Pages

Pages - Menu

Thursday, February 21, 2013

မာလီစစ်ပွဲတွင် ပြင်သစ်တပ်ဖွဲဝင်တစ်ဦး သေဆုံးကြောင်း ဟော်လန်ဒီ အတည်ပြု

france troops in mali

ပြင်သစ် သမ္မတ ဖရန်ကွိုက် ဟော်လန်ဒေးက မာလီတွင် စစ်ဆင်ရေး တာဝန်ယူနေသည့် ပြင်သစ် တပ်ဖွဲ့
ဝင်တစ်ဦး သေဆုံးကြောင်း သတင်းကို အတည်ပြု ပြောကြားခဲ့သည်။ မာလီနိုင်ငံတွင် ဒီမိုကရေစီ အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် ဘာသာရေး အစွန်းရောက် သူပုန်တပ်ဖွဲ့များကို ပြင်သစ်နိုင်ငံ စစ်တပ်များက မာလီအစိုးရနှင့် ပူးပေါင်း တိုက်ခိုက်လျှက် ရှိသည်။
ယခုသီတင်းပတ်အတွင်း မာလီမြောက်ပိုင်း တောင်ထူထပ်ရာ ဒေသတစ်ခုတွင် စစ်ဆင်ရေး ပြုလုပ်ရာ ပြင်
သစ်စစ်သား တစ်ဦး သေဆုံးကြောင်း ဟော်လန်ဒေးက ပြောကြားသွားခြင်း ဖြစ်သည်။

ယင်းဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်နေသည့် အကြမ်းဖက် သူပုန်အဖွဲ့ဝင် (၂၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ပြင်သစ်အစိုးရသည်စစ်သားများအပြင်ရဟတ်ယာဉ်နှင့်
လေယာဉ်များကိုပါ မာလီစစ်ပွဲအတွက် ထောက်ပံ့ အသုံးပြုပေးနေရာ မာလီအစိုးရ လက်လွှတ်ခဲ့ရသည့် မြို့
များကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို ရာနှင့်ချီသော သူပုန်များကို သုတ်သင်နိုင်ခဲ့သည်။

france troops in mali

ဟော်လန်ဒေးက "တိုက်ပွဲတွေက ပိုပြင်းထန်လာပြီး အကြမ်းဖက်သမားတွေ ဘက်ကတော့ အကျအဆုံး များပါတယ်။ ပြင်သစ်စစ်သား တစ်ယောက်လည်း တိုက်ပွဲကျခဲ့တယ်"ဟု ဂရိသို့ ရောက်ရှိနေသည့် ဟော်
လန်ဒေးက သတင်းထောက်များအား ပြောကြားသွားသည်။

 ပြင်သစ် ဝန်ကြီးချုပ်က ကျဆုံးသွားသည့် စစ်သားသည် စစ်သွေးကြွများကို လိုက်လံ ထိုးစစ်ဆင် တိုက်ခိုက်
နသည့် ပြင်သစ်ဖောရိန်းလီဂျင် တပ်ဖွဲ့မှ အထူးတပ်ဖွဲ့ဝင် တစ်ဦးဟု ဆိုသည်။

ဟော်လန်ဒေးက မိမိတို့သည် မာလီတွင် အကြမ်းဖက်အဖွဲ့ တစ်ခုမှ မကျန်ရစ်တော့သည့် အချိန်ထိ တိုက်
ခိုက်မည် ဖြစ်ပြီး စစ်သွေးကြွ ခေါင်းဆောင်များကို ဖမ်းဆီးရမိရန် ရည်ရွယ်ကြောင်းလည်း ပြောကြားခဲ့သည်။

"မာလီစစ်ဆင်ရေးဟာ နောက်ဆုံးအဆင့်ကို ချဉ်းနင်း ဝင်ရောက်လာပြီလို့ ကျွန်တော် ထင်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။မာလီတွင် မြေပြင် တိုက်ပွဲ၌ ပြင်သစ် စစ်သည်တစ်ဦး ကျဆုံးခြင်းသည် ယခုစစ်ပွဲတွင် ပထမ
ဆုံး ဖြစ်သည်။ ဇန်နဝါရီလ (၁၁)ရက်နေ့ ထိုးစစ်စတင်ချိန်ကမူ ရဟတ်ယာဉ် ပိုင်းလော့တစ်ဦး  သေဆုံးခဲ့ဖူး
သည်။



RND: 21.2.2013
Source: BBC

No comments:

Post a Comment