပါတယ်။

ဂွမ်တာနာမို အကျဉ်းစခန်း၌ အကျဉ်းသား ၁၀၀ အစာငတ်ခံ ဆန္ဒပြ

ဂွမ်တာနာမို အကျဉ်းစခန်း၌ အကျဉ်းသား ၁၀၀ အစာငတ်ခံ ဆန္ဒပြ
==========
ဧပြီ-၂၇-၂၀၁၃
M-Media

ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ် အခြေစိုက် အကျဉ်း စခန်း အတွင်း ရှိ အကျဉ်းသား ၁၆၆ ယောက် ရှိသည့်အနက် အကျဉ်းသား ၁၀၀ မှာ အစာငတ်ခံ ဆန္ဒပြလျက်ရှိနေကြောင်းကို ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး ဆင်မြူရယ် ဟောက်စ်မှပြောကြားလိုက်ပါတယ်။

ဗိုလ်မှူးကြီး ဟောက်စ်ရဲ့ပြောကြားချက်အရ အစာငတ်ခံ ဆန္ဒပြသူများ အနက်မှ အကျဉ်းသား ၁၉ယောက်ဟာ ကျန်းမာရေးကို ချို့ယွင်းစေလောက်အောင် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်းမှ ကာကွယ်ရန်အတွက် နှာခေါင်းပိုက်ပြွန်မှ တဆင့် အာဟာရရည် အချို့ကို ပေးသွင်းကုသလျှက်ရှိကာ ထို ၁၉ယောက် နက်မှ ငါးယောက်ကတော့ အထူးကြတ်မတ်ကုသရတဲ့ အခြေအနေမျိုးမှာ ရှိနေသော်လည်း အသက်အန္တရယ်ကို စိုးရိမ်ရလောက်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

သို့သော်လည်း အကျဉ်းသားများဘက်မှ ရှေ့နေများကတော့ အမေရိကန် အစိုးရဟာ အကျဉ်းသား အရေအတွက်ကို ပုံမှန်ထက် လျှော့ပြီး သတင်းထုတ်ပြန်တယ်လို့ ချေပပြောဆိုချက်တွေလည်းရှိနေပါတယ်။

အကျဉ်းသားများ ဟာ ဖေဖော်ဝါရီလကတည်းက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကာ အကျဉ်းထောင်အတွင်းရှိ ဆိုးရွားလှသော အခြေအနေများနှင့် တိကျသော ပုဒ်မ အကျဉ်းကျရက် ကာလ သတ်သတ်မှတ်မှတ် မရှိပဲ နှစ်ရှည်လများ အကျဉ်းကျခံနေရခြင်းတို့ကြောင့်ဖြစ်သည်ဟူ၍ သိရပါတယ်။

FOX News

http://www.m-mediagroup.com/news/13031

ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ် အခြေစိုက် အကျဉ်း စခန်း အတွင်း ရှိ အ
ကျဉ်းသား ၁၆၆ ယောက် ရှိသည့်အနက် အကျဉ်းသား ၁၀၀ မှာ အစာငတ်ခံ ဆန္ဒပြလျက်ရှိနေကြောင်းကို
ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး ဆင်မြူရယ် ဟောက်စ်မှပြောကြားလိုက်ပါတယ်။

TATA Nano ကို ဈေးသက်သာစွာဖြင့် မေလစရောင်းမည်

tata-nano-furquan

ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပြီဖြစ်သော အိန္ဒိယနိုင်ငံထုတ်တန်ဖိုးနည်းကားများဖြစ်သော TATA Nano
မော်တော်ယာဉ်များကိုယခုလကုန်၌ ရောင်းချမည့်ဈေးနှုန်း ကြေငြာ၍ မေလဆန်းတွင်ရောင်းချသွားရန်စီစဉ်
လျှက် ရှိကြောင်း အဆိုပါ မော်တော်ယာဉ်တင်သွင်းရောင်းချသည့် Apex Greatest Industrial မှ အကြီးတန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား

ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား
=============
ဧပြီလ ၂၈၊ ၂၀၁၃
M-media
သတင်း- ဆူးထက်	

	ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ  မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက်ကြပါသည်။ အဖျက်သမားများ ဘက်မှ ၄.၅.၂၀၁၃ နေ့အထိ target ထားရအောင် ဖျက်ဆီးမယ်လို့ သတင်းလွှင့်ထားတဲ့ အတွက် မွတ်စလင်တွေ အကုန်လုံး ထိတ်လန့် စိုးရိမ်နေရပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါ ” ဟု M-Media သို့ပြောပြလာပါသည်။

ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယမန့်နေ့ည ၂၇.၄.၂၀၁၃ နှင့် ယနေ့ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှု သတင်းများ ပျံနှံလျက်ရှိသောကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ် ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲဝင်များ၏ မြင်ကွင်းဖြစ်ပါသည်။ 

ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းများ ဖတ်လိုလျင် http://www.m-mediagroup.com/news/12814

ဧပြီလ ၂၈၊ ၂၀၁၃
ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက်ကြပါသည်။

ငါက ဗမာဘုန်းကြီးမပာုတ်ဘူးကွ ရခိုင်ဘုန်းကြီးပာု သကာင်္န်းဝတ် တစ်ဦး အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုသို့ ရန်စ

ရန်ကုန်မြို့ ရွေဗပိာု ပာိုတယ်ဘေး ရှိ မဂျီဒီယာစာသင်ကျောင်း(ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ကျောင်း) သို့ယခုလ၂၇ ရက်နေ့နံနက် ၁ နာရီခွဲအချိန်တွင် သကာင်္န်းဝတ် ၅ ဦးရောက်ရှိလာပြီး လုံခြုံရေးအတွက်ကင်း
စောင့်နေသည့် ကျောင်းသားငယ်များအားခိုက်ရန်ဖြစ်ပွားစေရန်စိန်ခေါ်ခြင်း၊ငါကဗမာဘုန်းကြီးမပာုတ်ဘူး
ကွ ရခိုင်ဘုန်းကြီးပာု ရန်စခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ည ၁၁ နာရီမှာ မွန်ဂိုလီးယားနိုင်ငံသို့ထွက်ခွာ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမို
ကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ ဒီကနေ့ ည ၁၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကနေ ထွက်ခွာမယ်လို့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။