Pages

Pages - Menu

Thursday, March 21, 2013

ရွှေတိဂုံပတ်ဝန်းကျင် အထပ်မြင့် ဆောက်လုပ်မှု အမြင့်ပေဖြင့်" ပြောင်းလဲကန့်သတ်

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်တွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အထပ်ဖြင့် ကန့်သတ်ခဲ့သော်လည်း ယခုအခါ အမြင့်ပေဖြင့် ပြောင်းလဲကန့်သတ်နေကြောင်း သိရသည်။ အဆိုပါ အမြင့်ပေဖြင့် ပြောင်းလဲကန့်သတ် ဆောင်ရွက်မှုကို မတ်လမှ စတင်ခြင်းဖြစ်ပြီး သာမန်အားဖြင့် အမြင့်ပေ ၆၂ ပေဖြင့် ခွင့်ပြုကာ ဓာတ်လှေကား တပ်ဆင်ပါက ၁၆ ပေ ထပ်တိုး၍ စုစုပေါင်း ၇၈ ပေအထိ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ 
ထိုကဲ့သို့ အမြင့်ပေဖြင့် ပြောင်းလဲသတ်မှတ် ကန့်သတ်ခြင်းမှာ ယခင်က အထပ်ဖြင့်သာ ကန့်သတ်ရာတွင် အချို့သော ကန်ထရိုက်များသည် အထပ်များကို တစ်ထပ်စီလျှင် ခပ်မြင့်မြင့်ဖြင့် တည်ဆောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။ 
ယခုလို ပြောင်းလဲ၍ အမြင့်ပေဖြင့် ကန့်သတ်ထားခြင်းကြောင့် သတ်မှတ်ထားသော အမြင့်ပေ အတွင်းမှ လိုက်နာ၍ ဆောက်ရမည်ဖြစ်ပြီး အထပ်များကို နှစ်သက်သလို လုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် သာသနာနယ်မြေများ ဖြစ်သည့် ရွှေတိဂုံဧရိယာနှင့် ဆူးလေဧရိယာ အနီးတွင် မိုးမျှော်တိုက်များ တည်ဆောက်မှုကို ကန့်သတ်ထားကြောင်း ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
ကြေးမုံ,Rangonnewsdaily
RND:  :21.3.2013
 
 

No comments:

Post a Comment