Pages

Pages - Menu

Sunday, April 28, 2013

နေပြည်တော်တ၀ိုက်တွင် ယနေ့နေ့လည့် (၁၂း၃၀)အချိန်မှစတင်ပြီး ၉၆၉ လှုပ်ရှားမှုများစတင်နေ

နေပြည်တော်ဒေသတ၀ိုက်တွင် 969 အကြမ်းဖက်ဂိုဏ်း၏ အကြမ်းဖက်ရန် လှုံ့ဆော်မှုများ စတင်နေပြီဖြစ်
ကြောင်း သတင်းရရှိပါတယ်။ `အခုပဲ ရာဇဌာနီလမ်းမှာတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ဘုန်းကြီးတွေရော၊အရပ်
သားတွေရော လိုက်ဝေတယ်။ စတေကာတွေ အခွေတွေပေးတယ်။ကုလားဆိုင်ဆို ရှောင်ရမယ်။ ကြားလား။ ဗုဒ္ဓဘာသာမှန်ရင် ဒါကပ်ထားလို့ပြောသွားတယ်´ နေ့(၁၂း၃၀)အချိန်က ပျဉ်းမနားမြို့၊ ရာဇဌာနလမ်းရှိကုန်
မာဆိုင်တစ်ခုမှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
`သမီးတို့ဆီတော့ စောစောန ဘုန်းကြီးတွေ ၀င်လာတာ တွေ့ပါတယ်။ ဆိုင်ရှင်နဲ့တွေ့ပြီး စကားတွေဘာတွေ
ပြောနေတာတော့ တွေ့တယ်။ ဘာလဲတော့မသိဘူး။ ဆိုင်ရှင်ကို ပေးတယ်။ ဆိုင်ရှင်ကလည်း ဘာတွေလဲ
မသိဘူး ပြန်ပေးလိုက်တယ်။ ဒီလိုပါပဲ။ ဖောက်သည်ကတော့ ရှိပါတယ်။ နဲနဲတော့ ပါးတာပေါ့။ ဒီ ပြဿနာ

တွေကြောင့်လို့တော့ ထင်တယ်။ သမီးတို့ဆီကတော့ လူကြီးတွေရယ်၊ တရုတ်သူဌေးတွေရယ် လာတာက များပါတယ်။ 




မွတ်စလင်မ်တွေကတော့ လာပါတယ်။ အရမ်းတော့ မရှိဘူးရှင့်။ သူတို့ဘာသာရေးကဒါမျိုးတွေအပျော်မကျူး
ရဘူးလေ။ဗမာတွေလဲလာပါတယ်။ပန်းရံသမားတွေ၊ ကယ်ရီသမားတွေ သိပ်ရိုင်းတယ်။ သူတို့နဲ့ဆို တွဲမလုပ်
ချင်ဘူး။ ရိုင်းတယ်။ကိုယ်ကသူတို့လူမျိုးမဟုတ်တော့ သီးခံရတာပေါ့။´ ရာဇဌာနီလမ်းအနီးရှိ KTV ဖျော်ြေ ဖ
ရေးတစ်ခုမှ တိုင်းရင်းသူ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ယခုကဲ့သို့ လှုံ့ဆော်မှုများအား မြို့ပြအနီးရှိ ကျေးလက်များတွင် မိတ္ထီလာအကြမ်းဖက်မှု ဖြစ်ပွားစဉ်ကတည်း

က လုပ်ဆောင်နေခြင်းဖြစ်ပြီး စနစ်ကျ ပီပြင်စွာဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့ခံတစ်ဦးမှ အလင်းမျက်ဝန်းသို့ပြောကြားပါတယ်။

`969 တွေဟာ မိတ္ထီလာဖြစ်ကတည်းက ဘယ်က ဘယ်လိုရောက်လာမှန်း မသိပါဘူးဗျာ။ ပုရွက်ဆိတ်ကုန်း၊ 

ရွာသစ်၊ ရှမ်းစုလေး၊ ကျိန်အင်း ရွာတွေမှ အများကြီးပဲဗျာ။ အဲ့ဒီနေရာတွေမှာ ဗွီဒီယိုရုံတွေ၊ ရပ်ကွက်ရုံးတွေ
ကနေအော်အော်ပြီး မိတ္ထီလာမှာ ဘုန်းကြီးကိုသတ်တယ်။ မြို့ပေါ်က ကုလားတွေကိုချေမှုန်းဖို့ အသင့်ပြင်ကြ
ပါ။ ဒါတွေအော်တယ်။ ဘယ်အုပ်ချုပ်ရေးမှူး၊ ဘယ်တာဝန်ရှိသူကမှ မတားကြဘူး။ 

ကျနော်က ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဒါမျိုး အကြမ်းဖက်တာတွေကိုတော့ ဆန့်ကျင်တယ်။ 969 လဲအလကား
ပဲဗျ။ လူထွင်တာ။ ဘုရားဟောတာ မဟုတ်ဘူး။ဘုရားကိုအိမ်ဦးခန်းမှာပူဇော်ကန်တော့ထားတယ်။သံဃာက
တော့ရိုသေသင့်တဲ့သံဃာတွေပဲရှိခိုးတယ်။ ပြောချင်တာပြောပါစေဗျာ။ လူသတ်တဲ့ကောင်တွေကိုတော့ အိမ်
ဦးခန်းခေါ်ပြီး ဦးခိုက်တာေ-ာက်ရူးအလုပ်ဗျ။ အခုလဲ ဒီသတင်းကြားနေတာ ကြာပါပြီ။ ဘာ 969 လဲ။ ဗုဒ္ဓကို 
ေ-ာက်ရှက်ခွဲနေတဲ့ကောင်တွေ။ ကျနော်ကတော့ လက်မခံဘူး။ 

မနေ့ညကသမီးကအဲ့ဒီဘက်ကနေ(ရာဇဌာနီလမ်း)ဥပ္ပါတဘုရားမှာ မွေးနေ့အတွက်ကန်တော့ပြီး ပြန်ရောက်
တော့ ပြောတယ်။ဒီကောင်တွေ လိုက်ထရပ်ကားနဲ့ကို ရောက်နေတာတဲ့။ ညပိုင်းထိကို လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားနေတာအံ့သြပါရဲ့။ဒီလောက်လူတွေသတ်နေတာကိုလဲဘယ်ကောင်ကမှအခုထိ မတားကြသေးဘူး
။ ကျုပ်တို့ဗမာကတော့ ကမ္ဘာမှာေ-ာက်ရှက်တွေက ကွဲပြင်းရင် ဆက်ကွဲနေတုံးပဲ´ ပျဉ်းမနားမြို့နယ်ရှိ တည်း
ခိုခန်းပိုင်ရှင်တစ်ဦးမှ ပြောပြသွားတာ ဖြစ်ပါတယ်။

တောင်အာရှဒေသရှိ အစ္စလာမ်ဘာသာဝင်အချို့မှ `အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏´ဆို

သော စာတန်းအား ဂဏန်းအချက်ပြသင်္ကေတဖြစ်သော ၇၈၆ ဂဏန်းအား အားကျပြီး သာသနာရေးဝန်ထမ်း
တစ်ဦးမှ 969ဂဏန်းအားတည်ထွင်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါဝန်ထမ်းသည် ဖြူဖြူချောချော ထောင်ထောင်
မောင်းမောင်း မျိုးကောင်း မျိုးသန့် ကုလားမညီမနှစ်ယောက်အားတပြိုင်တည်းလက်ထပ်ထားသူဖြစ်ကြောင်း

နှင့် မိတ္ထီလာတွင် လုပ်ပြလိုက်ခြင်းကြောင့် သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထက်ပင် မွတ်စ
လင်မ်များမှာ မိမိအား ပို၍ ကြောက်ရွံ့သွားကြကြောင်း၊ မွတ်စလင်မ်များဟာ တကယ်လုပ်ပါက အလံဖြူ
ထောင်၍ လက်မြှောက်က အရှုံးပေးကြကြောင်း အစရှိသည်များအား မန္တလေးမြို့နေ ၀ီရသူမှ ဧပြီလ (၂၂)
ရက်နေ့က ဘားအံမြို့တွင်ပြုလုပ်သော 969 အကြမ်းဖက်ဂိုဏ်း၏ အကြမ်းဖက်ဝါဒပြန့်ပွားရေး လှုံ့ဆော်ပွဲ
တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ဘာသာတရားတစ်ခုအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားနေပြီးလူသတ်အကြမ်းဖက်မီးရှို့

ဖျက်ဆီးမှုများအား လွတ်လပ်စွာ ပြုလုပ်နေခြင်းအပေါ် နိုင်ငံတကာမှ သမ္မတဦးသိန်းစိန်အစိုးရအပေါ် မေး
ခွန်းထုတ်ခြင်းခံခဲ့ရသော်လည်း ပကတိအခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖုံးအုပ်၍ ငြင်း
ကွယ်နေဆဲသာဖြစ်တာကြောင့် HRW ၏ဘာသာရေးအခြေပြုအကြမ်းဖက်မှုများတွင်အစိုးရပါဝင်ပတ်သက်
နေသည်ဟူသော စွတ်စွဲချက်အား ပိုမိုလေးနက်သွားစေကြောင်း လေ့လာသူများက သုံးသပ်နေကြပါတယ်။

The Eye of Light (အလင်းမျက်ဝန်း),
Rangonnewsdaily
RND:  :28.4.2013

No comments:

Post a Comment