တိမ်းမှောက်ခဲ့သည့် စက်ရုံဖယ်ရီကြိုပို့ယာဉ်မှာ တမာကုန်းဘက်မှ လာခြင်းဖြစ်ပြီး မီးခွက်စျေးအောက်ထိပ် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၂၀ အရွယ်မှ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးများဖြစ်ကြောင်း သိရပြီး၊ ဒဏ်ရာများမှာ နံရိုးကျိုးခြင်း၊ ဦးခေါင်းပေါက်ပြဲခြင်း၊ လက်ကျိုးခြင်းများကို တွေ့ရှိရကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို မြေပြင်ကုသမှုများပေးခဲ့ပြီး လှိုင်သာယာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မြတ်ကုသိုလ်လှုမှုကူညီရေးအသင်း






0 comments:
Post a Comment