BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့်ရက် ကြေညာချက် ထုတ်ပြန်



ရန်ကုန်။ဒီဇင်ဘာ ၁၉.၂၀၂၅
တက္ကသိုလ်ဝင်စာမေးပွဲကို လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၁၇ ရက်ထိ ကျင်းပ သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အဲဒီ ကြေညာချက်အရ မတ် ၁၁ ရက်မှာ မြန်မာစာ၊ မတ် ၁၂ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်မှာ သင်္ချာ၊ မတ် ၁၄ ရက်မှာ ဓာတုဗေဒ/ပထဝီဝင်၊ မတ် ၁၆ ရက်မှာ ရူပဗေဒ/သမိုင်း နဲ့ မတ် ၁၇ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူဟာ (၂၀၇၈၉၈) ယောက်ရှိပြီး အောင်မြင်သူ (၉၉၉၂၄) ယောက်ရှိတဲ့အတွက် အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုသူ တစ်သိန်း နှစ်သောင်း ကျော်ရှိတဲ့အနက် ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်တဲ့အတွက် အောင်ချက် ၅၈ ရာခိုင်နှုန်းနီးပါး ရှိခဲ့တယ်လို့ ပညာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။