Pages

Pages - Menu

Sunday, April 28, 2013

ဂွမ်တာနာမို အကျဉ်းစခန်း၌ အကျဉ်းသား ၁၀၀ အစာငတ်ခံ ဆန္ဒပြ

ဂွမ်တာနာမို အကျဉ်းစခန်း၌ အကျဉ်းသား ၁၀၀ အစာငတ်ခံ ဆန္ဒပြ
==========
ဧပြီ-၂၇-၂၀၁၃
M-Media

ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ် အခြေစိုက် အကျဉ်း စခန်း အတွင်း ရှိ အကျဉ်းသား ၁၆၆ ယောက် ရှိသည့်အနက် အကျဉ်းသား ၁၀၀ မှာ အစာငတ်ခံ ဆန္ဒပြလျက်ရှိနေကြောင်းကို ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး ဆင်မြူရယ် ဟောက်စ်မှပြောကြားလိုက်ပါတယ်။

ဗိုလ်မှူးကြီး ဟောက်စ်ရဲ့ပြောကြားချက်အရ အစာငတ်ခံ ဆန္ဒပြသူများ အနက်မှ အကျဉ်းသား ၁၉ယောက်ဟာ ကျန်းမာရေးကို ချို့ယွင်းစေလောက်အောင် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်းမှ ကာကွယ်ရန်အတွက် နှာခေါင်းပိုက်ပြွန်မှ တဆင့် အာဟာရရည် အချို့ကို ပေးသွင်းကုသလျှက်ရှိကာ ထို ၁၉ယောက် နက်မှ ငါးယောက်ကတော့ အထူးကြတ်မတ်ကုသရတဲ့ အခြေအနေမျိုးမှာ ရှိနေသော်လည်း အသက်အန္တရယ်ကို စိုးရိမ်ရလောက်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

သို့သော်လည်း အကျဉ်းသားများဘက်မှ ရှေ့နေများကတော့ အမေရိကန် အစိုးရဟာ အကျဉ်းသား အရေအတွက်ကို ပုံမှန်ထက် လျှော့ပြီး သတင်းထုတ်ပြန်တယ်လို့ ချေပပြောဆိုချက်တွေလည်းရှိနေပါတယ်။

အကျဉ်းသားများ ဟာ ဖေဖော်ဝါရီလကတည်းက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကာ အကျဉ်းထောင်အတွင်းရှိ ဆိုးရွားလှသော အခြေအနေများနှင့် တိကျသော ပုဒ်မ အကျဉ်းကျရက် ကာလ သတ်သတ်မှတ်မှတ် မရှိပဲ နှစ်ရှည်လများ အကျဉ်းကျခံနေရခြင်းတို့ကြောင့်ဖြစ်သည်ဟူ၍ သိရပါတယ်။

FOX News

http://www.m-mediagroup.com/news/13031

ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ် အခြေစိုက် အကျဉ်း စခန်း အတွင်း ရှိ အ
ကျဉ်းသား ၁၆၆ ယောက် ရှိသည့်အနက် အကျဉ်းသား ၁၀၀ မှာ အစာငတ်ခံ ဆန္ဒပြလျက်ရှိနေကြောင်းကို
ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး ဆင်မြူရယ် ဟောက်စ်မှပြောကြားလိုက်ပါတယ်။ ဗိုလ်မှူးကြီး ဟောက်စ်ရဲ့ပြောကြားချက်အရ အစာငတ်ခံ ဆန္ဒပြသူများ အနက်မှ အကျဉ်းသား ၁၉ယောက်
ဟာ ကျန်းမာရေးကို ချို့ယွင်းစေလောက်အောင် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်းမှ ကာကွယ်
ရန်အတွက် နှာခေါင်းပိုက်ပြွန်မှ တဆင့် အာဟာရရည် အချို့ကို ပေးသွင်းကုသလျှက်ရှိကာ ထို ၁၉ယောက် နက်မှ ငါးယောက်ကတော့ အထူးကြတ်မတ်ကုသရတဲ့ အခြေအနေမျိုးမှာ ရှိနေသော်လည်း အသက်အန္တ
ရယ်ကို စိုးရိမ်ရလောက်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

သို့သော်လည်း အကျဉ်းသားများဘက်မှ ရှေ့နေများကတော့ အမေရိကန် အစိုးရဟာ အကျဉ်းသား အရေ
အတွက်ကို ပုံမှန်ထက် လျှော့ပြီး သတင်းထုတ်ပြန်တယ်လို့ ချေပပြောဆိုချက်တွေလည်းရှိနေပါတယ်။

အကျဉ်းသားများ ဟာ ဖေဖော်ဝါရီလကတည်းက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကာ အကျဉ်းထောင်အတွင်း
ရှိ ဆိုးရွားလှသော အခြေအနေများနှင့် တိကျသော ပုဒ်မ အကျဉ်းကျရက် ကာလ သတ်သတ်မှတ်မှတ် မရှိ
ပဲ နှစ်ရှည်လများ အကျဉ်းကျခံနေရခြင်းတို့ကြောင့်ဖြစ်သည်ဟူ၍ သိရပါတယ်။

FOX News ,Rangonnewsdaily
RND:  :28.4.2013

No comments:

Post a Comment