Pages

Pages - Menu

Tuesday, November 6, 2012

ရခိုင်ဒေသတွင်း လူဦးရေစာရင်း စကောက်

ဇွန်လ အတွင်းက ဖြစ်ပွားသည့် ပဋိပက္ခအတွင်း မီးလောင်ကျွမ်းသွားသည့် စစ်တွေမြို့တနေရာ (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်မှ ကျေးရွာ တချို့တွင်လူဦးရေစာရင်းစတင်ကောက်ခံနေပြီ ဖြစ်ကြောင်း
သိရသည်။ရခိုင်ဒေသ လူဦးရေ စာရင်း ကောက်ခံခြင်းကို ပေါက်တောမြို့နယ် အတွင်းမှ ဆင်တပ်မော်၊ ကြိမ်
နီပြင်၊ ငှက်ချောင်း၊ စစ်ကဲပြင်၊ ငါးဝက်ချောင်း စသည့် ကျေးရွာများတွင် နိုဝင်ဘာလ ၈ ရက်နေ့မှ စမ်းသပ်
ကောက်ခံသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီကို ပြော
သည်။

နှစ်ပေါင်း ၁၅၀ ကျော် ရပ်တည်ခဲ့သည့် မန္တလေး ကျောက်ဆစ်တန်းကို ပြောင်းခိုင်းနေ


မန္တလေး ကျောက်ဆစ်တန်းတွင် ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်နေသူ တဦး (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးမြို့၏ အထင်ကရ အဖြစ် နှစ်ပေါင်း ၁၅၀ ကျော် ရပ်တည်လုပ်ကိုင်နေခဲ့သည့် ဘုရားကြီး ကျောက်
ဆစ်တန်းကို နိုဝင်ဘာလ ပထမပတ်အတွင်း အပြီး ပြောင်းရွှေ့ကြရတော့မည် ဖြစ်ကြောင်း သိရသည်။

နယ်စည်းမခြား ဆရာဝန်များ ရခိုင်မှာ ခြိမ်းခြောက်ခံရ


MSF အဖွဲ့သည် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုများကို အခမဲ့ ပေးနေသော INGO အဖွဲ့ဖြစ်သည် (ဓာတ်ပုံ – MSF)
ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေ
သခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထား
ရသည်။

စင်ကာပူစတော့အိတ်ချိန်းတွင် မြန်မာကုမ္ပဏီများဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီများ၏ရှယ်ယာများ ဈေးမြင့်တက်

မြန်မာ့စီးပွားရေးပွင့်လင်းလာသည့်အခွင့်အလမ်းများကြောင့်စင်ကာပူစတော့အိပ်ချိန်းတွင်စာရင်းဖွင့်လှစ်ထား
သာ မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများရှိနေသောကုမ္ပဏီများ၏ စတော့
များသည် စက်တင် ဘာလနှင့် အောက်တိုဘာလအတွင်း မြင့်တက်ခဲ့ကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ်

5mt
မိုးရွာသွန်းနေသည့် ရန်ကုန်မြို့တွင်း တစ်နေရာအား နိုဝင်ဘာလ 5 ရက်နေ့က တွေ့ရစဉ်

နိုဝင်ဘာပထမပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌  မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
''အခု မိုးရွာသွန်းမှုတွေက မုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေး၊ မကွေး၊ ချင်းနဲ့ ရှမ်းပြည်နယ်စ တဲ့ဒေသတွေမှာတော့ ဒီနေ့(နိုဝင်ဘာ လ ၄ရက်)ကနေ မနက်ဖြန်လောက်အထိ မိုးရွာသွန်းနိုင်ပါသေးတယ်။

ယခင်မသုံးရသည့်စွန်းထင်း၊ ဟောင်းနွမ်း၊ စုပ်ပြဲသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေး အချို့အား လက်ခံရန် ဗဟိုဘဏ်ညွှန်ကြား

နိုင်ငံခြားငွေကြေးဈေးကွက် ယခုထက် ပိုမိုတိုးတက်လာစေရန်အတွက် စွန်းထင်း၊ ဟောင်းနွမ်း၊ အနည်းငယ်စုပ်ပြဲနေသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေးအချို့အား လက်ခံရန် ဗဟိုဘဏ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲ တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်း အဝေးသို့ တက်ရောက်သည်။

မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ဆုံးအခြေအနေ


မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် ပဋိပက္ခနှင့်ပက်သက်၍ မြောက်ဦးမြို့နယ်မှ ရခိုင်(၁၂) ဦးအား စစ်တွေသို့ ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်းနှင့် ပဋိပက္ခတွင်း ပျောက်ဆုံးနေသူများအား ယခုအချိန် ထိ ပြန်လည်မရရှိသေးကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့် ပြုရန်ကာလ မပြောနိုင်သေး ဟု ပြန်ကြားရေး ဝန်ကြီးဆို


နှစ်ပေါင်း ၆ဝ ကျော်ကြာ ထုတ်ဝေခွင့်ကို ကန့်သတ် ထားခဲ့သည့် ပြည်တွင်း ပုဂ္ဂလိက နေ့စဉ် သတင်းစာ များ ကို ပြန်လည် ထုတ်ဝေခွင့် ပေးရန် အစီစဉ် ရှိသော်လည်း မည်သည့် အချိန်တွင် ထုတ်ဝေ ခွင့် ပေး မည်ကို အချိန် အတိကျ ဆုံးဖြတ်မပေး နိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

ဦးဉာဏ်ဝင်းက ဂျာနယ်နှစ်စောင်ကို တရားစွဲဆိုမှု လက်ခံကြားနာမည်

ပြည်ထောင်စုရွေးကောက်ပွဲက်ာမရှင်၏ရား:စွဲဆိုမှုခံထားရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွင်းရေးမှူးဦးဉာဏ်ဝင်း က ပြည်မြန်မာ ဂျာနယ် နှင့် The Messenger ဂျာနယ် တို့ကို တရား စွဲဆို ရန် လျောက်လဲချက် ကို မန္တလေး တိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ လိုက်ကြောင်း ဦးဉာဏ်ဝင်း က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားသည်။

တောင်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု ယာယီ ပိတ်ထား၍ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် နိုင်ဖွယ် ရှိ

တောင်ကိုရီးယား နိုင်ငံသည် အရည် အသွေး မမီသော စ္စည်းအား ပြန်လည်အစားထိုးမှုများ ပြုလုပ်ရန နျူကလီးယားဓာတ်ပေါင်း ဖို
နှစ်ခုကို ပိတ်ထား ခဲ့ရကြောင်း ဝန်ကြီး တစ်ဦးက နိုဝင်ဘာလ ၅ ရက် နေ့ တွင် ပြောကြားခဲ့သည်။ယင်းကဲ့သို့ ပိတ်ရ ခြင်းကြောင့် နိုင်
ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ် မည်ဟု အသိပေး ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလအတွင်းက နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြဿနာကြောင့် စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်
-----------------------------------------------------------------------------------------------
စစ်တွေ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင် သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ(၁)ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိရသည်။ သို့သော်လည်း ယခုနှစ် ယင်းအချိန်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူမြို့တွင် ဆက်လက်ဖြစ်ပွားခဲ့သော နောက်ဆက်တွဲပြဿနာများကြောင်း ငါးဖမ်းစက်လှေများမှာ ပင်လယ်ပြင်လုံခြုံမှုမရှိသဖြင့် ပုံမှန်ရက်ထက် သုံးလေးရက်လောက်စောပြီးလုပ်ငန်းခွင် ပိတ်သိမ်းခဲ့သောကြောင့် စစ်တွေမြို့အတွင်း ငါးများရှားပါးကာ သားငါးဈေးနှုန်းများမတန်မဆထိုးတက်သွားခဲ့ရသည်။ သီတင်းကျွတ်လွန်သော်လ
ည်း ပင်လယ်ပြင်လုံခြုံမှုအရေး စိုးရိမ်မှုရှိသောကြောင့် ငါးဖမ်းစက်လှေအချို့မှာ ယခုအချိန်ထိလုပ်ငန်းခွင်မ၀င်နိုင်ဘဲရှိနေသေးသည်။ အဆိုပါဈေးကွက်ဂယက်ကြောင့် သားငါးကိုအဓိကထားလုပ်ကိုင်နေရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်အချို့မှာ ပိတ်ထားခဲ့ရပြီး အများစုမှာ လုပ်ငန်းများနှောင့်နှေးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်အတွင်းရှိ နာမည်ကြီးရခိုင်မုန့်တီဆိုင်ဆိုလျှင် ငါးရှားပါပြီး လိုအပ်သည့်ငါးများသဖြင့် ဆိုင်ကို(၁)ပါတ်နီးပါးခန့် ပိတ်ထားခဲ့ရပြီး ယနေ့ ၆-၁၁-၂၀၁၂ နေ့တွင်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ယခုအချိန်တွင် ငါးဖမ်းစက်လှေတစ်ချို့မှာ လုပ်ငန်းခွင် ၀င်နေကြပြီဖြစ်သော်လည်း သားငါးဈေးနှုန်းမှာ မကျဆင်းသေးကြောင်းသိရသည်။ အဆိုပါငါးဖမ်းစက်လှေများမှာလည်း ပင်လယ်ပြင်လုံခြုံရေးစိုးရိမ်မှုများကြောင့်လည်း တစ်စုတစ်ဝေးတည်း ထွက်ခွာပြီး တစ်စီးနှင့်တစ်စီး မျက်မြင်နိုင်လောက်သောအခြေအနေတွင်သာ ငါးဖမ်းနေရကြောင်းသိရသည်။

အေးချမ်းမွန်မှ  Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Rakhine Straight Views
 
ရခိုင်ပြည်နယ်အတွင်းအောက်တိုတိုဘာလနောက်ဆုံးပတ်တွင်ဆက်လက်ဖြစ်ပွားခဲ့သောနောက်ဆက်တွဲပြဿနာကြောင်း စစ်တွေ
မြို့တွင်သားငါးဈေးကွက်များထိခိုက်ခဲ့ကြောင်းသိရသည်။ပုံမှန်ဆိုလျှင်သီတင်းကျွတ်လပြည့်နေမတိုင်မီ(၁)ရက်နေ့မှသာငါးဖမ်းစက်
လှေများအနားယူပြီးသီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေ့တွင်မှသာငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြသည်။ 

ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်

http://upload.wikimedia.org/wikipedia/commons/thumb/9/93/Two_Cell_Phones.png/220px-Two_Cell_Phones.png

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှုလိုင်းများမှာနိုဝင်ဘာ(၁၇)ရက်နေ့တွင်ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။ လာမည့် နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရသည်။

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပွဲနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားစွာ ကျင်းပမည်
Tuesday, November 06, 2012

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲအား နိုဝင်ဘာ ၂၈
ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ်ပွားတော် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ (တန်ဆောင်မုန်း လဆန်း ၁၄ )ရက် ညနေ ၄ နာရီမှ စတင်ကာ လှည့်လည် ပူဇော်ပွဲများ ကျင်းပပြီး စေတီတော်မြတ်ကြီး ၏ ရာဟုထောင့်ရှိ အောင်မြေ၌ မသိုးသင်္ကန်းတော် များယှဉ်ပြိုင် ရက်လုပ်ပွဲ အခမ်းအနားကို စတင် ဖွင့်လှစ် ကျင်းပမည် ဖြစ်သည်။ တစ်ဆက်တည်းပင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ရာဟုထောင့်ရှိ ပြတိုက် / ပြခန်း
ရှေ့မျက်နှာစာ နှင့် အလယ်ပစ္စဟာ ရာဟုထောင့် ပုံတော်စေတီ အနီး
တစ်ဝိုက်တွင် ကျင်းပမည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့ နံနက် ၁ နာရီတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၌ ဆုရရှိသော အသင်းများနှင့် ပါဝင်ယှဉ်ပြိင်သော အသင်းများအား ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့်
နှစ်သိမ့်ဆုများ ပေးအပ်မည် ဖြစ်ပြီး ပထမဆု ကျပ်သုံးသိန်း ၊ ဒုတိယဆု ကျပ်နှစ်သိန်း ငါးသောင်း ၊ တတိယဆု ကျပ်နှစ်သိန်း နှင့် နှစ်သိမ့်ဆု များအား ကျပ်တစ်သိန်း ငါးသောင်း သတ်မှတ်ကာ ချီးမြှင့် ပေးအပ်သွားမည်
ဖြစ်ကြောင်းရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူထံမှ သိရှိရသည်။

The Myawady Daily
အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

              
လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီး၏ ၂၈ ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲ အား နိုဝင်ဘာ ၂၈ ရက် (၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်) နေ့ အရုဏ်တက် ချိန်တွင် အာရုံခံ တန်ဆောင်း များအတွင်းရှိ ဘုရားလေးဆူ နှင့်တကွ အထက် ပစ္စယာ ပတ္တမြား မျက်ရှင် ရုပ် ပွားေ တာ် ၊ ရင်ပြင်တော် ပေါ်ရှိ ဘုရား ရုပ်ပွားတော် များကို မသိုးသင်္ကန်း တော်များ ဆက်ကပ် လှူဒါန်း ပူဇော် မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ရွေးကောက်ပွဲအား အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်

အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရသည်။

နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် အာကာသယာဉ်မှူးများသည် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံသားပီပီ မဲပေးနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဒီဂျစ်တယ် မဲစနစ်ဖြင့် ရွေးကောက်ပွဲအတွက် အဆိုပြု မဲပေးနိုင်ပြီး ယင်းမဲများသည် ဟူစတန်ရှိ ဂျွန်ဆင် အာကာသ စခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကမ္ဘာမြေပြင်မှ အမေရိကန် ပြည်သူများ၏ မဲပေးမှုတွင် လာရောက် ပူးပေါင်းမည် ဖြစ်သည်။ ထိုမဲစနစ်သည် လုံခြုံပြီး ပေါက်ကြားမှု မရှိသလို အမေရိကန် ရွေးကောက်ပွဲ မဲရေတွက်မှု အာဏာပိုင် အဖွဲ့ထံ တိုက်ရိုက် ရောက်ရှိသွားမည်ဟု NASAက ပြောကြားသွားသည်။
အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသအတွင်းမှ နက္ခတ်ဗေဒ ပညာရှင်များလည်း မဲပေးနိုင်မည်ဟု သိရှိရသည်။နိုင်ငံတကာအာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန် အာကာ
သ ယာဉ်မှူးများသည် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံသားပီပီ မဲပေးနိုင်မည် ဖြစ်သည်။

အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး


အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင် ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ် လာပါပြီ။  အခုအချိန်မှာ လူမှုရေး တာဝန်တွေ ပိုမို များပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။

မန်နေဂျာ အာစင်ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

ဝင်းဂါးကို လှောင်ပြောင်သော ပရိသတ်အား ပွဲကြည့်ခွင့်ပိတ်ရန် မာတင်ကီအွန်တိုက်တွန်း

မန်နေဂျာ အာစင်ဝင်းဂါးကို အော်ဟစ် လှောင်ပြောင်နေသော ပရိသတ်များကို အာဆင်နယ် အသင်းအနေ
ဖြင့် ပွဲကြည့်ခွင့်ပင်ပိတ်ပင်သင့်ကြောင်း အသင်းကစားသမားဟောင်းကြီးမာတင်ကီအွန်က တိုက်တွန်းလိုက်
သည်။

မိုးမရွာဘဲ ရေစိုခဲ့ရသည့် လီဗာပူးလ်ပရိသတ်များ


လီဗာပူးလ် အသင်း ပရိသတ်များသည် မိုးမရွာဘဲ ရေစိုသည့် ထူးဆန်းသော အတွေ့အကြုံ တစ်ခုကို ကလပ်
အသင်း၏ အိမ်ကွင်း အန်းဖီးလ်တွင် မှတ်မှတ်ထင်ထင် ဖြတ်သန်းခဲ့ရသည်။

ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့က ရေနံမြေတစ်ခုကို သိမ်းပိုက်

syria

ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည် နိုင်ငံ အရှေ့ဖျားရှိ ကြီးမားသော ရေနံတွင်း
နေရာတစ်ခုကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။ (၃)ရက်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး
နောက် အရှေ့ပိုင်းဒေသ ဒီရာအက်ဇောရှိ ရေနံတွင်းကို သူပုန်များက လက်ရ ချုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

Goal.com ၏ အောက်တိုဘာလအတွက် အကောင်း ဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံရ

ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

အီတလီ ထိပ်တန်းကလပ် အင်တာမီလန်တွင် ကစားနေသည့် ယူတို နာဂါတိုမိုကဲ့သို့ ကမ္ဘာသိ ဘောလုံးသမားများနှင့်အတူ ကြည်လင်းကို Goal.comက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (၃-၄-၃) ကစားကွက်ဖြင့် ရွေးချယ်မှုတွင် ညာတောင်ပံ တိုက်စစ်သမားအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင် ကစားသမား ကြည်လင်းက ပါဝင်လာခဲ့သည်။ AFF Suzukiဖလား ခြေစစ်ပွဲတွင် (၃)ဂိုး သွင်းယူကာ တောက်ပသော စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့ကြောင်း Goal.comက ချီးကျူး ရေးသားထားသည်။
ကမ္ဘာကျော် ဘောလုံးအားကစား ဝက်ဘ်ဆိုက်ဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက် အာရှ အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင် ကြည်လင်း ကိုယ်စားပြု ရွေးချယ် ခံခဲ့ရကြောင်း သိရသည်။

အဆိုတော် ဒီဖြိုး ထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိဟု သတင်းပျံနှံ


လူငယ်များအကြား ရေပန်းစားသော နာမည်ကြီးအဆိုတော်ထက်အောင်လှိုင် ခေါ် ဒီဖြိုးထံမှစိတ်ကြွဆေးပြား များ ဖမ်းဆီးရမိကြောင်း မူခင်း သတင်းဂျာနယ် မူခင်းသတင်းဂျာနယ် -အတွဲ (၁၆) ၊ အမှတ် (၅၀)တွင် ဖော်ပြ
ထားကြောင်း Facebook တွင် သတင်းရရှိပါသည်။ 

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်

မြန်မာပိုင် Rv Thurgau Exotic အပျော်စီးသင်္ဘော ရန်ကုန်-ပုဂံ-မန္တလေး ပထမဆုံခရီးစဉ်စတင်ပြေးဆွဲမည်
Tuesday, November 06, 2012

ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်
ပေးရန်အတွက် မြန်မာနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော   ကြီးမှာလာမည့် နိုဝင်ဘာ (၇)  ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်၌ ရန်ကုန်- ပုဂံ-မန္တလေးမြို့များအပြင်အခြား မြို့ဆိပ်ကမ်းသို့
လည်းဆိုက်ကပ်၍   ခရီးသည်များဝင်ရောက်လေ့လာ နိုင်ရန် စီစဉ်ပေးထား
သည့်ပြင်ရေ လမ်းကြောင်း ကျွမ်းကျင်သော အငြိမ်းစားရေယာဉ်မှူးကြီးများ ကိုယ်တိုင်မောင်းနှင့်သွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံThur gau Travel A အဖွဲ့နှင့် ချိတ်ဆက် ပြီး ဂျာမန်ခရီးသည်အများစုပါဝင် မှာဖြစ်
ကြောင်း၊ ခရီးစဉ်၌ခရီးသည်(၂၈) ဦးပါဝင်ကာသင်္ဘောတွင် အိပ်ခန်း
(၁၅) ခန်းပါဝင်ကြောင်း နှင့် အသွား (၁၅) ရက်၊ အပြန် (၁၅) ရက် စုစုပေါင်းရက်ပေါင်း (၃၀) ကြာမှာဖြစ်ပြီး ခရီးသွား များ သင်္ဘောပေါ်တွင်
စားသောက်  နေထိုင်ရေးနှင့် ရောက်ရှိသော မြို့ကြီးများတွင် တည်းခိုရေး၊ ပို့ဆောင်ရေးကိစ္စများအတွက် Thurgau Travel A အဖွဲ့မှ စီစဉ် ပေးသွားမှာ
ဖြစ်ကြောင်း နိုင်ငံခြား သားခရီးသည်များကိုသာ စီးနင်းခွင့်ပြုမည်ဖြစ်ရာ
လိုက်ပါလိုသော နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဆွစ်ဇာလန်နိုင်ငံရှိ
Thurgau Travel A သို့ www.Thurgautra velch နှင့် Email- Uplandtours @wimaxmail.net.mm သို့မဟုတ်Tel + ၄၁ (0) ၇၁၆၂၆၅၅၀၀ သို့ ဆက်သွယ်နိုင်ကြောင့်း Upland Travels & Tours Co.Ltd မှ ဒါရိုက်တာဦးမျိုးအောင်ထံမှ သိရှိရသည်။

ရွှေထူး
Hot News
 
ရန်ကုန်-ပုဂံ-မန္တလးခရီးစဉ် သို့နိုင်ငံခြားသားခရီးသွားများသီးသန့်ပို့ဆောင်  ပေးရန် အတွက် မြန်မာနိုင်ငံ ကုမ္ပဏီ တစ်ခုဖြစ်သော Upland Travels & Tour Co. Ltd မှ တည်ဆောက်ခဲ့သော Rv Thurgau Exotic အပျော်စီးသင်္ဘော ကြီးမှာလာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ရန်ကုန်မြို့ဗိုလ်တထောင် ဆိပ်ကမ်းမှ ပထမဦးဆုံးခရီးစဉ် အဖြစ်စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ


စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံ ချက်ဖြင့် ဆောင် ရွက်
နေ သာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။၁.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက် ၁ နာရီကျော်
ခန့်အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှအပြန် ရန်ကုန်-အင်းစိန်လမ်းမ စံရိပ်ငြိမ်မှတ်တိုင်အနီး ၃ခ
/……… မတ်တူးအစိမ်းပုတ်ရောင်ယာဉ်အား အခြားယာဉ် (၄)စီး မှ ရှေ့/နောက် ပိတ်ညှပ်၍ ကောင်းမြတ်ပါ (၈)ဦးမှ ဆင်းလာကာ ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ပြီး ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့
သည်။

အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်

ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ
သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ထိထိရောက်ရောက် မကိုင်တွင်လျှင် တတိယ အကြိမ်မြောက် တကျော့ပြန်ဆူပူအကြမ်းဖက်မူများရခိုင်ပြည်နယ်တွင်  ပြန်လည် ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟုပန်းမြောင်း 
 ဒေသ ခံ တစ်ဦးက ပြောသည်။

ယခုနှစ်မကုန်ခင်၌ အစိုးရ၀န်ကြီးဌာနအားလုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက် လွှင့်တင်ရမည်

ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်ဝန်ကြီးဌာနအားလုံးကိုယခုနှစ်မကုန်ခင်၌မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်သည်များကိုအင်တာနက်
ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိရန်အတွက်ညွှန်ကြားထားသည်ဟုနိုင်ငံတော်သမ္မတရုံးမှပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြော
သည်။

စည်ပင်လမ်းကြားတွင် ငှားရမ်းဖွင့်လှစ်ထားသည် စွန့်ပစ္စည်းအဟောင်းဆိုင်အား အမြန်ဆုံးဖယ်ရှားသင့်

Photo: စည်ပင်လမ်းကြားတွင် ငှားရမ်းဖွင့်လှစ်ထားသည် စွန့်ပစ္စည်းအဟောင်းဆိုင်အား အမြန်ဆုံးဖယ်ရှားသင့်
-------------------------------------------------------
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်း(အောက်) စည်ပင်ပိုင် မြေနေရာဖြစ်သော တိုက်တာ အဆောက်အအုံများကြား(လမ်းကြား) တွင် သတင်းစာနှင့်စွန့်ပစ်ပစ္စည်းဟောင်း ရောင်း ဝယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပစ္စည်းများ မှာ မြင်မကောင်းအောင် စည်းကမ်းမဲ့စွာ ထားရှိ နေမှုကြောင့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သဖြင့် အမြန်ဆုံးဖယ်ရှား ရှင်းလင်းသင့်ကြောင်းရပ်ကွက် နေပြည်သူတစ်ဦးမှ သတင်းပေးပြောကြားသွား သည်။

အဆိုပါ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပစ္စည်း များကို မိမိပိုင်မြေနေရာကဲ့သို့ လမ်းကြားတံခါး ကိုပင် အပိုင်စီး သော့ခတ်ကာ ယခုကဲ့သို့ အမိုး အကာမရှိသော စည်ပင်ပိုင်လမ်းကြား အတွင်း၌ ထားရှိခြင်းကြောင့် ပူပြင်းသောရာသီဖြစ်သည် နှင့်အညီ မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အပြင် ယခင်ကလည်း ၄င်းနေရာတွင် လက်ဖက်ရည် ဆိုင်နှင့်ထမင်းဆိုင်စသည့် စားသောက်ကုန်ရောင်း ဝယ်ရေးဆိုင်များကို အခကြေးငွေရယူ ငှားရမ်း ကာ ခွင့်ပြုခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မီးဘေး အန္တရာယ်ရှိသည်ဟ
ုတိုင်ကြားကြ၍ ယခင်ဆိုင် များကို ဖယ်ရှားခဲ့ပြီး ယခုတစ်ဖန် ယခင်ထက်ဆိုး ရွားသော သတင်းစာဟောင်းများ၊ စက္ကူပုံးခွံများ၊ မီးသွေး အိတ်များနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရ သောပစ္စည်းများအပြင် အနံ့အသက်အလွန်ဆိုးဝါး သော ပစ္စည်းများကိုပါ မြင်မကောင်းအောင်စုပုံ ထားရှိခြင်းမှာ ရန်ကုန်မြို့တော်၏ အင်္ဂါရပ်နှင့် မကိုက်ညီသည့်ပြင် ခရီးသွားလုပ်ငန်းကုမ္ပဏီ များစွာရှိသည့်အတွက် နိုင်ငံခြားသားခရီးသွား များလည်း ဥဒဟိုဝင်ထွက်သွားလာတတ်သည့် နေရာဖြစ်သဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သောကြောင့် အမြန်ဆုံးဖယ်ရှားသင့် ကြောင်းခရီးသွားပြည်သူတစ်ဦးက ထပ်မံ ပြော ကြားသည်။

ထို့ပြင်ယခုကဲ့သို့သော စွန့်ပစ်ပစ္စည်းရောင်း ဝယ်ရေးဆိုင်များကို ရန်ကုန်မြို့၏ အချက်အခြာ ကျသော လူစည်ကားရာနေရာများဖြစ်သည့် မြို့ နယ်များအတွင်း၌ ထားရှိရန် မသင့်လျော်တော့ သဖြင့် စည်ပင်ပိုင်မြေနေရာများတွင် တရားမဝင် နားလည်မှုယူ၍အခကြေးငွေယူကာ ငှားရမ်းနေ သူများအား သက်ဆိုင်ရာမှထိရောက်စွာအရေးယူ သင့်ကြောင်း ဆက်လက်ပြောကြားသွားသည်။

အေးချမ်းမွန်မှ  The Street View တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Street View
The Street View
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊၃၈လမ်း(အောက်)စည်ပင်ပိုင် မြေနေရာဖြစ်သောတိုက်တာအဆောက်
အအုံများကြား(လမ်းကြား) တွင် သတင်းစာနှင့်စွန့်ပစ်ပစ္စည်းဟောင်း ရောင်း ဝယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်
များ၏ပစ္စည်းများမှာ မြင်မကောင်းအောင်စည်းကမ်းမဲ့စွာထားရှိ နေမှုကြောင့် မြို့တော်အင်္ဂါရပ်နှင့်မညီညွတ်
သဖြင့် အမြန်ဆုံးဖယ်ရှား ရှင်းလင်းသင့်ကြောင်းရပ်ကွက် နေပြည်သူတစ်ဦးမှ သတင်းပေးပြောကြားသွား
သည်။

ပါကစ္စတန်၏ အိန္ဒိယ ဝိုင်းပတ်ရေးဗျူဟာတွင် မြန်မာ ပါဝင်နေဟုဆို

Photo: ပါကစ္စတန်၏ အိန္ဒိယ ဝိုင်းပတ်ရေးဗျူဟာတွင် မြန်မာ ပါဝင်နေဟုဆို
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၀၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအား ဝိုင်းပတ်ထားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံ ၌လည်း သူလျှိုများထားရှိ လှုပ်ရှားရေး အစီအစဉ် ပါဝင်နေကြောင်း ထိပ်တန်း ထောက်လှမ်းရေး အစီရင်ခံစာ တစောင်က စွပ်စွဲလိုက်သည်။

ပါကစ္စတန်မှ ISI ထောက်လှန်းရေး၏ စွမ်းအားရှိလှသော သူလျှိုကွန်ယက်မှာ ယခင်က နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ တွင် ထူထောင်ထားပြီး ဖြစ်သော်လည်း ယခုမူ သီရိလင်္ကာနှင့် မြန်မာပြည်မှာပါ အာရုံစိုက်လှုပ်ရှားလာနေကြောင်း လွန်ခဲ့သော သီတင်းနှစ်ပါတ်က တင်သွင်းလိုက်သည့် အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာအား ကိုးကား၍ The Asian Age သတင်းစာကြီးတွင် ရေးသားထားသည်။

နိုင်ငံတကာရေးရာများကို သုတေသနပြုကာ ခွဲခြမ်းစိတ်ဖြာနေသော အိန္ဒိယနိုင်မှ RAW ခေါ် ထောက်လှမ်းဌာနကြီး က အိန္ဒိယအစိုးရသို့ တင်ပြသည့် အစီရင်ခံစာမှာ ထိပ်တန်းလျှို့ဝှက်တခုဖြစ်ကြောင်းလည်း အဆိုပါသတင်း ရပ်ကွက်က ဆိုသည်။

ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအား ဝိုင်းပတ်ထားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံ ၌လည်းသူလျှိုများထား
ရှိ လှုပ်ရှားရေး အစီအစဉ် ပါဝင်နေကြောင်း ထိပ်တန်း ထောက်လှမ်းရေးအစီရင်ခံစာတစောင်က စွပ်စွဲလိုက်
သည်။

ရွှေမြန်မာ လေကြောင်းလိုင်းသစ် လာမယ်

Photo: ရွှေမြန်မာ လေကြောင်းလိုင်းသစ် လာမယ်
Tuesday, November 06, 2012  
 
မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာပါတော့မယ်။ လူတိုင်း လေယာဉ် စီးနိုင်ဖို့ အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ်ဆန်း ဖေဖော်ဝါရီလက စတင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေနဲ့ ပြည်တွင်း- ပြည်ပကို ပြေးဆွဲပေးမှာဖြစ်ပါတယ်တဲ့။ 

A 320 Air Bus  လေယာဉ်တစင်းဟာလည်း လာမယ့် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပါ တယ်တဲ့။ 
 
သစ်ပြေးဆွဲမယ့် ရွှေမြန်မာ လေကြောင်းလိုင်းကို အများပိုင် ကုမ္ပဏီအဖြစ် ဖန်တီးသွားဖို့ ကျပ်သန်းပေါင်း ၁၀၀ ကို အစုရှယ်ယာအဖြစ်သတ်မှတ်ထားပြီး အစုရှယ်ယာ တစုလျှင် ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ ရောင်းချဖို့ လည်း အစီအစဉ်ရှိပါတယ်လို့ အစိုးရ သတင်းစာတွေက ဆိုပါတယ်။ 

"မြန်မာပြည်သူအတွက် ရွှေမြန်မာ လာပြီဗျို့ လူတိုင်းလေယာဉ်စီကြစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ စီစဉ်ဆောင် ရွက်နေတာဖြစ်ပါတယ်။ 
Irrawaddy

 
မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာပါတော့မယ်။ လူတိုင်း လေယာဉ် စီးနိုင်ဖို့ အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ်ဆန်း ဖေဖော်ဝါရီလက စ
တင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေနဲ့ ပြည်တွင်း- ပြည်ပကို ပြေးဆွဲပေးမှာဖြစ်ပါတယ်တဲ့။

ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ

Photo: ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ 
Tuesday, November 06, 2012  

ဆော်ဒီအာရေဗျ နိုင်ငံတွင် ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။

ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း
တွေ့ရှိရသည့်နောက် ရီယာ့ဒ်မြို့တော်ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း ကြေညာခဲ့သည်။ 

ကူးစက်ခြင်း ခံရသူကို ရီယာ့ဒ်မှ ထွက်ခွာခွင့် မပေးသလို ၎င်း၏ ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပိုးကို ဆော်ဒီအာရေဗျ ပြင်ပ နိုင်ငံများမှ ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စမ်းသပ်စေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင် ကုသနေဆဲဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း သိရသည်။ ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့သည့်နောက်
ယင်းကို အလေးထား လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီမှ ဗြိတိန်နိုင်ငံသို့ သွားရောက်သည့် ကာတာနိုင်ငံသား တစ်ဦးမှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာခဲ့သေးသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီကတည်းက ဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်ထားနိုင်ပြီး ဝတ်ပြု ခရီးသည်များအတွက် ဆိုးရွားသော ခြိမ်းခြောက်မှု မရှိနိုင်ဟု ပြောဆိုထားခဲ့သည်။ 

ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန် ဖြစ်ခဲသော အခြေအနေမျိုးဖြစ်ပြီး လူနာအများစုမှာ ပြန်လည်သက်သာ ပျောက်ကင်းလေ့ရှိကြောင်းလည်း
ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုထားသည်။

Source: Xinhua
Planet Myanmar Network
ဆော်ဒီအာရေဗျ နိုင်ငံတွင်ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်းကျန်း မာ
ရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူး
စက်ခံရကြောင်း တွေ့ရှိရသည့်နောက် ရီ ယာ့ဒ်မြို့တော် ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း
 ကြေညာခဲ့သည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းနံပါတ်များ နှင့်ပတ်သက်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ အကွက်မြင်သေားစီးပွါးရေးလမ်းစဉ်များ

http://www.mmtimes.com/2012/tech/618/mpt.gif
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့ရာမှ ပါရှိလာသည့် ဖုန်းနံ ပါတ်အလှနှင့် အပူးနံပါတ်များအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အများပြည်သူသို့ လေလံတင်ရောင်း ချပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

ရွှေရိုင်းတန်ချိန် ရာပေါင်းများစွာ တင်ဆောင်ထားသောသင်္ဘော ရုရှား အရှေ့ပိုင်း၌ ပျောက်ဆုံး


ရွှေသတ္တုရိုင်း တန်ချိန် ရာပေါင်းများစွာ တင်ဆောင်၍ ခုတ်မောင်းနေစဉ် ရုရှားနိုင်ငံအရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြည်အတွင်း ပျောက်ဆုံးသွားခဲ့ရသည့်ကုန်တင်သင်္ဘောတစ်စင်းအား ရှာဖွေရေး လုပ်ငန်းများသည် ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် နိုဝင်ဘာ ၂ ရက်က ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။

Huawei ဖုန်းများနှင့်ပတ်သက်၍ အိမ်ဖြူတော်မှ သတင်းထုတ်ပြန်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေး ကော်မရှင် အဖွဲ့၏ Huawei အမှတ်တံဆိပ် ဖုန်းများအား အမေရိကန် နိုင်ငံအတွင်း အချက်အလက် ထောက်လှမ်းနေမှု ရှိသည်ဆိုသော စွပ်စွဲချက်ကို အဖြေပေးရန် တိကျသည့် သက်သေမရှိကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်လိုက်သည်။

Generation Of War တွင်ခေတ်နောက်မကျစေချင်


“တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်”ဆိုသည် ကို နိုင်ငံရေးလုပ် နေသူလူ လတ်ပိုင်းတချို့ ကလက်မခံနိုင်ဟု သိရသည်။ အတွေးအခေါ်အရ မှားယွင်း နေသဖြင့် လုံးဝလက်မခံနိုင်ပါဟုဆိုသည်။ တိုင်းပြည်နှင့် တပ်မတော်၏ ခွဲခြားမရ သောဆက်စပ်မှုကို နားမလည်သောကြောင့် ဤသို့ပြောခြင်းဖြစ် တန်ရာသည်။ အသိ ခေါက်မိုက်အ၀င်နက်ပြီး ပြောတာဆိုလျှင် တော့ရှင်းရမှာခက်လှ သည်။

မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ


မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များ ကို ထုခွဲ၍ မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။
ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေ ပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရ သဖြင့်ကား တန်ဖိုးမှာလျှော့နည်းမှုများရှိ သွားပါသည်။

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် တာချီလိတ်မှာ ပေးတွေ့ရန် ခွင့်ပြုခဲ့သည် (ဓာတ်ပုံ- Reuters)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့်
ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-၀န်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်
ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေ
သည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

နေပြည်တော်မှ ၂၄ နာရီဖွင့်လှစ်သည့် မိုးစံပယ် ကွမ်းယာဆိုင် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

“ကျနော်တို့ကွမ်းယာ လူကြိုက်များတဲ့ အဓိကအချက်က ထုံးပဲဗျ” လို့ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ “မိုးစံပယ်” ကွမ်းယာဆိုင် ပိုင်ရှင် ကိုဇာနည်က ကွမ်းယာ အယာ ၂၀ ကျော်လောက်ကို ခုံပေါ်မှာဖြန့်ယာနေရင်း ရှင်းပြပါတယ်။

သစ်စက်ရုံ အစာငတ်ခံဆန္ဒပြ အလုပ်သမားတချို့ ဆေးရုံရောက်


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံတွင် ဆန္ဒပြနေသည့် အလုပ်သမများ (ဓာတ်ပုံ – Mg Ygn / Facebook)

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၀ါးတရာရှိ တော်ဝင် သစ်အချောထည်စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၁၀ ဦးအနက် ဆေးရုံတင်ထားရသူ ၂ ဦးအထိ ရှိသွားပြီး တခြား ဆန္ဒပြအလုပ်သမား ၄ ဦးလည်း စနေနေ့ည ရုန်းရင်းဆန်ခတ် အဖြစ်အပျက်ကြောင့် အင်းစိန်ဆေးရုံတွင် အရေးပေါ် ကုသခံနေရကြောင်း ဆန္ဒပြအလုပ်သမားများက ဧရာဝတီသို့ ပြောသည်။