Pages

Pages - Menu

Thursday, February 21, 2013

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်

ပုဂ္ဂလိက လုပ်ငန်းများအား ဦးတည်၍ လှုံ့ဆော်သူအချို့အပေါ်အစိုးရမှ မည်သည့်အတွက် အရေးမယူကြောင်းဇေကမ္ဘာဦးခင်ရွှေမေးခွန်းထုတ်
( The Hot News )

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး  ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန  မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ   အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ   ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။
““ကျွန်တော်အနေနဲ့နိုင်ငံရေး   တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး   လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို  ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ    မြေသိမ်းတယ်။ ဇေကမ္ဘာမတရား  လုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ    ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီးပါရော ဇေကမ္ဘာမတရား  လုပ်တာလုံးဝမရှိပါဘူး။နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွား   ခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘောရှိကြောင်း လက်ရှိ   လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ    ဖြစ်သည့်အတွက် ယခုအစိုးရမှ     ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း  နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမားများအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း   တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း  ထုတ်ပြောကြားသွားခဲ့သည်။

ခန့်ခန့်(ဒဿနိက)

http://www.hotnewsweekly.com/archives/17446

မြေသိမ်းမှုများ၌ အမှန်တ ကယ်သိမ်းယူသော အိုးအိမ်ဦးစီး ဌာနအား ရည်ရွယ်ဦးတည်ခြင်း လုံးဝမရှိဘဲ ယင်းအိုးအိမ်ဦးစီးဌာန မှ လုပ်ကိုင်ခွင့်ပြန်ချပေးသော ပုဂ်္ဂလိကလုပ်ငန်းများအား ပြည်သူ များမှအထင်လွှဲမှားလာစေရန် ရည်ရွယ်၍နိုင်ငံရေးလှုံ့ဆော်သူ အချို့ရှိနေပြီး။ယင်းသို့သော နိုင်ငံ ရေးလှုံ့ဆော်သူအချို့အား အစိုးရ မှ မည်သည့်အတွက်ကြောင့် ထိရောက်စွာ ထိန်းသိမ်းအရေး ယူခြင်းမပြုရကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေမှမေးခွန်း ထုတ်ပြောကြားလိုက်သည်။ ““ကျွန်တော်အနေနဲ့နိုင်ငံရေး တိုက်ကွက်ကြီးကိုကောင်းကောင်း ခံနေရတယ်။ပြောရရင်နိုင်ငံရေး လှုံ့ဆော်နေသူတွေက နည်းနည်း လေးပါ အဲဒီမှာရန်ကုန်မှာဆို နေမျိုးဝေနဲ့ဝင်းချို အဲဒီလူတွေကို ထိန်းလိုက်ရင် ဒီကိစ္စကပြတ်ပြီ သူတို့က နည်းနည်းဆို ဇေကမ္ဘာ မြေသိမ်းတယ်။
 
 ဇေကမ္ဘာမတရား လုပ်တယ်ဆိုပြီး လှုံ့ဆော်ကြတာ ဇေကမ္ဘာမတရားလုပ်တာ ဘာမှ မရှိပါဘူး။ဒီရက်ထဲမှာ နေမျိုးဝေ က စာအုပ်ကြီးထုတ်လိုက်တာ အဲဒီမှာ ဇေကမ္ဘာက မတရားလုပ် တယ်ဆိုပြီးပါရော ဇေကမ္ဘာမတရား လုပ်တာလုံးဝမရှိပါဘူး။နည်းနည်း ဆို ခင်ရွှေ၊ ဇေကမ္ဘာ၊ခရိုနီ လွှတ် တော်ကိုယ်စားလှယ်ပြီးတော့ အကြောင်းကြောင်းတွေလည်းရှိ တယ်။ 
 
အဓိကက လှုံ့ဆော်နေတဲ့ သူ ၄ယောက်လောက်လိုပါ ဒီ လေးယောက်လောက်ကို နိုင်ငံ တော်က ဘာကြောင့် မထိန်းနိုင် သလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဗျာ””ဟု ဇေကမ္ဘာ ဦးခင်ရွှေမှ လွှတ်တော်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံ ရမှုစုံစမ်းရေးကော်မရှင်နှင့်လုပ်ငန်း ရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွား ခဲ့သည်။

ဇေကမ္ဘာဦးခင်ရွှေ ရှေ့မှ ဆက်လက်ပြောကြားရာ၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၄၌ ယခင်အစိုးရလုပ် ထားဆောင်ရွက်ထားသည်များ အား ယခုအစိုးရမှ ဃသမလေ ပြုရ မည့် သဘောရှိကြောင်း လက်ရှိ လုပ်ငန်းစီမံကိန်းများမှာ ယခင် အစိုးရလုပ်ထားတာ လုပ်ငန်းများ ဖြစ်သည့်အတွက် ယခုအစိုးရမှ ဃသမလေ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း နှင့်ယင်းသို့ နိုင်ငံရေးလှုံ့ဆော်မှု များ၊ လယ်သမားများအား မြှောက် ပင့်နေမှုများနှင့်အခြားသောကိစ္စ များအတွက် မိမိအနေဖြင့် တရား စွဲဆိုထားသော အမှုပေါင်း၂၀ခန့် ရှိနေပြီး ယင်းအမှုများအားလည်း တရားရုံးများမကိုင်ရဲ၊ရဲစခန်းမှလည်း ဘာမှမလုပ်ပေးသည့်အတွက် တရားဥပဒေစိုးမိုးရေးဟူသည်မရှိ တော့ပြီလားဟု ထပ်မံမေးခွန်း ထုတ်ပြောကြားသွားခဲ့သည်။

ခန့်ခန့်(ဒဿနိက)
RND:21.2.2013
The Hot News

No comments:

Post a Comment