skip to main |
skip to sidebar
နေပြည်တော်တွင် ရပ်တန့်ထားသောထော်လာဂျီယာဉ်အားတိုက်မိ၍ ၅ ဦး ဒဏ်ရာရ
10:18 PM
Kolatt
နေပြည်တော်၊ မတ် ၃
၂-၃-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊
ကိုးရွာသပြေကုန်းရွာ အနီးတွင် ပန်းခင်းလမ်းဆုံဘက်မှ
ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းကျေးရွာ
ဈေးတန်းနေ နေလင်းစိုး(၃၄)နှစ်မောင်းနှင်သည့်
၈စ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှ လမ်းပြင်နေသော စည်ပင်သာယာဌာနမှ
ဇမ္ဗူသီရိမြို့နယ်၊ ရွှေနံ့သာစည်ပင်အိမ်ယာဝန်းနေ ရန်နိုင်စိုး (၂၀)နှစ်၏
ရပ်တန့်ထားသောထော်လာဂျီအား နောက်မှ ၀င်ရောက်တိုက်မိခဲ့သည်။
ယာဉ်တိုက်မိမှုကြောင့် ထော်လာဂျီယာဉ်ပေါ်ပါ လမ်းပြင်အလုပ်သမားများဖြစ်သော
ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ မောင်ပြုံး(၁၈)နှစ်ပါ ၃ ဦးတွင်
ဦးခေါင်းထိပ်ပေါက်ပြဲ၊ ပေါင်နာကျင်၊ လက်မောင်းရင်းနာကျင်၊
ဒူးခေါင်းနာကျင်ဒဏ်ရာများနှင့် နေလင်းစိုးတွင် ပေါင်ရင်းနာကျင်ဒဏ်ရာ၊
ရန်နိုင်စိုးတွင် ၀ဲဒူးနှင့်ပေါင်ရင်း နာကျင်ဒဏ်ရာများ
အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့
တင်ပို့ထားရှိခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ နေလင်းစိုးအား
ပတ္တာရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
RND: 3.3.2013
ရဲဇာနည်
0 comments:
Post a Comment