Pages

Pages - Menu

Thursday, February 21, 2013

SAMSUNG Phone ၀ယ်မည့် သူများ သတိပြုရန်

SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ။
@@@@@@@@@@@@@

 ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့ SIIIနှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က 420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့ ။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့ official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ် ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင် Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန် ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့ ခင် ဗျာ ။ ကျွန် တော့် ဖုန်း က တော့ Official ပါ ဗျာ ။ ဟဲ ဟဲ။ by ကျော်စွာထွန်း Credit TO: မျိုးမင်းဟန် Ref>>>MMSD(Myanmar Mobile Software Developer)
SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ။

@@@@@@@@@@@@@

ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့
...
SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က

420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့

။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ

တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး

SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း

ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ

မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ

ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း

တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး

နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့

official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်

ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in

Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင်

Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi

ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်

ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့

ခင် ဗျာ ။ ကျွန် တော့် ဖုန်း က တော့ Official ပါ ဗျာ ။ ဟဲ ဟဲ။

by ကျော်စွာထွန်း
---------------------------------------------------
အမျိုးကောင်းသာ; ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့ SIIIနှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က 420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့ ။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ တဲ့ ။

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားကြီးတို့ထံတွင် လျှပ်စစ်မီး လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခ အဖြစ် ငွေများကောက်ခံနေ

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားကြီးတို့ထံတွင် လျှပ်စစ်မီး လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခ အဖြစ် ငွေများကောက်ခံနေ
-----------------------------------------------
ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။
ထိုသို့ မီးခများလာရောက်ကောက်ခံသူမှာ ဆည်ထိန်းသိမ်းရေးတာဝန်ခံ ဖြစ်သူ ဦးအောင်မိုး မှာ ငွေတစ်သောင်းကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းနှင့် မပေးပါက မီးများကိုဖြတ်တောက်ပစ်မည်ဟုပြောဆို ကြောင်းသိရသည်။
အဆိုပါ ဦးအောင်မိုးသည် ရခိုင်လူမျိုးမဟုတ်ဘဲ ထိုဒေသတွင် အိမ်ထောင်ကျနေသူတစ်ဦးသာဖြစ်ကြောင်းလည်း သိရသည်။ ဦးအောင်မိုးအနေဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် မဟာမြတ်မုနိဘုရားကြီးတွင် လျှပ်စစ်မီးပေးထားခြင်းအား ဖြတ်တောက်မည်ပြောဆိုခြင်းအပေါ်ဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်းလည်းသိရသည်။ 
ဇီးချောင်းဆည်မှ ရေအားလျှပ်စစ်အား ယခင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကပင် ထိုသို့ ဘုန်း တော်ကြီးကျောင်းများနှင့် မဟာမြတ်မုနိဘုရားကြီးအား လျှပ်စစ်မီးပေးလှူခဲ့ခြင်းဖြစ်သည့်အတွက် ယခုခါတွင် ထိုသို့လာရောက်ငွေတောင်းခံခြင်းဖြစ်ကြောင်းလည်းသိရသည်။ 
ထို့အပြင် ငွေမပေးလျင် လျှပ်စစ်မီးဖြတ်တောက်ပစ်မည်ဟု ဘုန်းတော်ကြီးများကိုပြောဆိုကြောင်းလည်းသိရ သည်။ ဦးအောင်မိုးသည် ယခုခါတွင် ၀င်ငွေနည်းနေသည့်အတွက် ထိုသို့ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုပါသည်။ 
ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မဖြစ်မနေတားဆီးရန်လိုအပ်ကြောင်းနှင့် ဘုန်း တော်ကြီးကျောင်းများကိုပင် အလွတ်မပေးသော ဦးအောင်မိုးအား ရာထူးမှ ချက်ချင်းထုတ်ပယ်ရန်လည်း အလို ရှိကြောင်း ဒေသခံများကပြောဆိုကြပါသည်။ 
ငွေတောင်းရန် လာရောက်ပြောဆိုခံရသော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိကြောင်းလည်းသိရှိရပါသည်။ 

from; RSV

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက ဘုရင့်နောင် (အိုဝမ်း)ဆိပ်ကမ်းရှိ မြ၀တီ (၀၀၃) ရေယာဉ်မှ ပုဂ္ဂလိက ဆီဝယ်ရေယာဉ် 'အောင်သုခဧရာ' တွန်းသဘောင်္နှင့် 'ကောင်းမြတ်ကျော်'  တွဲရေယာဉ်များသို့ ဘေးချဉ်းယှဉ်၍ စက်သုံးဆီ ဒီဇယ်များကို ဖလိုမီတာဖြင့်ရောင်းချနေစဉ် ညနေ ၅ နာရီ ၅ မိနစ်၌ ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆီတင်ယာဉ် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးဖွဲ့၍ စစ်ဆေးခဲ့ရာ ဓာတုတုံ့ပြန်မှုကြောင့် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အတည်ပြုသည်။

၎င်းကပင် "ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလိုက်တဲ့အခါ ဓာတုတုံ့ပြန်မှုတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်" ဟု ပြောသည်။

အဆိုပါ ဓာတုတုံ့ပြန်မှုကို ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက "လေနဲ့လောင်စာဆီ အငွေ့ဟာ မှန်ကန်တဲ့အချိုးတစ်ခုမှာ ပေါက်ကွဲမှု
ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုက နိုင်လွန်တို့၊ ပလတ်စတစ်တို့လို အရာမျိုးနဲ့ လောင်စာဆီတစ်မျိုးမျိုးကို ခပ်ယူရင်လည်း ဒီလိုမျိုးဖြစ်စဉ်
ဖြစ်ပေါ်နိုင်ပါတယ်" ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် နှစ်နာရီခန့် ဆီတွဲယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ဆီတင်ယာဉ်တစ်စီး၊ စက်လှေနှစ်စီး နစ်မြှုပ်ခဲ့ပြီး လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်

Eleven Media Group
ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်း တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရ

တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရ

ဇင်မောင် DVB ၂၁ ဖေဖော်ဝါရီ ၂၀၁၃

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်းကနေ  တိုက်စစ်မှူး ကျော်ကိုကို ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ သင်ကြားမှုတွေကို ဝေဖန် ပုတ်ခတ်ပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ကျော်ကိုကိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်လွှတ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တိုက်စစ်မှူး ကျော်ကိုကိုက “ကျနော်က ထောက်ပြခဲ့တာ ဝေဖန်ခဲ့တာမဟုတ်ပါဘူး။ ကျနော်ကစားမယ့် နေရာ၊ ကျနော်လိုချင်တဲ့ target အတွက်ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ ကျနော် တိုင်ပင်ခဲ့တာပါ။ ဝေဖန်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ သူခိုင်းတဲ့အတိုင်း ကျနော်လုပ်ခဲ့ပါတယ်။”

ထုတ်ပယ်ရတဲ့အကြောင်းကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က “သူက ကစားသမားတယောက်။ နည်းပြက ဒါလုပ်ဆိုရင် သူလုပ်ရမှာပေါ့။ နည်းပြအနေနဲ့က သူက ဘောလုံးအသင်းအောင်မြင်ဖို့ ရည်ရွယ်ပြီး လုပ်မှာပဲ။ အဲအချိန်မှာ ဒီကလေးကလည်း သူဖြစ်ချင်တဲ့ဆန္ဒတွေ၊ သူကစားချင်တာတွေ မလုပ်ရတော့ သွားတွေ့တာပေါ့။ နံပါတ်တစ်အချက်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ နည်းပြက နည်းပြအလုပ် လုပ်မှာပဲ” လို့ ပြောပါတယ်။

လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုဟာ မြန်မာဘောလုံးလောကမှာ ထင်ရှားပြီး ပရိသတ်တွေက မျှော်လင့်အားထားရတဲ့ အားကစားသမားတဦးလည်း ဖြစ်ပါတယ်။

ကျော်ကိုကိုက လက်ရွေးစင်အသင်းကနေ အိမ်ပြန်ပို့ခံရတဲ့အပေါ်မှာ “ကျနော့်ကိုယ် ကျနော် နောင်တရနေပါတယ်။ ကျနော်ဟာ အသိဥာဏ်မရှိသလို ပညာမဲ့စွာနဲ့ တချို့ တချို့တွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲအတွက်လည်း နောင်တရနေပါတယ်။ ကျနော် နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ပြန်ကစားချင်ပါတယ်” လို့ ဆိုပါတယ်။

ကျော်ကိုကိုကို လက်ရွေးစင်အသင်းကနေ ထုတ်ပယ်လိုက်တာဟာ အမြဲတမ်းလားဆိုတဲ့ အမေးကိုတော့ လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က အခုလို ပြောသွားပါတယ်။

“အဲလိုတော့မဟုတ်ပါဘူး။ ဒီအခြေအနေလေးတွေနဲ့ အခုလို အမှားပြင်ဆင်တယ်ဆိုရင်တော့ ပြန်စဉ်းစားရင် စဉ်းစားမှာပေါ့။”

ကျော်ကိုကိုအနေနဲ့ သူ့ရဲ့အမှားတွေကို ပြင်ဆင်လာရင် နည်းပြချုပ်က လက်ရွေးစင် အသင်းမှာ ပြန်ပြီး ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ မနက်ဖြန် သုဝဏ္ဏကွင်းမှာ မလေးရှား ယူ ၂၃ အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။

ဇင်မောင် DVB ၂၁ ဖေဖော်ဝါရီ ၂၀၁၃

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်းကနေ တိုက်စစ်မှူး ကျော်ကိုကို ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ သင်ကြားမှုတွေကို ဝေဖန် ပုတ်ခတ်ပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ကျော်ကိုကိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်လွှတ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရ

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရ
Thursday, 21 February 2013

နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ 
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ဟာ နော်ဝေနိုင်ငံကို
ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်ဟုမ်း
မြို့တော်ခန်းမမှာ The Role of students in Burma’s development ဆိုတဲ့ “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏အခန်းကဏ္ဍ”
ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံးခြင်းအား ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှု
ကြောင့် ဟောပြောပွဲတက်ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါတယ်။

ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က
“ မင်းကိုနိုင် အနေဖြင့် ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ အားနည်းမှန်းသိရင် အင်္ဂလိပ်လို မပြောသင့်ကြောင်း၊ မြန်မာလိုပြောပြီး စကားပြန်နဲ့
ပြောဆိုသင့်ကြောင်း ” ပြောကြားခဲ့ပြီး အခုတော့ ၈၈ ကျောင်းသားများ
ကိုယ်စား နိုင်ငံတကာမှာ အရှက်ကွဲခဲ့ရတယ်လို့ ဝေဖန်သွားပါတယ်။

နောက်ပြီး ဆွေးနွေးပွဲတက်ရောက်လာတဲ့ သူတွေက သိလိုတာတွေ
ပြန်လည်မေးမြန်းရာမှာ ဘာမှနားမလည်ဘဲ ဘာမှ ပြန်မဖြေနိုင်တဲ့
အတွက် တော်တော်အရုပ်ဆိုး အကျည်းတန်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာ ဆုလက်ခံပွဲတွေနဲ့
တွေ့ဆုံဟောပြောပွဲတွေမှာ အင်္ဂလိပ်လို ကောင်းမွန်စွာပြောဆိုနိုင်တဲ့
အတွက် နိုင်ငံတကာက အားပေးချီးမြှောက်မှုတွေ၊ အထင်ကြီးမှုတွေ
ရရှိခဲ့တာဖြစ်ပြီး၊ မင်းကိုနိုင် လုပ်ရပ်အတွက်တော့ နိုင်ငံတကာကနေ ၈၈ ကျောင်းသားဟောင်းတွေကို အထင်သေးခံရမှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်လို့ အဆိုပါ ကျောင်းသားမှ ဆက်လက်ပြောကြားသွားပါတယ်။

အမေ့အိမ်

Thursday, 21 February 2013

နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း
ဆောင် မင်းကိုနိုင်ဟာ နော်ဝေနိုင်ငံကို ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်
ဟုမ်း မြို့တော်ခန်းမမှာ The Role of students in Burma’s development ဆိုတဲ့ “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏အခန်းကဏ္ဍ” ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံး
ခြင်းအား ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှု ကြောင့် ဟောပြောပွဲတက်
ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါ
တယ်။

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
Thursday, February 21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ် အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီး
များဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

“အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ခေါင်းရင်းနားလောက်မှာ
ရွှေတူးစက် မြည်သံ နှိပ်စက်တာက တကြောင်း၊ ဘိန်းစားတွေ ဘယ်အချိန် လာခိုးမလဲလို့ ကြောက်နေရတယ်။ ဒီလိုသာ ရွှေဆက်တူးဖော်နေမယ် ဆိုရင်တော့ ဒီနှစ်မိုးတွင်းမှာတော့ ငါတို့ရွာ ရေလွှမ်းတော့မှာဘဲလို့ အမြဲကြောက်နေရတယ်”ဟု အလာမ်ကျေးရွာသား ကိုဒွဲဒွဲ က ဆိုသည်။

အလာမ်ကျေးရွာ ပတ်လည်တွင် ရွှေတူးဖော်စက်များ စုစုပေါင်း ရွှေဆိုင်း ၃၀ ခန့် ရှိပြီး မြစ်ကြီးနားမှ မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ရွှေဆိုင်းပေါင်း ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ထိုသို့ ရွှေကျင်မှုကြောင့် ဧရာဝတီမြစ် ပျက်စီးသည်သာမက လူမှုရေး
ပြသနာများနှင့် ရွှေဆိုင်းများ ရွှေစုရာတွင် အသုံးပြုသော ပြဒါးများ၏ အန္တရာယ်များကြောင့် မြစ်ရေကို အသုံးပြုရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ကျမတို့ ရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူခိုးဆိုတာ လုံးဝမရှိဘူး။ အခုတော့ ဒီရွှေမှော်ကြောင့် ကျမတို့ရွာမှာ လူစုံရောက်ပြီး သူခိုးတွေ၊ ဘိန်းစားတွေ၊ ဖခင်မပေါ်တဲ့ ကလေးတွေ၊ အိမ်ထောင် ဖောက်ပြန်တဲ့ မိန်းမတွေလည်း ပိုများလာတယ်။ ပြီးတော့ အခုလို မြစ်ကမ်းဘေးမှာ စည်းကမ်းမဲ့ စက်ကြီး၊ စက်ငယ်တွေက အန္တရာယ်ရှိလှတဲ့ ပြဒါသား သုံးပြီး ရွှေကျင်နေတာကလည်း အခုအတွက်ရော၊ အနာဂတ်အတွက်ပါ တကယ်ကို စိုးရိမ်တယ်။ မြစ်ရေကိုတောင် မသုံးရဲ၊ မသောက်ရဲ
တော့ဘူး”ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

ထိုကဲ့သို့ ရွှေကျင်နိုင်ရန် အလာမ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၅ သိန်း၊ ကျေးရွာဖွံ့ဖြိုးရေး ရံပုံငွေအတွက် ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၃ သိန်း၊ စုစုပေါင်း ကျပ် ၈ သိန်း ပေးရပြီး ရဲသားများနှင့် သစ်တောအရာရှိများကိုလည်း လာရောက်တောင်းခံတိုင်း ငွေပေး
ရကြောင်း ရွှေဆိုင်း ပိုင်ရှင်တဦးက ပြောပြသည်။

ဓာတ်ပုံ - MYANMAR. Myitkyina. Gold digger on the Aye-Yar-Waddy river. (Patrick Zachmann)

မဇ္ဈိမ

ဓာတ်ပုံ - MYANMAR. Myitkyina. Gold digger on the Aye-Yar-Waddy river. (Patrick Zachmann)
Thursday, February 21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ် အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီး
များဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက်

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက် 

အဲာပိုန် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၊ ရွှေဟသာင်္ သတင်းဌာန။

ကချင် ဒုက္ခသည် များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

“ဒီနေ့ (၁) နာရီ လောက်မှာ လိုင်ဇာ ဌာနချုပ်ကို သူတို့ အဖွဲ့ ရောက်ရှိ လာပါတယ်။ ဒုက္ခသည်တွေ ပေးဖို့ ပစ္စည်းတွေ ပါလာတယ် ဆိုတော့  ဂျေရ ဒုက္ခသည် စခန်းနဲ့ ခနွမ်ယန် ဒုက္ခသည် စခန်း ၂ ခု ကို လိုက်ပို့ ပေးနေ ပါတယ်” ဟု ဆိုပါသည်။

၎င်း အဖွဲ့သည် ယမာန်နေ့ ညနေ ၅ နာရီ အချိန်တွင် လိုင်ဇာ အနီးရှိ လဂျာယန် ဒေသ၊ လဝါယန် ကျေးရွာ KIA ဂိတ်စခန်းကို ရောက်ရှိကာ ထိုနေရာ၌ ညအိပ် ရပ်နားခဲ့ကာ ယနေ့မှပင် လိုင်ဇာသို့ ဆက်လက် ချီတက် လာကြခြင်း ဖြစ်သည်။

“ဒီနေ့ လိုင်ဇာဗဟို ဌာနချုပ်က လွှတ်လာပါ အမိန့် ရတော့ ကျနော်တို့ ဒီကနေ သွားခွင့် ပြုလိုက် ပါတယ်” ဟု ဂိတ်မှူး တစ်ဦးက ဆိုပါသည်။

၎င်းတို့နှင့် အတူ ပါလာည်သည့် အကူအညီ ပစ္စည်း များအား ဒုက္ခသည်ပေါင်း (၈၀၀၀) ခန့်ရှိသည့် ဂျေရ ဒုက္ခသည် စခန်းနှင့် ဒုက္ခသည်ပေါင်း (၂၀၀၀) ခန့်ရှိသည့် ခနွမ်ယန် ဒုက္ခသည် စခန်း ကိုလည်း သွားရောက်ကာ အကူ အညီ ပေးကြ ခြင်းလည်း ဖြစ်ကြောင်း KIO ဒုက္ခသည် စခန်းများ တာဝန်ခံ ဦးဒွဲပီဆာ ကပြောသည်။

ထိုအဖွဲ့ သည် ဇန္နာဝါရီလ ၂၁ ရက်နေ့မှ စပြီး ရန်ကုန်မြို့မှ ထွက်ခွာ လာပြီး မြင်ခြံ မြို့မှ စတင် လမ်းလျှောက် ချီတက် လာခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မန္တလေး မြို့သို့ ရောက်ရှိ လာပြီးနောက် ကိုနေမျိုးဇင် တို့အဖွဲ့သည် ဧရာဝတီမြစ် အရှေ့ဘက် ခြမ်း လမ်းကြောင်းမှ ကား (၂) စီးဖြင့် လိုင်ဇာသို့ ထွက်ခွာ လာခဲ့သည်။
ယနေ့ နံနက်ပိုင်း ၂ နာရီ ၁၅ မိနစ် အချိန်တွင် လိုင်ဇာမြို့သို့ ဝင်ရောက်ခွင့် ရရှိ သောကြောင့် ဆက်လက် ချီတက်လာရာ မွန်လွဲ ၁ နာရီအချိန်တွင် KIO လိုင်ဇာဗဟို ဌာနချုပ်သို့ ရောက်ရှိ လာခဲ့သည်။

အဲာပိုန် ဖေဖော်ဝါရီလ (၂၁) ရက်

ကချင် ဒုက္ခသည် များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

လူငယ်တွေကြားက လူငယ်တွေ အမည်ရှိ ဟောပြောပွဲ ကျင်းပမည်

"ဒီဟောပြောပွဲဟာ လူငယ်တွေ အတွက် အဓိက ရည်ရွယ်ခြင်း  ဖြစ်ပါတယ်.. လူငယ်တွေအများကြီးကြားမှာ ဘယ်လိုလူငယ်တွေက ခေတ်ကို ဘယ်လို ဖောက်ထွက်ခဲ့သလဲ.. နောင်အနာဂတ်မှာရော ဘယ်လူငယ်တွေက ဘယ်လို ဖောက်ထွက်ပြီး အောင်မြင်မလဲ.. အခုလက်ရှိ လူငယ်တွေကလည်း မိမိရောက်နေတဲ့ခေတ်မှာ ဘယ်လမ်းကနေ ဖောက်ထွက်မလဲ.."

အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် လူငယ်တိုင်း လူငယ်တိုင်း လာရောက်ပေးဖို့ ဖိတ်ကြားလိုပါတယ်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့မှ ကျောင်းသား၊ကျောင်းသူများ ပူးပေါင်းစီစဉ်သည်။

(တော်ဝင်နှင်းဆီ စားသောက်ဆိုင်(Royal Rose Restaurant) ရဲ့အပေါ်ထပ်သီရိခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်..ရွှေဂုံတိုင်လမ်းပေါ်မှာရှိပါတယ်..ရွှေဂုံတိုင်မှတ်တိုင် နဲ့ ဗာဒံပင်မှတ်တိုင် ၂ ခုကြားထဲမှာ တည်ရှိပါတယ်... )

‎"ဒီဟောပြောပွဲဟာ လူငယ်တွေ အတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ပါတယ်.. လူငယ်တွေအများကြီးကြားမှာ ဘယ်လိုလူငယ်တွေက ခေတ်ကို ဘယ်လို ဖောက်ထွက်ခဲ့သလဲ.. နောင်အနာဂတ်မှာရော ဘယ်လူငယ်တွေ
က ဘယ်လို ဖောက်ထွက်ပြီး အောင်မြင်မလဲ.. အခုလက်ရှိ လူငယ်တွေကလည်း မိမိရောက်နေတဲ့ခေတ်မှာ ဘယ်လမ်းကနေ ဖောက်ထွက်မလဲ..အမှန်တကယ်အကျိုးရှိစေမှာ ဖြစ်တဲ့အတွက်လူငယ်တိုင်းလူငယ်တိုင်း လာရောက်ပေးဖို့ ဖိတ်ကြားလိုပါတယ်...

ပိရိသေသပ်စွာ ကျူးလွန်ခဲ့သည့် ဘရပ်ဆဲလ် လေဆိပ်မှ ဒေါ်လာ သန်း ၅ဝ တန် စိန် ဓားပြမှုကြီး

ပိရိသေသပ်စွာ ကျူးလွန်ခဲ့သည့် ဘရပ်ဆဲလ် လေဆိပ်မှ
ဒေါ်လာ သန်း ၅ဝ တန် စိန် ဓားပြမှုကြီး
Thursday, February 21, 2013

လုံခြုံရေး အထူး တင်းကျပ်ထားသည့် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ပိပိရိရိဖြင့် ကြိုတင်ကြံစည် ထားသည့် ဓားပြတိုက် မှုကြီးတစ်ခု ဖြစ်ပွား ခဲ့သည်။

အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရ မျက်နှာဖုံး စွပ်ထားသည့် လက်နက်ကိုင် ဓားပြများသည် ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်ခ်ျ မြို့သို့ ထွက်ခွာမည့် လေယာဉ် တစ်စင်းပေါ်သို့ တင်ဆောင်ရန် ပြင်ဆင်
နေသည့် မော်တော်ကား တစ်စင်းမှ ခန့်မှန်းခြေ အရ ဒေါ်လာ သန်း ၅ဝ တန်ဖိုးရှိ စိန် အရိုင်းတုံး များကို လုယက် ယူသွားခဲ့သည်။ 

ဓားပြများသည် လေ ယာဉ်ကွင်း ပတ်လည်၌ ကာရံထားသည့်
ခြံစည်းရိုးတွင် အပေါက် ဖောက်၍ လေယာဉ်ကွင်း အတွင်းသို့ 
ကားများဖြင့် တရကြမ်း မောင်းနှင် လာခဲ့ပြီး ထွက်ခွာတော့မည့်
လေယာဉ် အနီးသို့ ရောက်ရှိ လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် လက်နက်များဖြင့် ခြိမ်းခြောက်၍ စိန်တုံးများကို ယူငင် သွားခဲ့ကြခြင်း
ဖြစ်သည်။

ဓားပြများသည် သေနတ်သံ တစ်ချက် မှ မဖောက်ရဘဲ မိနစ်ပိုင်း အတွင်း ပိရိ သေသပ်စွာ လုယက် နိုင်ခဲ့ခြင်းကြောင့် အာဏာပိုင် များက အံ့အားသင့်ခဲ့ ရသည်။ 

ဓားပြများသည် စိန်တုံးများကို လုယက် ပြီးနောက် ၎င်းတို့ ဝင်လာသည့် လမ်းကြောင်း အတိုင်း ကားများကို မောင်းနှင်၍ အမှောင် အတွင်းသို့ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ 

ဓားပြများ၏ လုပ်ဆောင်ချက်မှာ အလွန် ပိရိမှု ရှိကြောင်း လေဆိပ်မှ
ပြောရေးဆိုခွင့် ရှိသူ ဂျန်ဗန်ဒါ ကရုဆီက ပြောကြား ထားသည်။

ယင်းနောက်တွင် ရဲတပ်ဖွဲ့ဝင် များသည် ဓားပြများအား လိုက်လံ ဖမ်းဆီးရာတွင် လေဆိပ် အနီး၌ မီးလောင် ပျက်စီး (မီးရှို့ထားသည့်)
နေသည့် ကားတစ်စီးမှ အပ အခြား သဲလွန်စ များကို ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပေ။ 

အဆိုပါ လက်နက်ကိုင် ဓားပြ အဖွဲ့တွင် အမျိုးသား ရှစ်ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာ ထားပြီး ယခုဖြစ် ပွားခဲ့သော ဓားပြမှုသည်
နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အထင်ရှားဆုံး ဓားပြမှုများ အနက် တစ်ခု အပါအဝင် ဖြစ်သည်ဟု World Diamond Centre မှ အမည် မဖော်လိုသူ တစ်ဦး က ပြောကြားခဲ့ သည်။ ရဲတပ်ဖွဲ့ဝင် များသည် ယခုအခါ ဓားပြမှုတွင် ပါဝင်သည့် အမျိုးသား များကို လိုက်လံ ရှာဖွေ ဖော်ထုတ်လျက် ရှိသည်။ ။

http://www.myawady.net.mm/allnews/crimenews/item/7423-2013-02-21-09-28-11

နိုင်ထူး
မြ၀တီ

Thursday, February 21, 2013

လုံခြုံရေး အထူး တင်းကျပ်ထားသည့် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ နိုင်ငံတကာ လေဆိပ်တွင် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ပိပိရိရိဖြင့် ကြိုတင်ကြံစည် ထားသည့် ဓားပြတိုက် မှုကြီးတစ်ခု ဖြစ်ပွား ခဲ့သည်။

ခေါင်းကျကျ၊ ပန်းကျကျ အုပ်ချုပ်ရေးမှူးစားတယ်၊ လယ်သမားတွေက ဒေါင်လိုက်ကျမှ စားရမယ်

ခေါင်းကျကျ၊ ပန်းကျကျ အုပ်ချုပ်ရေးမှူးစားတယ်၊ လယ်သမားတွေက ဒေါင်လိုက်ကျမှ စားရမယ် 
( The Hot News )

လပွတ္တာခရိုင်-မော်လမြိုင် ကျွန်းမြို့နယ်-ချောင်းဖျားအုပ်စု မျက်တိုအုပ်စု-ရွှေလုံးကွင်းအုပ်စု- ပလွန်စာရွာမ-လေးအုပ်စု၏ အုပ် ချုပ်ရေးမှူး ကိုသန်းဌေးနှင့် ကျေး ရွာဘဏ်အတွင်းရေးမှူး ဦးဟန် ထွန်းတို့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား (၁၁၉)ဦး၏လယ်ဧက (၄၈၉)ဧက အတွက် ငွေ ၃၉၁ သိန်း ၂ သောင်းကို ဇန်န၀ါရီလ ၁၁ ရက် က ထုတ်ယူလာကြောင်း လယ် သမားကြီးဦးဖိုးထွားနှင့် ဦးကျော် ထွန်းတို့ ပြောပြ၍ သိရှိရပါ သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၅)ရက်တွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ-ဦးကျော်မင်းကြည်နှင့် တွေ့ဆုံ၍ မေးမြန်းရာတွင် မန် နေဂျာက ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဘဏ်အတွင်းရေးမှူးတို့ စာရင်းရေးဆွဲတင်ပြသော စပါး စိုက်လယ်သမား(၁၁၉)ယောက် လယ်ဧက ၄၈၉ ဧကအတွက် ရုံး တွင် ထုတ်ပေးလိုက်ကြောင်း ပြောပြပါသည်။
လယ်သမားကြီး ဦးကျော် ထွန်းက ပြောပြရာတွင် ဇန်န၀ါရီလ ၁၂ ရက်တွင် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးအိမ် ၌ ၁ဖွဲ့၊ ဘဏ်အတွင်းရေးမှူး အိမ်၌ ၁ဖွဲ့ထုတ်ပေးကြောင်း လယ်ဧက ၂၀၀ ခန့်အတွက် လယ်သမားများအား ငွေထုတ် နေသည်ကို တွေ့မြင်ခဲ့ကြောင်း ပြောပါသည်။
ဦးဖိုးထွားက ပြောပြရာတွင် ၄၈၉ ဧကအတွက် ငွေထုတ်ယူ လာပြီး လယ်ဧက ၂၀၀ ခန့်သာ ငွေထုတ်ပေး၍ ကျန် ၂၈၉ ဧက ခန့်ကို ငွေထုတ်မပေးကြောင်း၊ လယ်သမားများကိုယ်စား ရင်ဖွင့် ပြောကြား၍ သိရှိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ၃၉၁ သိန်း ၂သောင်းမှာ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက် ပျိုးသည့် လယ်သမားများကို ထုတ်ပေးခြင်းဖြစ်သော်လည်း ငွေ ထုတ်ပေးရာတွင် ပဲစိုက်သူတချို့ ကိုပါ ထုတ်ပေးခဲ့ပြီး၊ အခြားပဲ စိုက်သူများမရရှိခြင်း၊ စပါးစိုက်သူ အချို့မရရှိခြင်းများကြောင့် ၎င်းင်း တို့၏ ငွေထုတ်ပေးပုံမှာ လက် သင့်ရာထုတ်ပေးနေသကဲ့သို့ ဖြစ် နေကြောင်း လယ်သမားများ အား ပြောသည်။

အရိန္နမာ(ဘိုကလေး)

http://www.hotnewsweekly.com/archives/17492


လပွတ္တာခရိုင်-မော်လမြိုင် ကျွန်းမြို့နယ်-ချောင်းဖျားအုပ်
စု မျက်တိုအုပ်စု-ရွှေလုံးကွင်းအုပ်စု- ပလွန်စာရွာမ-လေးအုပ်စု၏ အုပ် ချုပ်ရေးမှူး ကိုသန်းဌေးနှင့် ကျေး ရွာဘဏ်အတွင်းရေးမှူး ဦးဟန် ထွန်းတို့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား (၁၁၉)ဦး၏လယ်ဧက (၄၈၉)ဧက အတွက် ငွေ ၃၉၁ သိန်း ၂ သောင်းကို ဇန်န၀ါရီလ ၁၁ ရက် က ထုတ်ယူလာကြောင်း လယ် သမားကြီးဦးဖိုးထွားနှင့် ဦးကျော် ထွန်းတို့ ပြောပြ၍ သိရှိရပါ သည်။

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်
( The Hot News )

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး  ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန  မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ   အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ   ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။
““ကျွန်တော်အနေနဲ့နိုင်ငံရေး   တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး   လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို  ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ    မြေသိမ်းတယ်။ ဇေကမ္ဘာမတရား  လုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ    ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီးပါရော ဇေကမ္ဘာမတရား  လုပ်တာလုံးဝမရှိပါဘူး။နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွား   ခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘောရှိကြောင်း လက်ရှိ   လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ    ဖြစ်သည့်အတွက် ယခုအစိုးရမှ     ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း  နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမားများအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း   တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း  ထုတ်ပြောကြားသွားခဲ့သည်။

ခန့်ခန့်(ဒဿနိက)

http://www.hotnewsweekly.com/archives/17446

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။

သရုပ်ဆောင်မေဇွန်ကို အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်

သရုပ်ဆောင်မေဇွန်ကို အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်
Thursday, February 21, 2013
    
သရုပ်ဆောင်မေဇွန်ကို  အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ
ဖေဖော်ဝါရီ ၂၁ ရက်တွင် စွဲချက်တင်လိုက်ကြောင်း ၎င်းအမှုအား စစ်ဆေးလျက်ရှိသည့် အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) က ပြောသည်။

အိမ်ဖော်များဖြစ်သည့် မနုနုလွင်၊ မဇင်ဇင်ထိုက်တို့အား နေအိမ်အတွင်း ချုပ်နှောင်းထားမှု၊ ဦးခေါင်းနှင့် ကိုယ်ပေါ်တွင် ဒဏ်ရာများရရှိစေမှု၊ မနုနုလွင်အား သေဆုံးစေခဲ့သော သရုပ်ဆောင် မမေဇွန်ကို အနောက်ပိုင်းခရိုင် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂၊ ၃၂၃၊ ၃၀၂ တို့ဖြင့် စွဲချက်တင်ထားသည်။

သို့သော် သရုပ်ဆောင်မေဇွန်၏ ရှေ့နေကမူ အိမ်ဖော်မဇင်ဇင်ထိုက်အား ထပ်မံစစ်ဆေးပေးရန် တရားရုံးသို့ ယနေ့ဖေဖော်ဝါရီ ၂၁ ရက်တွင်
လျှောက်ထားခဲ့သောကြောင့် လာမည့်ဖေဖော်ဝါရီ ၂၈ ရက်တွင် မဇင်ဇင်ထိုက်အား အနောက်ပိုင်းခရိုင်ရုံးတွင် ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

ယခု တရားစွဲဆိုခြင်း ခံထားရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့်နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေးတစ်ချောင်းပေး၍ ၎င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်များအရ သိရသည်။  

ဓာတ်ပုံ - သရုပ်ဆောင် မေဇွန် (mmtimes.com)

Eleven Media Group

ဓာတ်ပုံ - သရုပ်ဆောင် မေဇွန် (mmtimes.com)
Thursday, February 21, 2013

သရုပ်ဆောင်မေဇွန်ကို အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ
ဖေဖော်ဝါရီ ၂၁ ရက်တွင် စွဲချက်တင်လိုက်ကြောင်း ၎င်းအမှုအား စစ်ဆေးလျက်ရှိသည့် အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) က ပြောသည်။

အလွမ်းပြေ (ပြန်မရနိုင်သောအမှတ်တရ)~ အရင်ခေတ်ကမင်းသားကြီးများ (

~အလွမ်းပြေ (ပြန်မရနိုင်သောအမှတ်တရ)~
အရင်ခေတ်ကမင်းသားကြီးများကိုချစ်သောသူများအတွက်

ဦးလွှမ်းမိုး၊ဦးညွှန့်ဝင်း၊ဦးသုမောင်၊ဦးစိုးသူ၊ဦးကျော်ဟိန်း
ဦးရန်အောင်( Ko Yan Lay)၊ဦးနေအောင်၊ဦးကျော်သူ၊ဦးရဲအောင်၊ ဦးကျော်ရဲအောင်
(ရိုက်ကွင်း - ပြည်သူ့ရင်ပြင် )

photo copy fr'ko thant zin aung
နှင်းဆီဖူးလေးများ-Love BUDS

အရင်ခေတ်ကမင်းသားကြီးများကိုချစ်သောသူများအတွက် ရှားပါးဓာတ်ပုံဟောင်လေးတခုပါ။ဦးလွှမ်းမိုး၊

ထောက်ကြန့်မြို့ ပိုက်လုံးတန်း ပျံကျဈေးကို သက်ဆိုင်ရာက ပြောင်းရွှေ့ရန် ညွှန်ကြားရာ ဈေးသူဈေးသားများမှ ဆက်လက်ရောင်းချခွင့်ရရေး လိုလား

ထောက်ကြန့်မြို့ ပိုက်လုံးတန်း ပျံကျဈေးကို သက်ဆိုင်ရာက ပြောင်းရွှေ့ရန် ညွှန်ကြားရာ ဈေးသူဈေးသားများမှ ဆက်လက်ရောင်းချခွင့်ရရေး လိုလား
Thursday, February 21, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ ရတနာဈေးအနီးရှိ ပိုက်လုံးတန်း ပျံကျဈေးနေရာကို သက်ဆိုင်ရာမှ ပြောင်းရွှေ့ရန် ညွှန်ကြားလာခြင်းအပေါ် ဈေးသူဈေးသားများက မူလနေရာတွင်သာ ဆက်လက်ရောင်းချလိုကြောင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ပိုက်လုံးတန်း ပျံကျဈေးသူဈေးသား ၉၁ ဦးက 
၂၀၀၄ ခုနှစ်မှစ၍ ယခုနေရာတွင် ရောင်းချလာခဲ့ကြကြောင်း၊ ဈေးများ
ဌာန၏ သတ်မှတ်အခွန်အခများကိုလည်း မပျက်မကွက် ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှစ၍ ကန်ထရိုက်စနစ်ဖြင့်
ဈေးကောက်ကောက်ခံသည့် အခါတွင်လည်း မပျက်မကွက်ပေးသွင်း
ခဲ့ပြီး ဈေးဝင်းအတွင်း သန့်ရှင်းရေးကိုလည်း ကိုယ်ထူကိုယ်ထ
ဆောင်ရွက်ခဲ့ကြကြောင်း၊ ဈေးပြင်ပသို့ထွက်၍ စည်းကမ်းမဲ့ရောင်းချခြင်း
ကိုလည်း မပြုလုပ်ခဲ့ကြောင်း အဆိုပါဈးသည်များက ပြောခဲ့ကြသည်။

အဆိုပါဈေးတွင် လက်ရှိရောင်းချနေသော ဦးထင်ကျော်က 
"ကျွန်တော်တို့က ၂၀၀၄ ခုနှစ် ဈေးစတည်ကတည်းက ရောင်းချ
ခဲ့တာပါ။ ကျွန်တော်တို့ကို ယာဉ်လမ်းကြောင်းပိတ်လို့၊ ပျံကျဈေးဖြစ်လို့ ဂျိုးဖြူရေပိုက်လုံးကြီးနဲ့ မလွတ်လို့ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ 
ခုလို ဖယ်ရှားခိုင်းတာပါ" ဟု ပြောသည်။

အဆိုပါ ပြောင်းရွေ့ရန် စေခိုင်းမှုကို ကူညီဖြေရှင်းပေးပါရန် ဈေးသူ
ဈေးသားများက ယခုဖေဖော်ဝါရီ ပထမပတ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ လိပ်မူ၍ တင်ပြအကူအညီတောင်းခံ
ထားကြောင်း သိရသည်။

ထိုနေ့က တက်ရောက်လာသူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် 
အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က "ဒီလိုတိုင်ကြားမှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်၊ ဈေးများ
ဌာနမှူးကို ဒီနေ့သွားရောက်တွေ့တော့ ဌာနမှူးက ဥပဒေအရ
ဆောင်ရွက်တာပါလို့ ပြောတယ်။ ဒီလို ဥပဒေအရ လုပ်တာပါဆိုရင်
လည်း ပြည်သူတွေရဲ့ နစ်နာမှုတွေကို အလေးထားဖို့ လိုလာပါပြီ။ ဒီကုန်စိမ်းဈေးလေး ရွှေ့ပြောင်းခိုင်းတာနဲ့ ပတ်သက်ပြီး  မခင်ခင်ဝင်းဆိုတဲ့ ချဉ်ပေါင်ရွက်ရောင်းတဲ့ အမျိုးသမီးဟာ အဆိပ်သောက် အဆုံးစီရင်မှု
ပြုလုပ်ခဲ့တယ်။ အသက်အန္တရာယ် စိုးရိမ်ရလုနီးပါး ဖြစ်ခဲ့တော့ နောင်ကို ဒီလိုဖြစ်ရပ်တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး" ဟု ပြောကြားသွားသည်။

အဆိုပါ ပိုက်လုံးတန်း ပျံကျဈေးသည်များကို ဖေဖော်ဝါရီ ၂၁ ရက် 
ညနေ ၆ နာရီ နောက်ဆုံးထား၍ စည်ပင်သာယာမှ သတ်မှတ်ထားသော
ထောက်ကြန့်မြို့စွန်ရှိ ကျောက်တိုင်ဈေးသို့ ပြောင်းရွှေ့ရန် ဖေဖော်ဝါရီ 
၁၈ ရက်က မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်
ပြုလုပ်သော အစည်းအဝေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိရောင်းချနေသည့် ပိုက်လုံးတန်း ပျံကျဈေးတွင် ဆိုင်ခန်းပေါင်း ၂၃၇ ခန်းရှိပြီး ဈေးသည်ဦးရေ ၄၀၀ ကျော်ခန့် မှီတင်းရောင်းချလျက် ရှိသည်။

ယခု ပြောင်းရွှေ့ခွင့်ပြုခဲ့သော ဈေးနေရာသစ်မှာ ယခင်က ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး လူနေရပ်ကွက်များနှင့် ဝေးကွာကြောင်း သိရသည်။ 

ဓာတ်ပုံ - ပိုက်လုံးတန်း ဈေးသူဈေးသားများမှ ရှင်းလင်းပြောကြားနေစဉ်

Eleven Media Group
ဓာတ်ပုံ - ပိုက်လုံးတန်း ဈေးသူဈေးသားများမှ ရှင်းလင်းပြောကြားနေစဉ်
Thursday, February 21, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ ရတနာဈေးအနီးရှိ ပိုက်လုံးတန်း ပျံကျဈေးနေရာကို သက်ဆိုင်ရာမှ ပြောင်းရွှေ့ရန် ညွှန်ကြားလာခြင်းအပေါ် ဈေးသူဈေးသားများက မူလနေရာတွင်သာ ဆက်လက်ရောင်းချလိုကြောင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ချစ်သူများနေ့တွင် အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား၍ နှစ်ကြိမ် မွေးဖွားခဲ့သူ အမေရိကန်အမျိုးသမီး

ချစ်သူများနေ့တွင် အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား၍ နှစ်ကြိမ် မွေးဖွားခဲ့သူ အမျိုးသမီး

ဟျူစတန် ဖေဖော်ဝါရီ ၂ဝ

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှ မိခင် တစ်ဦးသည် ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် ဟျူစတန် ဆေးရုံ၌ အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား ၍ နှစ်ကြိမ်တိုင်တိုင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူ ထရက်ဆာယွန် တာပိုသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး

၎င်း၏ ရင်သွေးငယ် များကို သီတင်းပတ် ၃၁ပတ် အကြာတွင် တက္ကဆက် ပြည်နယ် ဟျူစတန်မြို့ရှိ အမျိုးသမီး ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ ထရက်ဆာနှင့် မန်နျူရယ်လ် ယွန်တာဗိုတို့တွင် နှစ်နှစ်အရွယ် သားတစ်ဦး ရှိသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် သားဖြစ်သူ အဖော် ရရန်အတွက် ရင်သွေးတစ်ဦး ထပ်မံ လိုချင် ခဲ့ကြေ ကြာင်း၊ ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၁ဝ ပတ် အကြာတွင် ဆရာဝန် ဖြစ်သူမှ သူမသည် ကလေးလေးဦးကို လွယ်ထားရကြောင်း၊ သို့ရာတွင် ကလေး လေးဦးသည် လေးမြွှာပူး မဟုတ် ဘဲ နှစ်မြွှာပူး နှစ်စုံ ဖြစ်သည်ဟု သူမတို့ထံ ပြောကြားခဲ့ကြောင်း ထရက်ဆာ က ပြောကြားခဲ့သည်။

ခွဲ၍မရအောင် တူသည့် အမြွှာ နှစ်စုံကို မွေးဖွားခြင်းသည် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ သန်း ၇ဝ ၌ တစ်ဦး တွင်သာ ဖြစ်ပွားတတ်သည့် အခြေအနေ ဖြစ်ကြောင်းနှင့် အမြွှာပူး နှစ်စုံသည် အချင်း တစ်ခုစီဖြင့် မွေးဖွား ခဲ့ကြောင်း ဆရာဝန်များက ပြောကြားသည်။ ကလေးများ အနက် Ace နှင့် Blaine ကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီ ၅၁ မိနစ်တွင် မွေးဖွားခဲ့ပြီး ၃ ပေါင် ၁ဝ အောင်စနှင့် ၃ ပေါင် ၁၅ အောင်စ အသီးသီး ရှိကြ သည်။ တစ်မိနစ်ခန့် အကြာတွင် Cash နှင့် Dylan တို့ကို မွေးဖွားခဲ့ပြီး အလေးချိန် နှစ်ပေါင် ၁၅ အောင်စနှင့် ၃ ပေါင် ၆ အောင်စတို့ ဖြစ်ပြီး ကလေးလေးဦး စလုံးမှာ ခွဲ၍မရအောင် ဆင်တူကြောင်း သိရသည်။ မိမိတို့ အနေဖြင့် ကလေးငယ်များကို A, B, C, D ဖြင့် မှတ်ထားကြောင်း၊ ကလေး တစ်ဦးကို ရရန် ကြိုးစား ခဲ့သော်လည်း လုံးဝ မမျှော်လင့်ဘဲ ကလေးလေးဦးကို မွေးဖွား ခဲ့ကြောင်းနှင့် သမီးလေး တစ်ဦးကို ထပ်မံ၍ အလို ရှိသေးကြောင်း ထရက်ဆာက ပြောကြားခဲ့သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ  Royal Hero Media တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ခြင်းဖြစ်ပါသည်။
excellencemedia.myanmar@gmail.com

ဟျူစတန် ဖေဖော်ဝါရီ ၂ဝ

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှ မိခင် တစ်ဦးသည် ၂ဝ၁၃ ခုနှစ်၏ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် ဟျူစတန် ဆေးရုံ၌ အမြွှာပူး ကလေးများကို မိနစ် အနည်းငယ် ခြား ၍ နှစ်ကြိမ်တိုင်တိုင် မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူ ထရက်ဆာယွန် တာပိုသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး ၎င်း၏ ရင်သွေးငယ် များကို သီတင်းပတ် ၃၁ပတ် အကြာတွင် တက္ကဆက် ပြည်နယ် ဟျူစတန်မြို့ရှိ အမျိုးသမီး ဆေးရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

ကျူးကျော်များကို တိုက်ခန်း ဝယ်ယူခွင့် ဦးစားပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
တန်ဖိုးနည်း အိမ်ယာ စီမံကိန်း ဖော်ဆောင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) စီမံကိန်း ဧရိယာ အတွင်း နေထိုင်သည့် ကျူးကျော်များ ထဲမှ အနေကြာသည့် ကျူးကျော် များကို စီမံကိန်း ပြီးဆုံးပါက တိုက်ခန်း ဝယ်ယူခွင့် အတွက် ဦးစားပေး စဉ်းစားမည် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ မြေခွန် မြေတိုင်း ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ရန်ကုန်မြို့တွင် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ခိုင်းစေကာ တောင်းရမ်း စားသောက်စေမှုများရှိနေ

ရန်ကုန်မြို့တွင် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ခိုင်းစေကာ တောင်းရမ်း စားသောက်စေမှုများရှိနေ
Wednesday, February 20, 2013

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက်သူ ကလေးငယ် အများစုမှာ
၎င်းတို့၏ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် စေခိုင်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့နှင့် တောင်းရမ်း စားသောက်သော ကလေးငယ်များ၏ ပြောကြားချက်အရ သိရသည်။

တောင်းရမ်းစားသောက် သူများမှာ အများအားဖြင့် လူစည်ကားသည့်
နေရာများဖြစ်သော စားသောက်ဆိုင်များ၊ ကားမှတ်တိုင်များနှင့် ဈေးများတွင် အများဆုံး တောင်းရမ်းလျက်ရှိကြောင်း သိရှိရသည်။

“သားတို့ညီအစ်ကိုနှစ်ယောက် ဒီကို နေ့တိုင်းလာပြီး တောင်းရပါတယ်။ သားတို့မှာ မိဘတွေရှိတယ်။ သားတို့ကို အဝေးကနေ လှမ်းကြည့်နေတယ်။ ဒါပေမယ့် ပိုက်ဆံရမှ အိမ်ကိုပြန်ရတယ်။ ညနေ ၆ နာရီဆိုရင် လာထား
သွားတယ်။ ည ၉ နာရီဆိုရင် ပြန်လာခေါ်ပါတယ်” ဟု Central Hotel ၀န်းကျင်တွင် တောင်းရမ်းနေသော အသက်လေးနှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သူများတွင် ကလေးသူငယ်များမှာ အများဆုံး ဖြစ်နေပြီး ကျန်းမာသန်စွမ်းသည့် လူငယ်အချို့လည်း ပါဝင်ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုပါသည်။

“သားက ဒီမှာပိုက်ဆံအမြဲတမ်း တောင်းတယ်။ သားက နေ့ခင်းဆိုရင် ဒီမှာအမြဲတမ်းရှိတယ်။ နေ့တိုင်းတော့ ပိုက်ဆံတစ်ထောင်ကျော်
လောက်တော့ အမြဲတမ်းရပါတယ်။ ပိုများတဲ့နေ့လည်း ရှိတယ်။ ရတဲ့ပိုက်ဆံကိုတော့ အကုန်လုံးကို ပြန်ပေးရတယ်” ဟု ကျိုက္ကဆံ
လမ်းဆုံတွင် တောင်းရမ်းနေသည့် ကလေးငယ်တစ်ဦးက ပြောသည်။

“စားဝတ်နေရေးအတွက် အဆင်မပြေတော့ ကိုယ့်သားသမီးကို
တောင်းခိုင်းတဲ့ အဆင့်ထိ ရောက်လာတာလို့ ထင်ပါတယ်။ ဒီကလေးတွေဟာ စာသင်ခန်းထဲမှာပဲ ရှိနေသင့်တဲ့ အရွယ်ပါ၊ ဒါကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက ကြပ်ကြပ်မတ်မတ်
ဆောင်ရွက်ပေးသင့်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ မူလတန်း ကျောင်းအုပ် အငြိမ်းစား ဆရာမကြီး တစ်ဦးက ပြောပါသည်။

ရန်ကုန်မြို့ရှိ ကလေးငယ်များကို အတတ်ပညာများ သင်ကြားပေးလျက်
ရှိသည့် သင်တန်းကျောင်း တစ်ခုမှ ဆရာမတစ်ဦးက “ဆရာမတို့ကျောင်းကို အဲဒီလို လေလွင့်တောင်းရမ်းနေတဲ့ ကလေးတွေ လာဖူးပါတယ်။ ဒါပေမဲ့ သူတို့က မနေနိုင်ဘူး။ ထွက်ပြေးကြတယ်။ သူတို့က ပိုက်ဆံရတာကိုပဲ
ပျော်တယ်။ ဒါကလည်း မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို ခိုင်းစားတာဆိုတော့ ဘာမှလုပ်လို့ မရပါဘူး” ဟု ဆိုပါသည်။

ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်သူများတွင် သက်ကြီး
ရွယ်အိုများမှာလည်း အများဆုံး ပါဝင်လျက်ရှိပြီး အဆိုပါ သက်ကြီး
ရွယ်အိုများသည် သားသမီးများ မရှိတော့သည့် သူများလည်း ရှိသလို သားသမီးများ ရှိလျက်နှင့် မိဘမှာ တောင်းရမ်းစားသောက်ရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

ကလေးသူငယ်များအား အသုံးချ တောင်းရမ်းခိုင်းမှုများ ပြုလုပ်ပါက ကလေးသူငယ် ဥပဒေအရ ထောင်ဒဏ်နှစ်နှစ် အထိဖြစ်စေ၊
ငွေဒဏ်ကျပ်တစ်သောင်း ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ကလေးသူငယ် ဥပဒေပုဒ်မ ၆၆/ဂ အရ 
သိရသည်။

ဓာတ်ပုံ - ရန်ကုန်မြို့ တွင်းတစ်နေရာတွင် တောင်းရမ်းနေသည့် ကလေးငယ်
တစ်ဦးအားတွေ့ရစဉ်

Eleven Media Group
ဓာတ်ပုံ - ရန်ကုန်မြို့ တွင်းတစ်နေရာတွင် တောင်းရမ်းနေသည့် ကလေးငယ်
တစ်ဦးအားတွေ့ရစဉ်
Wednesday, February 20, 2013

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက်သူ ကလေးငယ် အများစုမှာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် စေခိုင်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့နှင့် တောင်းရမ်း စားသောက်သော ကလေးငယ်များ၏ ပြောကြားချက်အရ သိရသည်။

သာကေတမာန်ပြေတွင် အာရဗီကျောင်းသတင်းမှားကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရကြောင်း ဆရာတော် ဦးပဏ္ဏ၀ံသမှပြောကြား



သာကေတမြို့နယ်မာန်ပြေ ၃ရပ်ကွက် ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အာရဗီဘာသာရေး စာသင် ကျောင်းအမိုးများပျက်စီးမှုအား   ပြုပြင်ရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြထားသည့် ပြင်ဆင်ခွင့်နှင့် ပြန်လည်ပြင်ဆင်ရာတွင် ခွင့်ပြုထားသည်ထက်   ကျော်လွန်၍ ကွန်ကရစ်တိုင်များ အခိုင်အမာဆောက်လုပ်ခြင်း ၊ထုပ်၊ လျှောက်၊ ဒိုင်း၊မြားတင်ရာတွင် ဟင်ဂလန်ချောင်းများ အသုံးပြု တည်ဆောက်ခြင်းတို့ကြောင့် ဘာသာရေး စာသင် ကျောင်းအစား ဗလီတည်ဆောက်သည်ဟု ရပ်ကွက်သားများက ယူဆကာ အာရဗီကျောင်း တာဝန်ခံနှင့် အချင်းများ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပုဂံ-ညောင်ဦးတွင်လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်

လုယက်မှုအကျုးလွန်ခံရသူ အင်္ဂလန်သူများအား ပစ္စည်းများ ပြန်လည်ပေးအပ်
ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုအား နှစ်ရက်အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့် (၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင် အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက် ၀က်ကြီးအင်း၊ ပုဂံညောင်ဦးလမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။”ဟု ညောင်ဦး ရဲစခန်းစခန်းမှူးက ပြောသည်။

ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နှင့် Mrs.Coytbsarah တို့နှစ်ဦးတို့မှာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

“ကျွန်မတို့က မြန်မာနိုင်ငံကိုလာတာ အခုအကြိမ်က ပထမဦးဆုံးအကြိမ်ပါ။ ကျွန်မတို့စက်ဘီးစီး နေတဲ့အချိန်မှာ အနောက်က နေလိုက်ပြီးတော့ဆိုင်ကယ်နဲ့လူနှစ်ဦးက ခြင်းထဲက အိတ်ကို နှိုက်သွားတာ။ ကျွန်မတို့ကိုပြစ်မှုကျူး လွန်တဲ့သူတွေ ဖမ်းမိသွားပြီလို့ ပြောတော့ အံ့သြသွားတယ်။ အရမ်းဝမ်းသာလို့ မျက်ရည်တောင်ကျမိတယ်။” ဟု Mrs.Rahwinder Rettura ကပြောသည်။

ယခုလိုနိုင်ငံခြားသားထံမှ ပစ္စည်းအလုခံရမှုနှင့်ပတ်သက်ပြီး လာရောက်လည်ပတ်သော ဧည့်သည်များအား မိမိတို့ပစ္စည်းများ အားလုံခြုံစိတ်ချသော နေရာ၌သာ အပ်နှံထားကြရန် Mrs.Rahwinder Rettura အကြံပြုပြောကြားခဲ့သည်။

“အခုလာရောက်လည်ပတ်တဲ့သူတွေကိုပြောချင်တာက အပြင်တွေ ဘာတွေသွားမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေဖြစ်တဲ့ ဟိုတယ်အခန်းတို့၊ ဧည့်ကြိုကောင်တာတို့မှာ အပ်နှံထားခဲ့သင့်တယ်။”ဟု Mrs.Rahwinder Rettura က အကြံပြု ပြောကြားသည်။

ပုဂံ-ညောင်ဦးဒေသခံတစ်ဦးဖြစ်သူကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ၄င်း၏ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။

“ပုဂံ-ညောင်ဦးမှာ ဒီလိုလုတယ်ဆိုတာ မကြားဖူးဘူး။ အခုအဒေါ့်အသက်က (၄၀) ကျော်နေပြီး။ ဒီလိုကိစ္စတွေ ဖြစ်ဖူးတယ်ဆိုတာ လုံးဝကိုမကြားဖူးတာ။ အခုမှ ဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ ကြားဖူးတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလုခံရသူများ၏ပစ္စည်းများအား ညောင်ဦးရဲစခန်းမှပြန်လည်ရှာဖွေကာ သက်သေများရှေ့မှောက်၌ ညောင်ဦးမြို့နယ် မှူးနှင့်ညောင်ဦးရဲစခန်းစခန်းမှူးတို့မှ အလုခံရသူများအား ပြန်လည်ပေးအပ်ခဲ့သည်။

ထက်အောင်ခန့် 
(မြစ်မခ)

ပုဂံ-ညောင်ဦးတွင် (၁၆)ရက်အတွင်း နိုင်ငံခြားသားများထံမှလုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုအား နှစ်ရက် 
အတွင်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုအတွက် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ဖေဖော်
ဝါရီလ (၆) ရက်နေ့(၁၄) ရက်နှင့်(၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်တွင်အင်္ဂလန်နိုင်ငံသူနှစ်
ဦးထံမှ လုယက်သူများကိုသာ (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းမှာ မီးမပျက်ရအောင် မြန်မာအစိုးရက ကူမယ်လို့ကတိပေး

ထိုင်းမှာ မီးမပျက်ရအောင် မြန်မာအစိုးရက ကူမယ်လို့ကတိပေး

ထိုင်းနိုင်ငံကလိုတဲ့ သဘာဝဓါတ်ငွေ့ပမာဏကို မြန်မာနိုင်ငံက ဖြည့်ဆည်း ကူညီသွားမယ်လို့ ကတိပေးထားပေမယ့် လာမယ့်ဧပြီလကျရင် ဘန်ကောက် မြို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့မှာ လျှပ်စစ်မီး ပြတ်တောက်မယ့်အရေးနဲ့ ကြုံရဖွယ် ရှိတာမို့ ထိုင်းအစိုးရအတွက် ခေါင်းခဲနေပါတယ်။

ထိုင်းနိုင်ငံကသုံးနေတဲ့ ဓါတ်ငွေ့ပမာဏရဲ့ ၂၅%ကို မြန်မာနိုင်ငံ ရတနာ ဓါတ်ငွေ့လုပ်ကွက်က တင်ပို့နေတာ ဖြစ်ပါတယ်။

ပြင်သစ် တိုတဲလ် ကုမ္ပဏီက ဦးစီးလုပ်နေတဲ့ ရတနာ ဓါတ်ငွေ့တူးစင် ကို ၃၆ နာရီကြာ ပြုပြင်မွမ်းမံရေး လုပ်မှာ ဖြစ်လို့ ဧပြီလ(၄)ရက်နဲ့ (၅)ရက် နှစ်ရက် အတွင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားနိုင်တဲ့ သဘော ဖြစ်ပါတယ်။ အခုတော့ ရတနာက ဒီအစီအစဉ်ကို မလုပ်သေးပဲ နောက်ဆုပ် လိုက်မယ်လို့ မြန်မာ အစိုးရဖက်က ကတိပေးလိုက်ပါတယ်။

ဧပြီလ ထိုင်းနိုင်ငံမှာလဲ သင်္ကြန်ပွဲတော်ကာလ ဖြစ်လို့ အဲဒီကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှာ စိုးတဲ့အတွက် ရတနာဓါတ်ငွေ့ လုပ်ငန်း ပြုပြင် ထိန်းသိမ်းရေး လုပ်မယ့်ကိစ္စကို နောက်ဆုပ်ပေးဖို့ ယင်းလပ်အစိုးရက လိုလား နေတာပဲ ဖြစ်ပါတယ်။ ဒီမေတ္တာရပ်ခံချက်ကြောင့်ပဲ ရတနာ ဓါတ်ငွေ့ တူးစင် ပြုပြင်မွမ်းမံရေးကို ဧပြီ (၁၄)ရက်ထက် စောပြီး လုပ်မှာ မဟုတ်ဘူးလို့ သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။ 

အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေ ထွန်းကာလာတဲ့ ထိုင်းနိုင်ငံ ဟာ လောင်စာဆီလိုအပ်ချက် တနေ့တခြား မြင့်မားလာနေပါတယ်။ A

Source : Feb 21 ရက်နေု့ထုတ် Bangkok Post  
http://www.bangkokpost.com/news/local/336917/

ဓါတ်ပုံ - ၀န်ကြီးချုပ် ယင်းလပ် နှင့် အစိုးရအဖွဲ့
ဓါတ်ပုံ - ၀န်ကြီးချုပ် ယင်းလပ် နှင့် အစိုးရအဖွဲ့
ထိုင်းနိုင်ငံကလိုတဲ့ သဘာဝဓါတ်ငွေ့ပမာဏကို မြန်မာနိုင်ငံက ဖြည့်ဆည်း ကူညီသွားမယ်လို့ ကတိပေးထားပေမယ့် လာမယ့်ဧပြီလကျရင် ဘန်ကောက် မြို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့မှာ လျှပ်စစ်မီး ပြတ်တောက်မယ့်အရေးနဲ့ ကြုံရဖွယ် ရှိတာမို့ ထိုင်းအစိုးရအတွက် ခေါင်းခဲနေပါတယ်။

အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

February 21, 2013Home, သတင်း 

တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ရတနာပွင့်လှကန်တော်ကြီးဘောင် ပေါ်တွင် နံနက်စောစော လမ်း လျှောက်နေသော အမျိုးသမီး တစ်ဦးထံမှ အမျိုးသားတစ်ဦးက ဓားထောက်၍ ရွှေဆွဲကြိုးဖြတ် လုထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ (၂၀-၂-၂၀၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ (ဘ) ဦးမြင့်လှိုင်၏သမီး မသန်းသန်းနု (၄၃)နှစ်သည် ရတနာပွင့်လှ ကန်တော်ကြီးအတိုင်း တံတားမှ ကူး၍ အတွင်းရှိဂေါက်ကွင်းဘေး လမ်းအတိုင်း အရှေ့မြောက်ဘက် သို့ လမ်းလျှောက်ရာ ၎င်းလမ်း အတိုင်း မျက်နှာချင်းဆိုင်ဘက်မှ ဂျင်းအင်္ကျီ/ဂျင်းဘောင်းဘီအပြာ ရောင်ဝတ်ထားသည့် လူငယ်တစ် ဦး လမ်းလျှောက်လာသည်ကို တွေ့ရကြောင်း၊ မသန်းသန်းနု သည် ကံဘောင်အတိုင်း ဆက် လျှောက်စဉ် ဂေါက်ကွင်းအနောက် မြောက်ဘက်ထောင့်သို့အရောက် ၎င်းလူငယ်သည် နောက်မှလိုက် လာပြီး မသန်းသန်းနုအား နောက် မှ ၀ဲဘက်လက်နှင့် သိုင်းဖက်ကာ ယာဘက်လက်မှ ဓားကိုင်၍ လည်ပင်းအား ထောက်ထား ကြောင်း၊ ၀ဲဘက်လက်နှင့် မသန်း သန်းနု၏ ပါးစပ်အားပိတ်၍ မအော်ရန်ပြောကြောင်း၊ ၎င်း မသန်းသန်းနုမှ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းရင်း ရုန်းကန်ရာ ၀ဲဘက်လက်သန်း အား ဓားထိ၍ ပျက်ရှဒဏ်ရာ ရရှိကြောင်း အဆိုပါလူငယ်မှ ဓားကိုအောက်သို့ချပြီး ၎င်း၏ လည်ပင်းတွင် ၀တ်ဆင်ထားသော အလေးချိန်(၃)မတ်သားခန့်ရှိ စက်ကြိတ်ကြိုးပြား ဆွဲကြိုးပိုက် ဆံအိတ်ပုံဆွဲပြားပါ တန်ဖိုး (၅၀၀၀၀၀)ကျပ်ခန့်အား ဆောင့် ဆွဲယူပြီး ဓားကောက်ယူကာ ထွက်ပြေးသွားကြောင်း ၎င်းလူ ပုံသဏ္ဌာန်မှာ ဆံပင်တို၊ လှန်ဖီး ထား၊ မျက်နှာသွယ်၊ ကိုယ်လုံး သင့်၊ အရပ်(၅)ပေ (၂)လက်မခန့် ဂျင်းပြာအင်္ကျီလက်ရှည်၊ ဘောင်း ဘီရှည်ဝတ်ထား၊ လူမြင်လျှင် မှတ်မိကြောင်း၊ ၎င်းလူငယ်သည် ဆွဲကြိုးစား စောင့်ဆွဲယူပြီး ဓား ကောက်ယူထွက်ပြေးသွားရာ ကိုက်(၂၀)ကျော်ခန့် အရောက် လမ်းအကွေ့တွင် ရပ်ထားသော စက်ဘီးအား စီးနင်း၍ ဂေါက် ကွင်းအရှေ့ဘက်လမ်းအတိုင်း တောင်ဘက်သို့ နင်းသွားကြောင်း၊ ထိုအချိန် ပေ(၂၀၀)ခန့်တွင် ဦး သံချောင်းနှင့် ဦးခင်မောင်မြင့်တို့ လေ့ကျင့်ခန်းပြုလုပ်နေသည်ကို တွေ့မြင်၍ အကူအညီတောင်းခံ ကြောင်းပြောပြသိရသည်ဆို၏။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓား နှင့်ခြိမ်းခြောက်ပြီး ဆွဲကြိုးအား စောင့်ဆွဲယူသူ အမျိုးသားအား စုံစမ်းအရေးယူပေးပါရန် မသန်းသန်းနုမှ တောင်တွင်းကြီးမြို့မရဲ စခန်းသို့ တရားလိုပြုလုပ်တိုင် တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၃၉/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၉၂ အရ အမှုရေးဖွင့်ထား ပြီး တရားခံအမြန်ဖမ်းဆီးရမိနိုင် ရေးနှင့်သက်သေခံပစ္စည်း သိမ်း ဆည်းရမိနိုင်ရေးအတွက် စုံစမ်း လျက်ရှိကြောင်းသိရသည်။
 
ဟင်္သာ(တောင်တွင်းကြီး)

အေးချမ်းမွန်(အဲဆာန်မန်) မှ  The Hot News တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

February 21, 2013
တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ရတနာပွင့်လှကန်တော်ကြီးဘောင် ပေါ်တွင် နံနက်စောစော လမ်း လျှောက်နေသော အမျိုးသမီး တစ်ဦးထံမှ အမျိုးသားတစ်ဦးက ဓားထောက်၍ ရွှေဆွဲကြိုးဖြတ် လုထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ (၂၀-၂-၂၀၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ (ဘ) ဦးမြင့်လှိုင်၏သမီး မသန်းသန်းနု (၄၃)နှစ်သည် ရတနာပွင့်လှ ကန်တော်ကြီးအတိုင်း တံတားမှ ကူး၍ အတွင်းရှိဂေါက်ကွင်းဘေး လမ်းအတိုင်း အရှေ့မြောက်ဘက် သို့ လမ်းလျှောက်ရာ

ရန်ကုန်မြို့၏ မြို့အစွန်အဖျားက အင်္ဂါမစုံ သက်တမ်းရှည်မြို့သစ်များ၏ အနာဂတ်

 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
တပ်မတော်အစိုးရ အာဏာရယူအပြီး ၁၉၈၈ လွန်ကာလများတွင် ရန်ကုန်မြို့၏ မြို့အစွန်အဖျား၌မြို့သစ်များ ဖော်ထုတ်ခဲ့သည်။ ထိုမြို့သစ်များက ယနေ့တိုင် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံလုံလောက်မှု မရှိသည့် အဆင့်
နိမ့်လူနေရပ်ကွက်များအဖြစ်သာတည်ရှိနေသည်။ယခု အရပ်သားအစိုးရလက်ထက်တွင်လည်း ရန်ကုန်မြို့၏ ဧရိယာကိုထပ်မံတိုးချဲ့၍ မြို့သစ်စီမံကိန်းများ ထပ်မံဆောင်ရွက်ရန်
သတင်းထွက်ပေါ်လာပြန်သည်။ ထိုအခါ ဆယ်စုနှစ်နှစ်ခုနီးပါးရှိပြီဖြစ်သည့် သက်တမ်းရှည် မြို့သစ်များ၏ ရှေ့ရေးသည် မေးခွန်းထုတ်စရာဖြစ်လာသည်။

မေးခွန်းထုတ်စရာဖြစ်လာသော အီလက်ထရွန်နစ်ဥပဒေ

မေးခွန်းထုတ်စရာဖြစ်လာသော အီလက်ထရွန်နစ်ဥပဒေ

ရေးသားသူ- ယုဇနကိုကို၊အောင်ခိုင်၊ထွန်းခိုင်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းတွင် မြန်မာ့မီဒီယာနှင့် ကွန်ပျူတာလောကတွင် အတန်ငယ် စိတ်ရှုပ်ထွေးစရာ ကောင်းသော အဖြစ်အပျက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူသိအများဆုံးသတင်းဌာနများအနက် တစ်ခု
ဖြစ်သော Eleven Media Group ၏ အင်တာနက် စာမျက်နှာသည် Red-Army Team ဟု အမည်ပေးထားသော ဟက်ကာအဖွဲ့၏ ၀င်ရောက်နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သီတင်းသုံးပတ်ခန့်အကြာ ဖေဖော်ဝါရီ ၄ ရက်
တွင် မြန်မာနိုင်ငံ၏ နောက်ထပ်လူသိများသည့် သတင်းမီဒီယာတစ်ခုဖြစ်သော The Voice Weekly ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာသည်လည်း Anonymous Myanmar အမည်ခံထားသော ဟက်ကာအဖွဲ့၏ တိုက်ခိုက်ထိန်းချုပ်ခြင်းကို ခံခဲ့
ရသည်။

အမည်မသိသူများ၏ တိုက်ခိုက်မှုသည် ထိုမျှနှင့်မရပ်သေး။ နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီ ၅ ရက်တွင် သူတို့၏ တိုက်ခိုက်မှုကို နေပြည်တော်ဆီသို့ ဦးတည်လိုက်ကြပြန်သည်။ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာဟု ပြဋ္ဌာန်းထားသော နိုင်ငံတော် သမ္မတ၏ သတင်းမှတ်တမ်း အများစု ထုတ်ပြန်ရာ သမ္မတရုံးအင်တာနက် စာမျက်နှာသည်ပင်လျှင် ၎င်းတို့၏ သားကောင် ဖြစ်သွားခဲ့ရရှာသည်။

မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျမပြောဆိုသော ၎င်းတို့၏ နောက်ထပ်ပစ်မှတ်မှာ မည်သူဖြစ်မည်လဲ။ ဘာကြောင့် နာမည်ကျော် သတင်းဌာနများနှင့် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးသော ပုဂ္ဂိုလ်ကို ပစ်မှတ်ထားခဲ့သလဲ။ သူတို့၏ နောက်ကွယ်တွင် မည်သူက ထောက်ပံ့ကာ အစီအစဉ်ရှိရှိ လုပ်ဆောင်နေသလဲ အစရှိသဖြင့် မြန်မာ့အင်တာနက် သုံးစွဲသူများအကြား မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာသော်လည်း အဖြေက ခုချိန်အထိ တိတိကျကျ ထွက်ပေါ်မလာသေးပါ။

သို့သော် ယင်းအဖြစ်အပျက်များသည် ပွင့်လင်းစမြန်မာ့လူ့ဘောင်၏ အင်တာနက်လုံခြုံရေးအတွက် အချက်ပေးခေါင်း လောင်းဖြစ်ပြီး အစိုးရနှင့်ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် အနာဂတ်တွင် ယင်းပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို လေးလေးနက်နက် သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

မည်သည့် အကျိုးအမြတ်ကြောင့် သတင်းဌာနများနှင့် နိုင်ငံအတွက် အရေးပါသော ဌာနများ၏ အင်တာနက်စာမျက်နှာများကို တိုက်ခိုက်သူများက ပစ်မှတ်ထားသည်ကို တိတိကျကျပြောဆိုရန် ခက်ခဲလှသော်လည်း ယင်းတိုက်ခိုက်မှုများမှာ နိုင်ငံရေးနှင့် ဆက်နွှယ်မှုများရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

မြန်မာသတင်းဌာနတွေ ဘယ်အချိန်ကတည်းက တိုက်ခိုက်သူများရဲ့ ပစ်မှတ်ဖြစ်ခဲ့လဲ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းဌာနကို ပစ်မှတ်ထားပြီး နှောင့်ယှက်တိုက်ခိုက်မှုသည် 7Day News ၏ လေ့လာတွေ့ရှိချက်များအရ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနှင့်အတူ စတင်ခဲ့ပြီး ယင်းနောက်တွင် ခပ်စိပ်စိပ်ဖြင့် နှစ်စဉ်လိုလို ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်က ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သော မဇ္ဈိမ၊ ဧရာဝတီ၊ ဒီဗွီဘီ စသည့် သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများသည် ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

အလားတူ ၂၀၁၀ ပြည့်နှစ်အတွင်း ခရိုနီဟုခေါင်းစဉ်တပ်ကာ တိုက်ခိုက်ခံခဲ့ရသည့် ၀က်ဘ်ဆိုက်များလည်းရှိပြီး ဟက်ကာအဖွဲ့တစ်ခုက ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ၀က်ဘ်ဆိုက်စာရင်းကိုထုတ်ပြန်ရာတွင် ၀က်ဘ်ဆိုက်ပေါင်း ရာနှင့်ချီရှိခဲ့သည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရမှုများသည် ပြည်တွင်းတွင် သတင်းအဖြစ်အပျက် ကြီးကြီးမားမား ဖြစ်ပွားနေချိန်များနှင့် တိုက်ဆိုင်လေ့ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီး ကာလများနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း ယင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းတိုက်ခိုက်မှုများသည် ယခုနှစ် အစောပိုင်းမှစတင်ပြီး ပြည်တွင်းအခြေစိုက် သတင်းဌာနများဆီသို့ ဦးတည်လာခဲ့သည်။

ဘယ်သူတွေက ဘာကြောင့်တိုက်ခိုက်မှုတွေ လုပ်ကြတာလဲ
သတင်းဌာနများကို တိုက်ခိုက်မှုမှာ ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောက၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ မြန်မာသတင်းသမားများက သုံးသပ်ကြသလို လူထုအကြား မီဒီယာအပေါ် ယုံကြည်မှုများ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိကြသည်။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက အဆိုပါ တိုက်ခိုက်မှုများသည် အဖွဲ့အစည်းတစ်ခုခုမှ စနစ်တကျ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်သူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း မှတ်ချက်ချခဲ့သည်။ ယင်းလုပ်ရပ်များသည် အသွင်ကူးပြောင်းရေးကာလအတွင်း အထိနာခဲ့သူများ၏ စနက်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

“အကူးအပြောင်းကာလမှာ အလွဲသုံးစားမှုတွေ မီဒီယာကြောင့်ပေါ်လာတယ်။ မီဒီယာရဲ့ ပွင့်လင်းလာမှုကို မလိုလားသူတွေက ချဲ့ကားအပုပ်ချတာတွေရှိတယ်” ဟု The Voice Weekly ၏ အယ်ဒီတာချုပ်က ဆိုသည်။

၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှ စတင်ပြီး အနည်းဆုံးလေးကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခံခဲ့ရသော ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းဌာနတစ်ခုဖြစ်သော ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ အယ်ဒီတာ ဦးရဲနည်က သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများကို ဦးတည်တိုက်ခိုက်ခြင်းသည် အဆိုပါသတင်းဌာနများ၏ သတင်းတင်ပြချက်များနှင့် မူဝါဒများကို မကြိုက်သည့်သူများက တိုက်ခိုက်ခြင်းများဖြစ်နိုင်သလို ပြိုင်ဘက်စီးပွားရေးသမားများက နှောင့်ယှက်တိုက်ခိုက်ခြင်းများလည်း ဖြစ်နိုင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောသည်။

၎င်းတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရဆိုလျှင် နှောင့်ယှက်တိုက်ခိုက်သူများသည် Professional အဆင့် ကျွမ်းကျင်သူများ၏ လက်ချက်ဟု ယူဆကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည်က ပြောသည်။

“ကျွန်တော်တို့ကို တိုက်ခိုက်တာက Professional တွေလို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ပမာဏအရမ်းကြီးတယ်။ DDos   နဲ့ တိုက်ခိုက်တာ 2GB ကနေ 4GB အထိ တိုက်ခိုက်ခံရဖူးတယ်။ အဲဒါက ကွန်ပျူတာအလုံးရေ သန်းပေါင်းများစွာနဲ့ဖြစ်တာ။ အဲဒါကြောင့် တစ်ယောက်တည်းလုပ်တာ မဟုတ်တော့ဘူး။ အနည်းဆုံး အဖွဲ့လိုက် လုပ်တယ်လို့ ယူဆတယ်။ အဲဒီလို လုပ်နိုင်တာက တကယ့် Professional တွေဗျ” ဟု ၎င်းက ဆိုသည်။

ပြဿနာများ၏ နောက်ကွယ်တွင် အစိုးရ (သို့မဟုတ်) အစိုးရနှင့် နီးကပ်သော အဖွဲ့အစည်းတစ်ခုခု၏စနက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။ ခေတ်မီနည်းပညာ မဆိုထားနှင့်၊ အခြေခံပညာ မူလတန်းကိုပင် ဆုံးခန်းတိုင်အောင် တက်ရောက်နိုင်သူ တစ်နေ့တခြား နည်းပါးလာပြီး တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏသာ အင်တာနက်ကို သုံးစွဲနိုင်သော မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော အဆင့်မြင့်နည်းပညာ သုံးစွဲတိုက်ခိုက်သူမှာ လက်ချိုးရေတွက်နိုင်သော ပမာဏသာရှိကြောင်း နည်းပညာ ကျွမ်းကျင်သူများကဆိုသည်။

တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အစိုးရရှိနေသည်ဆိုသည့် သုံးသပ်ချက်များကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပယ်ချလိုက်သည်။  “ယခုအဖြစ်အပျက်သည် နိုင်ငံတော်အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း” ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဥပဒေကြောင်းက တိုက်ခိုက်ခံရသူတွေကို ဘယ်လိုအကာအကွယ်ပေးထားလဲ
၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွင် “မူလပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရဘဲ ကွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှုတစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှုတစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း (သို့မဟုတ်) အခြားသူတစ်ဦးဦးကို ထုတ်ဖော်ခြင်း” ကို ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၅)နှစ်အထိ ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အဆိုပါဥပဒေသည် ကွန်ရက်များကို နှောင့်ယှက်သူများအား ရုံးတော်သို့ ခေါ်ဆောင်လာနိုင်ခြင်းထက် အတိတ်ကာလတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ကာလရှည်ကြာ အကျဉ်းချခဲ့သည်ဟု နာမည်ဆိုးဖြင့် ပိုမိုကျော်ကြားခဲ့သည်။

“ဒီဥပဒေက အရင်န၀တက သူ့ရဲ့လမ်းစဉ်ကို အကာအကွယ်ပေးဖို့ လုပ်ထားတာ” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) က မှတ်ချက်ပြုသည်။

“အီးမေးလ်တစ်စောင်ကို တစ်ခါသုံးရင်(၁၅)နှစ်၊ ကမ္ဘာမှာ ဒီလောက်ပြင်းထန်တဲ့ဥပဒေမရှိဘူး။ ခေတ်မမီတော့ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား သံတိုင်နောက်ပို့ခဲ့သည့် အဆိုပါ ဥပဒေသည် လက်ရှိအချိန်တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင်ရှိသည့် သမ္မတရုံးအင်တာနက်စာမျက်နှာကို နှောင့်ယှက်သူများအား
ရုံးတော်ရှေ့မှောက်သို့ မပို့ဆောင်နိုင်သေးချေ။

“ဒီဥပဒေက တကယ်တမ်းတော့ လူရယ်ချင်စရာ ဟာသတစ်ခုလို ဖြစ်နေတယ်။ အစိုးရက သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အချိန်မှာတောင် ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ကွန်ပျူတာပညာရှင် ဦးရဲမြတ်သူကပြောသည်။
အချိန်မီမတားဆီးနိုင်ရင် ဘာဖြစ် လာနိုင်လဲ

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ တစ်သိန်းတစ်သောင်းခန့်ရှိကြောင်း အမေရိကန် အခြေစိုက် နည်းပညာသတင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Science Daily က ခန့်မှန်းထားပြီး ပြည်တွင်းပညာရှင်များက ငါးသိန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ အင်တာနက်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် မဟုတ်သေးဘဲ တိုင်းပြည်လူဦးရေ၏ မဆိုသလောက် ပမာဏကို တိုက်ရိုက်အကျိုးပြုနေသောကြောင့်သာ ယခုတိုက်ခိုက်မှုတွင် သိသာသော
ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ခြင်းဖြစ်ကြောင်း နည်းပညာဆိုင်ရာပညာရှင်များက ဆိုသည်။

သို့သော် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့်အတူ နှစ်ပေါင်းများစွာ တံခါးပိတ်စနစ် ကျင့်သုံးလာသော မြန်မာနိုင်ငံ၏ အနာဂတ်တွင် ကမ္ဘာနှင့် ဆက်သွယ်ရန်မှာ အင်တာနက်သည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်မည်ဟု ၎င်းတို့ကဆိုသည်။ အနာဂတ်တွင် အွန်လိုင်းစနစ်သုံးမည့် အစိုးရအုပ်ချုပ်ရေး ယန္တရားလည်ပတ်ခြင်း၊ ငွေသွင်းငွေထုတ်မှအစ နိုင်ငံတကာနှင့် ဆက်သွယ်မည့် စနစ်များအတွက် လုံခြုံရေးစိတ်ချရန်မှာ နံပါတ်တစ်အရေးကြီးလာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပွင့်လင်းစမြန်မာနိုင်ငံ၏ မီဒီယာလောကနှင့် အစိုးရသတင်းထုတ်ပြန်ရာ စာမျက်နှာများအပါအ၀င် တိုင်းပြည်အတွက် အရေးကြီးသည့် အင်တာနက်လုံခြုံရေးအား ခြိမ်းခြောက်နေသူများကို ရုံးတော်ရှေ့သို့ ပို့ဆောင်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ၎င်းတို့မည်သူ မည်ဝါဆိုသည်ကိုပင် ထုတ်ဖော်နိုင်ခြင်းမရှိသေးပါ။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေကတော့ “ဆာဗာနောက် လိုက်ရင်တော့ သိနိုင်တယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းတွင် မြန်မာ့မီဒီယာနှင့် ကွန်ပျူတာလောကတွင် အတန်ငယ် စိတ်ရှုပ်ထွေး
စရာ ကောင်းသော အဖြစ်အပျက်များကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူသိအများဆုံး
သတင်းဌာနများအနက် တစ်ခုဖြစ်သော Eleven Media Group ၏ အင်တာနက် စာမျက်နှာသည် Red-Army Team ဟု အမည်ပေးထားသော ဟက်ကာအဖွဲ့၏ ၀င်ရောက်နှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။

အင်တာနက် ပေါ်မှ ကား ဝယ်/ ရောင်း အခမဲ့ ဝန်ဆောင်မှု

အင်တာနက် ပေါ်မှ ကား ဝယ်/ ရောင်း အခမဲ့ ဝန်ဆောင်မှု

မော်တော်ကား တင်သွင်းမှုကို ၂ဝ၁၁ ခုနှစ် အတွင်း စတင် ဖွင့်ပေးလိုက်ရာ ယာဉ်ရောင်းဝယ်မှု   ဈေးကွက်များ လျင်မြန်စွာ ပြောင်းလဲ လာခဲ့သည်။
အရောင်းပြခန်း ဖွင့်လှစ်မှုနှင့် ကားတင်သွင်းသူ ဦးရေမှာလည်း များစွာ တိုးတက်လာရာ ရောင်းသူ အခြေပြု ဈေးကွက်မှ ဝယ်သူ အခြေပြု ဈေးကွက်သို့ ဦးတည် ပြောင်းလဲပြီး  အင်တာနက် အခြေပြု ကားဝယ်/ ရောင်း အခမဲ့ ဝန်ဆောင်မှုများ သို့ပင်  ပြောင်းလဲ လာခဲ့သည်။

အင်တာနက် ပေါ်တွင် ကားဝယ်/ ရောင်း ပြုလုပ် နိုင်ခြင်းကြောင့် ဝန်ဆောင်ခ (ပွဲစားခ) များ ပေးစရာ မလိုဘဲ  ကားပါကင် ကြေးလည်း ပေးစရာ မလိုခြင်း၊ ဝယ်သူအား တစ်နေ ကုန် အချိန်ကုန်ခံ ထိုင်စောင့်စရာ မလိုဘဲ မိမိ ရောင်းလိုသော ကားကို အင်တာနက် ပေါ်တင်၊  ဓာတ်ပုံနှင့် ကား၏ အချက်အလက် ဖြည့်စွက် ထားရုံဖြင့် တိုက်ရိုက် ဝယ်ယူသူက ဖုန်းဖြင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။ ကားဝယ်/ ရောင်း အခမဲ့ ဝန်ဆောင်မှုများ အနက် http://www.automarket.com.mm တွင် မိမိ ရောင်းလိုသော ကားကို Register လုပ်ကာ အလွယ်တကူ ရောင်းချနိုင်မည် ဖြစ်ပြီး သုံးစွဲသူများ လွယ်ကူအောင် လမ်းညွှန်မှုကို   မြန်မာ ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ http://www.automarket.com.mm Website သည် ကားဝယ်လို သူများအား မိမိ ဝယ်လိုသော ကားကို အင်တာနက်တွင် ရှာမတွေ့ခဲ့ ပါက မိမိ ဝယ်လိုသည့် ကားနှင့် စပ်လျဉ်းသည် များကို အင်တာနက်တွင် အခမဲ့ ရှာဖွေနိုင်ရန် အတွက်လည်း လမ်းညွှန် ပေးထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/7418-2013-02-21-09-17-46

မော်တော်ကား တင်သွင်းမှုကို ၂ဝ၁၁ ခုနှစ် အတွင်း စတင် ဖွင့်ပေးလိုက်ရာ ယာဉ်ရောင်းဝယ်မှု ဈေးကွက်များ လျင်မြန်စွာ ပြောင်းလဲ လာခဲ့သည်။
အရောင်းပြခန်း ဖွင့်လှစ်မှုနှင့် ကားတင်သွင်းသူ ဦးရေမှာလည်း များစွာ တိုးတက်လာရာ ရောင်းသူ အခြေပြု ဈေးကွက်မှ ဝယ်သူ အခြေပြု ဈေးကွက်သို့ ဦးတည် ပြောင်းလဲပြီး အင်တာနက် အခြေပြု ကားဝယ်/ ရောင်း အခမဲ့ ဝန်ဆောင်မှုများ သို့ပင် ပြောင်းလဲ လာခဲ့သည်။

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာ
တင်လိုက်ကြောင်း သိရသည်။ ၁၉၆၂ ရှေ့ပိုင်းကာလများက နိုင်ငံတွင် နိုင်ငံခြားသတင်းဌာနအချို့ တရားဝင်
ရုံးခန်း ဖွင့်လှစ်ခွင့် ရခဲ့သော်လည်း နောက်ပိုင်းကာလများတွင် မရရှိခဲ့တော့ရာ အစိုးရသစ်လက်ထက်တွင် ထပ်မံ ပြန်လည် ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့ စစ်ဆေးရေးဂိတ်တွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူများဖမ်းဆီးရမိ

ထိုင်းနိုင်ငံထုတ် BROWING အမျိုးအစား ပစ္စတို

Shan News

ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်လုံမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေ ပိုင်း
တွင် တရားမ၀င်လက်နက်ခဲယမ်းများ သယ်ဆောင်လာသူနှစ်ဦးအား သက်သေခံပစ္စည်း များနှင့် အတူ ဖမ်း
ဆီးရမိခဲ့ ကြောင်းသိရသည်။ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ဖယ်ခုံရဲစခန်းမှ စခန်းမှူးနှင့်

၂၀၁၂ နောက်ပိုင်း တရုတ်လုပ်သားများသာ အသုံးပြုလာသည့် မဒေးကျွန်းစီမံကိန်း

၂၀၁၂ နောက်ပိုင်း တရုတ်လုပ်သားများသာ အသုံးပြုလာသည့် မဒေးကျွန်းစီမံကိန်း


ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်တည်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ကနဦးက ဒေသခံအလုပ်သမားများကိုသာ ဦးစားပေးအလုပ်သွင်းမည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင်တရုတ်လူမျိုးများကိုသာ အလုပ်သွင်းနေကြောင်း
သိရသည်။

“အစတော့ တရုတ်တွေက ပြောတာပေါ့။ ဒေသခံ အလုပ်သမားတွေကိုပဲ ဦးစားပေမယ်ဆိုပြီး နောက်ပိုင်းတော့ သူတို့လူမျိုးတွေကိုပဲ ရဟတ်ယာဉ်နဲ့
ခေါ်လာပြီး အလုပ်ပေးတယ်။ ပထမတော့ တစ်ဆယ်၊ နှစ်ဆယ် အဲလိုမျိုး
ခေါ်လာတာ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ထောင်ကျော် သွားပြီ”ဟု
ကျောက်ဖြူမြို့ မှ မဒေးကျွန်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

အဆိုပါစီမံကိန်းမှာ အရှေ့အလယ်ပိုင်းမှ သယ်ယူလာသည့် ရေနံများအတွက် သိုလှောင်တိုင်ကီများနှင့် ရေနံပိုက်လိုင်းတို့ တည်ဆောက်နေသည့် စီမံကိန်း
တစ်ခုဖြစ်သည်။

လုပ်ငန်းအစတွင် ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးထားသော်လည်း ၂၀၁၂ခုနှစ် နောက်ပိုင်းမှစပြီး တရုတ်လူမျိုးများကိုသာ ဦးစားပေး အလုပ်ခန့်ထားလာကြောင်း သိရသည်။

“သူတို့က ဒေသခံတွေ ဦးစားမပေးတာ မကဘူး။ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေ ကိုလည်း မပေးဘူး။ သူတို့ရဲ့ ထိပ်ပိုင်းဆိုင်ရာတွေမှာ စာချုပ်တွေ ကတိတွေ ရှိပေမယ့် တကယ့် အောက်ခြေမှာတော့ မရှိဘူး။ အလုပ်သမားတွေဟာ ဖြစ်သလိုနေရတယ်။ တရုတ် အလုပ်သမားတွေ တန်းလျားကျတော့ ရေ၊ မီးအစုံပါပြီး ဒေသခံအလုပ်သမားတွေကျတော့ ဘာမှမရှိဘူး။ တဲထိုးပြီး နေရတာ တွေ့ရတယ်’’ ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။

မဒေးကျွန်းရှိ တရုတ်အလုပ်သမား အရေအတွက်ကို အတိအကျသိနိုင်ရန်
ခက်ခဲသော်လည်း ဒေသခံတို့၏ အဆိုအရ သုံးထောင်ကျော်ရှိသည်ဟု သိရပြီး ဒေသခံတို့အား အလုပ်အကိုင် ခန့်အပ်မှုမှာရာခိုင်နှုန်းအားဖြင့် ဆယ်ရာခိုင်နှုန်းပင် မရှိဟု သိရသည်။

မဒေးကျွန်းစီမံကိန်းလုပ်ငန်းအတွင်း အဆောက်အဦးအကြမ်းထည်များ၊ လမ်းခင်းခြင်း၊ တောင်ဖြိုခြင်း၊ မှိုင်းခွဲခြင်း စသည့် လုပ်ငန်းတို့တွင်ဒေသခံနှင့် လုပ်ကိုင်နေသော်လည်း ဒေသခံအလုပ်သမားတစ်ဦး၏ လစာမှာအမျိုးအစား
အလိုက် ပျှမ်းမျှ တစ်လလျှင် ကျပ် ၇သောင်းမှ ၉ သောင်း သာ ရရှိကြောင်း
ကိုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် တရုတ်ပြည်၏စီးပွားရေးရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည်
ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မဒေးကျွန်း ရေနက်
ဆိပ်ကမ်းစီမံကိန်း၊ စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးချောင်း ရေအား
လျှပ်စစ်စီမံကိန်း ၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူကူမင်း
ရထား လမ်းစီမံကိန်း၊ ကျောက်ဖြူစီးပွားရေး စီမံကိန်းအထူးဇုန်၊ ရသေ့တောင် အငူမော်သတ္တုရှာဖွေရေး လုပ်ငန်းတို့ အနက် မဒေးကျွန်းစီမံကိန်းမှာ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်သည်။

ရခိုင်ဒေသမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ယခုနှစ်
အတွင်း တရုတ်ပြည်သို့ ပိုက်လိုင်းများမှတဆင့် အစမ်းပို့လွှတ်သွားမည်ဖြစ်
ကြောင်းကိုလည်း သိရသည်။

ရခိုင်ပြည်နယ်၌ရင်းနှီးမြုပ်နှံထားကြသည့် နိုင်ငံများမှာတရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ ကိုရီးယာနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ Myit Makha Mediagroup  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ကျာက်ဖြူမြို့နယ် မဒေးကျွန်းတွင်တည်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ကနဦးက ဒေသခံအလုပ်သမားများကိုသာ ဦးစားပေးအလုပ်သွင်းမည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင်တရုတ်လူမျိုးများကိုသာ အလုပ်သွင်းနေကြောင်း
သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြုအမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့

Thursday, February 21, 2013
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြု အမည်စာရင်းကို ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေးသို့
ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ အမည်စာရင်းကို နိုင်ငံတော် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကသုံးဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကသုံးဦး အသီးသီးရွေးချယ် ပေးပို့ခဲ့ခြင်းဖြစ်သည်။

မာလီစစ်ပွဲတွင် ပြင်သစ်တပ်ဖွဲဝင်တစ်ဦး သေဆုံးကြောင်း ဟော်လန်ဒီ အတည်ပြု

france troops in mali

ပြင်သစ် သမ္မတ ဖရန်ကွိုက် ဟော်လန်ဒေးက မာလီတွင် စစ်ဆင်ရေး တာဝန်ယူနေသည့် ပြင်သစ် တပ်ဖွဲ့
ဝင်တစ်ဦး သေဆုံးကြောင်း သတင်းကို အတည်ပြု ပြောကြားခဲ့သည်။ မာလီနိုင်ငံတွင် ဒီမိုကရေစီ အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် ဘာသာရေး အစွန်းရောက် သူပုန်တပ်ဖွဲ့များကို ပြင်သစ်နိုင်ငံ စစ်တပ်များက မာလီအစိုးရနှင့် ပူးပေါင်း တိုက်ခိုက်လျှက် ရှိသည်။

ယီမင်တွင် လူနေရပ်ကွက်သို့ တိုက်လေယာဉ် ပျက်ကျမှု အနည်ဆုံး လူ ၁၀ ဦးသေဆုံး

Update:
“ယီမင်တွင် လူနေရပ်ကွက်သို့ တိုက်လေယာဉ် ပျက်ကျမှု အနည်ဆုံး လူ ၁၀ ဦးသေဆုံး”

ယီမင်နိုင်ငံတွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ အနည်းဆုံး လူ(၁၀)ဦးမျှ သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂါနေ့က တိုက်လေယာဉ် တစ်စင်းသည် မြို့တော် ဆာနားရှိ လူနေထူထပ်သော ရပ်ကွက် တစ်ခုသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Sabaသတင်းစာက ဖော်ပြခဲ့သည်။

Sukhoi 22 အမျိုးအစား ရုရှားလုပ် တိုက်လေယာဉ် ပျက်ကျမှုအတွင်း လူ(၁၀)ဦး သေဆုံးပြီး ကလေးငယ် (၂)ဦး ပါဝင်ကြောင်းလည်း သိရသည်။ ယခုအခါ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး မှတ်တမ်းများ ရရှိမည့် သေတ္တာနက်ကို ရှာဖွေ တွေ့ရှိထားပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ကိစ္စအတွက် အလေးအနက် စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ပြောကြားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21044

အေးချမ်းမွန်(အဲဆာန်မန်) မှ Planet Myanmar Network တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

Yemeni warplane crashes in capital Sanaa, 12 dead

Reuters/Reuters - Military personnel and fire fighters try to extinguish a fire at the site of an aircraft crash in Sanaa February 19, 2013. A Yemeni fighter jet crashed in the centre of the capital Sanaa on …more 
SANAA (Reuters) - A Yemeni air force plane crashed in the capital Sanaa on Tuesday, killing at least 12 people, security sources said.
State news agency Saba said three women and two children were among those killed when the plane, on a training flight, came down in a western residential district. Eleven people were wounded, security sources said.
Pictures of the crash on social media sites showed one body near burning wreckage of the aircraft. Several cars were on fire and debris littered the street.
A security official said the pilot had ejected from the plane. There was no immediate word on whether he had survived.
"It's terrible and painful," resident Abdullah al-Ashwal said. "The police and medics evacuated five completely burned bodies, they were all unrecognizable."
Abdulsattar Mohammed said he saw a plane burning near houses that were also set on fire. "People were terrified and ambulances arrived late," he said.
A military official said the plane was a Russian SU-22 fighter/ground attack aircraft.
Yemen has 30 SU-22s and four SU-22UM3s in an air force with 79 capable aircraft in all, according to the 2012 Military Balance handbook issued by the International Institute of Strategic Studies.
In November 2012, a Yemeni military transport plane crashed near Sanaa airport and burst into flames, killing all 10 people aboard.
(Reporting by Mohammed Ghobari; Writing by Mahmoud Habboush and William Maclean; Editing by Alistair Lyon)

Aye Chan Mon
Photo: NationalYemen.com
ယီမင်နိုင်ငံတွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ အနည်းဆုံး လူ(၁၀)ဦးမျှ သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂါနေ့က တိုက်လေယာဉ် တစ်စင်းသည် မြို့တော် ဆာနားရှိ လူနေထူထပ်သော ရပ်ကွက် တစ်ခုသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Sabaသတင်းစာက ဖော်ပြခဲ့သည်။

သူနာပြုဆရာမများ ဆက်ဆံရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးသတိပေး

သူနာပြုဆရာမများ ဆက်ဆံရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးသတိပေး

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများနှင့် ပတ်သက်၍ သမ္မတထံ တိုင်ကြားမှု နည်းသွားသော်လည်း သူနာပြုဆရာမများ၏ ဆက်ဆံရေးနှင့်ပတ်သက်၍ တိုင်ကြားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ "ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ တိုင်စာနည်းသွားတယ်။ 

ချစ်သူကို သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ကြောင်း တရားရုံးတွင် အော်စကာ ထွက်ဆို


မိမိ၏ ချစ်သူ မိန်းကလေးကို သတ်ဖြတ်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဟု ကမ္ဘာကျော် မသန်စွမ်း အပြေးသ
မား အော်စကာ ပစ်တိုရီးရက်စ်က တရားရုံးတွင် ပြောကြားလိုက်သည်။ တောင်အာဖရိက၏  ရွှေရောင်စုံတွဲ
ဟု တင်စားခံရသည့် အော်စကာနှင့် ချစ်သူ နာမည်ကျော် အလှမယ် ရီဗာ စတင်းကမ့်ပ်တို့သည် Valentine's Dayက သေနတ်ပစ်မှုအတွင်း သေကွဲ ကွဲကွာခဲ့သည်။

နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ ကျင်းပကြ

နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ ကျင်းပကြ
နောက်ဆုံးရေးသားချိန် 21 February 2013, 11:34 AEST
မြန်မာနိုင်ငံမှာ  နှစ် ၃၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက် ၂၇ ချက်ထဲက  တစ်ချက်ကြောင့် ခုလို တရားဝင် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌါန အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ပါမောက္ခ ဒေါက်တာ စီထန်ဇထွင်း( C Thang Za Tuan)က ချင်းအမျိုးသားနေ့ ကျင်းပရခွင့်ရခြင်းဟာဒီမိုကရေစီ ရဲ့ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

"အဲဒါက ပ ထ မ ခြေလှမ်းပါပဲ။ ဘာလို့လဲဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့ကနောက်ဆုံး ချင်းအမျိုးသားနေ့အသွင်နဲ့ ကျင်းပခဲ့တာ ၁၉၉၈ ခုပေါ့လေ။ ရွှေရတု သဘင်နှစ်က ကျင်းပနိုင်ခဲ့တယ်။ အဲနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ကြရတယ်။ တက္ကသိုလ်ကနေ ကျင်းပခဲ့အခါ ကျတော့လေ တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲလို့ အဲလိုပဲ နာမည်တပ်ပြီး ကျင်းပခဲ့ရတာဖြစ်တယ်။ အခု ဒီမှာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့်ရတာဟာ ကျွန်တော်တို့ ဒီမိုကရေစီ
လမ်းကြောင်းရဲ့ ခြေလှမ်းဖြစ်ပါတယ်လို့ကျွန်တော်ခံယူပါတယ်။"
ဆက်လက်ပြီး C Thang Za Tuan က ချင်းပြည်နယ်မှာလမ်းပမ်းဆက်သွယ်ရေးက အဓိကအနေနဲ့ အနိမ့်ကျဆုံးဖြစ်နေတဲ့အတွက် အဲဒီကိစ္စကို ဆောင်ရွက်ဖို့လိုပြီး ပြန်ကြားရေး၊ စီးပွါးရေးနဲ့ ပညာရေးဖက်မှာလည်း နိမ့်ကျမှုတွေ ရှိနေတဲ့အတွက် တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ 
အရင်နှစ်တွေက ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ရောက်တိုင်း တက္ကသိုလ်တွေမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအသွင်နဲ့ ခိုးကြောင်ခိုးဝှက် ကျင်းပခဲ့ရတယ်လို့ အမျိုးသားနေ့ ကျင်းပရေးကော်မတီဒုဥက္ကဌ မိုင်ဘက်တီက ပြောပါတယ်။
"ကျွန်မတို့ အရမ်းဂုဏ်ယူတယ်။ဂုဏ်ယူတယ်ဆိုတဲ့စကားထက် မပြောတတ်ဘူး။ကျွန်မတို့ နှစ်
တိုင်းလုပ်နေတာကတော့ချင်းအမျိုးသားနေ့ဆိုပြီးတော့ ကျောင်းသားတွေကလုပ်ကြတယ်။ ဒါပေမယ့်တရားမ၀င်ဘူးပေါ့။ ကျွန်မတို့က ထိတ်ထိတ်လန့်ခန့်နဲ့လုပ်နေရတယ်။ ဘယ်အချိန်မှာ ရပ်ကွက်လာမလဲဆိုတဲ့စိုးရိမ်မှုတွေနဲ့။ အခုတော့ တရားဝင်လုပ်ခွင့်ရပြီဆိုတော့ လူရှေ့သူရှေ့မှာ လက်မထောင်လို့ ရပြီ"

ရန်ကုန်အခြေစိုက် ချင်းအမျိုးသားပါတီကတော့ အမျိုးသားနေ့ကို တရားဝင်ကျင်းပခွင့်ပေးရုံနဲ့ မလုံလောက်ပဲ ချင်းပြည်နယ်အတွင်းမှာ အစိုးရရုံး ပိတ်ရက်တစ်ရက် အနေနဲ့လည်း သတ်မှတ်ပေးဖို့  ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတဲ့အကြောင်း သိရပါ၏။


21 February 2013, 11:34

မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၇ ချက်ထဲက တစ်ချက်ကြောင့် ခုလို တရားဝင် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။