Pages

Pages - Menu

Thursday, March 21, 2013

ၾသစေၾတးလ် လုပ်ငန်းရှင်များ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံလို၊ နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ ၆ သန်းကျော်ရှိ

မြန်မာနိုင်ငံရှိ စီးပွားရေး ကဏ္ဍစုံတွင် သြစတြေးလျ စီးပွားရေး လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်လိုကြောင်း သမ္မတ ဦးသိန်းစိန်နှင့် မတ်လ ၁၉ ရက်နေ့က တွေ့ဆုံစဉ် သြစတြေးလျ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က ပြောဆိုလိုက်သည်။ ကော်မရှင် အမှုဆောင်အရာရှိချုပ်က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတများ အသုံးပြုခြင်း၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေးအခြေခံ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းနှင့် ပညာရေး ကျန်းမာရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့သည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိသည်

နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ပတ်သက်၍ “မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်မှုက ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မတ်လ ၁၈ ရက်နေ့အထိ သွင်းကုန် အမေရိကန်ဒေါ်လာ ၀.၈သန်း၊ ပို့ကုန်က ဒေါ်လာ ၅.၂၃၄ သန်း။ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆.၀၃၄ သန်း ရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံမှ ပို့ကုန်အမျိုးအစား သုံးမျိုးရှိခဲ့ပြီး ၎င်းတို့မှာ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရေထွက် ကုန်ပစ္စည်း များနှင့် စက်မှုပစ္စည်းများ ဖြစ်သည်။ စက်မှုပစ္စည်း ပို့ကုန်မှာ အများဆုံးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅.၁ သန်းဖိုး တင်ပို့နိုင်ခဲ့သည်။
ခင်မျိုးသွယ် | ကြာသပတေးနေ့၊ 
ရန်ကုန် (မဇ္ဈိမ),Rangonnewsdaily
RND:  :21.3.2013
 

No comments:

Post a Comment