ယနေ့မလေးရှားနိုင်ငံသတင်းစာများအားလုံးရဲ့ခေါင်းကြီးသတင်းတစ်ပုဒ်ကို
မလေးရှားရောက် မြန်မာများ
သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင် ဗျာ . ။
မနေ့မနက် ၈ နာရီကျော်အချိန် အကောက်
ခွန်ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်DatukShaharuddinIbrahim တစ်ယောက် ပူထရာဂျာရာ ဝန်ကြီးများရုံးသို့
ရုံးတက်ရန်အသွားလမ်းတွင်မော်တော်ဆိုင်ကယ်စီးသေနတ်သမားများက
မီးပွိုင့်ထောင့်တွင် သေနတ်ဖြင့်
စောင့်ပစ်ခြင်းခံခဲ့ရပါတယ် ။
အိမ်မှနံနက် 7နာရီကျော်ထွက်တတ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ Nissan SUV
ကားမှာ Lebuh Wawasan Lebuh Sentos ခုံးကျော်တံတားသို့ မီးပွိုင့်မှ အထွက်
လူ၂ယောက်စီးနင်းလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးချဉ်းကပ်လာပြီး
အလိုလျှောက်သေနတ်ဖြင့် 3 ကြိမ်တိတိ ပစ်ခတ်သွားကာ ထိုအထဲမှ တစ်ချက်မှာတော့
ညွှန်ကြားရေးမှုးချုပ်ရဲ့ လည်ပင်းကိုဖော်ထွက်သွားနိုင်ခဲ့ တယ်လို့ Thestar သတင်းဌာနက ကြော်ငြာသွားခဲ့ပါတယ် ။
ညွှန်ကြားရေးမှုးချုပ်ရဲ့ ဒရိုင်ဘာမှဆေးရုံသို့ အမြန်မောင်းနှင်သွားနိုင်ခဲ့ပေမ ယ့်
နံနက် 9 နာရီကျော်မှာတော့ မလေးရှားနိုင်ငံ အကောက်ခွန်ဝန်ကြီးဌာနရဲ့
ညွှန်ကြားရေးမှုးချုပ် Datuk Shaharuddin Ibrahim (ဘယ်ပုံ) တစ်ယောက်
အသက်ဆုံးရှုံးခဲ့ရပါတယ်.။
သို့ကြောင့် အထက်ပါဖြစ်ရပ်အတွက် မလေးရှားနိုင်ငံ CID မှဒုတိယထောက်လှမ်းရေးမှူးချုပ် Datuk Ku Chin Wah က တရားခံကို အလွတ်ပေးမှာမဟုတ်ကြောင်းနဲ့ နည်းမျိုးစုံနဲ့ရအောင်ဖော်ထုတ်သွားမယ်လို့ကြော်ငြာသွားပြီး မလေးရှားနိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းများအနေနဲ့သွေးအေးလူသတ်သမားကို ချမ်းသာမပေးဘူးလို့ ဆက်လက် ကြော်ငြာသွားခဲ့ပါတယ်။
ညွှန်ကြားရေးမှုးချုပ်ရဲ့ ဒရိုင်ဘာမှဆေးရုံသို့ အမြန်မောင်းနှင်သွားနိုင်ခဲ့ပေမ
သို့ကြောင့် အထက်ပါဖြစ်ရပ်အတွက် မလေးရှားနိုင်ငံ CID မှဒုတိယထောက်လှမ်းရေးမှူးချုပ် Datuk Ku Chin Wah က တရားခံကို အလွတ်ပေးမှာမဟုတ်ကြောင်းနဲ့ နည်းမျိုးစုံနဲ့ရအောင်ဖော်ထုတ်သ
လက်ရှိ ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ကတော့ အထက်ပါ ပစ်မှု့အတွက် သူ့ထံ ရာဇဝတ်ကောင်ကို အမြန်ဖမ်းပေးခဲ့ပါခင်ဗျာလို့ ရဲဌာနများသို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု့အတွက် ပတ်သက်သူအားလုံးကို ထိုက်သင့်တဲ့ပစ်ဒဏ်ပေးဖို့ အားလုံးဆောင်ရွက်ကြပါလို့ ညွှန်ကြားထားကြောင်း ကြော်ငြာသွားခဲ့ပါတယ် ။
နိုင်ငံဝန်ထမ်းများကြားတွင် အနှစ် 30 ကျော် ဦးသန့်ရှင်းလို့ အမည်ရခဲ့တဲ့အသတ်ခံရသူ Datuk Shaharuddin Ibrahimရဲ့မှု့ခင်းအတွက် အထောက်အထားများရှာရန် နှင့်အတူ အမှု့ဖော်ထုတ်ရန် ပစ်မှု့ဖြစ်ရာ နေရာအား ပိတ်ဆို့ထားပြီးအထောက်အထားများရှာဖွေနေသလိုသတင်းပေးများအနေနဲ့03-21159999.သို့ ဆက်
သွယ်သတင်းပေးနိုင်ကြောင်းနိုင်ငံပိုင်သတင်းစာများမှာရေးသားထားခဲ့ပါကြောင်း မလေးရှားရောက် မြန်
မာများသိရှိရန် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင် ဗျာ ။
မျိုရခိုင်
Rangonnewsdaily
RND: :28.4.2013
RND: :28.4.2013
No comments:
Post a Comment