Pages

Pages - Menu

Tuesday, November 6, 2012

မိုးမရွာဘဲ ရေစိုခဲ့ရသည့် လီဗာပူးလ်ပရိသတ်များ


လီဗာပူးလ် အသင်း ပရိသတ်များသည် မိုးမရွာဘဲ ရေစိုသည့် ထူးဆန်းသော အတွေ့အကြုံ တစ်ခုကို ကလပ်
အသင်း၏ အိမ်ကွင်း အန်းဖီးလ်တွင် မှတ်မှတ်ထင်ထင် ဖြတ်သန်းခဲ့ရသည်။
လီဗာပူးလ်ကွင်းမျက်နှာပြင်ကို ရေဖြန်းပေးသော ရေပိုက်တစ်ခုသည်လုပ်ဆောင်ချက်အမှားအယွင်းကြောင့် ပရိသတ်အား အလိုအလျောက် ရေဖြန်းမိခဲ့ခြင်း ဖြစ်သည်။



တနင်္ဂနွေနေ့က နယူးကာဆယ်လ် ယူနိုက်တက်နှင့် (၁)ဂိုးစီ သရေကျခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် ရေ
ပိုက်က ကွင်းဘက်သို့ မျက်နှာမမူဘဲ ပရိသတ်ဘက် ဦးလည်လာကာ ရေဖြန်းသွားခြင်း ဖြစ်သည်။ 

ပင်မပွဲကြည့်စင်တွင် အသင်း၏ စီမံရေးရာ ဒါရိုက်တာ အီယန်အိုင်ရီပါ ရှိနေစဉ် ရေပန်းက ဗွေဖောက်ခဲ့ခြင်း
 ဖြစ်သည်။ 

ကွင်းလုံခြုံရေးများက ရေပန်းကို ပိတ်ရန် ချက်ချင်း ကြိုးစားခဲ့သော်လည်း စက္ကန့်(၃၀)မျှ အချိန်ယူခဲ့ရသည်။ ထို့ကြောင့်လည်း ပွဲကြည့်စင် ထိပ်ဆုံးခုံတန်း (၂၀)လောက်ထိ ပရိသတ်များ ရေဒဏ်မှ မလွတ်ခဲ့ချေ။


ဒုတိယပိုင်း အစလောက်တွင် ဖြစ်ပွားသော ကိစ္စမှာ လီဗာပူးလ် ပရိသတ် အချို့အတွက် ကသိကအောက်
 ဖြစ်စေသော်လည်း ရယ်စရာ အခြေအနေ တစ်ခုမျှ အဖြစ်သာ ပြီးဆုံးသွားသည်။ 

ထိုပွဲတွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်မှာလည်း ကလပ်အတွက် ပွဲပေါင်း(၆၀၀)ပြည့် အ
မှတ်တရ ကစားပေးခဲ့ပြီး ယင်းအတွက် ကလပ်အသင်း ကစားသမားဟောင်းကြီး ဂယ်ရီမက် အယ်လစ္စတာ
က ဂျရတ်အား အမှတ်တရ ဆုချီးမြှင့်ပေးခဲ့သည်။

Source: DailyMail

No comments:

Post a Comment