Pages

Pages - Menu

Thursday, March 21, 2013

မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာမွတ်စလင်မ် လူမှုရှေ့ဆောင်ကွန်ရက်မှ ကူညီလျက်ရှိ

မတ်လ ၂၁၊ ၂၀၁၃
မိတ္ထီလာမှ ထွက်ပြေးလာသော ဒုက္ခသည်များ အား မြန်မာ မွတ်စလင်မ်လူမှုရှေ့ဆောင်ကွန်ရက်မှ ကျန်းမာရေးကူညီစောင့်ရှောက်မှု များပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများမှ ထွက်ပြေးလွတ်မြောက် လာသော ဒုက္ခသည်များသည် ဆူးလေကုန်းကျေးရွာ သို့ ရောက် ရှိနေကြောင်း၊
ယင်းဒုက္ခသည်များမှာ နေထိုင် စားသောက်ရေး၊ ကျန်းမာရေး အတွက် ကူညီပေးရန် လိုအပ်နေမှု များကြောင့် မြန်မာ မွတ်စလင်မ်ရှေ့ဆောင်ကွန်ရက်မှ ကျန်း မာရေးစောင့်ရှောက်မှုများ စတင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်းသိရပါသည်။

ယင်း ဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်မှုကူညီရေးတွင် ပါဝင်လှူဒါန်းလိုပါက ဒေါက်တာကျော်တင့်၊ ဖုန်းနံပါတ် 09400440256 သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

အေးမောင် သတင်းပေးပို့သည်။
M-Media,Rangonnewsdaily
RND:  :21.3.2013

No comments:

Post a Comment