BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အီရန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင်နဝမမြောက်သမ္မတအဖြစ် သမ္မတသစ် ပီဇက်ရှ်ကီယန် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆို


တီဟီရန်။ ဇူလိူင် ၃၁

အီရန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင်
နဝမမြောက်သမ္မတအဖြစ် ပြုပြင်ပြောင်းလဲရေးဝါဒီ မာဆွတ်ပီဇက်ရှ်ကီယန်သည် ဇူလိုင် ၃၀ ရက်က လွှတ်တော်တွင် အီရန်၏ နဝမမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်းသိရသည်။

ပီဇက်ရှ်ကီယန်သည် မေလအတွင်းက ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သည့် အီရန်သမ္မတ အီဘရာဟင်ရာအီစီ၏နေရာကို အစားထိုးရန် ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပြိုင်ဘက် ဆာအိဒ်ဂျာလီလီကို အနိုင်ရခဲ့ ခြင်းဖြစ်သည်။ 

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည့် အသက် ၆၉ နှစ်အရွယ် ပီဇက်ရှ်ကီယန်ကို သမ္မတအဖြစ် တရားဝင်ထောက်ခံခဲ့ပြီး သမ္မတအာဏာကို အပ်နှင်းခဲ့ပြီး နှစ်ရက်အကြာတွင် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

သမ္မတတစ်ဦးအနေဖြင့် အီရန်ပြည်သူများနှင့် ကိုရမ်ကျမ်း၏ ရှေ့မှောက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အစ္စလာမ်မစ်သမ္မတနိုင်ငံ စနစ်ကို ကာကွယ်ပေးသွားမည်ဟု ကျိန်ဆိုကြောင်း ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။ 

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့်ဒေသတွင်း တင်းမာမှုမြင့်တက်နေချိန်တွင် အီရန် သမ္မတရွေး ကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဇူလိုင် ၃၀ ရက်ကပြုလုပ်သည့်ကျမ်းသစ္စာကျိန် ဆိုပွဲကို အာမေးနီးယား၊တာဂျစ်ကစ္စတန်၊အီဂျစ်၊ ဆူ ဒန်၊အီရတ်၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အဇာ ဘိုင်ဂျန်၊ ကျူးဘားနှင့် ဘရာဇီးအပါအဝင် နိုင်ငံအချို့မှ ထိပ်သီးအရာရှိများတက် ရောက်ခဲ့သည်။                 

Ref: AFP