မတ် ၂၁
၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ
ကျောက်ပုံ ကမ်းနားအနီး ငမိုး
ရိပ်ချောင်းအတွင်း အမည်မသိအမျိုးသားအလောင်း ၁
လောင်း တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာဝဲရင်အုံ၊ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်
တို့တွင်
ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့်
လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်
မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။အမှုမှ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သတ်သူအား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသ
ကြီးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာတွင်
ယခင်က နေထိုင်
ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က
မြ၀တီမြို့သို့ပြောင်းရွှေ့သွားသ ည့် အေးကို ဆိုသူသည် ၁၂-၃-၂၀၁၃ ရက်
နေ့၊ နံနက်တွင်ရောက်ရှိလာခဲ့ကြောင်း၊
၁၃-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင် အေးကို၏သမီး ကစ်ကစ်နှင့်မည်မသိအမျိုးသားတစ်ဦးတို့ထပ်မံရောက်
ရှိလာခဲ့ကြောင်းနှင့်
၁၄-၃-၂၀၁၃ရက်နေ့တွင် အေးကိုနှင့် အမည်မသိအမျိုးသားတို့မှာ ပြန်လည်ပျောက်ဆုံး
သွားကြောင်း သတင်းရရှိခဲ့သည်။ သတင်းအရ
၁၈-၃-၂၀၁၃ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီး
ဖြစ်သူ စန်းစန်းနွဲ့၊
သမီးဖြစ်သူ ကစ်ကစ်၊ ခယ်မဖြစ်သူ မိုးမိုးတို့အား စစ်ဆေးခဲ့ပြီး
သေဆုံးသူ၏ဓါတ်ပုံအား ပြ
သမေးမြန်းခဲ့ရာ ကစ်ကစ်အား
မဲဆောက်မြို့သို့ခိုးယူသွားသည့် မြ၀တီမြို့နေ မျိုးဇော်ဦးဆိုသူဖြစ်ကြောင်းနှ င့်
မျိုးဇော်ဦးမှာ မယားကြီးရှိသူဖြစ်ကြောင်း၊ အေးကိုမှာလည်း နေအိမ်တွင်
မရှိကြောင်း သိရှိရသည်။
၁၇၅၀ အချိန် မသင်္ကာဖွယ်ရှိသူ အေးကိုမှာ ရဲစခန်း၌
လာရောက်အဖမ်းခဲ့သဖြင့် စစ်ဆေးရာ အေးကိုသည် ၎င်း၏သမီးအား မယားကြီးရှိလျက်နှင့်
ခိုးယူပေါင်းသင်းခဲ့သည့် မျိုးဇော်ဦးအပေါ် မကျေမနပ်ဖြစ်ကာ ၎င်း၏
ဇာတိဖြစ်သော
လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာသို့ မင်္ဂလာကိစ္စဆွေးနွေးရန် အကြောင်းပြ၍
ခေါ်ခဲ့ပြီး လှည်းကူးသို့ရောက်သောအခါ လူပြတ်သည့်ငမိုးရိပ်ချောင်းအနီးသို့
ခေါ်ဆောင်ကာသတ်ပစ်ခဲ့၍ အလောင်း
အား ချောင်းအတွင်းမျောခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံပစ္စည်းများသိမ်းဆည်း
ကာ
ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့မှဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း
သတင်းရရှိသည်။
Monywa Times,Rangonnewsdaily
RND: :21.3.2013
RND: :21.3.2013
No comments:
Post a Comment