Pages

Pages - Menu

Sunday, June 19, 2016

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ၊ ယူရိုသန်း ၂၀၀ ကူညီမည်


RangonNewsDaily::Sunday. June 19. 2016 
ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဂျန်းမာ့စ်အေရွတ်ဟာ မြန်မာနိုင်ငံ မှာ ၃ ရက်ကြာခရီးရောက်ရှိနေပြီး ဒီကနေ့ သမ္မတဦးထင်ကျော် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပါတယ်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးရာမှာတော့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ရေးကိစ္စ၊ ပြင်သစ်နိုင်ငံက ပံ့ပိုးပေးနေတဲ့ လူသားအရင်းအမြစ်နဲ့ အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာ သင်တန်းတွေ ကိစ္စ၊ မြန်မာနိုင်ငံရှိ မြို့တော်တွေအတွက် မြို့ပြစီမံကိန်းဆိုင်ရာကိစ္စနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွေအပြီး နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာတော့ မြန်မာကို ယူရို သန်း ၂၀၀ အကူအညီပေးမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
.
ပြင်သစ်ဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့ကတည်းက မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိလာတာ ဖြစ်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ ရှိသလို၊ ရန်ကုန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြင်သစ် အန်ဂျီအိုတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အန်အယ်လ်ဒီ အစိုးရသစ်တက်လာပြီးနောက် ပြင်သစ်အစိုးရရဲ့ အဆင့်အမြင့် ၀န်ကြီးတဦး အနေနဲ့ ပထမဆုံး အကြိမ်ရောက်ရှိလာတာဖြစ်ပါတယ်။
ဓာတ်ပုံ - MOI / DVB

KOLATT(PBDN)

RangonNewsDaily




No comments:

Post a Comment