BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ထိုင်းဖိုက်လိဂ် ပထမဆုံးပွဲမှာ ဘရော်နီကာဟာ ပြိုင်ဘက်အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အနိုင်ရရှိ


ဘန်ကောက်။ သြဂုတ် ၄

ထိုင်းနိုင်ငံ၊ နခုံဆီသာမရက်မြို့မှာ ဒီနေ့ညနေပိုင်းတုန်းက ပြုလုပ်သွားတဲ့ ထိုင်းရိုးရာမွေထိုင်း လက်ဝှေ့ပြိုင်ပွဲ ပထမဆုံးအဖွင့်ပွဲမှာ ကယန်းဖိုက်တာ ဘ‌ရော်နီကာက ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

ထိုင်းရိုးရာ လက်ဝှေ့ပွဲ Thai Fight ရဲ့  54 KG တန်းမှာ ဘရော်နီကာဟာ အာဂျင်တီးနားသူ ဖလော်ရန်ဆီယာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ပထမအချီမှာ လက်သီးထိုးချက်ကြောင့် အာဂျင်တီးနားသူ အထိနာခဲ့ပေမဲ့ ဒုတိယအချီမှာတော့ သူတင် ကိုယ်တင်ဖြစ်ခဲ့ပါတယ်။ တတိယအချီအပြီးမှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ ဘရော်နီကာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

Thai Fight နဲ့ စာချုပ်ပြည့်ဖို့နီးကပ်နေတဲ့ ဘရော်နီကာကတော့ အလဲထိုးအနိုင်ရဖို့ ဦးတည်ခဲ့တာကြောင့် တချို့အချိန်တွေမှာ အချိန်အဆလောကြီးနေသလိုဖြစ်ခဲ့ပေမယ့် ရဲရဲဝင် ရဲရဲထွက်ကစားခဲ့ပြီး ပြင်းထန်တိကျတဲ့လက်သီးချက်တွေ လက်ပြန်ရိုက်ချက်တွေနဲ့ ပြိုင်ဘက်ကိုအသာစီးရယူနိုင်ခဲ့ပါတယ်။ 

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၂ နှစ်ကုန်ကမှ ထိုင်း မွေထိုင်းလောကရဲ့ နာမည်ရ Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ်ခွဲကျော်အတွင်းမှာပဲ ထိုင်းမွေထိုင်းလောကမှာပါ ထင်ရှားလာသလို ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA က မျက်စိကျနေတဲ့ ကစာသမားတဦးလည်းဖြစ်ပါတယ်။ 

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

Photo - Thai Fight Live.