Pages

Pages - Menu

Tuesday, November 6, 2012

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့် ပြုရန်ကာလ မပြောနိုင်သေး ဟု ပြန်ကြားရေး ဝန်ကြီးဆို


နှစ်ပေါင်း ၆ဝ ကျော်ကြာ ထုတ်ဝေခွင့်ကို ကန့်သတ် ထားခဲ့သည့် ပြည်တွင်း ပုဂ္ဂလိက နေ့စဉ် သတင်းစာ များ ကို ပြန်လည် ထုတ်ဝေခွင့် ပေးရန် အစီစဉ် ရှိသော်လည်း မည်သည့် အချိန်တွင် ထုတ်ဝေ ခွင့် ပေး မည်ကို အချိန် အတိကျ ဆုံးဖြတ်မပေး နိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။
"ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုဖို့ အစီအစဉ် ရှိပါတယ် ပြည်ထောင်စု အစိုးရ အနေဖြင့် မည် သည့် နေ့၊ မည်သည့် အချိန်ဟု အတိအကျ အဆုံးအဖြတ် မပေးနိုင် သေးဘူး" ဟု အဆိုပါ ပြည်ထောင်စု ဝန်ကြီး က ဆိုသည်။


ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ယနေ့ ကျင်းပသော ပြည်သူ့ လွှတ် တော် အစည်းအဝေး တွင် သင်္ကန်းကျွန်း မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန် မေးမြန်းသော ပုဂ္ဂလိက ပိုင် သတင်းစာများ ထုတ်ဝေခွင့် ပြုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း အား အထက် ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မေးခွန်းနှင့် ပတ်သတ်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်က မီဒီယာ ဥပဒေ အ တည် မပြုနိုင် သေးခြင်း၊ စာနယ်ဇင်း ကောင်စီက ရေးဆွဲလျက် ရှိသော စာနယ်ဇင်း ကျင့်ဝတ် စည်းကမ်း များ ရေးဆွဲနေမှု မပြီးပြတ် သေးခြင်း ကြောင့် မည့်သည့် အချိန် တွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေ ခွင့် ပြုမည်ကို တိတိကျကျ သတ်မှတ်ပေး နိုင်ခြင်း မရှိသေးကြောင်း ပြောကြားသည်။
 
The voice weekly

No comments:

Post a Comment