Pages
▼
Pages - Menu
▼
Thursday, March 21, 2013
Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀) ချက်
iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀)ချက် ဆိုတဲ့ပို့စ်မှာ ကျနော်ရေးခဲ့တဲ့အတိုင်း
အချို့အချက်တွေမှာ Android က တကယ်သာလွန်ကောင်းမွန်တယ်ဆိုတာ
ငြင်းစရာမရှိပါဘူး။ သို့သော် အရာရာတိုင်းမှာ "တခြားတစ်ဖက်ကကြည့်ရင်"
ဆိုတဲ့စကားရှိတဲ့အတိုင်း Android ထက်သာတဲ့အချက်တွေ iPhone မှာရှိနေဆဲပါပဲ။
ဒီပို့စ်မှာ ကျနော် Android ထက်သာလွန်တဲ့ iPhone ရဲ့ အချက် (၁၀)ချက်
ကိုရေးပြချင်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် အဖွဲ့ယနေ့မော်လမြိုင်မြို့ သို့ရောက်ရှိပြီးမကြာမီ အတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီတိုက်ခိုက်ခံရ ( Breaking News:)
မော်လမြိုင်မြို့၏ နောက်ဆက်တွဲ သတင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှ င့် အဖွဲ့ ကား ၃စီးခန့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ရောက်၇ှိနေကြောင်းသတင်းရရှိပါသည်။မော်လမြိုင်မြို့ဖက်တန်းရပ်ကွက် အအတ္ထရံဟိုတယ် ဘေး ရှိ ကုလားတန်းဗလီကို
ယနေ့ည ၈နာ၇ီအချိန်တွင် ခဲများဖြင့်ပစ်ပေါက်၍ ထွက်ပြေးရာ မှန်
၅ချပ်ကွဲသွားကြောင်းနှင့် ချက်ခြင်းပင် ဗလီလူကြီးများမှ သက်ဆိုင်ရာသို့
အကြောင်းကြားထားကြောင်း မျက်မြင် သက်သေတစ်ဦး၏ သတင်းပေးချက်အရ သိ၇ှိရပါသည်။
ိမိတ္ထီလာ မှာ မီးရှို့ မှု တွေ ထပ်ဖြစ် ပြီး သေဆုံးသူ တိုးလာ
မတ်လ ၂၁ ရက်နေ့ မှာ ဒုတိယ မြောက်နေ့  အဖြစ် မတ္ထီလာ မြို့  မှာ မငြိမ်သက် မှုတွေ ဆက် ဖြစ်နေတယ်လို့  FNG က သိရှိ ရပါတယ်။ ဒုတိယ မြောက် နေ့ မှာ အစိုးရ ရုံး တွေ ပါ မီးရှို့ ခံရ ပြီး ၊ ရန် မျိုး အောင် ရပ် ကွက် ၊ မိတ္ထီလာ စည် ပင်ဈေး အနီး နဲ့  အာရှ စိမ်းလန်း ဖွံ့  ဖြိုး ရေး ဘဏ်ခွဲ ပါ မီးစွဲ လောင် ခဲ့ တယ်လို့  သိရပါတယ်။ မင်္ဂလာ ဇေယုံရပ် ကွက် မှာ တော့ ရပ် ကွက် ရဲ့  နေရာ အတော် များများ ကို မီးစွဲ လောင်ခဲ့ ပါတယ်။
သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်
လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။
သြစတြေးလျ လုပ်ငန်းရှင်များ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံလို၊ နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ ၆ သန်းကျော်ရှိ
မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ
စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆိုလိုက်သည်။
"မိတ္ထီလာက အဓိကရုဏ်းတွေကို ထိန်းချုပ်ဖို့အတွက်တပ်မတော်မှ စတင်းလှုပ်ရှား"
Thursday, 21 March 2013
ဒီကနေ့က မိတ္ထီလာမြို့ပေါ်ရပ်ကွက်အချို့တွ င် လောင်ကျွမ်းနေသော မီးလောင်မှုများကို ငြိမ်းသတ်နိုင်ပြီ ဖြစ်ကြောင်းသိရှိရသည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး
တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း
ဝေဖန်မှုများ ထွက်ပေါ်နေသည်။
The Buddhist mobs killed 28 religious students and 4 teachers in Hamayatul Islam Religious Arabic School (Maddarasa) of Mingalar Zayyu village under Meiktilar Township
Among the burnt down houses and buildings, Maddarasa Hamayatul Islam
was the biggest one in Mingalar Zayyu village. The Buddhist extremists
were entire night feeling free to mass kill, and attack Muslims and
torch up houses with the Marshal Law Act-144 not to out but there is no
barrier and attachment for Buddhist racists by security personnel and
Army. At the night of 3 AM, a Buddhist merciful family situated near the
Religious School had called and brought all the Muslim religious
teachers and students to his house for the life safety. The Muslim
religious school burnt into ashes around 4 AM by the racists.
မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်
မတ် ၂၁
၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ
ကျောက်ပုံ ကမ်းနားအနီး ငမိုး
ရိပ်ချောင်းအတွင်း အမည်မသိအမျိုးသားအလောင်း ၁
လောင်း တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာဝဲရင်အုံ၊ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်
တို့တွင်
ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့်
လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်
မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
Google မှ www.google.com.mm ကိုအသုံးပြုနိုင်ရန်စီစဉ်
ခင် အချိန်အတွင်း မှာပင်
ယခုကဲ့သို့ အသုံးပြု၍ ရနေခြင်း လည်းဖြစ်သည်။
မိတ္ထီလာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဟု ရဲတပ်ဖွဲ့ပြော (ညနေ ၄ နာရီ)
မိတ္ထီလာမြို့ရှိ အင်းဝဘဏ်မှ ငွေကြေးများအား လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေသည်ကို မတ် ၂၁ ရက်တွင် တွေ့ရစဉ် |
မိတ္ထီလာမြို့ ပဋိပက္ခတွေ အခုအချိန်ထိ ဖြစ်ပွားနေပြီး တည်းခိုခန်းတခုပြာကျသွားပြီးနော
က် အိမ် ၅ လုံးလောက် မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား
ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ကွန်းချမ်း
စံခလပူရီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်သို့
ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နွှယ်ဖွား ၉၀ ကျော်ကို ယခုသီတင်းပတ်အတွင်း
ဖမ်းဆီးကာ ထိန်းသိမ်းထားကြောင်း ဒေသခံများနှင့် အာဏာပိုင်များက ပြောသည်။“အားလုံး ၉၂ ယောက်။ ယောက်ျား/မိန်းမ ခွဲနေတုန်းပါ။ စစ်ဆေးဆဲပဲ
ရှိပါသေးတယ်။ လဝက ဥပဒေနဲ့ပဲ အရေးယူမယ်” ဟု ခရိုင် လဝက အရာရှိတဦးက ပြောသည်။
မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင် အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Thursday, 21 March 2013
မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေး တစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေး အင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
မိတ္ထီလာအရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
မိတ္ထီလာတွင် ဖြစ်ပွားနေသော အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမို
တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း သတင်းရရှိသည်။
"၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ စာအုပ်အဖုံးက စပြီး ပြင်သင့်ဟု ဦးခွန်ထွန်းဦး ပြောကြား"
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် ပြင်ဆင်ရမည့်ဥပဒေများစွာရှိနေပြီး စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါ ဥက္ကဌ ဦးခွန်းထွန်းဦးက ရှမ်းပြည်နယ် လာရှိုးမြို့၌ ယနေ့ ကျင်းပပြုလုပ်သော ငြိမ်ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲ ပထမနေ့ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မိထ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်ကို ရဲဝန်ထမ်းအင်အား၅၀၀ခန့်ဖြင့် ထိန်းသိမ်းနေသော်လည်း လူထုကိုထိမ်းသိမ်းလို့မရသေး
မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခ ကြားတွင် မိထ္ထီလာ ရဲတပ်ရင်း(၇) နှင့် (၄) တို့မှ ရဲဝန်ထမ်းအင်အား၅၀၀ခန့်ဖြင့် ထိန်းသိမ်းနေပြီး ၄င်းတပ်ဖွဲ့ဝင်များအနေဖြင့် အထက်အာဏာပိုင်မှ လာသော အမိန့်ကို သာ စောင့်ဆိုင်းဆောင်ရွက်နေကြောင်းသိရသည်။ "လူထုက သိပ်ပြီးထိန်းလို့မလွယ်ဘူး၊
မိတ္တိလာ မြို့နယ်တွင် မတ်လ၂၀ ရက် ရွှေဆိုင်တခုအငြင်းပွားမှုမှစတင်းခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှုမြင့်ကွင်းများ
အဓိကရုဏ်းကြောင့်
မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ
ထိုးတက်နေစဉ် ဒေသခံအချို့
မော်တော်ဆိုင်ကယ်ဖြင့် သွားလာနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က
တွေ့ရစဉ်
မတ်လ၂၀ ရက်နေ့က
ရွှေဆိုင်တခုတွင်အငြင်းပွားခိုက်ရန်ဖြစ်ရာမှစတင်ဖြစ်ပွားခဲ့သည့်အဓိကရုဏ်းကြောင့်
လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၁၂ ခုနှစ်
ရခိုင်ပြည်နယ် အရေးအခင်းပြီးနောက် အဆိုးရွားဆုံး လူ
မှုပဋိပက္ခဆိုးကြီး
ဖြစ်သည်။
အဓိကရုဏ်းကြောင့် မိထ္ထိလာ ကောင်းကင်တွင် မီးခိုးလုံးကြီးများ
|
မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာမွတ်စလင်မ် လူမှုရှေ့ဆောင်ကွန်ရက်မှ ကူညီလျက်ရှိ
မတ်လ ၂၁၊ ၂၀၁၃
မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာ မွတ်စလင်မ်လူမှုရှေ့ဆောင်ကွန်ရက် မှ ကျန်းမာရေးကူညီစောင့်ရှောက်မှု များပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ ထွက်ပြေးလွတ်မြောက် လာသော
ဒုက္ခသည်များသည် ဆူးလေကုန်းကျေးရွာ သို့ ရောက် ရှိနေကြောင်း၊
မြူနှင်းများကျဆင်း၍ ရန်ကုန်မြစ်အတွင်းကူးတို့ခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းထားရ
Thursday, 21 March 2013
ယနေ့နံနက် မြူနှင်းများ ကျဆင်းမှုကြောင့် ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော ကူးတို့လိုင်းအချို့ နံနက်ပိုင်းခရီးစဉ်အချို့အား ခေတ္တရပ်နားထားခဲ့ရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး က သတင်းရရှိသည်။ စဥ့်အိုးတန်း-ဆာပါချောင် ကူးတို့လိုင်းအား မနက် ၆ နာရီခွဲ အသွားနှင့် ၇ နာရီ အပြန်တို့အား ရပ်နားခဲ့ပြီး၊ ပန်းဆိုးတန်း-ဒလ ကူးတို့အား မနက် ၇ နာရီမှစ၍ အသွားအပြန် နှစ်ခေါက်ရပ်နားထားခဲ့ခြင်းဖြစ် သည်။
ရွှေတိဂုံပတ်ဝန်းကျင် အထပ်မြင့် ဆောက်လုပ်မှု အမြင့်ပေဖြင့်" ပြောင်းလဲကန့်သတ်
ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အထပ်ဖြင့် ကန့်သတ်ခဲ့သော်လည်း ယခုအခါ အမြင့်ပေဖြင့် ပြောင်းလဲကန့်သတ်နေကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ သမ္မတကြီး မတ်လ ၂၀ ရက်နေ့ ညနေ ဒေသ စံတော်ချိန် ၆ နာရီ ၄၇ မိနစ် စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်
ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahman ဟာ မတ်လ ၂၀ ရက်နေ့ ညနေ ဒေသ စံတော်ချိန် ၆ နာရီ ၄၇ မိနစ်မှာ စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်သွားခဲ့ပါတယ်။ကျန်းမာရေး မကောင်းတဲ့ အတွက် စင်္ကာပူမှာ သွားရောက် ဆေးကုနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ကွယ်လွန်ချိန်
မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူးတဦး အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံရ
Thursday, 21 March 2013
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ ပြုကျင့်မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ခင်ပွန်းသည် မရှိခိုက် မြစ်သား ရဲစခန်းမှူး ဦးကြည်လှ ဆိုသူက အဓမ္မ
ပြုကျင့်ခဲ့သည်ဟု တရားလို တိုင်ကြားသူ အသက် ၃၉ နှစ် အရွယ် ကလေး ၄ ယောက်
မိခင် ဒေါ်သန်းခင်က ဧရာဝတီကို ပြောသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် (၁၂၀၀)နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁)နာရီ၊ (၃၈)မိနစ်၊
(၁၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင် စခန်းမှမြောက်ဘက် မိုင်(၆၂)ခန့်
ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(သပိတ်ကျင်းမြို့၏ အရှေ့ဘက် (၅)
မိုင်ခန့်) ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ် ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိတ္ထီလာမြို့တွင် ဗလီများ ထပ်မံ ဖျက်ဆီးခံနေရ ခုချိန်ထိ မငြိမ်သက်သေး
မတ်လ ၂၀၊၂၀၁၃